Property Expo
×

ဖားကန္႔ေဒသရွိ ေရမ ေဆးေက်ာက္ ရွာေဖြသူမ်ားကို ပထမဆံုးအႀကိမ္အျဖစ္ သက္ ေသခံကတ္ျပားထုတ္ေပးရန္ အုပ္ ခ်ဳပ္ေရးပိုင္းႏွင့္ ပူးေပါင္းစီစဥ္ေန ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္က ေျပာၾကားသည္။


ဖားကန္႔ေဒသတြင္ ျမန္မာ ႏိုင္ငံေဒသအႏွံ႔မွ လာေရာက္ေသာ ေရမေဆးေက်ာက္ရွာေဖြသူ ႏွစ္သိန္းမွ သံုးသိန္းၾကားရွိေနၿပီး အေရအတြက္အတိအက် သိႏိုင္ရန္ ေရမေဆးေက်ာက္ ရွာေဖြသူ တစ္ဦးလွ်င္ သက္ေသခံစိစစ္ေရးကတ္ျပားတစ္ခု ထုတ္ေပးရန္ စာရင္းေကာက္ယူေနေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ အေထြေထြအုပ္ ခ်ဳပ္ေရးမွဴး႐ံုးမွ သတင္းရရွိသည္။

 ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဒါရွိ လဆိုင္းက ‘‘သူတို႔ (ေရမေဆးသ  မားမ်ား)ေတြကို အခု ေမွာ္ေတြထဲမွာ လိုက္ေတြ႕ေနတယ္။ လႊတ္ ေတာ္ ကိုယ္စားလွယ္ေတြ၊ ေက်ာက္စိမ္းလုပ္ငန္းရွင္ေတြ၊ အုပ္ခ်ဳပ္ေရးပိုုင္း တာ၀န္ရွိသူေတြစုၿပီး သူတို႔နဲ႔ ေဆြးေႏြးတယ္။သက္ေသခံ ကတ္ျပားေလးေတြ လုပ္ေပးျခင္းအားျဖင့္ လူစာရင္းအတိအက်ရမယ္။ သူတို႔ရွာတဲ့ ေက်ာက္ေတြ လြတ္လပ္စြာေရာင္းခ်ေရးအတြက္လည္း ေဆြးေႏြးေန တယ္။ ေနာက္ၿပီး သူတို႔နစ္နာမႈအတြက္လည္း ဆန္းစစ္ႏိုင္မယ္။ ကြၽန္ေတာ္တို႔ လိုက္ေဆြးေႏြးတဲ့အခါ သူတို႔ကလည္း လႈိက္လႈိက္လွဲလွဲရွိၾကတယ္။ ဒီလအတြင္း ေလာက္ အၿပီးသတ္ စာရင္းေကာက္မယ္’’ဟုေျပာသည္။

 သက္ေသခံကတ္ျပား ျပဳ လုပ္ေပးရာတြင္ ကတ္၏ ေရွ႕ ဘက္၌ တစ္ဦးခ်င္းစီ၏ အမည္၊ အသက္၊ မိဘအမည္ႏွင့္ ေနရပ္ လိပ္စာ ပါ၀င္မည္ျဖစ္ၿပီး ေနာက္ ေက်ာဘက္တြင္ ၎တို႔လိုက္နာရမည့္ စည္းကမ္းခ်က္အခ်ိဳ႕ ႐ိုက္ ႏွိပ္ေဖာ္ျပထားမည္ျဖစ္သည္။

ဖားကန္႔ေဒသတြင္ ေရမ ေဆးေက်ာက္ရွာေဖြသူ သိန္းခ်ီရွိ ေနၿပီး ေျမၿပိဳမႈမ်ားေၾကာင့္ ေသဆံုးသူမ်ား မၾကာခဏ ျဖစ္ပြား ေလ့ရွိသည္။ ေျမစာပံုႀကီးမ်ား ၿပိဳက်မႈတြင္ ေသဆံုးသူဦးေရကိုလည္း အတိအက် ေဖာ္ထုတ္ႏိုင္ေလ့မရွိေပ။ ေရမေဆးေက်ာက္ သမားမ်ားႏွင့္ ေက်ာက္စိမ္းကုမၸ ဏီမ်ားအၾကား ထိေတြ႕မႈ မၾကာခဏျဖစ္ေပၚေနသည္။ ယခုကဲ့သို႔ သက္ေသခံကတ္ျပား ျပဳလုပ္ေပးျခင္းျဖင့္ ေရမေဆးေက်ာက္သမားမ်ား၏ အခြင့္အေရးကို ကာကြယ္ႏိုင္သလို ေဒသတြင္း အမႈအခင္းမ်ား ေဖာ္ထုတ္ရာတြင္ လည္း ထိေရာက္မႈရွိႏိုင္ေၾကာင္း ေက်ာက္စိမ္းလုပ္ငန္းရွင္ ဦးခင္ခ်ိဳ ကသံုးသပ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဖားကန့်ဒေသရှိ ရေမ ဆေးကျောက် ရှာဖွေသူများကို ပထမဆုံးအကြိမ်အဖြစ် သက် သေခံကတ်ပြားထုတ်ပေးရန် အုပ် ချုပ်ရေးပိုင်းနှင့် ပူးပေါင်းစီစဉ်နေ ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။


