Property Expo
×

အသင္းကထြက္ခြာေတာ့မယ္လို႔ မၾကာခဏ သတင္းထြက္ေနတဲ့ ဘာစီလိုနာ တိုက္စစ္ကစားသမား ေနမာကို ေခၚယူူဖို႔ ႀကိဳးစားခဲ့တဲ့ အသင္းဟာ ေလးသင္းအထိ ရွိခဲ့တယ္လို႔သိရပါတယ္။

ယေန႔ စပိန္သတင္းစာအခ်ိဳ႕ရဲ႕ ေဖာ္ျပခ်က္အရလည္း ေနမာကို ဘာစီီလိုနာအသင္း ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ လက္ရွိဥေရာပအသင္းေတြထဲမွာ ေျပာင္းေ႐ႊ႕ေၾကးကို တတ္ႏုိင္တဲ့အသင္း ေလးသင္းသာရွိတယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ တုိက္စစ္မွဴး ေနမာကို ဘာစီလိုနာ  ၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္ဘက္က ယူ႐ို ၇၂ သန္းေပးၿပီး ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ မန္ယူအသင္းနဲ႔ ပီအက္စ္ဂ်ီ အသင္းတို႔ကလည္း အႀကိမ္ႀကိမ္ ကမ္းလွမ္းခဲ့တယ္လို႔ ဆိုပါတယ္။

မန္ယူနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ရဲ႕ ကမ္းလွမ္းမႈဟာ ရီးရဲလ္မက္ဒရစ္ ကမ္းလွမ္းမႈထက္ ပိုမ်ားတယ္လို႔ ဆိုပါတယ္။ ခန္႔မွန္းေျခအားျဖင့္ ယူ႐ို သန္း ၈၀ ေလာက္ရွိမယ္လို႔ သတင္းေတြက ေရးသားေဖာ္ျပထားပါတယ္။ ဒါတင္မကဘဲ နည္းျပဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းကလည္း ေနမာကို ေျပာင္းေ႐ႊ႕ေၾကး အေျမာက္အျမားနဲ႔ ကမ္းလွမ္းခဲ့တာ ငါးႀကိမ္ေလာက္ရွိေနၿပီလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အသင်းကထွက်ခွာတော့မယ်လို့ မကြာခဏ သတင်းထွက်နေတဲ့ ဘာစီလိုနာ တိုက်စစ်ကစားသမား နေမာကို ခေါ်ယူူဖို့ ကြိုးစားခဲ့တဲ့ အသင်းဟာ လေးသင်းအထိ ရှိခဲ့တယ်လို့သိရပါတယ်။

ယနေ့ စပိန်သတင်းစာအချို့ရဲ့ ဖော်ပြချက်အရလည်း နေမာကို ဘာစီလိုနာအသင်း ချုပ်ဆိုထားတဲ့ စာချုပ်အရ လက်ရှိဥရောပအသင်းတွေထဲမှာ ပြောင်းရွှေ့ကြေးကို တတ်နိုင်တဲ့အသင်း လေးသင်းသာရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး နေမာကို ဘာစီလိုနာ  ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ဘက်က ယူရို ၇၂ သန်းပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မန်ယူအသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ကလည်း အကြိမ်ကြိမ် ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

မန်ယူနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ကမ်းလှမ်းမှုဟာ ရီးရဲလ်မက်ဒရစ် ကမ်းလှမ်းမှုထက် ပိုများတယ်လို့ ဆိုပါတယ်။ ခန့်မှန်းခြေအားဖြင့် ယူရို သန်း ၈၀ လောက်ရှိမယ်လို့ သတင်းတွေက ရေးသားဖော်ပြထားပါတယ်။ ဒါတင်မကဘဲ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကလည်း နေမာကို ပြောင်းရွှေ့ကြေး အမြောက်အမြားနဲ့ ကမ်းလှမ်းခဲ့တာ ငါးကြိမ်လောက်ရှိနေပြီလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top