Property Expo
×

ပူျပင္းေသာ ေနေရာင္ ေအာက္တြင္ ရပ္ထားသည့္ကား ထဲ၌ လူရွိေနၿပီး ၁၀ မိနစ္ထက္ ေက်ာ္လြန္သြားပါက အပူလွ်ပ္ေလ ငန္းဖမ္းေရာဂါရႏိုင္သျဖင့္ သတိ ျပဳဆင္ျခင္သင့္ေၾကာင္း ဆရာ၀န္ ႀကီးမ်ားက အႀကံျပဳသည္။
‘‘ေနေရာင္ေအာက္မွာ ကား တံခါးပိတ္ၿပီး အၾကားႀကီးမထားခဲ့ ပါနဲ႔။ ရပ္ၿပီးေတာ့၊ ေသာ့ခတ္ၿပီး ေတာ့ လူကိုထည့္ထားခဲ့ရင္ ကားထဲကအပူခ်ိန္ေတြ တက္လာတယ္။ဆယ္မိနစ္ဆုိၿပီး ထားၿပီးထြက္သြား ရင္ အဲဒီထက္မက ၾကာသြားရင္ Heat Stroke ရသြားႏုိင္တယ္။ ခဏပဲဆုိၿပီး ထြက္သြားရင္ ေတာ္ ေတာ္နဲ႔ ျပန္ေရာက္မလာရင္ အဲဒါ ဒုကၡပဲ’’ ဟု ရန္ကုန္ေဆး႐ုံႀကီး၊ ဦး ေႏွာက္ႏွင့္ အာ႐ုံေၾကာ ေဆးကု ဌာနမွ တဲြဖက္ပါေမာကၡေဒါက္တာ စမ္းဦးက ေျပာသည္။

၁၀ မိနစ္အတြင္း၌ ကားထဲ ရွိ အပူခ်ိန္ ၂၀ ဒီဂရီဖာရင္ဟုိက္အထိ ျမင့္တက္လာႏုိင္ၿပီး ကားထဲ ရွိေနသည့္ လူကုိ အပူလွ်ပ္ေလငန္းဖမ္းေရာဂါ (Heat Stroke) ရေစႏုိင္ျခင္း ျဖစ္သည္။
‘‘တခ်ဳိ႕ေတြက ရွိတယ္။ ကားထဲမွာ ကေလးေတြ၊ အဘိုး၊ အ ဘြားေတြနဲ႔ တိရစၧာန္ေလးေတြကို ထားခဲ့တာမ်ဳိး ရွိတယ္။ အဲဒါမ်ဳိး ေတြ မထားခဲ့ပါနဲ႔။ အၾကာႀကီး ထားခဲ့ရင္ အပူခ်ိန္ေတြတက္ၿပီး ကားထဲက လူေတြကို Heat Stroke ရေစႏုိင္ပါတယ္’’ဟု အလုံၿမိဳ႕နယ္ မွ အေထြေထြေရာဂါကုဆရာ၀န္ ေဒါက္တာျမင့္ဦးက အႀကံျပဳသည္။အပူလွ်ပ္ေလငန္းဖမ္းေရာဂါ (Heat Stroke)ဆုိသည္မွာ အပူ ေၾကာင့္ ျဖစ္တတ္ေသာေရာဂါမ်ားထဲတြင္ အျပင္းထန္ဆုံးေရာဂါျဖစ္ ၿပီး ခႏၶာကိုယ္အပူခ်ိန္ ၁၀၄ ဒီဂရီ ဖာရင္ဟုိက္အထက္ ျမင့္မားလာ ပါက သတိလစ္ျခင္းျဖစ္ေပၚေစႏုိင္ သည္။

အေရးေပၚေဆးကုသမႈ မခံယူပါက ဦးေႏွာက္၊ ႏွလုံး၊ ႂကြက္သား၊ ေက်ာက္ကပ္မ်ား ပ်က္စီး ကာ အသက္အႏၲရာယ္ဆုံး႐ႈံး သည္အထိ ျဖစ္ေပၚေစႏုိင္ေၾကာင္း သိရသည္။ အသက္အရြယ္ႀကီးျမင့္သူ မ်ား၊ ကေလးငယ္မ်ား၊ အေအးပိုင္းဇုန္မွလာသည့္ ႏုိင္ငံျခားသားခရီး သြားမ်ား၊ ကိုယ္ကာယလႈပ္ရွား အားကစားမ်ား၊ ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ဳိေရာဂါ အခံရွိသူမ်ား၊ စိတ္ ေရာဂါေဆး၀ါးသုံးစဲြေနရသူမ်ား၊ အ၀လြန္သူမ်ားႏွင့္HeatStroke ေရာဂါျဖစ္ဖူးသူမ်ားသည္အဆုိပါ ေရာဂါျဖစ္ပြားႏုိင္ေျခ ျမင့္မား ေသာေၾကာင့္ သတိျပဳဆင္ျခင္သင့္ ေၾကာင္း ဆရာ၀န္ႀကီးမ်ားက အ ႀကံျပဳသည္။

