Kantharyar Centre
×

မုန္တိုင္းေရြ႕သြားျပီျဖစ္ေပမဲ့ အဖ်ားခတ္မႈေၾကာင့္ မုိးနဲ႔ေလျပင္းဒဏ္ကို သတိထားဖို႔ လိုအပ္တယ္လို႔ မုိးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က သတင္းထုတ္ျပန္ထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚေနတဲ့ မုန္တုိင္းငယ္ဟာ ဟုိင္းႀကီးကၽြန္းအနီးကို ေရာက္လာခဲ့ၿပီး ေအာက္တုိဘာ ၂၃ ရက္ ညေနမွာ အပူပုိင္းမုန္တုိင္းအဆင့္ကို ေရာက္ခဲ့ကာ  ည ၈နာရီခန္႔မွာေတာ့ အိႏၵိယကမ္း႐ုိးတန္းဘက္သို႔ ျပန္လည္ ဦးတည္သြားခဲ့တာ ျဖစ္ပါတယ္။

ပင္လယ္ထဲမွာ တျဖည္းျဖည္းပုိအားေကာင္းလာႏုိင္ၿပီး ေနာက္တစ္ဆင့္ဆုိင္ကလုန္း မုန္တုိင္းျဖစ္ဖုိ႔ အလားအလာပိုမ်ားတယ္လို႔ ေဒါက္တာ ထြန္းလြင္က ေျပာထားပါတယ္။

ပင္လယ္ျပင္၀ါးေဖာင္ေတြေပၚမွာ လုပ္ကိုင္ေနတဲ့ ေရလုပ္သားသံုးေထာင္ေက်ာ္ဟာ ေအာက္တိုဘာ ၂၃ ရက္ညအထိ ျပန္လည္ေရာက္ရွိလာျခင္းမရွိေသးတာေၾကာင့္ ဖ်ာပံုျမိဳ႕ အမာျမိဳ႕နယ္ေဒသခံေတြ စိုးရိမ္ေနတယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#UnicodeVersion

မုန်တိုင်းရွေ့သွားပြီဖြစ်ပေမဲ့ အဖျားခတ်မှုကြောင့် မိုးနဲ့လေပြင်းဒဏ်ကို သတိထားဖို့ လိုအပ်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဟိုင်းကြီးကျွန်းအနီးကို ရောက်လာခဲ့ပြီး အောက်တိုဘာ ၂၃ ရက် ညနေမှာ အပူပိုင်းမုန်တိုင်းအဆင့်ကို ရောက်ခဲ့ကာ  ည ၈နာရီခန့်မှာတော့ အိန္ဒိယကမ်းရိုးတန်းဘက်သို့ ပြန်လည် ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။

ပင်လယ်ထဲမှာ တဖြည်းဖြည်းပိုအားကောင်းလာနိုင်ပြီး နောက်တစ်ဆင့်ဆိုင်ကလုန်း မုန်တိုင်းဖြစ်ဖို့ အလားအလာပိုများတယ်လို့ ဒေါက်တာ ထွန်းလွင်က ပြောထားပါတယ်။

ပင်လယ်ပြင်ဝါးဖောင်တွေပေါ်မှာ လုပ်ကိုင်နေတဲ့ ရေလုပ်သားသုံးထောင်ကျော်ဟာ အောက်တိုဘာ ၂၃ ရက်ညအထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးတာကြောင့် ဖျာပုံမြို့ အမာမြို့နယ်ဒေသခံတွေ စိုးရိမ်နေတယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top