Property Expo
×


အိႏိၵယက ၁၈ ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ဟာ ၇ လက္မရွည္ အသားပိုအျမီွးထြက္ေနတဲ့ ကိစၥကို မိသားစုေတြကလြဲလုိ႕ ဘယ္သူ႕ကိုမွ အသိမေပးပဲလ်ဳိ႕ဝွက္စြာေနထုိင္ခဲ့တယ္လုိ႔ သိရပါတယ္။ မိဘေတြက အသားနဲ႕ပဲ ဖြဲ႔စည္းထားတဲ့ ဒီအျမီွးကို ကံေကာင္းျခင္းတစ္ခုလို႔ ယုံၾကည္ထားတာေၾကာင့္ ဖုံးကြယ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ စက္တင္ဘာ ၂၉ ရက္ေန႔က ေကာင္ေလးဟာ အိႏိၵယျပည္အေနာက္ဘက္ျခမ္း မဟာရာစ္ထရာ၊ နာ့ဂ္ပူလ္က Super Specialty Hospital ျပည္သူ႔ေဆးရုံသြားျပီး အဲဒီအျမီွးနာက်င္ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ ခြဲစိတ္ဆရာဝန္ေတြက အဲ့ဒီအျမီွးကို အာင္ျမင္စြာ ဖယ္ရွားေပးႏုိင္ခဲ့ပါတယ္။ အဲဒီက်န္းမာေရးအေျခအေနကို ေဆးပညာအရ "နဗ္ေၾကာဖြံ႔ျဖိဳးမႈမူမမွန္ျခင္း" လုိ႔ ေခၚျပီး ဖိသိပ္မႈကေနတဆင့္ ျဖစ္ေပၚပါတယ္။

အဲဒီက်န္းမာေရးအေျခအေနကို ေမြးကတည္း သိရွိကာ ခြဲစိတ္မႈျပဳလုပ္ႏုိင္ေပမယ့္ သူ႔မိသားစုက ဒါကုိ ဖုံးကြယ္ခဲ့ပါတယ္။ "ဒါ အင္မတန္ ျဖစ္ခဲတဲ့ကိစၥျဖစ္ျပီး ဒီလုိမူမမွန္မႈမ်ဳိး အရင္ကမၾကဳံဖူးဘူး"လို႕ အဲဒီေဆးရုံက အာရုံေၾကာခြဲစိတ္ဌာနအၾကီးအကဲ ေဒါက္တာ Pramod Giri က ေျပာဆိုခဲ့ပါတယ္။ အိပ္ေန၊ ထုိင္ေနရင္ သူ႔ေက်ာျပင္ေအာက္ပုိင္း အရမ္းနာက်င္ေနေၾကာင္း ေျပာလာမွသာ ခုလို ေဆးရံုေရာက္လာခဲ့ျခင္းျဖစ္ပါတယ္။ အသားပုိၾကီးထြားလုိ႔ ထုိင္ေနတ့ဲအခါျဖစ္ျဖစ္ ၊လႈပ္ရွားလိုက္တဲ့အခါတုိင္းမွာပဲ အဝတ္အစားနဲ႔အလိုက္သင့္ ညိွျပီးလႈပ္ရွားျပဳမူရတာေၾကာင့္ ေကာင္ေလးအတြက္ psycho တစ္ခု ျဖစ္ခဲ့ပါတယ္။

အစြဲအလမ္းၾကီးျပီး ကံေကာင္းမႈတစ္ခုအျဖစ္ ယူဆထားတာေၾကာင့္ သူမိသားစုဝင္ေတြ သတိျပဳမိၾကေပမယ့္ ဒါကို လ်စ္လ်ဴရွဴျပီး ဆရာဝန္နဲ႔မျပခဲ့ပါဘူး။ လူမႈေပါင္းသင္းဆက္ဆံမႈမွာလည္း ဒါက အမည္းစက္ျဖစ္လာမွာ စိုးရိမ္တာရယ္၊ အခုခ်ိန္ထိ ဘာက်န္းမာေရးျပသနာမွ မျဖစ္ေစတာရယ္ေၾကာင့္ ဒီခ်ိန္ထိ ဖုံးကြယ္ခဲ့ၾကျခင္းျဖစ္ပါတယ္။

ခြဲစိတ္ကုသမႈ မခက္ခဲေပမယ့္ ေက်ာရုိးနဗ္ေၾကာတခ်ဳိ႕ပါဝင္တာေၾကာင့္ သတိထားလုပ္ခဲ့ရပါတယ္။ ကံေကာင္းခ်င္ေတာ့ အသားပို (အျမီွး) မွာ အရုိး သုိ႔မဟုတ္ ၾကြက္သားတစ္ရွဴးေတြမပါေတာ့ ျဖတ္ထုတ္ရတာ သိပ္အခက္အခဲမရိွခဲ့ပါဘူး။ ေကာင္ေလးက အခုပတ္အတြင္း ဆင္းရုံဆင္းခြင့္ရျပီမုိ႕ အရမ္းတက္ၾကြေနပါတယ္။ အခုေတာ့ အိပ္တာ၊ ထုိင္တာ အရမ္းသက္ေတာင့္သက္သာရိွသြားျပီး မိမိကုိယ္မိမိ ယုံၾကည္မႈရိွတယ္လုိ႔ ပိုခံစားရတယ္လုိ႔ သူကဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

