Royal Maung Bamar Residence
×



Credit : Duwun

#Unicode Version

ကနေဒီယန်အဆိုတော် ဒရိတ်ခ်ဟာ ယခုနှစ် အမေရိကန်တေးဂီတဆုပေးပွဲအတွက် ဆု ၁၃ ခု လျာထားခံရပါတယ်။ ဒါဟာ ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ရဲ့ စံချိန်ကိုလည်း ချိုးလိုက်နိုင်တာဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ ၁၉၈၄ ခုနှစ် အမေရိကန်တေးဂီတဆုပေးပွဲအတွက် ဆု ၁၁ ခုအတွက် လျာထားခံရဖူးပါတယ်။

ဒရိတ်ခ်ကို လျာထားပေးတဲ့ ဆုတွေထဲမှာ တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်၊ အကြိုက်ဆုံးအမျိုးသားအနုပညာရှင်ဆု၊ အကြိုက်ဆုံးအယ်လ်ဘမ်၊ အကြိုက်ဆုံးရပ်ပ်အဆိုတော်၊ အကြိုက်ဆုံးရပ်ပ်သီချင်း၊ အကြိုက်ဆုံး R&B သီချင်းတို့လည်း ပါဝင်ပါတယ်။ လျာထားဆုတွေထဲက တစ်ခုခုရခဲ့တယ်ဆိုရင်တော့ ယင်းဆုဟာ ဒရိတ်ခ်ရဲ့ ပထမဆုံး အမေရိကန်တေးဂီတဆု (American Music Award) ဖြစ်လာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top