Property Expo
×

အစ္ကိုေမာင္ေမာင္ေရ အစ္မခင္ႏွင္းက ေတြ ့ခ်င္လို ့အိမ္ကို လာခဲ့ပါတဲ့ ခင္နွင္းရဲ ့ေမာင္ျဖစ္သူ   ေက်ာ္ေက်ာ္က ေက်ာင္းသြားရင္း ကၽြန္ေတာ့္ကို ၀င္ေျပာသြားသည္။
ခင္ႏွင္း နိုင္ငံျခားမွာ အလုပ္ သြားလုပ္တာ ၃ နွစ္နီးပါး ၾကာျပီးေနာက္   ေနမေကင္း သျဖင့့့့္ ျပန္လာသည္ကိုေတာ့ ၾကားသည္။

တေခါက္မွ မေရာက္ျဖစ္ေသး ။ ခုေတာ့ သူကိုယ္တိုင္ ေခၚခိုင္းေနျပီမို ့ ညေနဖက္ အိမ္မွ ထြက္ခဲ့သည္။
အိမ္ေရွ ့တြင္ ခင္နွင္းရ့ဲ ညီမငယ္ေလး စုစု ကစားေနသည္။ ကၽြန္ေတာ္ အိမ္အေပၚထပ္သို ့တန္းတက္ခဲ့သည္။ ခင္နွင္းက ေျခသံ ၾကားသျဖင့္ ေခါင္းေထာင္ၾကည့္သည္။ ကၽြန္ေတာ္ အနား ေရာက္သြားသည္နွင့္။ အကို ေမာင္ေမာင္ ကေတာ့ ငါ့ညီမေလး ဘယ္လို
ျဖစ္ေနသလဲလို ့ သတင္းေေတာင္ လာေမးေဖၚ မရဘူး။ ေခၚခိုင္းမွပဲ ေပၚလာေတာ့တယ္ေနာ္။
မဟုတ္ပါဘူး ခင္ႏွင္းရယ္ အကိုလည္း ဒီရက္မွာ အလုပ္ နဲနဲ မ်ားေနလို ့မလာျဖစ္ေသးတာပါ။ ခင္ႏွင္း ျပန္ေရာက္တာ အကို ၾကားပါတယ္။

ခင္ႏွင္းကို ၾကည့္ရတာ အသားအေရ ျဖဳဖတ္ ျဖဳေရာ္ နွင့္ ေတာ္ေတာ္လဲ ပိန္သြားသည္။ ဟိုတံုးက ခင္နွင္းနွင့္ လံုး၀ မတူေတာ့။ ခင္နွင္းနွင့္ ကၽြန္ေတာ္က ၄ နွစ္ကြာသည္ ။ ငယ္ငယ္ကတည္းက အိမ္နီးခ်င္း ေနလာသည္မို ့ေမာင္ႏွမ အရင္းကဲ့သို ့သံေယာဇဥ္ရွိသည္။
တခုေတာ့ရွိသည္ ခင္နွင္းက ဘယ္ေတာ့မွ ကၽြန္ေတာ့္ကို အကိုဟု မေခၚ။ ကၽြန္ေတာ့္ နာမည္ပါ တြဲေခၚသည္။ သူ ့ကိုယ္သူေတာ့ ခင္နွင္းက ညီိမေလးကဟု ေျပာတတ္သည္။

တေန ့တြင္ ခင္နွင္းက ကၽြန္ေတာ့္အား။ အကိုေမာင္ေမာင္ ေျပာစရာရွိလို့။
ေျပာေလ ညီမေလး ဘာေျပာမလို ့လဲ။
အစ္မ ၀မ္းကြဲ မမသက္ကို သိတယ္ မဟုတ္လား။
အင္းသိတယ္ေလ နုိင္ငံျခားမွာ မဟုတ္လား။
ဟုတ္တယ္ သူေခၚလို ့ခင္နွင္းလဲ အဲဒီကို လိုက္သြားျပီး အလုပ္ သြားလုပ္မလို ့။
ျဖစ္ပါ့မလား ခင္နွင္းရယ္ ခုခ်ိန္ထိ ေက်ာင္းတက္တာကလြဲျပီး ဘာအလုပ္မွ မလုပ္ဘူးတဲ့သူက နိုင္ငံျခားမွာေတာင္ အလုပ္သြား လုပ္မယ္ဆိုေတာ့။
ျဖစ္ပါတယ္ အကိုေမာင္ေမာင္ကလဲ ဒီေခာတ္မွာ လူတိုင္းပဲ ေတာ္ေတာ္ မ်ားမ်ား သြားလုပ္ေနၾကတာ အထူးအဆန္းမွ မဟုတ္တာ။
ခင္နွင္း ေျပာတာ ဟုတ္ပါတယ္ ဒါေပမဲ့ ။

ဘာမွဒါေပမဲ့ မေနနဲ ့အကိုေမာင္ေမာင္ အေဖက စက္ရံုလုပ္သား အေမက ေစ်းထဲမွာ ေစ်းရာင္းျပီး ခင္နွင္းတို ့ေမာင္နွမ ၃ ေယာက္ကို လုပ္ေၾကြးလာတာ သူတို ့ပင္ပန္းလွပါျပီ ။ ဒီတစ္ခါ ခင္နွင္းအလွည့္ ေအာက္မွကလဲ ေမာင္ေလးနဲ ့ညီမေလးကလဲ ရွိေသးတယ္
ခင္နွင္းဟိုမွာ ၃ နွစ္ ေလာက္ က်ိုဳးစားျပီး အလုပ္ လုပ္မယ္ ပိုက္ဆံစုမယ္။ ျပီးရင္ ဒီကို ျပန္လာျပီး စီးပြားေရး လုပ္ငန္း လုပ္မယ္ မေကာင္းဘူးလား။
ခင္နွင္း ေျပာစကားက အေၾကာင္းျပခ်က္ ခိုင္လံုေနသည္မို ့ ကၽြန္ေတာ္ ဘာမွ မေျပာသာေတာ့။
အင္းေလ ညီမေလး ေကာင္းမယ္ ထင္တာသာ လုပ္ပါေတာ့ ။ ဒါနဲ ့ကုန္က်စရိတ္ကေရာ။
အဲဒါ ဘာမွ ပူစရာ မလိုဘူး မမ သက္က သူစိုက္ေပးထားမွာ ဟိုေရာက္ေတာ့မွ အလုပ္ လုပ္ျပီး ျပန္ဆပ္ရမွာ။

