Property Expo
×

ဟုမၼလင္းၿမိဳ႕မွ မံုရြာၿမိဳ႕သို႔ ထြက္ခြာလာေသာ ေအာင္စိုးမိုးေက်ာ္ေရယာဥ္ သည္ ေအာက္တိုဘာ ၁၅ ရက္ နံနက္ ၅ နာရီခန္႔တြင္ ကနီၿမိဳ႕နယ္ မိေက်ာင္းတြင္းေက်း ရြာအနီး ခ်င္းတြင္းျမစ္အတြင္း၌ ေက်ာက္ေဆာင္ကို ေရွာင္တိမ္းရာမွ အရွိန္လြန္တိမ္းေမွာက္ခဲ့သည္။

ယင္းျဖစ္စဥ္တြင္ ခရီးသည္ ၁၅၉ ဦးကိုသာ အသက္ရွင္လ်က္ ကယ္တင္ႏုိင္ခဲ့ၿပီး ခရီးသည္ ၇၃ ဦးေသဆံုးကာ ခုနစ္ဦး ေပ်ာက္ဆံုးလ်က္ ရွိေၾကာင္း အစိုးရက တရားဝင္ထုတ္ျပန္သည္။

အဆုိပါေရယာဥ္မွာ ကုန္ႏွင့္ခရီးသည္ အဆမတန္တင္ေဆာင္လာ ခဲ့ၿပီး နစ္ျမဳပ္ႏုိင္ေသာေၾကာင့္ စီးနင္းလိုက္ပါလာသည့္ ခရီးသည္ဦးေအာင္ေက်ာ္ဦးက ေရယာဥ္မနစ္ျမဳပ္မီ ၁၂ နာရီေက်ာ္အၾကာကတည္းက လမ္းခရီးရွိ ပုဂၢလိကေရယာဥ္လိုင္းမ်ား ႀကီးၾကပ္မႈေကာ္မတီ႐ံုးသို႔ တက္ေရာက္တုိင္ၾကားျခင္း၊ သေဘၤာအေျခအေနကို ၎၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာေပၚတြင္တင္၍ ျဖန္႔ေဝျခင္းမ်ား ျပဳလုပ္ခဲ့သည္။ အျမန္ေရယာဥ္သည္ သူစိတ္ပူသကဲ့သို႔ပင္ တိမ္းေမွာက္ခဲ့ၿပီး ၎တုိ႔ ဇနီးေမာင္ႏွံမွာ ကံ ေကာင္းေထာက္မ၍သာ အသက္ေဘးမွလြတ္ေျမာက္ခဲ့သည္။ ေရယာဥ္နစ္ျမဳပ္မည္ကို စိုးရိမ္၍ တာဝန္သိစြာ တာဝန္ရွိသူမ်ားကုိ အေၾကာင္းၾကားမႈ၊သတိေပးမႈမ်ားျပဳလုပ္ခဲ့ၿပီး ေရယာဥ္နစ္ျမဳပ္မႈ ကိုယ္တိုင္ႀကံဳေတြ႕ခဲ့ေသာ ဦးေအာင္ေက်ာ္ဦးႏွင့္ ေတြ႕ဆံုေမးျမန္းထားသည္မ်ားမွ ေကာက္ႏုတ္ ေဖာ္ျပလိုက္ပါသည္။

နစ္ျမဳပ္မႈျဖစ္ေပၚခဲ့တဲ့ ေရယာဥ္ ေပၚ   လိုက္ပါစီးနင္းျဖစ္တဲ့အ ေၾကာင္း ေျပာျပေပးပါဦး။

ဦးေလးက ေဈးေရာင္းတာ ေပါ့ေနာ္။ ေဈးေရာင္းၿပီး ျပန္လာ တာေပါ့။ ရန္ကုန္ျပန္တယ္။ ဟုမၼ လင္း တစ္ေၾကာလံုးေပါ့။ အဲဒီ ေနရာေတြမွာ ဦးေလးက အထည္ ေရာင္းတယ္။ ဦးေလးအမ်ိဳးသမီး က ေဗဒင္ေဟာတယ္။ ဆရာမ ေဒၚနီနီဝင္းဆုိၿပီး ေဗဒင္တြက္ တယ္။ အဲဒါေတြေရာင္းၿပီး အျပန္ မွာ ျဖစ္တာ။ စက္ေလွက ပံုမွန္ ထြက္ရမွာက မနက္ ၁၀ နာရီ။ တကယ္ထြက္ခဲ့တာ ၁၁ နာရီမတ္ တင္းေပါ့။

ေရယာဥ္က မထြက္ခင္ကတည္း က ခရီးသည္ေတြ အရမ္းမ်ားေနခဲ့ တယ္လို႔ သိရတယ္။ ေလွမထြက္ ခင္ အေျခအေန ျပန္ရွင္းျပပါဦး။

လူေတြအမ်ားႀကီးပါရတဲ့အ ေၾကာင္းရင္းက အဲဒီေဒသက ေရႊ ေမွာ္မွာ လုပ္တဲ့သူေတြ အမ်ားႀကီးရွိတယ္။ ေရႊေမွာ္မွာလုပ္တဲ့သူေတြ က ဘဝသမားေတြ။ သူတုိ႔ေတြက မိမိတို႔ အရပ္ေဒသကိုစြန္႔ၿပီး လာ ရတာ။ တစ္ေယာက္တည္းသမား ေတြ။ တခ်ိဳ႕ေနရာေတြက ဖုန္း လိုင္းမမိၾကဘူး။ ပိုက္ဆံစုၿပီး ျပန္ ၾကတယ္။ ရတဲ့ေနရာမွာ ႀကံဳသလိုစီးၿပီး ျပန္ၾကရတယ္။ စာရင္းမရွိ ဘူး။ တခ်ိဳ႕ဆုိရင္ စက္ေလွမွာ အ မ်ားႀကီးပါလာၾကတယ္။ သူတို႔ မိသားစုေတြ မသိၾကဘူး။ စာရင္း ရွိၿပီးေသတယ္ဆုိတာက ဦးေလး တုိ႔ ထိုင္ခံုရတယ္။ မွတ္ပံုတင္ နံပါတ္နဲ႔ အဲဒီလို စီးတဲ့သူေတြပဲ သူ တုိ႔စာရင္းျပႏုိင္တယ္။ ေနာက္ၿပီးေတာ့ ဒီျမစ္ေၾကာင္းတစ္ေၾကာ လံုးမွာက စက္ေလွေရလမ္းပဲ အားကိုးသြားရတာကိုး။ အဲဒီေတာ့ ဟို ဘက္ရြာက လက္ျပတားလည္း သူက တင္ရတယ္။ သူ႔သေဘာ သဘာဝေပါ့။ သူတုိ႔ကလည္း ေလာဘတက္တဲ့အခါက်ေတာ့ တားသမွ်ကိုတင္ေတာ့တာေပါ့ ေလ။ ၿပီးေတာ့ ဒီကာလက ေက်ာင္းသားေတြလည္း ျပန္ၾကတယ္၊ ဝန္ ထမ္းေတြကလည္း နားၾကတယ္ ဆုိေတာ့ ဒီတစ္ခုတည္းကို စုၿပံဳၿပီး အိုဗာဝိတ္ေတြ ျဖစ္ကုန္တာ။ ထြက္ကတည္းကကို အိုဗာဝိတ္ ျဖစ္ေနတာ။

စထြက္ေတာ့ စက္ေလွေပၚမွာ ခရီးသည္ဘယ္ေလာက္အထိပါလဲ။

စထြက္ေတာ့ ထြက္ရွိစာရင္း က အမ်ားဆံုးပါရင္ ၁၆၀၊ ၁၇၀ ေလာက္ပဲ ပါဦးမယ္။ ထြက္ထြက္ ခ်င္းကို လူ ၁၆၀၊ ၁၇၀ ဆုိတာ မ်ားေနတာ။ ဒီေမာ္ေတာ္က အဲဒီ ေလာက္မဆံ့ဘူး။ အဲဒီေတာ့ သူ က ထြက္ကတည္းကကို ဝိတ္မ်ား ေနတာ။ သူက ႀကိဳးေျဖအထြက္ မွာ ေရစီးက ေနာက္ျပန္ေမ်ာ တယ္။ ေနာက္က ပဲ့ေထာင္တစ္စီး ကို တိုက္ခဲ့ေသးတယ္။ လူအရမ္း မ်ားေနေတာ့ ေရစီးအားကို ဆန္ တဲ့အခါ တက္,မက လိုသလိုေကြ႕ လို႔မရဘူး။ အဲဒါနဲ႔ ထြက္ထြက္ခ်င္းမွာကို ေမာင္းတဲ့သူမပါတဲ့ ပဲ့ ေထာင္ကို တိုက္ခဲ့တာ။

စက္ေလွေပၚမွာ ကုန္ေကာ ဘယ္ ေလာက္ေလာက္ပါတာျမင္ခဲ့လဲ။

ကုန္က ပုရစ္ဖာေတြပါ တယ္။ အဲဒီေဒသက ပုရစ္ထြက္ တယ္။ အဲဒီပုရစ္ကို တ႐ုတ္ျပည္ ပို႔တာ။ ပုရစ္ဖာက အႀကီးႀကီးေတြ ဦးတုိ႔ဖက္လုိ႔ မမီဘူး။ ငါးထည့္တဲ့ ေရခဲ့ဘူးဖာလိုမ်ိဳး ဂ်ပ္ဖာ ၂၀ ေလာက္ပါတယ္။ ၂၀ ဆုိတဲ့ အင္ အားက အရမ္းမ်ားတယ္ေလ။ ေနာက္မွာပါတယ္။ ေရွ႕မွာလည္းအမ်ားႀကီးပါတယ္။ အဲဒီဖာေတြ က တစ္ဖာကို လူသံုးေယာက္ ေလာက္နဲ႔ လူ ၆၀ ေလာက္ကို ကယ္သြားတာေပါ့။ ဆုိင္ကယ္က စထြက္ကတည္းက ၁၂ စီးေလာက္ပါေနၿပီ။ စထြက္တဲ့အခ်ိန္တုန္းက စက္ေလွက လူမ်ားတယ္ဆိုေပ မယ့္လည္း ဒီေလာက္ႀကီး အႏၲရာယ္မျဖစ္ေလာက္ေသးဘူး။ လမ္းမွာ အတင္တအားမ်ားသြား တယ္။ လမ္းမွာ အတင္မ်ားေတာ့ ဘာျဖစ္သြားလဲဆုိေတာ့ လံုးဝမရေတာ့ဘူး။ အဲဒီအတိုင္း ေမာင္းလာရင္ အဆင္ေျပႏုိင္ေသးတယ္။ ေဖာင္းျပင္မေရာက္ခင္ လမ္းမွာ ျမင္သာ၊ ေရလဲ၊ ေရႊျပည္ေအးတုိ႔ အဲဒီရြာေတြရွိေသးတယ္။ အဲဒီမွာတင္တယ္။ ဒါက နာမည္ႀကီးတဲ့ ၿမိဳ႕ႀကီးေတြေပါ့။ ဒါ့အျပင္ နာမည္မရွိတဲ့ ရြာႀကီးေတြရွိေသးတယ္။ အဲဒီရြာႀကီးေတြ တင္ၿပီးေတာ့ စက္ေလွက အရမ္းျမဳပ္သြားၿပီ။ ေရေတြဝင္လာၿပီး အဲဒီလုိနဲ႔ ေဖာင္းျပင္ေရာက္လာတာေပါ့။ အဲဒီေရာက္ေတာ့ လူအင္အားအရမ္းမ်ားေန ၿပီး ျမဳပ္ေတာ့မယ္ဆုိတာသိလုိ႔ ဦးေလးက အဲဒီမွာ တိုင္တာ။

