Property Expo
×

ဆယ္ေက်ာ္သက္လူငယ္မ်ားအၾကား မ်ိဳးဆက္ပြားက်န္းမာေရးအသိပညာေပးျခင္းမ်ား ပိုမိုျပဳလုပ္ရန္လိုအပ္သည္။ (ဓာတ္ပံု-ေက်ာ္ဇင္သန္း)

ဆယ္ေက်ာ္သက္ႏွင့္ လူငယ္လူရြယ္မ်ားကို မ်ဳိးဆက္ပြားဆိုင္ ရာအသိပညာေပးျခင္းအျပင္ ေဆး၀ါးကုသမႈပါ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ မိခင္ႏွင့္ မ်ဳိးဆက္ပြားဌာနခြဲမွ ၫႊန္ၾကားေရးမွဴး ေဒါက္တာ လွျမတ္ေသြးဣႁႏၵာက ေျပာသည္။

‘‘မ်ဳိးဆက္ပြားနဲ႔ ပတ္သက္ၿပီးေတာ့ အသိပညာေပးတာေတြ ေရာ၊ ေဆးကုေပးတာေတြေရာ အရွိန္အဟုန္ျမႇင့္လုပ္သြားမယ္။ ဆယ္ေက်ာ္သက္ေတြအတြက္ စိတ္တိုင္းက်က်န္းမာေရးေစာင့္ေရွာက္မႈျဖစ္လာဖို႔ပါ။ က်န္းမာေရး၀န္ ထမ္းေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ဥပမာ- အမ်ဳိးသမီးငယ္ေလးေတြ အျဖဴဆင္းတာေတြကအစ ကုသေပးမယ္’’ဟု ၎က ေျပာသည္။

ေက်ာင္းက်န္းမာေရးဌာနမ်ားႏွင့္ ပူးေပါင္း၍ ေက်ာင္းမ်ားတြင္ မ်ဳိးဆက္ပြားက်န္းမာေရးဆိုင္ရာ အသိပညာေပးျခင္း၊ ေက်းလက္က်န္းမာေရးဌာနမ်ားႏွင့္ ပူးေပါင္း၍ ေဆး၀ါးကုသမႈေပးျခင္းတို႔ကို ေဆာင္ရြက္ေပးမည္ ျဖစ္သည္။

အဆိုပါမ်ဳိးဆက္ပြားက်န္းမာေရးပညာေပးျခင္းကို ဆယ္ေက်ာ္သက္အရြယ္မွစတင္၍ ၎အသက္အရြယ္အလိုက္ အသိပညာေပးသင့္ၿပီး ထုိသုိ႔ပညာေပးမွသာ ငယ္ရြယ္သူမ်ားအေနျဖင့္ မ်ဳိးဆက္ပြားဆိုင္ရာျပႆနာမ်ားကို ေရွာင္ရွားႏုိင္မည္ျဖစ္ေၾကာင္း ေဆးပညာအသိုင္းအ၀ိုင္းက ေထာက္ျပသည္။

‘‘ပညာေပးဖို႔ ငယ္ေသးတာပဲဆိုၿပီး စိုးရိမ္ၿပီးေစာင့္ေနၾကတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပိတ္ထားလိုက္ျခင္းက ေကာင္းတယ္လို႔ ယူဆၾကတယ္။ ေစတနာေကာင္းနဲ႔ ပိတ္ထားေပမယ့္ ကေလးေတြက တကယ္ႀကံဳလာရင္ မလုပ္တတ္ ျဖစ္သြားတယ္။ ေစတနာနဲ႔ ေစာင့္ေနၾကေပမယ့္ အႏၲရာယ္မကင္းတာနဲ႔ သြားႀကံဳတယ္။ တကယ့္ကေလးဘ၀မွာ ဆန္႔က်င္ဘက္လိင္နဲ႔ ႀကံဳလိုက္ရတဲ့အခါ ဘာလုပ္ရမွန္းမသိေတာ့ဘဲ အလြန္အကြၽံ စိတ္မ်ဳိးျဖစ္သြားၾကတယ္။ ကေလးေတြကို ဘယ္အရြယ္မွာ ပညာေပးမလဲ၊ ေျပာမလဲဆိုေတာ့ ၁၀၊ ၁၂၊ ၁၅ ႏွစ္ သူ႕အသက္အရြယ္အလိုက္ကို အသိပညာေျပာကိုေျပာရေတာ့မယ္။ ဒါကို လူထုအတြင္းမွာ သိဖို႔လိုပါတယ္’’ဟု လူထုက်န္း မာေရးေစာင့္ေရွာက္မႈအျပည္ျပည္ဆိုင္ရာလူမႈေရးအဖြဲ႕ (Marie Stopes Myanmar) မွ ျမန္မာႏိုင္ငံဆိုင္ရာၫႊန္ၾကားေရးမွဴး ေဒါက္တာ စစ္ႏုိင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဆယ်ကျော်သက်လူငယ်များအကြား မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးခြင်းများ ပိုမိုပြုလုပ်ရန်လိုအပ်သည်။ (ဓာတ်ပုံ-ကျော်ဇင်သန်း)

