Property Expo
×

ဂါဘြန္လက္ေရြးစင္တုိက္စစ္မွဴ း ေအာ္ဘာမီယန္သည္ အ သင္းမွ ထြက္ခြာရန္ ႀကိဳးစားလာ ပါက အျခားအသင္းတစ္သင္း၏ ကမ္းလွမ္းမႈကုိ လက္ခံေဆြးေႏြး မည္ျဖစ္ေၾကာင္း ေဒါ့မြန္အသင္း အမႈေဆာင္အရာရိွခ်ဳပ္ ဟန္႔စ္ဂ်ိဳ အာခ်င္၀တ္ဇ္ကီက ေျပာၾကား သည္။

မၾကာမီက ေဘာလံုးရာသီ မ်ားအတြင္း ေအာ္ဘာမီယန္ (၂၇)ႏွစ္သည္ ရီးရဲလ္သုိ႔ ေျပာင္းေရႊ႕ မည္ဟု သတင္းထြက္ခဲ့ၿပီး လာလီ ဂါထိပ္သီးအသင္းရီးရဲလ္တြင္ ကစားလိုသည္ဟု ၎က လူသိ ရွင္ၾကားေျပာၾကားထားသည္။

၂၀၁၄  က ဘုိင္ယန္သုိ႔ လီ ၀မ္ေဒါစကီးထြက္သြားၿပီးေနာက္ ေအာ္ဘာမီယန္သည္ ေဒါ့မြန္တြင္ တန္ဖုိးႀကီး ကစားသမားသမားျဖစ္လာသည္။သို႔ေသာ္ ေအာ္ဘာမီယန္ က အသင္းေျပာင္းေရႊ႕ေရးအ တြက္ ထုတ္ေဖာ္ေျပာဆုိျခင္းမရိွ ေသးေၾကာင္း သိရသည္။

‘‘တစ္ေန႔ေန႔မွာ သူသေဘာ က်တဲ့ ရီးရဲလ္အသင္းဟာ တစ္ခု ခုကမ္းလွမ္းလာလို႔ရိွရင္ ကြၽန္ ေတာ္တို႔ ေဆြးေႏြးရပါမယ္’’ဟု ေဒါ့မြန္အသင္းအမႈေဆာင္အရာ ရိွခ်ဳပ္ ၀တ္ဇ္ကီက ေျပာသည္။

‘‘သူကုိ ကြၽန္ေတာ္တို႔နဲ႔အတူ ေနေစခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ ဆီကထြက္သြားတ့ဲ ကစားသမား ေတြလုိမဟုတ္ဘဲ သူဟာ ၂၀၂၀ အထိ ကြၽန္ေတာ္တို႔နဲ႔ ေရရွည္စာ ခ်ဳပ္ခ်ဳပ္ထားပါတယ္။ သူအသင္း ေျပာင္းခ်င္တယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး’’ဟု ၀တ္ဇ္ကီက ေျပာၾကားသည္။

ေအာ္ဘာမီယန္သည္ ခ်န္ ပီယံလိဂ္တြင္ ရီးရဲလ္ႏွင့္ ႏွစ္ဂုိးစီ သေရက်ေသာ ပဲြ၌ ေဒါ့မြန္အ တြက္ ဂုိးသြင္းယူခဲ့ၿပီး ဟာသာ ဘာလင္ႏွင့္ တစ္ဂုိးစီသေရက် ေသာပြဲတြင္လည္း ၎၏ သြင္းဂိုး ျဖင့္ ေဒါ့မြန္သေရတစ္မွတ္ရရိွခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဂါဘွန်လက်ရွေးစင်တိုက် စစ်မှူး အော်ဘာမီယန်သည် အ သင်းမှ ထွက်ခွာရန် ကြိုးစားလာ ပါက အခြားအသင်းတစ်သင်း၏ ကမ်းလှမ်းမှုကို လက်ခံဆွေးနွေး မည်ဖြစ်ကြောင်း ဒေါ့မွန်အသင်း အမှုဆောင်အရာရှိချုပ် ဟန့်စ်ဂျို အာချင်ဝတ်ဇ်ကီက ပြောကြား သည်။

မကြာမီက ဘောလုံးရာသီ များအတွင်း အော်ဘာမီယန် (၂၇)နှစ်သည် ရီးရဲလ်သို့ ပြောင်းရွှေ့ မည်ဟု သတင်းထွက်ခဲ့ပြီး လာလီ ဂါထိပ်သီးအသင်းရီးရဲလ်တွင် ကစားလိုသည်ဟု ၎င်းက လူသိ ရှင်ကြားပြောကြားထားသည်။

၂၀၁၄  က ဘိုင်ယန်သို့ လီ ဝမ်ဒေါစကီးထွက်သွားပြီးနောက် အော်ဘာမီယန်သည် ဒေါ့မွန်တွင် တန်ဖိုးကြီး ကစားသမားသမားဖြစ်လာသည်။သို့သော် အော်ဘာမီယန် က အသင်းပြောင်းရွှေ့ရေးအ တွက် ထုတ်ဖော်ပြောဆိုခြင်းမရှိ သေးကြောင်း သိရသည်။

‘‘တစ်နေ့နေ့မှာ သူသဘော ကျတဲ့ ရီးရဲလ်အသင်းဟာ တစ်ခု ခုကမ်းလှမ်းလာလို့ရှိရင် ကျွန် တော်တို့ ဆွေးနွေးရပါမယ်’’ဟု ဒေါ့မွန်အသင်းအမှုဆောင်အရာ ရှိချုပ် ဝတ်ဇ်ကီက ပြောသည်။

‘‘သူကို ကျွန်တော်တို့နဲ့အတူ နေစေချင်ပါတယ်။ ကျွန်တော်တို့ ဆီကထွက်သွားတဲ့ ကစားသမား တွေလိုမဟုတ်ဘဲ သူဟာ ၂၀၂၀ အထိ ကျွန်တော်တို့နဲ့ ရေရှည်စာ ချုပ်ချုပ်ထားပါတယ်။ သူအသင်း ပြောင်းချင်တယ်လို့ ကျွန်တော် မထင်ပါဘူး’’ဟု ဝတ်ဇ်ကီက ပြောကြားသည်။

အော်ဘာမီယန်သည် ချန် ပီယံလိဂ်တွင် ရီးရဲလ်နှင့် နှစ်ဂိုးစီ သရေကျသော ပွဲ၌ ဒေါ့မွန်အ တွက် ဂိုးသွင်းယူခဲ့ပြီး ဟာသာ ဘာလင်နှင့် တစ်ဂိုးစီသရေကျ သောပွဲတွင်လည်း ၎င်း၏ သွင်းဂိုး ဖြင့် ဒေါ့မွန်သရေတစ်မှတ်ရရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top