ဘယ္သူ႔ကို သြားတုိင္ခဲ့တာလဲ။ သူတို႔က ဘယ္လိုတုံ႔ျပန္ခဲ့ပါ သလဲ။

လုိင္းေပါင္းစံု ေရယာဥ္စည္း ကမ္းထိန္းသိမ္းေရးဆုိတာရွိ တယ္။ အဲဒီမွာ တုိင္တာပဲ။ ေရ ယာဥ္က လူအရမ္းမ်ားေနတယ္။ လူအရမ္းမ်ားေနေတာ့ အႏၲရာယ္ ရွိေနတယ္။ ဒီေရယာဥ္ကို ခင္ဗ်ား တုိ႔ ဘယ္လိုလုပ္ေပးမလဲဆုိေတာ့။ ကြၽန္ေတာ္တုိ႔ေျပာတယ္။ ေျပာလို႔ မရဘူးတဲ့။ အဲဒီေရယာဥ္က ဟုမၼ လင္းကပါတဲ့သူနဲ႔ ေရာင္းထားၿပီး သားလူေတြေၾကာင့္ မတင္မျဖစ္ တင္ရမယ္ ေျပာတယ္တဲ့။ ဒါေပ မဲ့ က်ဳပ္တုိ႔မွာ အႏၲရာယ္ရွိေနၿပီ၊ ခင္ဗ်ားတုိ႔ ဘယ္လိုလုပ္မွာလဲလို႔ ဆုိေတာ့ ကြၽန္ေတာ္တုိ႔ ဘာမွလုပ္ ေပးလုိ႔မရဘူးတဲ့။ ဒါဆုိ ရဲစခန္း ဘယ္မွာရွိလဲလို႔ေမးေတာ့ ရဲစခန္း က လွမ္းတယ္တဲ့။ အဲဒီအခ်ိန္မွာ သေဘၤာက ျပန္ခြာေနၿပီ။ သူတုိ႔ကို မေျပာခင္ ဦးေလးက ေရယာဥ္မွာ လုပ္တဲ့ေကာင္ေပါ့။ အခုအသက္ ရွင္တယ္ဆုိတဲ့ေကာင္။ မင္းတုိ႔ အရမ္းမတင္နဲ႔ ေရယာဥ္ျမဳပ္ေတာ့ မယ္လို႔ ဦးနဲ႔စကားမ်ားတယ္။ စကားမ်ားေတာ့ သူက ဘာေျပာ လဲဆုိေတာ့ ေဈးသည္တက္တာ မ်ားလို႔ ေဈးသည္ေတြ ဆင္းသြား ရင္ ဝိတ္ေလ်ာ့သြားလိမ့္မယ္တဲ့။ မဟုတ္ဘူးေနာ္ ေရဝင္ေနၿပီ။ ဦးေလးက အဲဒီလိုေျပာတယ္။ ေျပာမရေတာ့မွ အေပၚတက္တိုင္ တယ္။ အဲဒီအခ်ိန္မွာ တစ္ေယာက္တည္းကို ပ်ာယာခတ္ေနၿပီ။ ေၾကာက္လည္းေၾကာက္တာကိုး။ ဒါဆုိ ခင္ဗ်ားတို႔ကို ကြၽန္ေတာ္ ဓာတ္ပံု႐ိုက္မယ္။ အထက္ကို တုိင္မယ္။ လုိင္းေပၚတင္မယ္ေျပာ ေတာ့ ရတယ္႐ိုက္တဲ့။ သူတုိ႔႐ိုက္ ခံတယ္။ အဲဒါ ဦးေလးခိုးၿပီး ႐ိုက္ တာမဟုတ္ဘူး။ ေျဗာင္ေျပာၿပီး ႐ိုက္ခဲ့တာ။ ၿပီးေတာ့ ဦးေလးစီးတဲ့ စက္ေလွကိုလည္း ဘက္ေပါင္းစံု ကေန႐ိုက္ၿပီး လိုင္းေပၚတင္ေပး လုိက္တယ္။ သေဘၤာေမွာက္မယ္ ဆုိတာ ထင္ေနလို႔ ဦးေလးတုိ႔ လင္မယားႏွစ္ေယာက္က သေဘၤာ ထြက္လာတဲ့အခ်ိန္ကတည္းက ပလတ္စတစ္ပံုး အဝါအၾကည္ ေတြကို တစ္ေယာက္တစ္ပံုး လက္မွာ  ခ်ီၿပီးလိုက္လာခဲ့တာ။

ကမ္းမွာ အေၾကာင္းၾကားၿပီးေတာ့ ေရယာဥ္က ဘယ္ေလာက္အၾကာ ဆက္ေမာင္းၿပီးမွ ေမွာက္တာလဲ။

ညေန ၃ နာရီက ဦးေလးအ ေၾကာင္းၾကားတာ။ ေနာက္တစ္ေန႔မနက္ ၅ နာရီမွာ နစ္တာ။ ၁၂ နာရီေက်ာ္သြားတာေပါ့။ ဦးေလး ဆက္စီးခဲ့ရတာ။

ၾကားမွာ ခရီးသည္ေတြ ထပ္တင္ ေသးလား။

ဟာ မ်ားတယ္။ အေၾကာင္း ၾကားၿပီးေတာ့ကို ဆက္ပါလာေသးတယ္။ သူက တစ္ရြာတစ္ခါတက္ ေလ။ အဆင္းမရွိဘူး။ အတက္ပဲ မ်ားတယ္။ ေတာ္ေတာ္ႀကီးကို အ ေျခအေနဆုိးတယ္။

တရားဝင္ေၾကညာေတာ့ စက္ေလွမွာပါတဲ့သူအေရအတြက္က ၁၀၀ ေလာက္ပဲရွိတယ္ သိရတယ္။ ဦးေလးျမင္ခဲ့ရသေလာက္ ဘယ္ ေလာက္ရွိႏိုင္မလဲ။

၂၅၀ နဲ႔ ၃၀၀ ပဲ။ ၃၀၀ မပို ႏုိင္ဘူးဆိုရင္ ၂၅၀ ေအာက္မွာ မရွိဘူး။ ဦးက ေၾကာက္တတ္တယ္။ ေလွ်ာက္သြားေနတာေလ။ ေလွ်ာက္ၾကည့္ေနတာကိုး။ ေသ တဲ့သူေတြလည္း သိတယ္။ Upperက ဦးဖုန္းတုိ႔ ဘာတုိ႔လည္း ဦးေလးသိတာပဲ။ သူလည္းေၾကာက္တတ္ တယ္။ ခဏခဏသြားေျပာၾက တယ္။ ဦးေလးလုိပဲ သြားေျပာၾက တဲ့သူေတြရိွတယ္။ နစ္ခါနီး တစ္ နာရီေလာက္အလိုမွာ အဲဒီေရ ယာဥ္က ျမစ္လယ္မွာ ေက်ာက္ခ် လိုက္တယ္။ ေရေတြစုပ္ထုတ္ရ တယ္။ အဲဒီအခ်ိန္ ျမစ္ထဲမွာ ေက်ာက္ခ်ရပ္လိုက္ေတာ့ အႏၲ ရာယ္ကင္းတယ္ဆုိၿပီး ဦးေလး အိပ္လိုက္တယ္။ အဲဒီမတိုင္ခင္ တစ္ညလံုး မအိပ္ဘူး။ ဦးေလး ေၾကာက္လို႔။ ဦးေလးက အစြန္မွာ ေနတာ။ အမ်ိဳးသမီးက ေဘးမွာ။ သူ႔ကို အစြန္မွာမထားဘူး။ နစ္တဲ့ အခ်ိန္က်ေတာ့ ေရက ဗြမ္းဆိုၿပီး ဝင္လာတယ္။ အဲဒီလိုနဲ႔ တစ္ခါ တည္းနစ္သြားေတာ့တာ။

ျမဳပ္သြားတဲ့အခ်ိန္မွာ ျမင္ရတဲ့အ ျဖစ္အပ်က္ေလးေတြကို ဘယ္လို ျမင္ခဲ့လဲ။

မျမဳပ္ခင္ကတည္းက ျမဳပ္ မယ္လို႔ သိေနတယ္။ ဦးေလးရဲ႕ အျမင္ေပါ့။ ဦးေလးက သေဘၤာ ကို (သေဘၤာေပါင္)ခြထိုင္ထားတာ ထြက္လို႔လြယ္ေအာင္လို႔ေလ။ ခြထားတာ။ အဲဒီအခ်ိန္မွာ သေဘၤာက တည့္တည့္ေမာင္းလာတာက ေန ေစာင္းၿပီးေကြ႕လိုက္တယ္။ သူတုိ႔ေျပာတာကေတာ့ေလ ေက်ာက္ေဆာင္ေတြ႕ လို႔ေျပာတာပဲ။ အဲဒါဟုတ္ခ်င္လည္း ဟုတ္မွာေပါ့ေလ။ဒါေပမဲ့ ဘာနဲ႔မွ တိုက္မိတာမ်ိဳးမရွိ ဘူးေနာ္။ သူက ေရျမဳပ္ေနတယ္။ ေရျမဳပ္ေနေတာ့ စက္အားက တြန္းၿပီးေမာင္းရတာ။ စပိဘုတ္လိုပဲ။ ေထာင္ၿပီး ေျပးတာ။ သူ႔ရဲ႕သေဘာ သဘာဝက တည့္တည့္သြားေတာ့ ျပႆနာမရွိဘူးေလ။ လိႈင္းေတြ ကို ခြဲၿပီးသြားတာေပါ့။ ေကြ႕လိုက္ တဲ့အခ်ိန္က်ေတာ့ ေမွာက္သြား ေရာ။ ဝိတ္မ်ားၿပီး ေစာင္းၿပီး ေမွာက္သြားတာ။ စက္ေလွေမွာက္ေတာ့ အရင္ဆံုး ဦးေလးေရျမဳပ္ သြားတာပဲ။ ဘာမွမျမင္ေတာ့ဘူး။ ျပန္ေပၚတဲ့အခ်ိန္က်ေတာ့ ေရေပၚ မွာ လူေတြ အမ်ားႀကီးပဲ ေခါင္း ေလးေတြပဲေပၚၿပီး ေအာ္ေနၾက တယ္။ ေအာ္ရင္းေအာ္ရင္း ျပန္ ျမဳပ္သြားၾကတယ္။ အဲဒီလိုျမဳပ္ သြားၾကတာ အမ်ားႀကီးပဲ။