ဆယ်ကျော်သက်နှင့် လူငယ်လူရွယ်များကို မျိုးဆက်ပွားဆိုင် ရာအသိပညာပေးခြင်းအပြင် ဆေးဝါးကုသမှုပါ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် မျိုးဆက်ပွားဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ လှမြတ်သွေးဣန္ဒြာက ပြောသည်။

‘‘မျိုးဆက်ပွားနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးတာတွေ ရော၊ ဆေးကုပေးတာတွေရော အရှိန်အဟုန်မြှင့်လုပ်သွားမယ်။ ဆယ်ကျော်သက်တွေအတွက် စိတ်တိုင်းကျကျန်းမာရေးစောင့်ရှောက်မှုဖြစ်လာဖို့ပါ။ ကျန်းမာရေးဝန် ထမ်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဥပမာ- အမျိုးသမီးငယ်လေးတွေ အဖြူဆင်းတာတွေကအစ ကုသပေးမယ်’’ဟု ၎င်းက ပြောသည်။

ကျောင်းကျန်းမာရေးဌာနများနှင့် ပူးပေါင်း၍ ကျောင်းများတွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ပူးပေါင်း၍ ဆေးဝါးကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သည်။

အဆိုပါမျိုးဆက်ပွားကျန်းမာရေးပညာပေးခြင်းကို ဆယ်ကျော်သက်အရွယ်မှစတင်၍ ၎င်းအသက်အရွယ်အလိုက် အသိပညာပေးသင့်ပြီး ထိုသို့ပညာပေးမှသာ ငယ်ရွယ်သူများအနေဖြင့် မျိုးဆက်ပွားဆိုင်ရာပြဿနာများကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ဆေးပညာအသိုင်းအဝိုင်းက ထောက်ပြသည်။

‘‘ပညာပေးဖို့ ငယ်သေးတာပဲဆိုပြီး စိုးရိမ်ပြီးစောင့်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ ပိတ်ထားလိုက်ခြင်းက ကောင်းတယ်လို့ ယူဆကြတယ်။ စေတနာကောင်းနဲ့ ပိတ်ထားပေမယ့် ကလေးတွေက တကယ်ကြုံလာရင် မလုပ်တတ် ဖြစ်သွားတယ်။ စေတနာနဲ့ စောင့်နေကြပေမယ့် အန္တရာယ်မကင်းတာနဲ့ သွားကြုံတယ်။ တကယ့်ကလေးဘဝမှာ ဆန့်ကျင်ဘက်လိင်နဲ့ ကြုံလိုက်ရတဲ့အခါ ဘာလုပ်ရမှန်းမသိတော့ဘဲ အလွန်အကျွံ စိတ်မျိုးဖြစ်သွားကြတယ်။ ကလေးတွေကို ဘယ်အရွယ်မှာ ပညာပေးမလဲ၊ ပြောမလဲဆိုတော့ ၁၀၊ ၁၂၊ ၁၅ နှစ် သူ့အသက်အရွယ်အလိုက်ကို အသိပညာပြောကိုပြောရတော့မယ်။ ဒါကို လူထုအတွင်းမှာ သိဖို့လိုပါတယ်’’ဟု လူထုကျန်း မာရေးစောင့်ရှောက်မှုအပြည်ပြည်ဆိုင်ရာလူမှုရေးအဖွဲ့ (Marie Stopes Myanmar) မှ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top