ခင္နွင္းသြားသည့္ေန ့ မဂၤလာဒံု ေလဆိပ္တြင္။
ခင္နွင္း ညီမေလး အကိုတစ္ခုေတာ့ေျပာခ်င္တယ္။
တစ္ခုမေျပာနဲ ့ဆယ္ခုေျပာ ။ ခင္ႏွင္းက မ်က္ေစာင္းထိုးယင္း ေျပာသည္။
တကယ္ ေျပာမလို ့မေနာက္နဲ ့။
ကဲပါ အကိုေမာင္ေမာင္ ေျပာတာ ခင္နွင္း နားေထာင္မယ္။ ျပီးေတာ့ လိုက္နာပ့ါမယ္ ဂတိေပးပါတယ္ရွင္။
အင္း ဒါဆိုလဲျပီးေရာ ။ ညီမေလး ဟိုေရာက္ရင္ အလုပ္ကို က်ိဳးက်ိဳး စားစားလုပ္။ ပိုက္ဆံကို ေသေသ ခ်ာခ်ာစု။ သူငယ္ခ်င္း ေပါင္းရင္လဲ သတိထားျပီးေပါင္း။ အားရင္ စာဖတ္။ ျပီိးေတာ့ ဘုရားလဲ ရွိခိုး။ မိဘေတြကိုလည္း ညတိုင္း ကန္ေတာ့ျပီးမွ အိပ္ေနာ္။

ဟုတ္ကဲ့ပါအစ္ကိုၾကီး ဒါပဲလား က်န္ေသးလား။ ခင္နွင္းက ေငါ့ျပီး ေမးသည္။
က်မၼာေရးလဲ ဂရုစိုက္ေနာ္ ဒါပဲ ခင္နွင္း အေမကလဲ ၀င္ေျပာသည္။ သမီးအကို ေျပာတာေတြကို ေသေသ ခ်ာခ်ာ မွတ္ထားေနာ္။ ကဲသမီး သြားေတာ့ ဟိုမွာ သူမ်ားေတြေတာင္ ၀င္ေနျပီ။
ခင္နွင္းက သူ ့အေဖ နွင့္ အေမအား ထိုင္ကန္ေတာ့ျပီး ကၽြန္ေတာ့္အား။ အကိုေမာင္ေမာင္ အေဖနဲ ့အေမကို ဂရုစိုက္ေပးေနာ္။ ေမာင္ေလးနဲ ့ ညီမေလးကိုေရာပဲ။
ေအးပါ ညီမေလးရယ္ ဒါေတြ ဘာမွ ပူမေနနဲ ့။ အကို ့တာ၀န္ထား ။အကို အားလံုး ကူညီမယ္။ ကဲညီမေလးသြားေတာ့။

ဒီလိုနဲ ့ခင္နွင္း နိုင္ငံျခားသို ့ထြက္သြားေတာ့သည္။။။
အကိုေမာင္ေမာင္ ဘာေတြ စဥ္းစားေနတာလဲ ညီမေလးေခၚေနတာ ဆယ္ခြန္းေလာက္ ရွိေနျပီ။ ခင္နွင္း စကားသံၾကားမွ ကၽြန္ေတာ္လည္း သတိ ျပန္လည္လည္လာျပီး။
ေၾသာ္ ဘာမွ မစဥ္းစားပါဘူး ညီမေလးရယ္။ ကၽြန္ေတာ္က ပိန္သြယ္ေနေသာ ခင္နွင္း လက္ဖမိုးေလးအား အုပ္ကိုင္ယင္း။ ညီမေလးက ဘာေရာဂါ ျဖစ္တာလဲ လိုအပ္ရင္ ေဆရံု တက္လိုက္ပါလား။
ခင္နွင္းက ေခါင္းကို ခါရမ္းယင္း ။ အကိုေမာင္ေမာင္ ခင္နွင္း အခုေျပာတာေတြကို အေဖနဲ ့အေမကို ျပန္မေျပာပါဘူးလို ့ဂတိေပးပါလား။

ဘာေတြ ေျပာမွာမို ့လို ့လဲ ညီမေလးရယ္။
မရဘူး အကိုေမာင္ေမာင္ ဂတိ အရင္ေပးျပီးမွ ညီမေလးေျပာမွာ။
ကဲပါ ညီမေလးရယ္ ဂတိေပးပါတယ္ ဘယ္သူ ့ကိုမွ မေျပာပါဘူး။ ကဲ ေျပာေတာ့။
ဒီလို အကိုေမာင္ေမာင္ရဲ ့ ခင္နွင္း အဲဒီကို ေရာက္ေတာ့ စားေသာက္ဆိုင္ တစ္ဆိုင္မွာ စားပြဲထိုး လုပ္ရတယ္။ အားလံုး မိန္းကေလး ၆ ေယာက္ရွိတယ္။ အားလံုးကို အုပ္ခ်ဳပ္တဲ့ စူပါဗိုက္စာ တရုပ္မလဲ ရွိတယ္။ ခင္နွင္းက ေရာက္ခါစဆိုေတာ့ သူတို ့ဆီမွာ ေျပာတဲ့ စကား မတတ္ေသးေတာ့ အဂၤလိပ္လိုပဲ ေျပာရတယ္။ ဒီလိုနဲ ့ ၆ လေလာက္ ၾကာလာေတာ့ စကားလဲ တတ္လာျပီ ။ လုပ္ငန္းလဲ က်ြမ္းက်င္လာျပီ။ ျပးီေတာ့ ဆိုင္ကို အျမဲ လာစားေနက် ေဖါက္သယ္ေတြနဲ ့လဲ ရင္းနွီးလာျပီ။ ခင္နွင္းက အလုပ္ကို မခိုမကပ္ လုပ္ေတာ့ သူေဌးကလည္း သေဘာက်တယ္။ လာစားတဲ့ ေဖါက္သယ္ေတြကလဲ ခင္ၾကတယ္။

သူေဌးက ခင္နွင္းကို တျဖည္းျဖည္းန ့ဲ လစာ တိုးေပးတယ္ ဒီလိုနဲ ့တစ္နွစ္ေလာက္ ၾကာေတာ့ အဟုန္လို ့ေခၚတဲ့ တရုပ္တေယာက္နဲ ့ခင္မိတယ္။ ဆိုင္ကို လာရင္လဲ တျခား စားပဲြထိုးေတြကို မေခၚပဲ ခင္နွင္းကိုပဲ ေခၚတယ္ ။ အဲ ဒီအဟုန္ နဲ ့သူငယ္ခ်င္းေတြ လာစားရင္ စကားကို ယဥ္ယဥ္ေက်းေက်း ေျပာျပီး ခိုင္းတတ္တယ္။ စားျပီးလို ့ ျပန္ရင္လဲ ေငြရွင္းလို ့ ပိုတ ဲ့ပိုက္ဆံဆိုရင္ ခင္နွင္းကို အျမဲေပးတယ္။ ဒီလိုနဲ ့တေန ့ ေတာ့ ခင္နွင္းနဲ ့အတုူတူ လုပ္တဲ့ အစ္မ မေအးက ခင္နွင္း နင့္ကို အဟုန္က ၾကိဳက္ေနတယ္ ငါ့ကို ေျပာေပးပါလို ့ေျပာတယ္ နင္ဘယ္လို သေဘာရသလဲ။
ဟာ အစ္မကလည္း ဘာျဖစ္လို ့ျပန္ၾကိဳက္ရမွာလဲ ခင္နွင္းတို ့က ပိုက္ဆံ လာရွာတာ အခ်ိန္တန္ရင္ အိမ္ျပန္ၾကရမွာ။ အပူ မရွာခ်င္ပါဘူး။