သေဘၤာေပၚမွာ အသက္ကယ္ဝတ္စံုေတြ၊ တျခားကယ္ဆယ္ေရး ပစၥည္းေတြ ထားထားတာေတြ႕ လား။

သေဘၤာဆယ္ပံုေလးေတြ ေတြ႕မွာေပါ့။ သေဘၤာနဲ႔အတူ ျပန္ ေပၚလာတဲ့ ေဘာေတြ ေတြ႕လိမ့္ မယ္။ သူက အသက္ကယ္ေဘာ ေတြကို သေဘၤာနဲ႔ အေသခ်ည္ ထားတာ။ သူတုိ႔က ျဖဳတ္လို႔ ေပ်ာက္မွာစိုးလုိ႔ သူတုိ႔က အေသ ခ်ည္ထားတာ။ သက္ကယ္အက်ႌ လည္း မရွိဘူး။ ဘာေတြပါလဲဆုိ ေတာ့ ဦးတုိ႔သံုးတဲ့ ဆီပံုးမ်ိဳးေတြကို ေခါင္မိုးေပၚမွာ ႀကိဳးနဲ႔ အေသခ်ည္ ထားတယ္။ အခုသေဘၤာေပၚလာ တာ အဲဒါနဲ႔ ေပၚလာတာပဲ။ အမွန္ က ျဖစ္လိုက္ရင္ ေဘာေတြ ပံုး ေတြက ဘြားခနဲေပၚလာရမွာ။ လူ ေတြ အဲဒါဖက္တြယ္ၿပီး ကူးသြားရ မွာ။ အဲဒါနဲ႔ အသက္ရွင္ရမွာ။ သေဘၤာနစ္တယ္ဆုိတာ ႐ုပ္ရွင္ ထဲကလုိ အခ်ိန္အၾကာႀကီးနဲ႔ နစ္ တာမဟုတ္ဘူး။ ပလံုဆုိနစ္သြား တာ။ အဲဒါေတြ ႐ုတ္တရက္ေပၚ လာမွ လူေတြက အသက္ရွင္မွာ ေလ။ အဲဒါကို အေသခ်ည္ထား ေတာ့ ဘယ္လိုမွ ေျဖလုိ႔မရဘူး။ ခရီးသည္ေတြကိုလည္း ဘယ္နား မွာ သက္ကယ္အက်ႌထားပါတယ္ ဘာညာတစ္လံုးမွ မေျပာဘူး။ လာသမွ် ခရီးသည္တက္ပဲ။ စီးရဲရင္ လိုက္ မစီးရဲရင္ေနခဲ့ပဲ။ အဲဒီလို သြားတာ။ ဒီေန႔အခ်ိန္ထိ ဦးေလး သတင္းစာေတြ၊ ဂ်ာနယ္ေတြ ဖတ္တယ္။ သူတို႔အခုအခ်ိန္အထိ ေတာင္းပန္တာေတြ ဘာေတြ အခုအထိ မလုပ္ေသးဘူး။ တုိင္းေဒသ ႀကီး ဝန္ႀကီးခ်ဳပ္ေတြ၊ အစိုးရအဖြဲ႕ က လူေတြ အကုန္ေတြ႕တယ္။ မီ ဒီယာေတြလာတယ္။ အားေပး စကားေျပာ အင္တာဗ်ဴးသြား တယ္။ အကုန္သူ႔အလုပ္သူလုပ္ သြားၾကတယ္။ ဒီေန႔အခ်ိန္ထိ ဦးေလးတုိ႔ကို ေအးၿငိမ္းခ်မ္းသာ ေရယာဥ္အသင္းကေန ျပည္သူ ေတြကို ဘယ္လိုလုပ္ေပးပါတယ္ တစ္လံုးမွ မလာေသးဘူး။ ဘယ္ ဂ်ာနယ္မွာပါတယ္ ဦးေလးမသိ ဘူး။ ဂ်ာနယ္ေတြေတာ့ ေတာက္ ေလွ်ာက္ေစာင့္ဖတ္ေနတာပဲ။

စက္ေလွဘက္က ဝန္ထမ္းဘယ္ ေလာက္ပါၿပီး မျမဳပ္ခင္နဲ႔ ျမဳပ္တဲ့ အခ်ိန္မွာ ခရီးသည္ေတြကို ႀကိဳ တင္ကူညီေဆာင္ရြက္ေပးခဲ့တာရွိ လား။

လံုးဝကို မရွိတာ။ လံုးဝကို မရွိတာ။ စက္ေလွျမဳပ္ေတာ့ သူတုိ႔ ေတြ ဘယ္သူ႔ကို ကူညီလိုက္ပါ တယ္ဆုိတာ မရွိသလို ရဲစခန္းကို သြားေတာ့ အဲဒီစက္ေလွက ေကာင္ေတြ သြားေတြ႕တယ္ေလ။ အဲဒီမွာလည္း ေမးခဲ့တယ္။ မင္း ေၾကာင့္ ငါတုိ႔ေသၾကၿပီ။ မင္းကို အတန္တန္ေတာင္းပန္တယ္။ မင္း ဘာလို႔ အဲဒီလိုလုပ္ရတာလဲလို႔။ လြယ္လြယ္ေလး သူက ျပန္ေျပာ တာက အံုနာတင္ခုိင္းတာပါတဲ့။ အံုနာေတာ့ ဦးမသိဘူး။ ပိုက္ဆံ ေကာက္တဲ့ေကာင္ကို ဦးေလးသိ တယ္။ ေမာင္းတဲ့ေကာင္ကို ဦးေလးသိတယ္။ က်န္တဲ့ကေလး ေတြက ေခါက္စားေလးေတြပါ။ တကယ္တမ္း တာဝန္ရွိတာ စက္ေလွမွာ ပိုက္ဆံေကာက္တဲ့ေကာင္ မွာ တာဝန္ရွိတယ္။ စက္ေလွပိုင္ရွင္မွာ တာဝန္ရွိတယ္။

ေရယာဥ္နစ္ျမဳပ္ၿပီး ဘယ္ေလာက္ အၾကာမွာ ကယ္ဆယ္ေရးအဖြဲ႕ ေတြ ေရာက္လာၾကပါသလဲ။

ျမဳပ္ၿပီး သိပ္မၾကာပါဘူး။ ၁၀ မိနစ္ေလာက္ေနေတာ့ေပါ့။ သူတို႔ကကြာ သေဘၤာျမဳပ္မယ္ဆုိ တာ ႀကိဳၿပီးသိမေနေတာ့ ေစာင့္ ေနၾကတာမဟုတ္ဘူးေလ။ စက္ ေလွနစ္ေတာ့ လူေတြေအာ္ၾက ဟစ္ၾက အသံေတြၾကားေတာ့ ရြာ ထဲက လူေတြက စက္ေလွေတြနဲ႔ ထြက္ၿပီး ကယ္ၾကတာ။ အဲဒီအ ခ်ိန္မွာ လူေပါင္း ၁၅၀ ေက်ာ္ ေလာက္ကို သူတို႔ ကယ္လိုက္ၾက တာ။

ဘယ္ရြာေတြကေန လာေရာက္ ကယ္ဆယ္ခဲ့ၾကတာလဲ။

မိေက်ာင္းတြင္းရြာ၊ ကင္းရြာ အထက္၊ ေအာက္ အဲဒီရြာသံုးရြာ က လူေတြက ဦးတုိ႔ကို ကယ္လိုက္ ၾကတာ။ တစ္ရြာကို ပဲ့ေထာင္ငါး စီး၊ ေျခာက္စီးေလာက္။ အဲဒီျမစ္ ထဲ အစီးႏွစ္ဆယ္ေလာက္နဲ႔ ကယ္ ၾကတာ။ တစ္စီးကို လူေလး၊ ငါး၊ ေျခာက္ဦးေလာက္ဆံ့တယ္။ ေခါက္တုံ႔ေခါက္ျပန္ ကယ္ၾက တာ။ အဲဒါေၾကာင့္ လူေတြအသက္ရွင္ၾကတာ။ လာကယ္ၿပီး ပါတဲ့သူ ေတြကို ကမ္းေပၚတင္တယ္။ ကမ္းေပၚေရာက္ေတာ့ ရြာထဲကလူေတြ က ဦးတုိ႔ကို အဝတ္အစားေတြ ေရာ လိုအပ္တာေတြ ဝိုင္းကူညီၾကတယ္။ ေရေႏြးေတြ တိုက္တယ္။ အားေပးစကားေတြေျပာေပါ့။ ဟို ဘက္မွာလည္း ကယ္ထားတာ ေတြ ရွိတယ္။ သိပ္မစိုးရိမ္ၾကပါနဲ႔ ေပါ့။ သားသမီးေပ်ာက္ေနေသး လို႔ ေအာ္ၾကဟစ္ၾကနဲ႔ေပါ့။ ဦးေလးလည္း ဦးေလးမိန္းမ ေပ်ာက္လုိ႔ ေလ။ လိုက္ရွာတာ မေတြ႕ဘူး။ ဦးေလးမိန္းမက ေရထဲျမဳပ္သြား တယ္။ ျပန္ေပၚတဲ့အခ်ိန္မွာ ပတ္ ဝန္းက်င္က ကယ္လိုက္လို႔ အ သက္ရွင္ၿပီး ေဆး႐ံုေရာက္သြား တာ။

