Property Expo
×

ေလာရီယန္႔အသင္းကို နိစ္အသင္းက အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ နိစ္အသင္းတုိက္စစ္မွဴး ဘာေလာ့တယ္လီဟာ ပြဲၿပီးခါနီးမွာ ရလဒ္အလွည့္အေျပာင္းျဖစ္ေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့ေပမယ့္ အနီကတ္ျပစ္ဒဏ္ကေတာ့ မလြတ္ေျမာက္ခ့ဲပါဘူး။

နိစ္အသင္းဟာ ျပင္သစ္လီဂူးပြဲစဥ္ ၈ အၿပီးမွာ ေလာ္ရီယန္႔အသင္းကို ဘာေလာ့တယ္လီသြင္းေပးတဲ့ ေနာက္က်ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ တစ္ဖက္တစ္ဂိုးစီ သေရက်ေနခ်ိန္မွာ ၈၆ မိနစ္အေရာက္ ဘာေလာ့တယ္လီက အႏိုင္ဂိုးသြင္းေပမယ့္ အသင္းဂ်ာစီခၽြတ္ၿပီး ေအာင္ပြဲခံတာေၾကာင့္ အဝါကတ္ျပသတိေပးခံရပါတယ္။ နာက်င္အခ်ိန္ပိုမွာ ေလာ္ရီယန္႔ကစားသမား မိုရီယာနဲ႔ အခ်င္းမ်ားတာေၾကာင့္ ေနာက္ထပ္ အဝါကတ္ျပသခံရၿပီး ကြင္းထဲကထြက္သြားရပါတယ္။

အႏိုင္ဂိုးသြင္းၿပီး မိနစ္ပိုင္းအတြင္း အနီကတ္ျပခံခဲ့ရေပမယ့္ ဘာေလာ့တယ္လီရဲ႕ နိစ္အသင္းဟာ ႐ံႈးပြဲမရွိစံခ်ိန္ဆက္ထိန္းၿပီး ျပင္သစ္လီဂူး အမွတ္ေပးဇယားကို ဦးေဆာင္လွ်က္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

လောရီယန့်အသင်းကို နိစ်အသင်းက အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နိစ်အသင်းတိုက်စစ်မှူး ဘာလော့တယ်လီဟာ ပွဲပြီးခါနီးမှာ ရလဒ်အလှည့်အပြောင်းဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အနီကတ်ပြစ်ဒဏ်ကတော့ မလွတ်မြောက်ခဲ့ပါဘူး။

နိစ်အသင်းဟာ ပြင်သစ်လီဂူးပွဲစဉ် ၈ အပြီးမှာ လော်ရီယန့်အသင်းကို ဘာလော့တယ်လီသွင်းပေးတဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်မှာ ၈၆ မိနစ်အရောက် ဘာလော့တယ်လီက အနိုင်ဂိုးသွင်းပေမယ့် အသင်းဂျာစီချွတ်ပြီး အောင်ပွဲခံတာကြောင့် အဝါကတ်ပြသတိပေးခံရပါတယ်။ နာကျင်အချိန်ပိုမှာ လော်ရီယန့်ကစားသမား မိုရီယာနဲ့ အချင်းများတာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ကွင်းထဲကထွက်သွားရပါတယ်။

အနိုင်ဂိုးသွင်းပြီး မိနစ်ပိုင်းအတွင်း အနီကတ်ပြခံခဲ့ရပေမယ့် ဘာလော့တယ်လီရဲ့ နိစ်အသင်းဟာ ရှုံးပွဲမရှိစံချိန်ဆက်ထိန်းပြီး ပြင်သစ်လီဂူး အမှတ်ပေးဇယားကို ဦးဆောင်လျှက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top