ေအးေလ စဥ္းစားပါဦးဟာ အခ်ိန္ေတြ ရွိေသးတာပဲ။
မေအး ကလဲ အားတိုင္း ခင္ႏွင္းကို အဲဒီ အေၾကာင္းပဲ ေျပာတယ္။ တေန ့ခင္နွင္တို ့ဆိုင္ပိတ္လို ့ ျမိဳ ့ထဲသြားဖို ့ကားေစာင့္ေနတံုး အဟုန္ကားနဲ ့ေရာက္လာျပီး။
မေအး တို ့ပါလား ဘယ္သြားမလို ့လဲ။
ကၽြန္မတို ့ျမိဳ ့ထဲသြားလို ့ပါ။

ခင္နွင္းလဲ ပါတာကိုး လာ ကၽြန္ေတာ္လဲ ျမိဳ ့ထဲသြားမွာ လိုက္ခဲ့ပါလား။
ရပါတယ္ ဘတ္စ္ကားနဲ ့ပဲသြားမယ္ ေက်းဇူးတင္ပါတယ္။ ခင္နွင္း ျငင္းလိုက္တယ္ ။
အဟုန္က မေအး ကိုၾကည့္လိုက္ျပီး ။
လာပါ ဘာမွ အားနာေနစရာ မလိုပါဘူး လူရင္းေတြပဲ တစ္ခါတစ္ေလ လမ္းၾကံဳ လို ့ကူညီရတာပါ။
ေအးေလ ခင္နွင္းကလဲ အဟုန္ ကို အားနာစရာၾကီး လာပါဟာ။

မေအး လဲ သူ ့ဘက္ပါသြားျပီမို ့ ခင္နွင္းလဲ အားနာနာ နဲ ့ပဲ အဟုန္ကားနဲ ့ျမိဳ ့ထဲကို လိုက္ခဲ့ပါေတာ့တယ္။ ျမိဳ ့ထဲ ေရာက္ေတာ့ အဟုန္က တစ္ခုခု ေကၽြးပါရေစဆိုတာနဲ ့ ဆိုင္ တစ္ဆိုင္မွာ ၀င္စားၾကျပန္ပါတယ္။ ျပီးေတာ့မွ အဟုန္လည္း ႏႈတ္ဆက္ျပီး ထြက္သြားပါေတာ့တယ္။
အဲဒီေနာက္ပိုင္း ခင္နွင္းတို ့အျပင္ထြက္တိုင္း အဟုန္ ေရာက္ေရာက္လာတာ ေတြ ့ရတယ္။
ၾကည့္ရတာ မေအးနဲ ့အဟုန္ အဆက္အသြယ္ ရွိပုံ ရပါတယ္။

ဒီလိုနဲ ့တရုပ္နွစ္သစ္ကူးမွာ ခင္နွင္းတို ့ဆိုင္ ၅ ရက္ပိတ္ပါတယ္။
အဲဒီပိတ္ရက္မွာ အဟုန္က ခင္နွင္းနဲ ့မေအးကို ဟန္းဖုန္း တစ္လံုးစီ ၀ယ္ျပီး လက္ေဆာင္ေပးပါတယ္။
ခင္နွင္းက အတန္တန္ ျငင္းေပမဲ့ မေအး က နွစ္သစ္ကူး လက္ေဆာင္ဆိုတာ မျငင္းေကာင္းဘူးဆိုတာနဲ ့ယူလိုက္ရပါတယ္ ဟန္းဖုန္းလဲရေရာ ညဖက္ ဆိုင္သိမ္းျပီးလို ့အိမ္ေရာက္တာနဲ ့ အဟုန္က ခင္နွင္းဆီ အေၾကာင္း မရွိအၾကာင္းရွာျပီး ဖုန္းဆက္ပါေတာ့တယ္။
မေအး ကလည္း ေျပာတယ္။ ခင္ႏွင္းကလဲ တရုပ္သူေဌး သားက ကိုယ့္ကို ၾကိဳက္ေနတာပဲ ျပန္ၾကိဳက္ပီး ခ်ဴစားေပါ့ ဟ။
ဟာ မေအး ကလဲ ျပန္ၾကိဳက္ရံု ၾကိဳက္လို ့ရမလား ေနာက္ပိုင္း မေတာ္တေရာ္ေတြ ျဖစ္ကုန္ရင္ ဘယ္လို လုပ္မလဲ ႕ကၽြန္မပဲ စိတ္ဆင္းရဲရမွာ။

ခင္ႏွင္းကလဲ အဲဒီအတြက္ မပူပါနဲ ့ဟယ္ ငါကူညီမွာေပါ့။
အဲဒီအခ်ိန္ကစျပီး ခင္နွင္း လူေပါင္းမွားျပီဆိုတာ သတိ မထားမိခဲ့ပါဘူး။
ဒီလိုနဲ ့ခင္နွင္းနဲ ့အဟုန္ ခ်စ္သူေတြ ျဖစ္သြားၾကတယ္ဆိုပါေတာ့။
အဟုန္ကားေလးနဲ ့ခင္နွင္းတို ့သြားေလရာ မေအးလဲ ပါတယ္ ။ ခင္နွင္း ကို ဘာပဲ ၀ယ္ေပးေပး အဟုန္က မေအးကိုလည္း ၀ယ္ေပးတယ္။

မေအးလဲ ေပ်ာ္ေနတာေပါ့။ နားနဲ ့မနာ ဖ၀ါးနဲ ့နာပါ အကိုေမာင္ေမာင္ ။ ေနာက္ပိုင္း ခ်စ္သူတို သဘာ၀ လြတ္ ၂ လပ္ ၂ ေတြ ့ၾကေတာ့ ခင္နွင္း အရမ္းေၾကာက္တယ္ ။ အဲဒီမွာပဲ ဆရာမၾကီး မေအးက ေဆးခန္း တစ္ခုကို ေခၚသြားျပီး လိုအပ္တဲ့ အကာအကြယ္ေတြ အားလံုး လုပ္ေပးတယ္ ။ လတိုင္း လဲ အဟုန္က လခ နီးပါးပဲ ပိုက္ဆံေတြေပး လိုခ်င္တာေတြ ၀ယ္ေပးေတာ့ ခင္နွင္းလဲ အဟုန္နဲ ့ ေနရတာေပ်ာ္လာတယ္ အကိုေမာင္ေမာင္။ အိမ္ကိုလဲ လတိုင္း ပိုက္ဆံ မ်ားမ်ားပို ့နိုင္ေတာ့ အေမတို ့ လဲေပ်ာ္ေနၾကတာေပါ့။
ဒီလိုနဲ ့ခင္နွင္း အဟုန္နဲ ့တြဲေနတာ တစ္နွစ္ေလာက္ၾကာေတာ့ က်မၼေရး နဲနဲ ခ်ဴခ်ာလာတယ္။ အစကေတာ့ အလုပ္ပင္ပမ္းလို ့ ျဖစ္တယ္လို ့ပဲထင္ထားတာ ။ တစ္ခါ တစ္ခါဆိုရင္ ခ်ည့္နဲ ့ျပီး အားကုန္သြားသလိုပဲ မလႈပ္ခ်င္ေတာ့ဘူး။