ေရယာဥ္နစ္ျမဳပ္ၿပီးတဲ့ေနာက္ အစိုးရတာဝန္ရွိသူေတြ ဘယ္ ေလာက္အၾကာမွာ ေရာက္လာခဲ့ သလဲ။

၁၁ ခြဲ ၁၂ ေလာက္မွာ ေရာက္လာၾကတယ္။ အရင္ဆံုး ေရာက္ လာတာက မီဒီယာသမားေတြ။ ၈၈ မ်ိဳးဆက္အဖြဲ႕က လာၾက တယ္။ ၿပီးေတာ့ အင္န္အယ္လ္ဒီ အဖြဲ႕ေတြ၊ နာေရးကူညီမႈအဖြဲ႕ ေတြ ေရာက္လာၾကတယ္။ အစိုး ရအဖြဲ႕အေနနဲ႔ကေတာ့ သူတုိ႔ လည္း ႀကိဳသိရတာမဟုတ္ေတာ့ မံုရြာကေတာင္ လာရတာေလ။ သံုးနာရီ၊ ေလးနာရီေလာက္စီးရ တယ္ေလ။ သူတုိ႔လည္း ေတာ္ တယ္လုိ႔ ေျပာရမွာေပါ့။ အဲဒီ ေလာက္အခ်ိန္အတြင္း ေရာက္ ေအာင္လာခဲ့ၾကတာ။ သူတုိ႔လည္း သူတုိ႔လုပ္နည္းအတုိင္း လုပ္ၾကရ တာေလ။ တစ္ေယာက္တည္း ထြက္လာလို႔မရဘူး။ ၿပီးေတာ့ ခရီးလမ္းကလည္း မေကာင္းဘူး။ ေဆးတပ္ဖြဲ႕ေတြလည္း ေလးနာရီ၊ ငါးနာရီေလာက္ၾကာေတာ့ ေရာက္ လာၾကတယ္။ သူတို႔လည္း အခ်ိန္ နဲ႔ တစ္ေျပးညီလုပ္ေနၾကတာ။ ေနာက္က်မႈေတာ့ အနည္းအ က်ဥ္းရွိမွာေပါ့။

အစိုးရနဲ႔ ေဒသခံေတြက ဘယ္လို ဆက္ၿပီး ကူညီပံ့ပိုးေပးခဲ့ၾကလဲ။

ေဒသကူညီပံ့ပိုးမႈကေတာ့တုိင္းေဒသႀကီးလႊတ္ေတာ္ကလု႔ိ ေတာ့ ေျပာတယ္။ တစ္ေယာက္ကို ႏွစ္ေသာင္းေပးတယ္။ ၿပီးေတာ့ အဲဒီေက်းရြာမွာရွိတဲ့ ဦးကံသြင္ကတစ္ေယာက္ကို တစ္ေသာင္းႏႈန္းကူညီေထာက္ပံ့တယ္။ အစိုးရက ျဖစ္တဲ့ေန႔ ညေနပိုင္းေလာက္ေရာက္လာၿပီး တစ္ေယာက္ႏွစ္ ေသာင္းေပးသြားတယ္။ ၿပီးေတာ့ဘာမွ မလာေတာ့ဘူး။ ေဆး႐ံုတက္တဲ့အခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ လာၾကည့္တယ္။ အင္န္အယ္လ္ဒီက လာၾကည့္တယ္။ သေဘၤာအသင္း ကေတာ့ လံုးဝလာမၾကည့္ဘူး။

တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္လာ ၾကည့္ေတာ့ ဒီျဖစ္စဥ္နဲ႔ပတ္သက္ လို႔ ဘာမ်ားေျပာသြားတာရွိလဲ။

ဝန္ႀကီးခ်ဳပ္ကေတာ့ ကူညီ မယ္။ ဒီဟာကို မေပၚေပၚေအာင္ ေဖာ္မယ္။ လိုအပ္တာကို ကူညီ ေပးမယ္။ ကြၽန္ေတာ္တုိ႔လုပ္ႏုိင္ မယ့္ ကိစၥေတြရွိရင္ ကြၽန္ေတာ့္ကို အေၾကာင္းၾကားပါ။ ကြၽန္ေတာ္ကူ ညီေပးမယ္။ ျဖစ္စဥ္အေပၚ အေရးယူေပးမယ္။ သူက ေတာက္ ေလွ်ာက္ ဒါပဲေျပာတယ္။ ကြၽန္ ေတာ္နဲ႔ ႏွစ္ေခါက္ေတြ႕တာေပါ့။ သူကေတာ့ ေတာ္ပါတယ္။ ဒါေပ မဲ့ တစ္မ်ိဳးေပါ့ကြာ။ ဦးတုိ႔ ခံစား ခ်က္နဲ႔ ျမင္ရေတြ႕ရတာ သိပ္ ေတာ့ ပံုစံမက်ဘူး။ ဦးေလး အခု ေျပာတာက ေရနစ္တဲ့သူေတြအ တြက္ ေနာင္ အဲဒီလိုမျဖစ္ရေအာင္ ေျပာတဲ့စကားေနာ္။ အကန္႔ေတြ ရွိတယ္။ စစ္ကိုင္းတုိင္းဝန္ႀကီးခ်ဳပ္ က ဦးက ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ေမးတယ္။ တခ်ိဳ႕ပတ္သက္မႈရွိတဲ့ သူေတြက ဝင္ၿပီးစကားလမ္း ေၾကာင္းကို လႊဲၾကတယ္။ အဲဒါကို သိေတာ့ စစ္ကိုင္းတုိင္းဝန္ႀကီးက အဲဒီလိုမေျပာမခံေတာ့ဘူး။ သူေျပာခ်င္တာ ေျပာပါေလ့ေစ။ ဗီဒီယိုဖိုင္႐ိုက္၊ မွတ္တမ္းယူ၊ ၿပီးရင္အားလံုးသူအေရးယူမယ္ ေျပာတယ္။တခ်ိဳ႕ကေတာ့ သူတို႔နစ္နာေစမယ့္ စကားေတြ ဦးေလးေျပာလိုက္ရင္ သူတို႔နစ္နာသြားၾကမွာေၾကာက္ ေနၾကတယ္။ အဲဒါေၾကာင့္ သူတို႔ ဝင္ဝင္ၿပီး ကာေနၾကတဲ့သူေတြ အဲဒီလိုလူေတြ အမ်ားႀကီးေတြ႕ခဲ့ ရတယ္။ ဦးေလးမိန္းမ ေရနစ္သြား တယ္။ ေဆး႐ံုေရာက္သြားတယ္။ လိုအပ္လို႔ မံုရြာေဆး႐ံုပို႔တယ္။ လူနာအေနနဲ႔ ပို႔တာေနာ္။ လႊဲ စာေဆးစာနဲ႔ ပို႔တယ္။ ဦးတုိ႔ကား ထြက္လာတယ္။ ထြက္ေတာ့ ဝန္ ႀကီးခ်ဳပ္နဲ႔လည္း ေတြ႕တယ္။ ဝန္ႀကီးခ်ဳပ္နဲ႔ ေျပာေနတုန္း သမၼတဆီက ဖုန္းလာလုိ႔ဆိုၿပီး အျပင္ ထြက္ဖုန္းေျပာေနတဲ့အခ်ိန္မွာ လူ တစ္ေယာက္က ကပ္လာၿပီး တား တယ္။ တစ္ဖက္ကို စဥ္းစားေပးပါ လို႔ ေျပာတယ္။ ႏွစ္ဖက္နားေထာင္ရမယ္ဆုိၿပီး ျဖစ္လာတယ္။ ဒီလူ ဘယ္သူလဲဆုိတာလည္း ဦးေလး သိသြားၿပီ။ အဲဒီဖိုင္ ဦးေလးမွာရွိ တယ္။ ဗီဒီယိုဖိုင္ေတာက္ေလွ်ာက္ ယူထားတာ။

အဓိက စက္ေလွျမဳပ္ရတဲ့အ ေၾကာင္းရင္းက ဘာေၾကာင့္လို႔ ဦးေလးျမင္ပါသလဲ။

လူေတြ၊ ကုန္ေတြ အဆ မတန္တင္တာ၊ မဆင္မျခင္တင္ တာေၾကာင့္လို႔ပဲ ထင္တယ္။

ဘယ္သူေတြမွာ အဓိကတာဝန္ရွိ တယ္လုိ႔ေကာ ထင္ပါသလဲ။

ဘယ္သူ႔မွာ အဓိကတာဝန္ရွိ လဲဆုိေတာ့ စက္ေလွပိုင္ရွင္ေပါ့ ေနာ္။ စက္ေလွေမာင္းတဲ့သူနဲ႔ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕မွာ တာဝန္ရွိတယ္လို႔ ေျပာရမွာေပါ့။ အဓိက သူတို႔ပဲ။ သူတုိ႔ထိန္းသိမ္း ရင္ရတယ္။ သူတို႔ဘယ္ေလာက္ တင္တင္ စည္းကမ္းထိန္းသိမ္းေရး က မတင္ရဘူးဆိုရင္ သူတို႔ထြက္ လို႔မရဘူး။

ေရွ႕ဆက္ၿပီးေတာ့ စက္ေလွစီးနင္း ၾကရမယ့္သူေတြအတြက္ ဘယ္ လိုမ်ား အႀကံျပဳခ်င္ပါသလဲ။

ကိုယ္စီးတဲ့ ေရယာဥ္ကို ႀကံ႕ ခုိင္မႈ ရွိ၊ မရွိၾကည့္။ လူမ်ား၊ မမ်ားၾကည့္။ ၿပီးေတာ့ စက္ေလွတစ္ခု လံုးရဲ႕ ဝင္ေပါက္၊ ထြက္ေပါက္ ေတြ ေလ့လာ။ စက္ေလွေပၚ ေရာက္တာနဲ႔ အိပ္တာမ်ိဳးေတာ့ မလုပ္နဲ႔ေပါ့ေနာ္။ အသက္ကယ္ ေဘာေတြ ရွိ၊ မရွိ သူတို႔မေပးႏုိင္ လုိ႔ရွိရင္လည္း ကိုယ္ပိုင္အသက္ ကယ္အက်ႌပဲျဖစ္ျဖစ္၊ အသက္ ကယ္ပံုးေတြ ဝယ္ေဆာင္သြားပါ လို႔။ အဲဒါမွ ကိုယ့္အတြက္အဆင္ ေျပလိမ့္မယ္။

အစိုးရတာဝန္ရွိသူေတြကိုေကာ ဘာလိုအႀကံျပဳခ်င္ပါသလဲ။

အစိုးရပိုင္းကေတာ့ အရမ္း အားနည္းတယ္လုိ႔ ေျပာရမွာပဲ။ ဒီေရယာဥ္က ဆြဲေနတာၾကာၿပီ။ အခုမွ နစ္တာမဟုတ္ဘူး။ ခဏ ခဏနစ္ေနတာ။ လူေသတာနည္း တာနဲ႔ မ်ားတာပဲကြာတယ္ေလ။ အခုက လူေသတာ ေတာ္ေတာ္ မ်ားလုိ႔ အမ်ားက သတိထားမိ တာ။ ေရယာဥ္စည္းကမ္းထိန္း သိမ္းေရးကို တာဝန္ေပးထားရင္ အဲဒီလူေတြကို လုပ္ပိုင္ခြင့္အျပည့္ ေပးထားပါ။ စည္းကမ္းထိန္းသိမ္း ေရးအမည္ခံထားၿပီး လုပ္ပိုင္ခြင့္ မရွိရင္လည္း အဲဒီေကာင္ေတြကို ဘာမွေျပာမရဘူး။ သူတို႔ရဲ႕အမိန္႔ နဲ႔ အဲဒီသေဘၤာက သြားႏုိင္ရမယ္။ ဒါေၾကာင့္ လုပ္ပိုင္ခြင့္အျပည့္ေပး ထားဖို႔လိုတယ္။

