Property Expo
×

တင်ပါးကြွက်သားလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဖြင့် ကလေးမွေးဖွားတဲ့အချိန်မှာ အခက်အခဲမရှိစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မေမေတို့ ရင်သွေးလေးမွေးဖွားချိန်မှာ လွယ်ကူအဆင်ပြေစေဖို့အတွက် တင်ပါးလေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်ဆောင်ဖို့ လိုအပ်လှပါတယ်။

တင်ပါးကြွက်သားလေ့ကျင့်ခန်းလုပ်ဆောင်နည်း (က)



တင်ပါးကြွက်သားလေ့ကျင့်ခန်းလုပ်ဆောင်တဲ့အခါမှာ အောက်ကြမ်းပြင်နဲ့ တိုက်ရိုက်မထိတွေ့ဖို့အတွက် အ၀တ်စ(စောင်စပါးပါးလေး) ခင်းပေးရပါမယ်။ ပထမဦးစွာ လက်နှစ်ဖက်ကို ရှေ့သို့ပို့ကာ လက်ထောက်လိုက်ပြီး ဒူးခေါင်းကိုတော့ နောက်သို့ဆုတ်ကာ ထောက်ပါ။ (လက်ထောက်ထားတဲ့နေရာနဲ့ ဒူးထောက်ထားတဲ့နေရာ အဝေးကြီးမဖြစ်နေစေဖို့ ဂရုပြုရပါမယ်။) ခါးကိုအနည်းငယ်ကိုင်းပြီး တင်ပါးကို ဖြည်းညှင်းစွာ ဘယ်ညာလှုပ်ပေးပါ။ (၁) ကနေ (၅) အထိ ရေတွက်ပြုလုပ်ပေးပါ။ နောက် လုပ်ဆောင်နည်း(ခ) ကို လုပ်ဆောင်ပါ။

တင်ပါးကြွက်သားလေ့ကျင့်ခန်းလုပ်ဆောင်နည်း(ခ)


လက်နှစ်ဖက်ကို ပခုံးနဲ့တည့်ဖြစ်အောင်ထားပြီး လက်ထောက်ပါ။ ညာဘက်ဒူးခေါင်းတစ်ဖက်ကို ထောက်ပြီး ဘယ်ဘက်ဒူးခေါင်းကွေးကာ အနည်းငယ်အပေါ်သို့ မြှင့်တင်ပါ။ (၁) ကနေ(၅) အထိရေကာ ဒူးခေါင်းပြန်ချပါ။ ဘယ်ဘက်၊ ညာဘက်တလှည့်စီ လုပ်ဆောင်ပေးပါ။ ခန္ဓာကိုယ်အလေးချိန်ကြောင့် ဒူးခေါင်းထောက်ထားတာ နာကျင်တယ်ဆိုရင် ခဏအနားယူပြီးမှ တင်ပါးကြွက်သားလေ့ကျင့်ခန်း ပုံစံ(ဂ) ကို ဆက်လက်လုပ်ဆောင်ပါ။


တင်ပါးကြွက်သားလေ့ကျင့်ခန်းလုပ်ဆောင်နည်း (ဂ)



လက်နှစ်ဖက်ကို ပခုံးတည့်တည့်ထားပြီး ထောက်ပါ။ ညာဘက်ဒူးခေါင်းကို ထောက်ပြီး ကွေးပါ။ ဘယ်ဘက်ခြေထောက်ကို ပေါင်နဲ့တန်းနေအောင် မြှောက်ထားပေးပါ။ (၁) ကနေ (၅) အထိ ရေကာ တလှည့်စီ လုပ်ဆောင်ပေးပါ။ ဒူးခေါင်းနဲ့ ခြေထောက်နာကျင်တဲ့အခါ ခဏအနားယူပေးပါ။

 ဖိုးသူတော် (www.phothutaw.com)
Credit:Momolay
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top