နံနက္၁၀နာရီမွညေန၅နာရီအတြင္းလြင္တီးေခါင္ျပင္၊ ျမစ္ကမ္းနား၊ ေရဆိပ္တို႔တြင္ ေရခ်ဳိးျခင္းမွ ေရွာင္ၾကဥ္ကာ အရိပ္ရေသာေနရာမ်ား၌ ေနထုိင္ျခင္း၊ အျပင္ထြက္ခ်ိန္တြင္ အရိပ္လုံေလာက္စြာ ရရွိႏုိင္ေသာ ထီး၊ ဦးထုပ္မ်ား ေဆာင္းျခင္းႏွင့္ သက္ႀကီးရြယ္အိုမ်ား အေနျဖင့္ ေန႔လယ္ခင္း၌ အရိပ္ရ၍ ေလ၀င္ေလထြက္ေကာင္းမြန္ေသာ ေနရာမ်ား တြင္ နားေနျခင္းအျပင္ အပူဒဏ္ ေၾကာင့္ ႂကြက္တက္ျခင္း၊ ကိုယ္အပူခ်ိန္တက္ျခင္း၊ အတက္ေရာဂါျဖစ္ပြားျခင္းႏွင့္ သတိလစ္ျခင္းမ်ားျဖစ္ေပၚပါက နီးစပ္ရာ က်န္းမာေရး ဌာနသို႔ အျမန္ဆုံးသြားေရာက္ျပသရန္ က်န္းမာေရး၀န္ႀကီးဌာနက အသိေပးႏႈိးေဆာ္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပူပြင်းသော နေရောင် အောက်တွင် ရပ်ထားသည့်ကား ထဲ၌ လူရှိနေပြီး ၁၀ မိနစ်ထက် ကျော်လွန်သွားပါက အပူလျှပ်လေ ငန်းဖမ်းရောဂါရနိုင်သဖြင့် သတိ ပြုဆင်ခြင်သင့်ကြောင်း ဆရာဝန် ကြီးများက အကြံပြုသည်။
‘‘နေရောင်အောက်မှာ ကား တံခါးပိတ်ပြီး အကြားကြီးမထားခဲ့ ပါနဲ့။ ရပ်ပြီးတော့၊ သော့ခတ်ပြီး တော့ လူကိုထည့်ထားခဲ့ရင် ကားထဲကအပူချိန်တွေ တက်လာတယ်။ဆယ်မိနစ်ဆိုပြီး ထားပြီးထွက်သွား ရင် အဲဒီထက်မက ကြာသွားရင် Heat Stroke ရသွားနိုင်တယ်။ ခဏပဲဆိုပြီး ထွက်သွားရင် တော် တော်နဲ့ ပြန်ရောက်မလာရင် အဲဒါ ဒုက္ခပဲ’’ ဟု ရန်ကုန်ဆေးရုံကြီး၊ ဦး နှောက်နှင့် အာရုံကြော ဆေးကု ဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာ စမ်းဦးက ပြောသည်။

၁၀ မိနစ်အတွင်း၌ ကားထဲ ရှိ အပူချိန် ၂၀ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာနိုင်ပြီး ကားထဲ ရှိနေသည့် လူကို အပူလျှပ်လေငန်းဖမ်းရောဂါ (Heat Stroke) ရစေနိုင်ခြင်း ဖြစ်သည်။
‘‘တချို့တွေက ရှိတယ်။ ကားထဲမှာ ကလေးတွေ၊ အဘိုး၊ အ ဘွားတွေနဲ့ တိရစ္ဆာန်လေးတွေကို ထားခဲ့တာမျိုး ရှိတယ်။ အဲဒါမျိုး တွေ မထားခဲ့ပါနဲ့။ အကြာကြီး ထားခဲ့ရင် အပူချိန်တွေတက်ပြီး ကားထဲက လူတွေကို Heat Stroke ရစေနိုင်ပါတယ်’’ဟု အလုံမြို့နယ် မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးက အကြံပြုသည်။အပူလျှပ်လေငန်းဖမ်းရောဂါ (Heat Stroke)ဆိုသည်မှာ အပူ ကြောင့် ဖြစ်တတ်သောရောဂါများထဲတွင် အပြင်းထန်ဆုံးရောဂါဖြစ် ပြီး ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်အထက် မြင့်မားလာ ပါက သတိလစ်ခြင်းဖြစ်ပေါ်စေနိုင် သည်။

အရေးပေါ်ဆေးကုသမှု မခံယူပါက ဦးနှောက်၊ နှလုံး၊ ကြွက်သား၊ ကျောက်ကပ်များ ပျက်စီး ကာ အသက်အန္တရာယ်ဆုံးရှုံး သည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ အသက်အရွယ်ကြီးမြင့်သူ များ၊ ကလေးငယ်များ၊ အအေးပိုင်းဇုန်မှလာသည့် နိုင်ငံခြားသားခရီး သွားများ၊ ကိုယ်ကာယလှုပ်ရှား အားကစားများ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါ အခံရှိသူများ၊ စိတ် ရောဂါဆေးဝါးသုံးစွဲနေရသူများ၊ အဝလွန်သူများနှင့်HeatStroke ရောဂါဖြစ်ဖူးသူများသည်အဆိုပါ ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မား သောကြောင့် သတိပြုဆင်ခြင်သင့် ကြောင်း ဆရာဝန်ကြီးများက အ ကြံပြုသည်။

နံနက်၁၀နာရီမှညနေ၅နာရီအတွင်းလွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်ကာ အရိပ်ရသောနေရာများ၌ နေထိုင်ခြင်း၊ အပြင်ထွက်ချိန်တွင် အရိပ်လုံလောက်စွာ ရရှိနိုင်သော ထီး၊ ဦးထုပ်များ ဆောင်းခြင်းနှင့် သက်ကြီးရွယ်အိုများ အနေဖြင့် နေ့လယ်ခင်း၌ အရိပ်ရ၍ လေဝင်လေထွက်ကောင်းမွန်သော နေရာများ တွင် နားနေခြင်းအပြင် အပူဒဏ် ကြောင့် ကြွက်တက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ အတက်ရောဂါဖြစ်ပွားခြင်းနှင့် သတိလစ်ခြင်းများဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ အမြန်ဆုံးသွားရောက်ပြသရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top