ဒီျဖစ္စဥ္ေၾကာင့္ ေသဆံုး၊ နစ္နာ ခဲ့ၾကရတဲ့သူေတြကိုယ္စား ဦးေလးဘက္က ဘယ္လိုမ်ား ျဖစ္ခ်င္လဲ။ ဘာေတြ ေတာင္းဆုိခ်င္ပါသလဲ။

အခုျဖစ္ပ်က္ခဲ့တဲ့ ျပႆနာ နဲ႔ပတ္သက္လို႔ တာဝန္ရွိတဲ့သူ ေတြ၊ ေရယာဥ္ေမာင္းေတြကို တိ တိက်က်၊ ေနာင္လူေတြ ျမင္တဲ့အခါ မလုပ္ရဲေအာင္လုိ႔ ထိေရာက္ တဲ့ ဟန္႔တားမႈ၊ ထိေရာက္တဲ့အ ေရးယူမႈေတြ ေပးေစလိုပါတယ္။

ဘာမ်ားျဖည့္စြက္ေျပာခ်င္ပါ ေသးလဲ။

ေနာက္ဒီလိုမျဖစ္ရေအာင္ စည္းကမ္းထိန္းသိမ္းေရးအပိုင္း က တာဝန္ရွိသူတုိ႔က အၿမဲၾကပ္ မတ္ေပးေနဖို႔ေပါ့။ ဒီကိစၥ ဒီမွာ တင္ၿပီးမသြားဘဲ ေနာက္ဒီလို မျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲဆုိ တာကို ဝိုင္းဝန္းေတြးေခၚၿပီးေတာ့ တာဝန္ရွိသူအဆင့္ဆင့္ကေန တာဝန္ယူၿပီး ေဆာင္ရြက္ၾကပါ။ ေရယာဥ္အသင္းက ပိုင္ရွင္ေတြ ကလည္း ေလာဘမတက္ပါနဲ႔။ တစ္ေသာင္းတန္တဲ့ လမ္းနဲ႔ မကိုက္္ရင္ တစ္ေသာင္းခြဲေတာင္း လိုက္ပါ။ မွ်တေအာင္ေတာင္းပါ။ ခရီးသည္ေတြအေနနဲ႔ကလည္း အႏၲရာယ္ကင္းေလာက္မယ့္ အ ေနအထားရွိမယ္ဆုိရင္ တစ္ေသာင္းခြဲေပးစီးသင့္ရင္ စီးလိုက္ ၾကပါ။

ေက်းဇူးတင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော အောင်စိုးမိုးကျော်ရေယာဉ် သည် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် ကနီမြို့နယ် မိကျောင်းတွင်းကျေး ရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ကျောက်ဆောင်ကို ရှောင်တိမ်းရာမှ အရှိန်လွန်တိမ်းမှောက်ခဲ့သည်။

ယင်းဖြစ်စဉ်တွင် ခရီးသည် ၁၅၉ ဦးကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ခရီးသည် ၇၃ ဦးသေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း အစိုးရက တရားဝင်ထုတ်ပြန်သည်။

အဆိုပါရေယာဉ်မှာ ကုန်နှင့်ခရီးသည် အဆမတန်တင်ဆောင်လာ ခဲ့ပြီး နစ်မြုပ်နိုင်သောကြောင့် စီးနင်းလိုက်ပါလာသည့် ခရီးသည်ဦးအောင်ကျော်ဦးက ရေယာဉ်မနစ်မြုပ်မီ ၁၂ နာရီကျော်အကြာကတည်းက လမ်းခရီးရှိ ပုဂ္ဂလိကရေယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီရုံးသို့ တက်ရောက်တိုင်ကြားခြင်း၊ သင်္ဘောအခြေအနေကို ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင်တင်၍ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။ အမြန်ရေယာဉ်သည် သူစိတ်ပူသကဲ့သို့ပင် တိမ်းမှောက်ခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံမှာ ကံ ကောင်းထောက်မ၍သာ အသက်ဘေးမှလွတ်မြောက်ခဲ့သည်။ ရေယာဉ်နစ်မြုပ်မည်ကို စိုးရိမ်၍ တာဝန်သိစွာ တာဝန်ရှိသူများကို အကြောင်းကြားမှု၊သတိပေးမှုများပြုလုပ်ခဲ့ပြီး ရေယာဉ်နစ်မြုပ်မှု ကိုယ်တိုင်ကြုံတွေ့ခဲ့သော ဦးအောင်ကျော်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

နစ်မြုပ်မှုဖြစ်ပေါ်ခဲ့တဲ့ ရေယာဉ် ပေါ်   လိုက်ပါစီးနင်းဖြစ်တဲ့အ ကြောင်း ပြောပြပေးပါဦး။

ဦးလေးက ဈေးရောင်းတာ ပေါ့နော်။ ဈေးရောင်းပြီး ပြန်လာ တာပေါ့။ ရန်ကုန်ပြန်တယ်။ ဟုမ္မ လင်း တစ်ကြောလုံးပေါ့။ အဲဒီ နေရာတွေမှာ ဦးလေးက အထည် ရောင်းတယ်။ ဦးလေးအမျိုးသမီး က ဗေဒင်ဟောတယ်။ ဆရာမ ဒေါ်နီနီဝင်းဆိုပြီး ဗေဒင်တွက် တယ်။ အဲဒါတွေရောင်းပြီး အပြန် မှာ ဖြစ်တာ။ စက်လှေက ပုံမှန် ထွက်ရမှာက မနက် ၁၀ နာရီ။ တကယ်ထွက်ခဲ့တာ ၁၁ နာရီမတ် တင်းပေါ့။

ရေယာဉ်က မထွက်ခင်ကတည်း က ခရီးသည်တွေ အရမ်းများနေခဲ့ တယ်လို့ သိရတယ်။ လှေမထွက် ခင် အခြေအနေ ပြန်ရှင်းပြပါဦး။

လူတွေအများကြီးပါရတဲ့အ ကြောင်းရင်းက အဲဒီဒေသက ရွှေ မှော်မှာ လုပ်တဲ့သူတွေ အများကြီးရှိတယ်။ ရွှေမှော်မှာလုပ်တဲ့သူတွေ က ဘဝသမားတွေ။ သူတို့တွေက မိမိတို့ အရပ်ဒေသကိုစွန့်ပြီး လာ ရတာ။ တစ်ယောက်တည်းသမား တွေ။ တချို့နေရာတွေက ဖုန်း လိုင်းမမိကြဘူး။ ပိုက်ဆံစုပြီး ပြန် ကြတယ်။ ရတဲ့နေရာမှာ ကြုံသလိုစီးပြီး ပြန်ကြရတယ်။ စာရင်းမရှိ ဘူး။ တချို့ဆိုရင် စက်လှေမှာ အ များကြီးပါလာကြတယ်။ သူတို့ မိသားစုတွေ မသိကြဘူး။ စာရင်း ရှိပြီးသေတယ်ဆိုတာက ဦးလေး တို့ ထိုင်ခုံရတယ်။ မှတ်ပုံတင် နံပါတ်နဲ့ အဲဒီလို စီးတဲ့သူတွေပဲ သူ တို့စာရင်းပြနိုင်တယ်။ နောက်ပြီးတော့ ဒီမြစ်ကြောင်းတစ်ကြော လုံးမှာက စက်လှေရေလမ်းပဲ အားကိုးသွားရတာကိုး။ အဲဒီတော့ ဟို ဘက်ရွာက လက်ပြတားလည်း သူက တင်ရတယ်။ သူ့သဘော သဘာဝပေါ့။ သူတို့ကလည်း လောဘတက်တဲ့အခါကျတော့ တားသမျှကိုတင်တော့တာပေါ့ လေ။ ပြီးတော့ ဒီကာလက ကျောင်းသားတွေလည်း ပြန်ကြတယ်၊ ဝန် ထမ်းတွေကလည်း နားကြတယ် ဆိုတော့ ဒီတစ်ခုတည်းကို စုပြုံပြီး အိုဗာဝိတ်တွေ ဖြစ်ကုန်တာ။ ထွက်ကတည်းကကို အိုဗာဝိတ် ဖြစ်နေတာ။

စထွက်တော့ စက်လှေပေါ်မှာ ခရီးသည်ဘယ်လောက်အထိပါလဲ။

စထွက်တော့ ထွက်ရှိစာရင်း က အများဆုံးပါရင် ၁၆၀၊ ၁၇၀ လောက်ပဲ ပါဦးမယ်။ ထွက်ထွက် ချင်းကို လူ ၁၆၀၊ ၁၇၀ ဆိုတာ များနေတာ။ ဒီမော်တော်က အဲဒီ လောက်မဆံ့ဘူး။ အဲဒီတော့ သူ က ထွက်ကတည်းကကို ဝိတ်များ နေတာ။ သူက ကြိုးဖြေအထွက် မှာ ရေစီးက နောက်ပြန်မျော တယ်။ နောက်က ပဲ့ထောင်တစ်စီး ကို တိုက်ခဲ့သေးတယ်။ လူအရမ်း များနေတော့ ရေစီးအားကို ဆန် တဲ့အခါ တက်,မက လိုသလိုကွေ့ လို့မရဘူး။ အဲဒါနဲ့ ထွက်ထွက်ချင်းမှာကို မောင်းတဲ့သူမပါတဲ့ ပဲ့ ထောင်ကို တိုက်ခဲ့တာ။

