Kantharyar Centre
×

ထုိင္းႏုိင္ငံက်န္းမာေရးဌာနက ထုိင္းႏုိင္ငံမွာေမြးဖြားတဲ့ ကေလး ၂ ဦးဟာ ဇီကာေရာဂါ ကူးစက္ခံေနရၿပီး ပံုမွန္မဟုတ္တဲ့ ေခါင္းေသးေသးေလးေတြနဲ႔ေမြးဖြားလာခဲ့တယ္လုိ႔ အတည္ျပဳ ေျပာၾကား လုိက္ပါတယ္။ ဒီကေလးေတြရဲ႕အျဖစ္ဟာ ထုိင္းႏုိင္ငံမွာ ဇီကာကူးစက္ခံရၿပီး ေခါင္းေသးေသးနဲ႔ ဦးေႏွာက္မဖြံ႔ၿဖိဳးတဲ့ ေရာဂါလကၡဏာျပတဲ့ ပထမဦးဆံုး မွတ္တမ္းျဖစ္တယ္လုိ႔ က်န္းမာေရးဌာနကေတာ့ ေျပာပါတယ္။
ဒါေပမဲ့လည္းဌာနအေနနဲ႔ကေတာ့ ဒီကေလးေတြဘယ္မွာ ေမြးခဲ့တယ္ဆုိတာ အတိအက် ထုတ္ေဖာ္ေျပာၾကားတာ မရွိပါဘူး။ ကေလး ၂ ဦးထဲက တဦးရဲ႕ ေသြးအရည္ၾကည္ကို စစ္ေဆးၿပီးတဲ့ေနာက္ ဇီကာေရာဂါ လကၡဏာရွိေနတယ္လုိ႔ သိရတာပါ ဒါေပမယ့္ ကေလးရဲ႕အေမမွာေတာ့ ေရာဂါလကၡဏာ မေတြ႕ရဘူးလို႔ ေရာဂါထိန္းခ်ဳပ္ေရးဌာနရဲ႕ အႀကံေပး ပရာဆာ့တ္ေသာင္ခ်ရြန္က က္တင္ဘာလ ၃၀ ရက္ေန႔က ေျပာလုိက္တာပါ။

ေနာက္ကေလးတေယာက္ကုိေတာ့ ကေလးရဲ႕ဆီးကုိ စစ္ေဆးၿပီး ေရာဂါလကၡာရွိေၾကာင္း သိရတာျဖစ္ၿပီး ကေလးရဲ႕အေမမွာလည္း ေရာဂါကူးစက္ခံေနရၿပီး အနီအစက္အေျပာက္ေတြ ရွိေနပါတယ္။

ေနာက္တတိယကေလးတေယာက္ကေတာ့ ေခါင္းေသးတဲ့လကၡဏာေတြ႔ေပမယ့္လည္း ဇီကာ ေရာဂါကူးစက္ခံေနရလား မခံရဘူးလားဆုိတာ ဆံုးျဖတ္ဖုိ႔ ေဆးစစ္ေဆးခ်က္လုပ္ေနဆဲပါလုိ႔ ေဒါက္တာပရာဆာ့တ္က ေျပာလုိက္ပါတယ္။ ေခါင္းေသးၿပီး ဦးေႏွာက္မဖြံ႔ၿဖိဳးတဲ့လကၡဏာဟာ စစ္ဖလစ္လိုတျခား ေရာဂါပိုးေတြနဲ႔ အဆိပ္ရွိတဲ့ ဓာတုပစၥည္းေတြေၾကာင့္လည္းျဖစ္တတ္တယ္လုိ႔ ေဒါက္တာက ထပ္ျဖည့္ေျပာလုိက္ပါတယ္။

ကုိယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္သီးမွာလည္း ဇီကာပိုးေတြ႕ရွိေနၿပီး ေရာဂါလကၡဏာေတြေတာ့ မျပေသးပါဘူး သေႏၶသားေလာင္းဟာ ေခါင္းေသးတဲ့လကၡဏာ ျဖစ္မလား မျဖစ္မလား ဆုိတာကုိေတာ့ ေစာင့္ၾကည့္ဆဲျဖစ္တယ္လုိ႔ ေဒါက္တာပရာဆာ့တ္ကပဲ ေျပာတာပါ။

ဒီရွာေဖြေတြ႕ရွိမႈေၾကာင့္ က်န္းမာေရးဌာနကိုေတာ့ ဇီကာေရာဂါကူးစက္ခံထားရတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြကို တိတိက်က်ေစာင့္ၾကည့္ဖို႔ ညႊန္ၾကားထားတယ္လုိ႔လည္း သိရပါတယ္။