ဖားကန့်ဒေသတွင် မြန်မာ နိုင်ငံဒေသအနှံ့မှ လာရောက်သော ရေမဆေးကျောက်ရှာဖွေသူ နှစ်သိန်းမှ သုံးသိန်းကြားရှိနေပြီး အရေအတွက်အတိအကျ သိနိုင်ရန် ရေမဆေးကျောက် ရှာဖွေသူ တစ်ဦးလျှင် သက်သေခံစိစစ်ရေးကတ်ပြားတစ်ခု ထုတ်ပေးရန် စာရင်းကောက်ယူနေကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

 ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှိ လဆိုင်းက ‘‘သူတို့ (ရေမဆေးသ  မားများ)တွေကို အခု မှော်တွေထဲမှာ လိုက်တွေ့နေတယ်။ လွှတ် တော် ကိုယ်စားလှယ်တွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တွေ၊ အုပ်ချုပ်ရေးပိုုင်း တာဝန်ရှိသူတွေစုပြီး သူတို့နဲ့ ဆွေးနွေးတယ်။သက်သေခံ ကတ်ပြားလေးတွေ လုပ်ပေးခြင်းအားဖြင့် လူစာရင်းအတိအကျရမယ်။ သူတို့ရှာတဲ့ ကျောက်တွေ လွတ်လပ်စွာရောင်းချရေးအတွက်လည်း ဆွေးနွေးနေ တယ်။ နောက်ပြီး သူတို့နစ်နာမှုအတွက်လည်း ဆန်းစစ်နိုင်မယ်။ ကျွန်တော်တို့ လိုက်ဆွေးနွေးတဲ့အခါ သူတို့ကလည်း လှိုက်လှိုက်လှဲလှဲရှိကြတယ်။ ဒီလအတွင်း လောက် အပြီးသတ် စာရင်းကောက်မယ်’’ဟုပြောသည်။

 သက်သေခံကတ်ပြား ပြု လုပ်ပေးရာတွင် ကတ်၏ ရှေ့ ဘက်၌ တစ်ဦးချင်းစီ၏ အမည်၊ အသက်၊ မိဘအမည်နှင့် နေရပ် လိပ်စာ ပါဝင်မည်ဖြစ်ပြီး နောက် ကျောဘက်တွင် ၎င်းတို့လိုက်နာရမည့် စည်းကမ်းချက်အချို့ ရိုက် နှိပ်ဖော်ပြထားမည်ဖြစ်သည်။

ဖားကန့်ဒေသတွင် ရေမ ဆေးကျောက်ရှာဖွေသူ သိန်းချီရှိ နေပြီး မြေပြိုမှုများကြောင့် သေဆုံးသူများ မကြာခဏ ဖြစ်ပွား လေ့ရှိသည်။ မြေစာပုံကြီးများ ပြိုကျမှုတွင် သေဆုံးသူဦးရေကိုလည်း အတိအကျ ဖော်ထုတ်နိုင်လေ့မရှိပေ။ ရေမဆေးကျောက် သမားများနှင့် ကျောက်စိမ်းကုမ္ပ ဏီများအကြား ထိတွေ့မှု မကြာခဏဖြစ်ပေါ်နေသည်။ ယခုကဲ့သို့ သက်သေခံကတ်ပြား ပြုလုပ်ပေးခြင်းဖြင့် ရေမဆေးကျောက်သမားများ၏ အခွင့်အရေးကို ကာကွယ်နိုင်သလို ဒေသတွင်း အမှုအခင်းများ ဖော်ထုတ်ရာတွင် လည်း ထိရောက်မှုရှိနိုင်ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင် ဦးခင်ချို ကသုံးသပ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top