စက်လှေပေါ်မှာ ကုန်ကော ဘယ် လောက်လောက်ပါတာမြင်ခဲ့လဲ။

ကုန်က ပုရစ်ဖာတွေပါ တယ်။ အဲဒီဒေသက ပုရစ်ထွက် တယ်။ အဲဒီပုရစ်ကို တရုတ်ပြည် ပို့တာ။ ပုရစ်ဖာက အကြီးကြီးတွေ ဦးတို့ဖက်လို့ မမီဘူး။ ငါးထည့်တဲ့ ရေခဲ့ဘူးဖာလိုမျိုး ဂျပ်ဖာ ၂၀ လောက်ပါတယ်။ ၂၀ ဆိုတဲ့ အင် အားက အရမ်းများတယ်လေ။ နောက်မှာပါတယ်။ ရှေ့မှာလည်းအများကြီးပါတယ်။ အဲဒီဖာတွေ က တစ်ဖာကို လူသုံးယောက် လောက်နဲ့ လူ ၆၀ လောက်ကို ကယ်သွားတာပေါ့။ ဆိုင်ကယ်က စထွက်ကတည်းက ၁၂ စီးလောက်ပါနေပြီ။ စထွက်တဲ့အချိန်တုန်းက စက်လှေက လူများတယ်ဆိုပေ မယ့်လည်း ဒီလောက်ကြီး အန္တရာယ်မဖြစ်လောက်သေးဘူး။ လမ်းမှာ အတင်တအားများသွား တယ်။ လမ်းမှာ အတင်များတော့ ဘာဖြစ်သွားလဲဆိုတော့ လုံးဝမရတော့ဘူး။ အဲဒီအတိုင်း မောင်းလာရင် အဆင်ပြေနိုင်သေးတယ်။ ဖောင်းပြင်မရောက်ခင် လမ်းမှာ မြင်သာ၊ ရေလဲ၊ ရွှေပြည်အေးတို့ အဲဒီရွာတွေရှိသေးတယ်။ အဲဒီမှာတင်တယ်။ ဒါက နာမည်ကြီးတဲ့ မြို့ကြီးတွေပေါ့။ ဒါ့အပြင် နာမည်မရှိတဲ့ ရွာကြီးတွေရှိသေးတယ်။ အဲဒီရွာကြီးတွေ တင်ပြီးတော့ စက်လှေက အရမ်းမြုပ်သွားပြီ။ ရေတွေဝင်လာပြီး အဲဒီလိုနဲ့ ဖောင်းပြင်ရောက်လာတာပေါ့။ အဲဒီရောက်တော့ လူအင်အားအရမ်းများနေ ပြီး မြုပ်တော့မယ်ဆိုတာသိလို့ ဦးလေးက အဲဒီမှာ တိုင်တာ။

ဘယ်သူ့ကို သွားတိုင်ခဲ့တာလဲ။ သူတို့က ဘယ်လိုတုံ့ပြန်ခဲ့ပါ သလဲ။

လိုင်းပေါင်းစုံ ရေယာဉ်စည်း ကမ်းထိန်းသိမ်းရေးဆိုတာရှိ တယ်။ အဲဒီမှာ တိုင်တာပဲ။ ရေ ယာဉ်က လူအရမ်းများနေတယ်။ လူအရမ်းများနေတော့ အန္တရာယ် ရှိနေတယ်။ ဒီရေယာဉ်ကို ခင်ဗျား တို့ ဘယ်လိုလုပ်ပေးမလဲဆိုတော့။ ကျွန်တော်တို့ပြောတယ်။ ပြောလို့ မရဘူးတဲ့။ အဲဒီရေယာဉ်က ဟုမ္မ လင်းကပါတဲ့သူနဲ့ ရောင်းထားပြီး သားလူတွေကြောင့် မတင်မဖြစ် တင်ရမယ် ပြောတယ်တဲ့။ ဒါပေ မဲ့ ကျုပ်တို့မှာ အန္တရာယ်ရှိနေပြီ၊ ခင်ဗျားတို့ ဘယ်လိုလုပ်မှာလဲလို့ ဆိုတော့ ကျွန်တော်တို့ ဘာမှလုပ် ပေးလို့မရဘူးတဲ့။ ဒါဆို ရဲစခန်း ဘယ်မှာရှိလဲလို့မေးတော့ ရဲစခန်း က လှမ်းတယ်တဲ့။ အဲဒီအချိန်မှာ သင်္ဘောက ပြန်ခွာနေပြီ။ သူတို့ကို မပြောခင် ဦးလေးက ရေယာဉ်မှာ လုပ်တဲ့ကောင်ပေါ့။ အခုအသက် ရှင်တယ်ဆိုတဲ့ကောင်။ မင်းတို့ အရမ်းမတင်နဲ့ ရေယာဉ်မြုပ်တော့ မယ်လို့ ဦးနဲ့စကားများတယ်။ စကားများတော့ သူက ဘာပြော လဲဆိုတော့ ဈေးသည်တက်တာ များလို့ ဈေးသည်တွေ ဆင်းသွား ရင် ဝိတ်လျော့သွားလိမ့်မယ်တဲ့။ မဟုတ်ဘူးနော် ရေဝင်နေပြီ။ ဦးလေးက အဲဒီလိုပြောတယ်။ ပြောမရတော့မှ အပေါ်တက်တိုင် တယ်။ အဲဒီအချိန်မှာ တစ်ယောက်တည်းကို ပျာယာခတ်နေပြီ။ ကြောက်လည်းကြောက်တာကိုး။ ဒါဆို ခင်ဗျားတို့ကို ကျွန်တော် ဓာတ်ပုံရိုက်မယ်။ အထက်ကို တိုင်မယ်။ လိုင်းပေါ်တင်မယ်ပြော တော့ ရတယ်ရိုက်တဲ့။ သူတို့ရိုက် ခံတယ်။ အဲဒါ ဦးလေးခိုးပြီး ရိုက် တာမဟုတ်ဘူး။ ဗြောင်ပြောပြီး ရိုက်ခဲ့တာ။ ပြီးတော့ ဦးလေးစီးတဲ့ စက်လှေကိုလည်း ဘက်ပေါင်းစုံ ကနေရိုက်ပြီး လိုင်းပေါ်တင်ပေး လိုက်တယ်။ သင်္ဘောမှောက်မယ် ဆိုတာ ထင်နေလို့ ဦးလေးတို့ လင်မယားနှစ်ယောက်က သင်္ဘော ထွက်လာတဲ့အချိန်ကတည်းက ပလတ်စတစ်ပုံး အဝါအကြည် တွေကို တစ်ယောက်တစ်ပုံး လက်မှာ  ချီပြီးလိုက်လာခဲ့တာ။

ကမ်းမှာ အကြောင်းကြားပြီးတော့ ရေယာဉ်က ဘယ်လောက်အကြာ ဆက်မောင်းပြီးမှ မှောက်တာလဲ။

ညနေ ၃ နာရီက ဦးလေးအ ကြောင်းကြားတာ။ နောက်တစ်နေ့မနက် ၅ နာရီမှာ နစ်တာ။ ၁၂ နာရီကျော်သွားတာပေါ့။ ဦးလေး ဆက်စီးခဲ့ရတာ။

ကြားမှာ ခရီးသည်တွေ ထပ်တင် သေးလား။

ဟာ များတယ်။ အကြောင်း ကြားပြီးတော့ကို ဆက်ပါလာသေးတယ်။ သူက တစ်ရွာတစ်ခါတက် လေ။ အဆင်းမရှိဘူး။ အတက်ပဲ များတယ်။ တော်တော်ကြီးကို အ ခြေအနေဆိုးတယ်။

တရားဝင်ကြေညာတော့ စက်လှေမှာပါတဲ့သူအရေအတွက်က ၁၀၀ လောက်ပဲရှိတယ် သိရတယ်။ ဦးလေးမြင်ခဲ့ရသလောက် ဘယ် လောက်ရှိနိုင်မလဲ။

၂၅၀ နဲ့ ၃၀၀ ပဲ။ ၃၀၀ မပို နိုင်ဘူးဆိုရင် ၂၅၀ အောက်မှာ မရှိဘူး။ ဦးက ကြောက်တတ်တယ်။ လျှောက်သွားနေတာလေ။ လျှောက်ကြည့်နေတာကိုး။ သေ တဲ့သူတွေလည်း သိတယ်။ Upperက ဦးဖုန်းတို့ ဘာတို့လည်း ဦးလေးသိတာပဲ။ သူလည်းကြောက်တတ် တယ်။ ခဏခဏသွားပြောကြ တယ်။ ဦးလေးလိုပဲ သွားပြောကြ တဲ့သူတွေရှိတယ်။ နစ်ခါနီး တစ် နာရီလောက်အလိုမှာ အဲဒီရေ ယာဉ်က မြစ်လယ်မှာ ကျောက်ချ လိုက်တယ်။ ရေတွေစုပ်ထုတ်ရ တယ်။ အဲဒီအချိန် မြစ်ထဲမှာ ကျောက်ချရပ်လိုက်တော့ အန္တ ရာယ်ကင်းတယ်ဆိုပြီး ဦးလေး အိပ်လိုက်တယ်။ အဲဒီမတိုင်ခင် တစ်ညလုံး မအိပ်ဘူး။ ဦးလေး ကြောက်လို့။ ဦးလေးက အစွန်မှာ နေတာ။ အမျိုးသမီးက ဘေးမှာ။ သူ့ကို အစွန်မှာမထားဘူး။ နစ်တဲ့ အချိန်ကျတော့ ရေက ဗွမ်းဆိုပြီး ဝင်လာတယ်။ အဲဒီလိုနဲ့ တစ်ခါ တည်းနစ်သွားတော့တာ။

မြုပ်သွားတဲ့အချိန်မှာ မြင်ရတဲ့အ ဖြစ်အပျက်လေးတွေကို ဘယ်လို မြင်ခဲ့လဲ။

မမြုပ်ခင်ကတည်းက မြုပ် မယ်လို့ သိနေတယ်။ ဦးလေးရဲ့ အမြင်ပေါ့။ ဦးလေးက သင်္ဘော ကို (သင်္ဘောပေါင်)ခွထိုင်ထားတာ ထွက်လို့လွယ်အောင်လို့လေ။ ခွထားတာ။ အဲဒီအချိန်မှာ သင်္ဘောက တည့်တည့်မောင်းလာတာက နေ စောင်းပြီးကွေ့လိုက်တယ်။ သူတို့ပြောတာကတော့လေ ကျောက်ဆောင်တွေ့ လို့ပြောတာပဲ။ အဲဒါဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ဒါပေမဲ့ ဘာနဲ့မှ တိုက်မိတာမျိုးမရှိ ဘူးနော်။ သူက ရေမြုပ်နေတယ်။ ရေမြုပ်နေတော့ စက်အားက တွန်းပြီးမောင်းရတာ။ စပိဘုတ်လိုပဲ။ ထောင်ပြီး ပြေးတာ။ သူ့ရဲ့သဘော သဘာဝက တည့်တည့်သွားတော့ ပြဿနာမရှိဘူးလေ။ လှိုင်းတွေ ကို ခွဲပြီးသွားတာပေါ့။ ကွေ့လိုက် တဲ့အချိန်ကျတော့ မှောက်သွား ရော။ ဝိတ်များပြီး စောင်းပြီး မှောက်သွားတာ။ စက်လှေမှောက်တော့ အရင်ဆုံး ဦးလေးရေမြုပ် သွားတာပဲ။ ဘာမှမမြင်တော့ဘူး။ ပြန်ပေါ်တဲ့အချိန်ကျတော့ ရေပေါ် မှာ လူတွေ အများကြီးပဲ ခေါင်း လေးတွေပဲပေါ်ပြီး အော်နေကြ တယ်။ အော်ရင်းအော်ရင်း ပြန် မြုပ်သွားကြတယ်။ အဲဒီလိုမြုပ် သွားကြတာ အများကြီးပဲ။