ခင္နွင္း အဲဒီလိုျဖစ္တာ နိုင္ငံျခားမွာ အလုပ္ လုပ္တာ ၃ နွစ္ထဲကို ၀င္လာတဲ့ အခ်ိန္ပဲ ။ အဲဒီလို ခင္နွင္း ေနမေကာင္းျဖစ္စမွာပဲ မေအးလဲ ျမန္မာျပည္ကို ျပန္သြားတယ္။ အဟုန္လဲ ခင္နွင္း ေနမေကာင္းျဖစ္ေနေတာ့ ပိုက္ဆံေတြလဲေပးတယ္ ဂရုလဲ စိုက္တယ္။ ဒီလိုနဲ ့ခင္နွင္း ေနမေကာင္းတာ ၾကာလာေတာ့ အဟုန္ မလာေတာ့ဘူး။

ဖုန္းေခၚရင္လဲ မကိုင္ဘူး ေနာက္ဆို ဖုန္းကို ပိတ္ထားေတာ့တယ္ ။ ေနာက္ပိုင္း ခင္နွင္း ေခ်ာင္းအရမ္းဆိုးလာတာနဲ ့ တီဘီေရာဂါ ျဖစ္မွာစိုးလို ့ေဆးခန္း တစ္ခုမွာ သြားျပလိုက္တယ္။ အဲဒီမွာ ဆရာ၀န္က ခင္နွင္းကို ေဆးစစ္တယ္။ အဲဒီလို စစ္လိုက္တဲ့ အခ်ိန္မွာပဲ ခင္နွင္း ဘ၀ ဆံုးသြားျပီဆိုတာ သိလိုက္ရတယ္ အကိုေမာင္ေမာင္။
ဆရာ၀န္ က အမ်ိဳးသမီး ဆရာ၀န္ဆိုေတာ့ ေကာင္းပါတယ္။ ခင္နွင္းကိုေမးတယ္။

ညီမေလး ဘာအလုပ္ လုပ္တာလဲ ။

စားေသာက္ဆိုင္မွာ စားပြဲထိုးပါ ။

ေယာကၤ်ားရွိသလား ။

လက္မထပ္ရေသးတဲ့ ခ်စ္သူေတာ့ ရွိပါတယ္ ။

အတူတူ ေနၾကတာလား ။
ဟုတ္ကဲ့ ။ ၂ရက္ျခား ၃ရက္ ျခားေတာ့ ေတြ ့ျဖစ္ၾကပါတယ္ ။

အဲဒီလူနဲ ့အတူတူေနတာ ဘယ္ေလာက္ၾကာျပီလဲ ။
တစ္ႏွစ္ခြဲ ေလာက္ရွိပါျပီ ။
သူ ့ကိုေရာ ဒီေဆးခန္း ကို ေခၚလာလို ့ရမလား ။
အဲ့ဒီလိုေမးေတာ့ ခင္နွင္း မ်က္ရည္စို ့လာျပီး
ေခၚလို ့မရေတာ့ဘူး ေဒါက္တာ ကၽြန္မဆီလဲ မလာေတာ့ဘူး ။ ဖုန္းေခၚရင္လဲ ပိတ္ထားတယ္။
အင္းစိတ္မေကာင္းပါဘူး ညီမေလးရယ္ ေသျခာပါျပီ ဒီေရာဂါ အဲ ဒီလူဆီက ကူးတာပဲ ျဖစ္မယ္။
ကၽြန္မဘာျဖစ္တာလဲ ေဒါက္တာ ပြင့္ပြင့္ လင္းလင္းေျပာပါ ။ ကၽြန္မ လိုအပ္တာ အားလံုး လုပ္ပါ့မယ္။
စိတ္ခိုင္ခိုင္ထားေနာ္ ညီမေလး အရမ္းလဲ အားမငယ္နဲ ့ ညီမေလးေရာဂါက AIDS
ရွင္ ခင္နွင္းေမ့လဲမတတ္ျဖစ္သြားတယ္ ။
ဒါဆိုကၽြန္မ ေသေတာ့မွာေပါ့ေနာ္ ။ အငမ္းမရ ေမးလိုက္တယ္ ။
ခ်က္ခ်င္းေတာ့ မေသနိုင္ေသးပါဘူး ညီမရယ္။
အဲဒီလို သိလိုက္ရေတာ့ ခင္နွင္းေလ ေဒါက္တာေရွ ့မွာ ငိုေနတာ ေတာ္ေတာ္ၾကာတယ္။
ဆရာ၀န္က ခင္နွင္းကို ေနမေကာင္းဘူးလို ့ေျပာျပီး ျမန္မာျပည္ကို ျပန္လိုက္ပါ ညီမရယ္ အဲဒီလိုျဖစ္မွပဲ ေရွးလူၾကီးေတြ ေျပာခဲ့ၾကတဲ့ ငါးစာသာျမင္ျပီး ငါးမွ်ားခ်ိတ္ မျမင္ဘူ ဆိုတဲ့ စကားပံုကို သြားသတိယမိလိုက္ေတာ့တယ္။ ငါးမွ်ားခ်ိတ္မွာ ခ်ိတ္မိတ ဲ့ငါးဟာ ျပန္လြတ္ရိုး ထံုးစံ မရွိသလို ခင္နွင္း ဘ၀လဲ အသက္ ေပးရေတာ့မယ္ဆိုတာ သိိလိုက္ပါျပီ။
ခင္နွင္းကေျပာလဲေျပာ ငိုလဲငို နွင့္မို ့ကၽြန္ေတာ္ၾကည့္ရင္း ေတာ္ေတာ္ စိတ္မေကာင္းျဖစ္ရသည္ ။
ဘယ္လို အားေပးစကား ေျပာရမွန္းပင္ မသိေတာ့။
ခင္နွင္း ေျပာခဲ့ခ်င္တာက ခင္နွင္းကို ေငြမက္ျပီး ခ်ဴစားခ်င္လာေအာင္ မက္လံုးေပးျပီး ကူညီသလိုနဲ ့စည္း၇ံုးသိမ္းသြင္း ဖ်က္ဆီးတတ္ၾကတဲ့ မေအး လို မိန္းကေလး သူငယ္ခ်င္းမ်ိဳးေတြကို သတိထားေစခ်င္လို ့ပါ။
ဘာပဲျဖစ္ျဖစ္ အကိုေမာင္ေမာင္ စကားကို နားမေထာင္ပဲ နားေယာင္ခဲ့မိတဲ့ ခင္္နွင္းကိုယ္တိုင္ရဲ ့အမွားလဲပါ ပါတယ္။
ေတာ္ပါေတာ့ ညီမေလးရယ္ ေရာ့ ေရေသာက္လိုက္ဦး။
ကၽြန္ေတာ္ ေရတစ္ခြက္ ခပ္ေပးလိုက္ရင္း ေျပာလိုက္ပါတယ္။
ခင္နွင္းလဲ ေရေသာက္ျပီး ေမာသြားတာေၾကာင့္ ဘာမွ မေျပာေတာ့ပဲ ကၽြန္ေတာ့္ကိုသာ စိုက္ၾကည့္ေနပါေတာ့တယ္။
ေနာက္ ၄ လေလာက္ ၾကာေတာ ့ခင္နွင္းလဲ အဲဒီေရာဂါနဲ ့ပဲ လူ ့ေလာက ကေနအျ႔ပီးအပိုင္ ထြက္ခြါသြားပါေတာ့တယ္။
ေယာကၤ်ားတစ္ေယာက္နဲ ့တရား၀င္ လက္မထပ္ပဲ သိုသို သိပ္သိပ္ ေနခဲ့ၾကျပီး ခင္နွင္းလို ဘ၀ ဆံုးသြားေသာမိန္းကေလးမ်ား ဘယ္ေလာက္ ရွိေနဦးမည္ကိုလဲ မမွန္းတတ္ေတာ့ပါ ။ ကၽြန္ေတာ္ကေတာ့ ေၾသာ္ ။။။။။။။။။။။။။။ ဒါလားေဟ့ living together ဟုပင္ ျငီးတြားေနခ်င္ပါေတာ့သည္ ။။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
အစ်ကိုမောင်မောင်ရေ အစ်မခင်နှင်းက တွေ့ချင်လို့အိမ်ကို လာခဲ့ပါတဲ့ ခင်နှင်းရဲ့မောင်ဖြစ်သူ   ကျော်ကျော်က ကျောင်းသွားရင်း ကျွန်တော့်ကို ဝင်ပြောသွားသည်။
ခင်နှင်း နိုင်ငံခြားမှာ အလုပ် သွားလုပ်တာ ၃ နှစ်နီးပါး ကြာပြီးနောက်   နေမကေင်း သဖြင့် ပြန်လာသည်ကိုတော့ ကြားသည်။