ဒီေရာဂါကူးခံေနရတဲ့ေဒသေတြက ကုိယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ ဒီအေျခအေနကို လက္ခံလာ ဖုိ႔ တရားဝင္စည္းစည္းကမ္းေတြ ထုတ္ျပန္ရမွာျဖစ္တယ္ တစ္ခ်ိန္တည္းမွာပဲ အဲ့ေဒသက ေခါင္းေသးေနတဲ့ကေလးေတြကိုလည္း ဇီကာေရာဂါ ကူးစက္ခံေနရတာလားဆုိတာကို စစ္ေဆးဖုိ႔ လုိတယ္လုိ႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ထိုင်းနိုင်ငံကျန်းမာရေးဌာနက ထိုင်းနိုင်ငံမှာမွေးဖွားတဲ့ ကလေး ၂ ဦးဟာ ဇီကာရောဂါ ကူးစက်ခံနေရပြီး ပုံမှန်မဟုတ်တဲ့ ခေါင်းသေးသေးလေးတွေနဲ့မွေးဖွားလာခဲ့တယ်လို့ အတည်ပြု ပြောကြား လိုက်ပါတယ်။ ဒီကလေးတွေရဲ့အဖြစ်ဟာ ထိုင်းနိုင်ငံမှာ ဇီကာကူးစက်ခံရပြီး ခေါင်းသေးသေးနဲ့ ဦးနှောက်မဖွံ့ဖြိုးတဲ့ ရောဂါလက္ခဏာပြတဲ့ ပထမဦးဆုံး မှတ်တမ်းဖြစ်တယ်လို့ ကျန်းမာရေးဌာနကတော့ ပြောပါတယ်။
ဒါပေမဲ့လည်းဌာနအနေနဲ့ကတော့ ဒီကလေးတွေဘယ်မှာ မွေးခဲ့တယ်ဆိုတာ အတိအကျ ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။ ကလေး ၂ ဦးထဲက တဦးရဲ့ သွေးအရည်ကြည်ကို စစ်ဆေးပြီးတဲ့နောက် ဇီကာရောဂါ လက္ခဏာရှိနေတယ်လို့ သိရတာပါ ဒါပေမယ့် ကလေးရဲ့အမေမှာတော့ ရောဂါလက္ခဏာ မတွေ့ရဘူးလို့ ရောဂါထိန်းချုပ်ရေးဌာနရဲ့ အကြံပေး ပရာဆာ့တ်သောင်ချရွန်က က်တင်ဘာလ ၃၀ ရက်နေ့က ပြောလိုက်တာပါ။

နောက်ကလေးတယောက်ကိုတော့ ကလေးရဲ့ဆီးကို စစ်ဆေးပြီး ရောဂါလက္ခာရှိကြောင်း သိရတာဖြစ်ပြီး ကလေးရဲ့အမေမှာလည်း ရောဂါကူးစက်ခံနေရပြီး အနီအစက်အပြောက်တွေ ရှိနေပါတယ်။

နောက်တတိယကလေးတယောက်ကတော့ ခေါင်းသေးတဲ့လက္ခဏာတွေ့ပေမယ့်လည်း ဇီကာ ရောဂါကူးစက်ခံနေရလား မခံရဘူးလားဆိုတာ ဆုံးဖြတ်ဖို့ ဆေးစစ်ဆေးချက်လုပ်နေဆဲပါလို့ ဒေါက်တာပရာဆာ့တ်က ပြောလိုက်ပါတယ်။ ခေါင်းသေးပြီး ဦးနှောက်မဖွံ့ဖြိုးတဲ့လက္ခဏာဟာ စစ်ဖလစ်လိုတခြား ရောဂါပိုးတွေနဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေကြောင့်လည်းဖြစ်တတ်တယ်လို့ ဒေါက်တာက ထပ်ဖြည့်ပြောလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်သီးမှာလည်း ဇီကာပိုးတွေ့ရှိနေပြီး ရောဂါလက္ခဏာတွေတော့ မပြသေးပါဘူး သန္ဓေသားလောင်းဟာ ခေါင်းသေးတဲ့လက္ခဏာ ဖြစ်မလား မဖြစ်မလား ဆိုတာကိုတော့ စောင့်ကြည့်ဆဲဖြစ်တယ်လို့ ဒေါက်တာပရာဆာ့တ်ကပဲ ပြောတာပါ။

ဒီရှာဖွေတွေ့ရှိမှုကြောင့် ကျန်းမာရေးဌာနကိုတော့ ဇီကာရောဂါကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို တိတိကျကျစောင့်ကြည့်ဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

ဒီရောဂါကူးခံနေရတဲ့ဒေသတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဒီအခြေအနေကို လက်ခံလာ ဖို့ တရားဝင်စည်းစည်းကမ်းတွေ ထုတ်ပြန်ရမှာဖြစ်တယ် တစ်ချိန်တည်းမှာပဲ အဲ့ဒေသက ခေါင်းသေးနေတဲ့ကလေးတွေကိုလည်း ဇီကာရောဂါ ကူးစက်ခံနေရတာလားဆိုတာကို စစ်ဆေးဖို့ လိုတယ်လို့ ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top