သင်္ဘောပေါ်မှာ အသက်ကယ်ဝတ်စုံတွေ၊ တခြားကယ်ဆယ်ရေး ပစ္စည်းတွေ ထားထားတာတွေ့ လား။

သင်္ဘောဆယ်ပုံလေးတွေ တွေ့မှာပေါ့။ သင်္ဘောနဲ့အတူ ပြန် ပေါ်လာတဲ့ ဘောတွေ တွေ့လိမ့် မယ်။ သူက အသက်ကယ်ဘော တွေကို သင်္ဘောနဲ့ အသေချည် ထားတာ။ သူတို့က ဖြုတ်လို့ ပျောက်မှာစိုးလို့ သူတို့က အသေ ချည်ထားတာ။ သက်ကယ်အကျႌ လည်း မရှိဘူး။ ဘာတွေပါလဲဆို တော့ ဦးတို့သုံးတဲ့ ဆီပုံးမျိုးတွေကို ခေါင်မိုးပေါ်မှာ ကြိုးနဲ့ အသေချည် ထားတယ်။ အခုသင်္ဘောပေါ်လာ တာ အဲဒါနဲ့ ပေါ်လာတာပဲ။ အမှန် က ဖြစ်လိုက်ရင် ဘောတွေ ပုံး တွေက ဘွားခနဲပေါ်လာရမှာ။ လူ တွေ အဲဒါဖက်တွယ်ပြီး ကူးသွားရ မှာ။ အဲဒါနဲ့ အသက်ရှင်ရမှာ။ သင်္ဘောနစ်တယ်ဆိုတာ ရုပ်ရှင် ထဲကလို အချိန်အကြာကြီးနဲ့ နစ် တာမဟုတ်ဘူး။ ပလုံဆိုနစ်သွား တာ။ အဲဒါတွေ ရုတ်တရက်ပေါ် လာမှ လူတွေက အသက်ရှင်မှာ လေ။ အဲဒါကို အသေချည်ထား တော့ ဘယ်လိုမှ ဖြေလို့မရဘူး။ ခရီးသည်တွေကိုလည်း ဘယ်နား မှာ သက်ကယ်အကျႌထားပါတယ် ဘာညာတစ်လုံးမှ မပြောဘူး။ လာသမျှ ခရီးသည်တက်ပဲ။ စီးရဲရင် လိုက် မစီးရဲရင်နေခဲ့ပဲ။ အဲဒီလို သွားတာ။ ဒီနေ့အချိန်ထိ ဦးလေး သတင်းစာတွေ၊ ဂျာနယ်တွေ ဖတ်တယ်။ သူတို့အခုအချိန်အထိ တောင်းပန်တာတွေ ဘာတွေ အခုအထိ မလုပ်သေးဘူး။ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ က လူတွေ အကုန်တွေ့တယ်။ မီ ဒီယာတွေလာတယ်။ အားပေး စကားပြော အင်တာဗျူးသွား တယ်။ အကုန်သူ့အလုပ်သူလုပ် သွားကြတယ်။ ဒီနေ့အချိန်ထိ ဦးလေးတို့ကို အေးငြိမ်းချမ်းသာ ရေယာဉ်အသင်းကနေ ပြည်သူ တွေကို ဘယ်လိုလုပ်ပေးပါတယ် တစ်လုံးမှ မလာသေးဘူး။ ဘယ် ဂျာနယ်မှာပါတယ် ဦးလေးမသိ ဘူး။ ဂျာနယ်တွေတော့ တောက် လျှောက်စောင့်ဖတ်နေတာပဲ။

စက်လှေဘက်က ဝန်ထမ်းဘယ် လောက်ပါပြီး မမြုပ်ခင်နဲ့ မြုပ်တဲ့ အချိန်မှာ ခရီးသည်တွေကို ကြို တင်ကူညီဆောင်ရွက်ပေးခဲ့တာရှိ လား။

လုံးဝကို မရှိတာ။ လုံးဝကို မရှိတာ။ စက်လှေမြုပ်တော့ သူတို့ တွေ ဘယ်သူ့ကို ကူညီလိုက်ပါ တယ်ဆိုတာ မရှိသလို ရဲစခန်းကို သွားတော့ အဲဒီစက်လှေက ကောင်တွေ သွားတွေ့တယ်လေ။ အဲဒီမှာလည်း မေးခဲ့တယ်။ မင်း ကြောင့် ငါတို့သေကြပြီ။ မင်းကို အတန်တန်တောင်းပန်တယ်။ မင်း ဘာလို့ အဲဒီလိုလုပ်ရတာလဲလို့။ လွယ်လွယ်လေး သူက ပြန်ပြော တာက အုံနာတင်ခိုင်းတာပါတဲ့။ အုံနာတော့ ဦးမသိဘူး။ ပိုက်ဆံ ကောက်တဲ့ကောင်ကို ဦးလေးသိ တယ်။ မောင်းတဲ့ကောင်ကို ဦးလေးသိတယ်။ ကျန်တဲ့ကလေး တွေက ခေါက်စားလေးတွေပါ။ တကယ်တမ်း တာဝန်ရှိတာ စက်လှေမှာ ပိုက်ဆံကောက်တဲ့ကောင် မှာ တာဝန်ရှိတယ်။ စက်လှေပိုင်ရှင်မှာ တာဝန်ရှိတယ်။

ရေယာဉ်နစ်မြုပ်ပြီး ဘယ်လောက် အကြာမှာ ကယ်ဆယ်ရေးအဖွဲ့ တွေ ရောက်လာကြပါသလဲ။

မြုပ်ပြီး သိပ်မကြာပါဘူး။ ၁၀ မိနစ်လောက်နေတော့ပေါ့။ သူတို့ကကွာ သင်္ဘောမြုပ်မယ်ဆို တာ ကြိုပြီးသိမနေတော့ စောင့် နေကြတာမဟုတ်ဘူးလေ။ စက် လှေနစ်တော့ လူတွေအော်ကြ ဟစ်ကြ အသံတွေကြားတော့ ရွာ ထဲက လူတွေက စက်လှေတွေနဲ့ ထွက်ပြီး ကယ်ကြတာ။ အဲဒီအ ချိန်မှာ လူပေါင်း ၁၅၀ ကျော် လောက်ကို သူတို့ ကယ်လိုက်ကြ တာ။

ဘယ်ရွာတွေကနေ လာရောက် ကယ်ဆယ်ခဲ့ကြတာလဲ။

မိကျောင်းတွင်းရွာ၊ ကင်းရွာ အထက်၊ အောက် အဲဒီရွာသုံးရွာ က လူတွေက ဦးတို့ကို ကယ်လိုက် ကြတာ။ တစ်ရွာကို ပဲ့ထောင်ငါး စီး၊ ခြောက်စီးလောက်။ အဲဒီမြစ် ထဲ အစီးနှစ်ဆယ်လောက်နဲ့ ကယ် ကြတာ။ တစ်စီးကို လူလေး၊ ငါး၊ ခြောက်ဦးလောက်ဆံ့တယ်။ ခေါက်တုံ့ခေါက်ပြန် ကယ်ကြ တာ။ အဲဒါကြောင့် လူတွေအသက်ရှင်ကြတာ။ လာကယ်ပြီး ပါတဲ့သူ တွေကို ကမ်းပေါ်တင်တယ်။ ကမ်းပေါ်ရောက်တော့ ရွာထဲကလူတွေ က ဦးတို့ကို အဝတ်အစားတွေ ရော လိုအပ်တာတွေ ဝိုင်းကူညီကြတယ်။ ရေနွေးတွေ တိုက်တယ်။ အားပေးစကားတွေပြောပေါ့။ ဟို ဘက်မှာလည်း ကယ်ထားတာ တွေ ရှိတယ်။ သိပ်မစိုးရိမ်ကြပါနဲ့ ပေါ့။ သားသမီးပျောက်နေသေး လို့ အော်ကြဟစ်ကြနဲ့ပေါ့။ ဦးလေးလည်း ဦးလေးမိန်းမ ပျောက်လို့ လေ။ လိုက်ရှာတာ မတွေ့ဘူး။ ဦးလေးမိန်းမက ရေထဲမြုပ်သွား တယ်။ ပြန်ပေါ်တဲ့အချိန်မှာ ပတ် ဝန်းကျင်က ကယ်လိုက်လို့ အ သက်ရှင်ပြီး ဆေးရုံရောက်သွား တာ။

ရေယာဉ်နစ်မြုပ်ပြီးတဲ့နောက် အစိုးရတာဝန်ရှိသူတွေ ဘယ် လောက်အကြာမှာ ရောက်လာခဲ့ သလဲ။

၁၁ ခွဲ ၁၂ လောက်မှာ ရောက်လာကြတယ်။ အရင်ဆုံး ရောက် လာတာက မီဒီယာသမားတွေ။ ၈၈ မျိုးဆက်အဖွဲ့က လာကြ တယ်။ ပြီးတော့ အင်န်အယ်လ်ဒီ အဖွဲ့တွေ၊ နာရေးကူညီမှုအဖွဲ့ တွေ ရောက်လာကြတယ်။ အစိုး ရအဖွဲ့အနေနဲ့ကတော့ သူတို့ လည်း ကြိုသိရတာမဟုတ်တော့ မုံရွာကတောင် လာရတာလေ။ သုံးနာရီ၊ လေးနာရီလောက်စီးရ တယ်လေ။ သူတို့လည်း တော် တယ်လို့ ပြောရမှာပေါ့။ အဲဒီ လောက်အချိန်အတွင်း ရောက် အောင်လာခဲ့ကြတာ။ သူတို့လည်း သူတို့လုပ်နည်းအတိုင်း လုပ်ကြရ တာလေ။ တစ်ယောက်တည်း ထွက်လာလို့မရဘူး။ ပြီးတော့ ခရီးလမ်းကလည်း မကောင်းဘူး။ ဆေးတပ်ဖွဲ့တွေလည်း လေးနာရီ၊ ငါးနာရီလောက်ကြာတော့ ရောက် လာကြတယ်။ သူတို့လည်း အချိန် နဲ့ တစ်ပြေးညီလုပ်နေကြတာ။ နောက်ကျမှုတော့ အနည်းအ ကျဉ်းရှိမှာပေါ့။