တခေါက်မှ မရောက်ဖြစ်သေး ။ ခုတော့ သူကိုယ်တိုင် ခေါ်ခိုင်းနေပြီမို့ ညနေဖက် အိမ်မှ ထွက်ခဲ့သည်။
အိမ်ရှေ့တွင် ခင်နှင်းရဲ့ ညီမငယ်လေး စုစု ကစားနေသည်။ ကျွန်တော် အိမ်အပေါ်ထပ်သို့တန်းတက်ခဲ့သည်။ ခင်နှင်းက ခြေသံ ကြားသဖြင့် ခေါင်းထောင်ကြည့်သည်။ ကျွန်တော် အနား ရောက်သွားသည်နှင့်။ အကို မောင်မောင် ကတော့ ငါ့ညီမလေး ဘယ်လို
ဖြစ်နေသလဲလို့ သတင်းေတောင် လာမေးဖေါ် မရဘူး။ ခေါ်ခိုင်းမှပဲ ပေါ်လာတော့တယ်နော်။
မဟုတ်ပါဘူး ခင်နှင်းရယ် အကိုလည်း ဒီရက်မှာ အလုပ် နဲနဲ များနေလို့မလာဖြစ်သေးတာပါ။ ခင်နှင်း ပြန်ရောက်တာ အကို ကြားပါတယ်။

ခင်နှင်းကို ကြည့်ရတာ အသားအရေ ဖြုဖတ် ဖြုရော် နှင့် တော်တော်လဲ ပိန်သွားသည်။ ဟိုတုံးက ခင်နှင်းနှင့် လုံး၀ မတူတော့။ ခင်နှင်းနှင့် ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းက အိမ်နီးချင်း နေလာသည်မို့မောင်နှမ အရင်းကဲ့သို့သံယောဇဉ်ရှိသည်။
တခုတော့ရှိသည် ခင်နှင်းက ဘယ်တော့မှ ကျွန်တော့်ကို အကိုဟု မခေါ်။ ကျွန်တော့် နာမည်ပါ တွဲခေါ်သည်။ သူ့ကိုယ်သူတော့ ခင်နှင်းက ညီမလေးကဟု ပြောတတ်သည်။

တနေ့တွင် ခင်နှင်းက ကျွန်တော့်အား။ အကိုမောင်မောင် ပြောစရာရှိလို့။
ပြောလေ ညီမလေး ဘာပြောမလို့လဲ။
အစ်မ ဝမ်းကွဲ မမသက်ကို သိတယ် မဟုတ်လား။
အင်းသိတယ်လေ နိုင်ငံခြားမှာ မဟုတ်လား။
ဟုတ်တယ် သူခေါ်လို့ခင်နှင်းလဲ အဲဒီကို လိုက်သွားပြီး အလုပ် သွားလုပ်မလို့။
ဖြစ်ပါ့မလား ခင်နှင်းရယ် ခုချိန်ထိ ကျောင်းတက်တာကလွဲပြီး ဘာအလုပ်မှ မလုပ်ဘူးတဲ့သူက နိုင်ငံခြားမှာတောင် အလုပ်သွား လုပ်မယ်ဆိုတော့။
ဖြစ်ပါတယ် အကိုမောင်မောင်ကလဲ ဒီခောတ်မှာ လူတိုင်းပဲ တော်တော် များများ သွားလုပ်နေကြတာ အထူးအဆန်းမှ မဟုတ်တာ။
ခင်နှင်း ပြောတာ ဟုတ်ပါတယ် ဒါပေမဲ့ ။

ဘာမှဒါပေမဲ့ မနေနဲ့အကိုမောင်မောင် အဖေက စက်ရုံလုပ်သား အမေက ဈေးထဲမှာ ဈေးရာင်းပြီး ခင်နှင်းတို့မောင်နှမ ၃ ယောက်ကို လုပ်ကြွေးလာတာ သူတို့ပင်ပန်းလှပါပြီ ။ ဒီတစ်ခါ ခင်နှင်းအလှည့် အောက်မှကလဲ မောင်လေးနဲ့ညီမလေးကလဲ ရှိသေးတယ်
ခင်နှင်းဟိုမှာ ၃ နှစ် လောက် ကျိုုးစားပြီး အလုပ် လုပ်မယ် ပိုက်ဆံစုမယ်။ ပြီးရင် ဒီကို ပြန်လာပြီး စီးပွားရေး လုပ်ငန်း လုပ်မယ် မကောင်းဘူးလား။
ခင်နှင်း ပြောစကားက အကြောင်းပြချက် ခိုင်လုံနေသည်မို့ ကျွန်တော် ဘာမှ မပြောသာတော့။
အင်းလေ ညီမလေး ကောင်းမယ် ထင်တာသာ လုပ်ပါတော့ ။ ဒါနဲ့ကုန်ကျစရိတ်ကရော။
အဲဒါ ဘာမှ ပူစရာ မလိုဘူး မမ သက်က သူစိုက်ပေးထားမှာ ဟိုရောက်တော့မှ အလုပ် လုပ်ပြီး ပြန်ဆပ်ရမှာ။