အိန္ဒိယက ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ၇ လက်မရှည် အသားပိုအမြှီးထွက်နေတဲ့ ကိစ္စကို မိသားစုတွေကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေးပဲလျို့ဝှက်စွာနေထိုင်ခဲ့တယ်လို့ သိရပါတယ်။ မိဘတွေက အသားနဲ့ပဲ ဖွဲ့စည်းထားတဲ့ ဒီအမြှီးကို ကံကောင်းခြင်းတစ်ခုလို့ ယုံကြည်ထားတာကြောင့် ဖုံးကွယ်ခဲ့ကြပါတယ်။

ဒါပေမယ့် စက်တင်ဘာ ၂၉ ရက်နေ့က ကောင်လေးဟာ အိန္ဒိယပြည်အနောက်ဘက်ခြမ်း မဟာရာစ်ထရာ၊ နာ့ဂ်ပူလ်က Super Specialty Hospital ပြည်သူ့ဆေးရုံသွားပြီး အဲဒီအမြှီးနာကျင်နေကြောင်း ပြောဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ခွဲစိတ်ဆရာဝန်တွေက အဲ့ဒီအမြှီးကို အာင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ အဲဒီကျန်းမာရေးအခြေအနေကို ဆေးပညာအရ "နဗ်ကြောဖွံ့ဖြိုးမှုမူမမှန်ခြင်း" လို့ ခေါ်ပြီး ဖိသိပ်မှုကနေတဆင့် ဖြစ်ပေါ်ပါတယ်။

အဲဒီကျန်းမာရေးအခြေအနေကို မွေးကတည်း သိရှိကာ ခွဲစိတ်မှုပြုလုပ်နိုင်ပေမယ့် သူ့မိသားစုက ဒါကို ဖုံးကွယ်ခဲ့ပါတယ်။ "ဒါ အင်မတန် ဖြစ်ခဲတဲ့ကိစ္စဖြစ်ပြီး ဒီလိုမူမမှန်မှုမျိုး အရင်ကမကြုံဖူးဘူး"လို့ အဲဒီဆေးရုံက အာရုံကြောခွဲစိတ်ဌာနအကြီးအကဲ ဒေါက်တာ Pramod Giri က ပြောဆိုခဲ့ပါတယ်။ အိပ်နေ၊ ထိုင်နေရင် သူ့ကျောပြင်အောက်ပိုင်း အရမ်းနာကျင်နေကြောင်း ပြောလာမှသာ ခုလို ဆေးရုံရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ အသားပိုကြီးထွားလို့ ထိုင်နေတဲ့အခါဖြစ်ဖြစ် ၊လှုပ်ရှားလိုက်တဲ့အခါတိုင်းမှာပဲ အဝတ်အစားနဲ့အလိုက်သင့် ညှိပြီးလှုပ်ရှားပြုမူရတာကြောင့် ကောင်လေးအတွက် psycho တစ်ခု ဖြစ်ခဲ့ပါတယ်။

အစွဲအလမ်းကြီးပြီး ကံကောင်းမှုတစ်ခုအဖြစ် ယူဆထားတာကြောင့် သူမိသားစုဝင်တွေ သတိပြုမိကြပေမယ့် ဒါကို လျစ်လျူရှူပြီး ဆရာဝန်နဲ့မပြခဲ့ပါဘူး။ လူမှုပေါင်းသင်းဆက်ဆံမှုမှာလည်း ဒါက အမည်းစက်ဖြစ်လာမှာ စိုးရိမ်တာရယ်၊ အခုချိန်ထိ ဘာကျန်းမာရေးပြသနာမှ မဖြစ်စေတာရယ်ကြောင့် ဒီချိန်ထိ ဖုံးကွယ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ခွဲစိတ်ကုသမှု မခက်ခဲပေမယ့် ကျောရိုးနဗ်ကြောတချို့ပါဝင်တာကြောင့် သတိထားလုပ်ခဲ့ရပါတယ်။ ကံကောင်းချင်တော့ အသားပို (အမြှီး) မှာ အရိုး သို့မဟုတ် ကြွက်သားတစ်ရှူးတွေမပါတော့ ဖြတ်ထုတ်ရတာ သိပ်အခက်အခဲမရှိခဲ့ပါဘူး။ ကောင်လေးက အခုပတ်အတွင်း ဆင်းရုံဆင်းခွင့်ရပြီမို့ အရမ်းတက်ကြွနေပါတယ်။ အခုတော့ အိပ်တာ၊ ထိုင်တာ အရမ်းသက်တောင့်သက်သာရှိသွားပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိတယ်လို့ ပိုခံစားရတယ်လို့ သူကဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top