အစိုးရနဲ့ ဒေသခံတွေက ဘယ်လို ဆက်ပြီး ကူညီပံ့ပိုးပေးခဲ့ကြလဲ။

ဒေသကူညီပံ့ပိုးမှုကတော့တိုင်းဒေသကြီးလွှတ်တော်ကလု့ိ တော့ ပြောတယ်။ တစ်ယောက်ကို နှစ်သောင်းပေးတယ်။ ပြီးတော့ အဲဒီကျေးရွာမှာရှိတဲ့ ဦးကံသွင်ကတစ်ယောက်ကို တစ်သောင်းနှုန်းကူညီထောက်ပံ့တယ်။ အစိုးရက ဖြစ်တဲ့နေ့ ညနေပိုင်းလောက်ရောက်လာပြီး တစ်ယောက်နှစ် သောင်းပေးသွားတယ်။ ပြီးတော့ဘာမှ မလာတော့ဘူး။ ဆေးရုံတက်တဲ့အချိန်မှာ ဝန်ကြီးချုပ် လာကြည့်တယ်။ အင်န်အယ်လ်ဒီက လာကြည့်တယ်။ သင်္ဘောအသင်း ကတော့ လုံးဝလာမကြည့်ဘူး။

တိုင်းဒေသကြီး ဝန်ကြီးချုပ်လာ ကြည့်တော့ ဒီဖြစ်စဉ်နဲ့ပတ်သက် လို့ ဘာများပြောသွားတာရှိလဲ။

ဝန်ကြီးချုပ်ကတော့ ကူညီ မယ်။ ဒီဟာကို မပေါ်ပေါ်အောင် ဖော်မယ်။ လိုအပ်တာကို ကူညီ ပေးမယ်။ ကျွန်တော်တို့လုပ်နိုင် မယ့် ကိစ္စတွေရှိရင် ကျွန်တော့်ကို အကြောင်းကြားပါ။ ကျွန်တော်ကူ ညီပေးမယ်။ ဖြစ်စဉ်အပေါ် အရေးယူပေးမယ်။ သူက တောက် လျှောက် ဒါပဲပြောတယ်။ ကျွန် တော်နဲ့ နှစ်ခေါက်တွေ့တာပေါ့။ သူကတော့ တော်ပါတယ်။ ဒါပေ မဲ့ တစ်မျိုးပေါ့ကွာ။ ဦးတို့ ခံစား ချက်နဲ့ မြင်ရတွေ့ရတာ သိပ် တော့ ပုံစံမကျဘူး။ ဦးလေး အခု ပြောတာက ရေနစ်တဲ့သူတွေအ တွက် နောင် အဲဒီလိုမဖြစ်ရအောင် ပြောတဲ့စကားနော်။ အကန့်တွေ ရှိတယ်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် က ဦးက ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မေးတယ်။ တချို့ပတ်သက်မှုရှိတဲ့ သူတွေက ဝင်ပြီးစကားလမ်း ကြောင်းကို လွှဲကြတယ်။ အဲဒါကို သိတော့ စစ်ကိုင်းတိုင်းဝန်ကြီးက အဲဒီလိုမပြောမခံတော့ဘူး။ သူပြောချင်တာ ပြောပါလေ့စေ။ ဗီဒီယိုဖိုင်ရိုက်၊ မှတ်တမ်းယူ၊ ပြီးရင်အားလုံးသူအရေးယူမယ် ပြောတယ်။တချို့ကတော့ သူတို့နစ်နာစေမယ့် စကားတွေ ဦးလေးပြောလိုက်ရင် သူတို့နစ်နာသွားကြမှာကြောက် နေကြတယ်။ အဲဒါကြောင့် သူတို့ ဝင်ဝင်ပြီး ကာနေကြတဲ့သူတွေ အဲဒီလိုလူတွေ အများကြီးတွေ့ခဲ့ ရတယ်။ ဦးလေးမိန်းမ ရေနစ်သွား တယ်။ ဆေးရုံရောက်သွားတယ်။ လိုအပ်လို့ မုံရွာဆေးရုံပို့တယ်။ လူနာအနေနဲ့ ပို့တာနော်။ လွှဲ စာဆေးစာနဲ့ ပို့တယ်။ ဦးတို့ကား ထွက်လာတယ်။ ထွက်တော့ ဝန် ကြီးချုပ်နဲ့လည်း တွေ့တယ်။ ဝန်ကြီးချုပ်နဲ့ ပြောနေတုန်း သမ္မတဆီက ဖုန်းလာလို့ဆိုပြီး အပြင် ထွက်ဖုန်းပြောနေတဲ့အချိန်မှာ လူ တစ်ယောက်က ကပ်လာပြီး တား တယ်။ တစ်ဖက်ကို စဉ်းစားပေးပါ လို့ ပြောတယ်။ နှစ်ဖက်နားထောင်ရမယ်ဆိုပြီး ဖြစ်လာတယ်။ ဒီလူ ဘယ်သူလဲဆိုတာလည်း ဦးလေး သိသွားပြီ။ အဲဒီဖိုင် ဦးလေးမှာရှိ တယ်။ ဗီဒီယိုဖိုင်တောက်လျှောက် ယူထားတာ။

အဓိက စက်လှေမြုပ်ရတဲ့အ ကြောင်းရင်းက ဘာကြောင့်လို့ ဦးလေးမြင်ပါသလဲ။

လူတွေ၊ ကုန်တွေ အဆ မတန်တင်တာ၊ မဆင်မခြင်တင် တာကြောင့်လို့ပဲ ထင်တယ်။

ဘယ်သူတွေမှာ အဓိကတာဝန်ရှိ တယ်လို့ကော ထင်ပါသလဲ။

ဘယ်သူ့မှာ အဓိကတာဝန်ရှိ လဲဆိုတော့ စက်လှေပိုင်ရှင်ပေါ့ နော်။ စက်လှေမောင်းတဲ့သူနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာ တာဝန်ရှိတယ်လို့ ပြောရမှာပေါ့။ အဓိက သူတို့ပဲ။ သူတို့ထိန်းသိမ်း ရင်ရတယ်။ သူတို့ဘယ်လောက် တင်တင် စည်းကမ်းထိန်းသိမ်းရေး က မတင်ရဘူးဆိုရင် သူတို့ထွက် လို့မရဘူး။

ရှေ့ဆက်ပြီးတော့ စက်လှေစီးနင်း ကြရမယ့်သူတွေအတွက် ဘယ် လိုများ အကြံပြုချင်ပါသလဲ။

ကိုယ်စီးတဲ့ ရေယာဉ်ကို ကြံ့ ခိုင်မှု ရှိ၊ မရှိကြည့်။ လူများ၊ မများကြည့်။ ပြီးတော့ စက်လှေတစ်ခု လုံးရဲ့ ဝင်ပေါက်၊ ထွက်ပေါက် တွေ လေ့လာ။ စက်လှေပေါ် ရောက်တာနဲ့ အိပ်တာမျိုးတော့ မလုပ်နဲ့ပေါ့နော်။ အသက်ကယ် ဘောတွေ ရှိ၊ မရှိ သူတို့မပေးနိုင် လို့ရှိရင်လည်း ကိုယ်ပိုင်အသက် ကယ်အကျႌပဲဖြစ်ဖြစ်၊ အသက် ကယ်ပုံးတွေ ဝယ်ဆောင်သွားပါ လို့။ အဲဒါမှ ကိုယ့်အတွက်အဆင် ပြေလိမ့်မယ်။

အစိုးရတာဝန်ရှိသူတွေကိုကော ဘာလိုအကြံပြုချင်ပါသလဲ။

အစိုးရပိုင်းကတော့ အရမ်း အားနည်းတယ်လို့ ပြောရမှာပဲ။ ဒီရေယာဉ်က ဆွဲနေတာကြာပြီ။ အခုမှ နစ်တာမဟုတ်ဘူး။ ခဏ ခဏနစ်နေတာ။ လူသေတာနည်း တာနဲ့ များတာပဲကွာတယ်လေ။ အခုက လူသေတာ တော်တော် များလို့ အများက သတိထားမိ တာ။ ရေယာဉ်စည်းကမ်းထိန်း သိမ်းရေးကို တာဝန်ပေးထားရင် အဲဒီလူတွေကို လုပ်ပိုင်ခွင့်အပြည့် ပေးထားပါ။ စည်းကမ်းထိန်းသိမ်း ရေးအမည်ခံထားပြီး လုပ်ပိုင်ခွင့် မရှိရင်လည်း အဲဒီကောင်တွေကို ဘာမှပြောမရဘူး။ သူတို့ရဲ့အမိန့် နဲ့ အဲဒီသင်္ဘောက သွားနိုင်ရမယ်။ ဒါကြောင့် လုပ်ပိုင်ခွင့်အပြည့်ပေး ထားဖို့လိုတယ်။

ဒီဖြစ်စဉ်ကြောင့် သေဆုံး၊ နစ်နာ ခဲ့ကြရတဲ့သူတွေကိုယ်စား ဦးလေးဘက်က ဘယ်လိုများ ဖြစ်ချင်လဲ။ ဘာတွေ တောင်းဆိုချင်ပါသလဲ။

အခုဖြစ်ပျက်ခဲ့တဲ့ ပြဿနာ နဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူ တွေ၊ ရေယာဉ်မောင်းတွေကို တိ တိကျကျ၊ နောင်လူတွေ မြင်တဲ့အခါ မလုပ်ရဲအောင်လို့ ထိရောက် တဲ့ ဟန့်တားမှု၊ ထိရောက်တဲ့အ ရေးယူမှုတွေ ပေးစေလိုပါတယ်။

ဘာများဖြည့်စွက်ပြောချင်ပါ သေးလဲ။

နောက်ဒီလိုမဖြစ်ရအောင် စည်းကမ်းထိန်းသိမ်းရေးအပိုင်း က တာဝန်ရှိသူတို့က အမြဲကြပ် မတ်ပေးနေဖို့ပေါ့။ ဒီကိစ္စ ဒီမှာ တင်ပြီးမသွားဘဲ နောက်ဒီလို မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆို တာကို ဝိုင်းဝန်းတွေးခေါ်ပြီးတော့ တာဝန်ရှိသူအဆင့်ဆင့်ကနေ တာဝန်ယူပြီး ဆောင်ရွက်ကြပါ။ ရေယာဉ်အသင်းက ပိုင်ရှင်တွေ ကလည်း လောဘမတက်ပါနဲ့။ တစ်သောင်းတန်တဲ့ လမ်းနဲ့ မကိုက်ရင် တစ်သောင်းခွဲတောင်း လိုက်ပါ။ မျှတအောင်တောင်းပါ။ ခရီးသည်တွေအနေနဲ့ကလည်း အန္တရာယ်ကင်းလောက်မယ့် အ နေအထားရှိမယ်ဆိုရင် တစ်သောင်းခွဲပေးစီးသင့်ရင် စီးလိုက် ကြပါ။

ကျေးဇူးတင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top