ခင်နှင်းသွားသည့်နေ့ မင်္ဂလာဒုံ လေဆိပ်တွင်။
ခင်နှင်း ညီမလေး အကိုတစ်ခုတော့ပြောချင်တယ်။
တစ်ခုမပြောနဲ့ဆယ်ခုပြော ။ ခင်နှင်းက မျက်စောင်းထိုးယင်း ပြောသည်။
တကယ် ပြောမလို့မနောက်နဲ့။
ကဲပါ အကိုမောင်မောင် ပြောတာ ခင်နှင်း နားထောင်မယ်။ ပြီးတော့ လိုက်နာပ့ါမယ် ဂတိပေးပါတယ်ရှင်။
အင်း ဒါဆိုလဲပြီးရော ။ ညီမလေး ဟိုရောက်ရင် အလုပ်ကို ကျိုးကျိုး စားစားလုပ်။ ပိုက်ဆံကို သေသေ ချာချာစု။ သူငယ်ချင်း ပေါင်းရင်လဲ သတိထားပြီးပေါင်း။ အားရင် စာဖတ်။ ပြီးတော့ ဘုရားလဲ ရှိခိုး။ မိဘတွေကိုလည်း ညတိုင်း ကန်တော့ပြီးမှ အိပ်နော်။

ဟုတ်ကဲ့ပါအစ်ကိုကြီး ဒါပဲလား ကျန်သေးလား။ ခင်နှင်းက ငေါ့ပြီး မေးသည်။
ကျမ္မာရေးလဲ ဂရုစိုက်နော် ဒါပဲ ခင်နှင်း အမေကလဲ ဝင်ပြောသည်။ သမီးအကို ပြောတာတွေကို သေသေ ချာချာ မှတ်ထားနော်။ ကဲသမီး သွားတော့ ဟိုမှာ သူများတွေတောင် ဝင်နေပြီ။
ခင်နှင်းက သူ့အဖေ နှင့် အမေအား ထိုင်ကန်တော့ပြီး ကျွန်တော့်အား။ အကိုမောင်မောင် အဖေနဲ့အမေကို ဂရုစိုက်ပေးနော်။ မောင်လေးနဲ့ ညီမလေးကိုရောပဲ။
အေးပါ ညီမလေးရယ် ဒါတွေ ဘာမှ ပူမနေနဲ့။ အကို့တာဝန်ထား ။အကို အားလုံး ကူညီမယ်။ ကဲညီမလေးသွားတော့။

ဒီလိုနဲ့ခင်နှင်း နိုင်ငံခြားသို့ထွက်သွားတော့သည်။။။
အကိုမောင်မောင် ဘာတွေ စဉ်းစားနေတာလဲ ညီမလေးခေါ်နေတာ ဆယ်ခွန်းလောက် ရှိနေပြီ။ ခင်နှင်း စကားသံကြားမှ ကျွန်တော်လည်း သတိ ပြန်လည်လည်လာပြီး။
သြော် ဘာမှ မစဉ်းစားပါဘူး ညီမလေးရယ်။ ကျွန်တော်က ပိန်သွယ်နေသော ခင်နှင်း လက်ဖမိုးလေးအား အုပ်ကိုင်ယင်း။ ညီမလေးက ဘာရောဂါ ဖြစ်တာလဲ လိုအပ်ရင် ဆေရုံ တက်လိုက်ပါလား။
ခင်နှင်းက ခေါင်းကို ခါရမ်းယင်း ။ အကိုမောင်မောင် ခင်နှင်း အခုပြောတာတွေကို အဖေနဲ့အမေကို ပြန်မပြောပါဘူးလို့ဂတိပေးပါလား။

ဘာတွေ ပြောမှာမို့လို့လဲ ညီမလေးရယ်။
မရဘူး အကိုမောင်မောင် ဂတိ အရင်ပေးပြီးမှ ညီမလေးပြောမှာ။
ကဲပါ ညီမလေးရယ် ဂတိပေးပါတယ် ဘယ်သူ့ကိုမှ မပြောပါဘူး။ ကဲ ပြောတော့။
ဒီလို အကိုမောင်မောင်ရဲ့ ခင်နှင်း အဲဒီကို ရောက်တော့ စားသောက်ဆိုင် တစ်ဆိုင်မှာ စားပွဲထိုး လုပ်ရတယ်။ အားလုံး မိန်းကလေး ၆ ယောက်ရှိတယ်။ အားလုံးကို အုပ်ချုပ်တဲ့ စူပါဗိုက်စာ တရုပ်မလဲ ရှိတယ်။ ခင်နှင်းက ရောက်ခါစဆိုတော့ သူတို့ဆီမှာ ပြောတဲ့ စကား မတတ်သေးတော့ အင်္ဂလိပ်လိုပဲ ပြောရတယ်။ ဒီလိုနဲ့ ၆ လလောက် ကြာလာတော့ စကားလဲ တတ်လာပြီ ။ လုပ်ငန်းလဲ ကျွမ်းကျင်လာပြီ။ ပြးီတော့ ဆိုင်ကို အမြဲ လာစားနေကျ ဖေါက်သယ်တွေနဲ့လဲ ရင်းနှီးလာပြီ။ ခင်နှင်းက အလုပ်ကို မခိုမကပ် လုပ်တော့ သူဌေးကလည်း သဘောကျတယ်။ လာစားတဲ့ ဖေါက်သယ်တွေကလဲ ခင်ကြတယ်။

သူဌေးက ခင်နှင်းကို တဖြည်းဖြည်းန့ဲ လစာ တိုးပေးတယ် ဒီလိုနဲ့တစ်နှစ်လောက် ကြာတော့ အဟုန်လို့ခေါ်တဲ့ တရုပ်တယောက်နဲ့ခင်မိတယ်။ ဆိုင်ကို လာရင်လဲ တခြား စားပွဲထိုးတွေကို မခေါ်ပဲ ခင်နှင်းကိုပဲ ခေါ်တယ် ။ အဲ ဒီအဟုန် နဲ့သူငယ်ချင်းတွေ လာစားရင် စကားကို ယဉ်ယဉ်ကျေးကျေး ပြောပြီး ခိုင်းတတ်တယ်။ စားပြီးလို့ ပြန်ရင်လဲ ငွေရှင်းလို့ ပိုတ ဲ့ပိုက်ဆံဆိုရင် ခင်နှင်းကို အမြဲပေးတယ်။ ဒီလိုနဲ့တနေ့ တော့ ခင်နှင်းနဲ့အတုူတူ လုပ်တဲ့ အစ်မ မအေးက ခင်နှင်း နင့်ကို အဟုန်က ကြိုက်နေတယ် ငါ့ကို ပြောပေးပါလို့ပြောတယ် နင်ဘယ်လို သဘောရသလဲ။
ဟာ အစ်မကလည်း ဘာဖြစ်လို့ပြန်ကြိုက်ရမှာလဲ ခင်နှင်းတို့က ပိုက်ဆံ လာရှာတာ အချိန်တန်ရင် အိမ်ပြန်ကြရမှာ။ အပူ မရှာချင်ပါဘူး။

အေးလေ စဉ်းစားပါဦးဟာ အချိန်တွေ ရှိသေးတာပဲ။
မအေး ကလဲ အားတိုင်း ခင်နှင်းကို အဲဒီ အကြောင်းပဲ ပြောတယ်။ တနေ့ခင်နှင်တို့ဆိုင်ပိတ်လို့ မြို့ထဲသွားဖို့ကားစောင့်နေတုံး အဟုန်ကားနဲ့ရောက်လာပြီး။
မအေး တို့ပါလား ဘယ်သွားမလို့လဲ။
ကျွန်မတို့မြို့ထဲသွားလို့ပါ။

ခင်နှင်းလဲ ပါတာကိုး လာ ကျွန်တော်လဲ မြို့ထဲသွားမှာ လိုက်ခဲ့ပါလား။
ရပါတယ် ဘတ်စ်ကားနဲ့ပဲသွားမယ် ကျေးဇူးတင်ပါတယ်။ ခင်နှင်း ငြင်းလိုက်တယ် ။
အဟုန်က မအေး ကိုကြည့်လိုက်ပြီး ။
လာပါ ဘာမှ အားနာနေစရာ မလိုပါဘူး လူရင်းတွေပဲ တစ်ခါတစ်လေ လမ်းကြုံ လို့ကူညီရတာပါ။
အေးလေ ခင်နှင်းကလဲ အဟုန် ကို အားနာစရာကြီး လာပါဟာ။

မအေး လဲ သူ့ဘက်ပါသွားပြီမို့ ခင်နှင်းလဲ အားနာနာ နဲ့ပဲ အဟုန်ကားနဲ့မြို့ထဲကို လိုက်ခဲ့ပါတော့တယ်။ မြို့ထဲ ရောက်တော့ အဟုန်က တစ်ခုခု ကျွေးပါရစေဆိုတာနဲ့ ဆိုင် တစ်ဆိုင်မှာ ဝင်စားကြပြန်ပါတယ်။ ပြီးတော့မှ အဟုန်လည်း နှုတ်ဆက်ပြီး ထွက်သွားပါတော့တယ်။
အဲဒီနောက်ပိုင်း ခင်နှင်းတို့အပြင်ထွက်တိုင်း အဟုန် ရောက်ရောက်လာတာ တွေ့ရတယ်။
ကြည့်ရတာ မအေးနဲ့အဟုန် အဆက်အသွယ် ရှိပုံ ရပါတယ်။

ဒီလိုနဲ့တရုပ်နှစ်သစ်ကူးမှာ ခင်နှင်းတို့ဆိုင် ၅ ရက်ပိတ်ပါတယ်။
အဲဒီပိတ်ရက်မှာ အဟုန်က ခင်နှင်းနဲ့မအေးကို ဟန်းဖုန်း တစ်လုံးစီ ဝယ်ပြီး လက်ဆောင်ပေးပါတယ်။
ခင်နှင်းက အတန်တန် ငြင်းပေမဲ့ မအေး က နှစ်သစ်ကူး လက်ဆောင်ဆိုတာ မငြင်းကောင်းဘူးဆိုတာနဲ့ယူလိုက်ရပါတယ် ဟန်းဖုန်းလဲရရော ညဖက် ဆိုင်သိမ်းပြီးလို့အိမ်ရောက်တာနဲ့ အဟုန်က ခင်နှင်းဆီ အကြောင်း မရှိအကြာင်းရှာပြီး ဖုန်းဆက်ပါတော့တယ်။
မအေး ကလည်း ပြောတယ်။ ခင်နှင်းကလဲ တရုပ်သူဌေး သားက ကိုယ့်ကို ကြိုက်နေတာပဲ ပြန်ကြိုက်ပီး ချူစားပေါ့ ဟ။
ဟာ မအေး ကလဲ ပြန်ကြိုက်ရုံ ကြိုက်လို့ရမလား နောက်ပိုင်း မတော်တရော်တွေ ဖြစ်ကုန်ရင် ဘယ်လို လုပ်မလဲ့ကျွန်မပဲ စိတ်ဆင်းရဲရမှာ။

ခင်နှင်းကလဲ အဲဒီအတွက် မပူပါနဲ့ဟယ် ငါကူညီမှာပေါ့။
အဲဒီအချိန်ကစပြီး ခင်နှင်း လူပေါင်းမှားပြီဆိုတာ သတိ မထားမိခဲ့ပါဘူး။
ဒီလိုနဲ့ခင်နှင်းနဲ့အဟုန် ချစ်သူတွေ ဖြစ်သွားကြတယ်ဆိုပါတော့။
အဟုန်ကားလေးနဲ့ခင်နှင်းတို့သွားလေရာ မအေးလဲ ပါတယ် ။ ခင်နှင်း ကို ဘာပဲ ဝယ်ပေးပေး အဟုန်က မအေးကိုလည်း ဝယ်ပေးတယ်။

မအေးလဲ ပျော်နေတာပေါ့။ နားနဲ့မနာ ဖဝါးနဲ့နာပါ အကိုမောင်မောင် ။ နောက်ပိုင်း ချစ်သူတို သဘာ၀ လွတ် ၂ လပ် ၂ တွေ့ကြတော့ ခင်နှင်း အရမ်းကြောက်တယ် ။ အဲဒီမှာပဲ ဆရာမကြီး မအေးက ဆေးခန်း တစ်ခုကို ခေါ်သွားပြီး လိုအပ်တဲ့ အကာအကွယ်တွေ အားလုံး လုပ်ပေးတယ် ။ လတိုင်း လဲ အဟုန်က လခ နီးပါးပဲ ပိုက်ဆံတွေပေး လိုချင်တာတွေ ဝယ်ပေးတော့ ခင်နှင်းလဲ အဟုန်နဲ့ နေရတာပျော်လာတယ် အကိုမောင်မောင်။ အိမ်ကိုလဲ လတိုင်း ပိုက်ဆံ များများပို့နိုင်တော့ အမေတို့ လဲပျော်နေကြတာပေါ့။
ဒီလိုနဲ့ခင်နှင်း အဟုန်နဲ့တွဲနေတာ တစ်နှစ်လောက်ကြာတော့ ကျမ္မရေး နဲနဲ ချူချာလာတယ်။ အစကတော့ အလုပ်ပင်ပမ်းလို့ ဖြစ်တယ်လို့ပဲထင်ထားတာ ။ တစ်ခါ တစ်ခါဆိုရင် ချည့်နဲ့ပြီး အားကုန်သွားသလိုပဲ မလှုပ်ချင်တော့ဘူး။

ခင်နှင်း အဲဒီလိုဖြစ်တာ နိုင်ငံခြားမှာ အလုပ် လုပ်တာ ၃ နှစ်ထဲကို ဝင်လာတဲ့ အချိန်ပဲ ။ အဲဒီလို ခင်နှင်း နေမကောင်းဖြစ်စမှာပဲ မအေးလဲ မြန်မာပြည်ကို ပြန်သွားတယ်။ အဟုန်လဲ ခင်နှင်း နေမကောင်းဖြစ်နေတော့ ပိုက်ဆံတွေလဲပေးတယ် ဂရုလဲ စိုက်တယ်။ ဒီလိုနဲ့ခင်နှင်း နေမကောင်းတာ ကြာလာတော့ အဟုန် မလာတော့ဘူး။

ဖုန်းခေါ်ရင်လဲ မကိုင်ဘူး နောက်ဆို ဖုန်းကို ပိတ်ထားတော့တယ် ။ နောက်ပိုင်း ခင်နှင်း ချောင်းအရမ်းဆိုးလာတာနဲ့ တီဘီရောဂါ ဖြစ်မှာစိုးလို့ဆေးခန်း တစ်ခုမှာ သွားပြလိုက်တယ်။ အဲဒီမှာ ဆရာဝန်က ခင်နှင်းကို ဆေးစစ်တယ်။ အဲဒီလို စစ်လိုက်တဲ့ အချိန်မှာပဲ ခင်နှင်း ဘ၀ ဆုံးသွားပြီဆိုတာ သိလိုက်ရတယ် အကိုမောင်မောင်။
ဆရာဝန် က အမျိုးသမီး ဆရာဝန်ဆိုတော့ ကောင်းပါတယ်။ ခင်နှင်းကိုမေးတယ်။

ညီမလေး ဘာအလုပ် လုပ်တာလဲ ။

စားသောက်ဆိုင်မှာ စားပွဲထိုးပါ ။

ယောင်္ကျားရှိသလား ။

လက်မထပ်ရသေးတဲ့ ချစ်သူတော့ ရှိပါတယ် ။

အတူတူ နေကြတာလား ။
ဟုတ်ကဲ့ ။ ၂ရက်ခြား ၃ရက် ခြားတော့ တွေ့ဖြစ်ကြပါတယ် ။

အဲဒီလူနဲ့အတူတူနေတာ ဘယ်လောက်ကြာပြီလဲ ။
တစ်နှစ်ခွဲ လောက်ရှိပါပြီ ။
သူ့ကိုရော ဒီဆေးခန်း ကို ခေါ်လာလို့ရမလား ။
အဲ့ဒီလိုမေးတော့ ခင်နှင်း မျက်ရည်စို့လာပြီး
ခေါ်လို့မရတော့ဘူး ဒေါက်တာ ကျွန်မဆီလဲ မလာတော့ဘူး ။ ဖုန်းခေါ်ရင်လဲ ပိတ်ထားတယ်။
အင်းစိတ်မကောင်းပါဘူး ညီမလေးရယ် သေခြာပါပြီ ဒီရောဂါ အဲ ဒီလူဆီက ကူးတာပဲ ဖြစ်မယ်။
ကျွန်မဘာဖြစ်တာလဲ ဒေါက်တာ ပွင့်ပွင့် လင်းလင်းပြောပါ ။ ကျွန်မ လိုအပ်တာ အားလုံး လုပ်ပါ့မယ်။
စိတ်ခိုင်ခိုင်ထားနော် ညီမလေး အရမ်းလဲ အားမငယ်နဲ့ ညီမလေးရောဂါက AIDS
ရှင် ခင်နှင်းမေ့လဲမတတ်ဖြစ်သွားတယ် ။
ဒါဆိုကျွန်မ သေတော့မှာပေါ့နော် ။ အငမ်းမရ မေးလိုက်တယ် ။
ချက်ချင်းတော့ မသေနိုင်သေးပါဘူး ညီမရယ်။
အဲဒီလို သိလိုက်ရတော့ ခင်နှင်းလေ ဒေါက်တာရှေ့မှာ ငိုနေတာ တော်တော်ကြာတယ်။
ဆရာဝန်က ခင်နှင်းကို နေမကောင်းဘူးလို့ပြောပြီး မြန်မာပြည်ကို ပြန်လိုက်ပါ ညီမရယ် အဲဒီလိုဖြစ်မှပဲ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်ဘူ ဆိုတဲ့ စကားပုံကို သွားသတိယမိလိုက်တော့တယ်။ ငါးမျှားချိတ်မှာ ချိတ်မိတ ဲ့ငါးဟာ ပြန်လွတ်ရိုး ထုံးစံ မရှိသလို ခင်နှင်း ဘဝလဲ အသက် ပေးရတော့မယ်ဆိုတာ သိလိုက်ပါပြီ။
ခင်နှင်းကပြောလဲပြော ငိုလဲငို နှင့်မို့ကျွန်တော်ကြည့်ရင်း တော်တော် စိတ်မကောင်းဖြစ်ရသည် ။
ဘယ်လို အားပေးစကား ပြောရမှန်းပင် မသိတော့။
ခင်နှင်း ပြောခဲ့ချင်တာက ခင်နှင်းကို ငွေမက်ပြီး ချူစားချင်လာအောင် မက်လုံးပေးပြီး ကူညီသလိုနဲ့စည်းရုံးသိမ်းသွင်း ဖျက်ဆီးတတ်ကြတဲ့ မအေး လို မိန်းကလေး သူငယ်ချင်းမျိုးတွေကို သတိထားစေချင်လို့ပါ။
ဘာပဲဖြစ်ဖြစ် အကိုမောင်မောင် စကားကို နားမထောင်ပဲ နားယောင်ခဲ့မိတဲ့ ခင်နှင်းကိုယ်တိုင်ရဲ့အမှားလဲပါ ပါတယ်။
တော်ပါတော့ ညီမလေးရယ် ရော့ ရေသောက်လိုက်ဦး။
ကျွန်တော် ရေတစ်ခွက် ခပ်ပေးလိုက်ရင်း ပြောလိုက်ပါတယ်။
ခင်နှင်းလဲ ရေသောက်ပြီး မောသွားတာကြောင့် ဘာမှ မပြောတော့ပဲ ကျွန်တော့်ကိုသာ စိုက်ကြည့်နေပါတော့တယ်။
နောက် ၄ လလောက် ကြာတော့ခင်နှင်းလဲ အဲဒီရောဂါနဲ့ပဲ လူ့လောက ကနေအြ့ပီးအပိုင် ထွက်ခွါသွားပါတော့တယ်။
ယောင်္ကျားတစ်ယောက်နဲ့တရားဝင် လက်မထပ်ပဲ သိုသို သိပ်သိပ် နေခဲ့ကြပြီး ခင်နှင်းလို ဘ၀ ဆုံးသွားသောမိန်းကလေးများ ဘယ်လောက် ရှိနေဦးမည်ကိုလဲ မမှန်းတတ်တော့ပါ ။ ကျွန်တော်ကတော့ သြော် ။။။။။။။။။။။။။။ ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည် ။။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top