Property Expo
×

သီလ၀ါအမ်ားပုိင္ကုမၸ ဏီ၏ ရွယ္ယာမ်ားခဲြျခမ္းမည္ဆုိ ျခင္းေၾကာင့္ ရွယ္ယာေစ်း ရက္ပုိင္းအတြင္းဆက္တုိက္ျမင့္တက္ လာေၾကာင္း ရန္ကုန္စေတာ့အိတ္ ခ်ိန္းမွ သတင္းရရိွသည္။

‘‘စက္တင္ဘာလကုန္ကေန တက္လာတာ ေအာက္တိုဘာ အထိပဲ။ သီလ၀ါက ၄၂,၀၀၀ ကေန အခု ၄၉,၀၀၀။ ဒီေန႔ဆုိ ၅၂,၀၀၀ အထိျဖစ္လာၿပီ။ အ မ်ားႀကီးတက္တက္လာတာ’’ဟု ရန္ကုန္ စေတာ့အိတ္ခ်ိန္းတြင္ ရွယ္ယာအေရာင္းအ၀ယ္ျပဳလုပ္ သူ ဦးၾကည္ရိွန္က ေအာက္တုိဘာ ၂၇ ရက္၌ ေျပာသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္း တြင္ လက္ရိွေရာင္းခ်ေနေသာ FMI၊ ျမန္မာႏုိင္ငံသားမ်ားဘဏ္ ႏွင့္ သီလ၀ါကုမၸဏီတုိ႔၌ သီလ ၀ါက ရက္ပုိင္းအတြင္း ရွယ္ယာ ေစ်းမွာ တရိပ္ရိပ္ ျမင့္တက္လာ ျခင္းျဖစ္ေၾကာင္း ရွယ္ယာအ ေရာင္းအ၀ယ္ျပဳလုပ္သူမ်ားက ဆုိသည္။

သီလ၀ါ ကုမၸဏီသည္ ေအာက္တိုဘာ ၃၁ ရက္မွ ႏုိ၀င္ ဘာ ၃ ရက္အထိ ေလးရက္ၾကာ ရွယ္ယာခဲြျခမ္းမႈမ်ား ျပဳလုပ္မည္ ျဖစ္၍ ရန္ကုန္စေတာ့အိတ္ခ်ိန္း တြင္ ရွယ္ယာမွတ္ပံုတင္ျခင္းႏွင့္ ရန္ကုန္ စေတာ့အိတ္ခ်ိန္းျပင္ပ ေရာင္းခ်မႈကုိပါ ရပ္ဆုိင္းမည္ဟု ေၾကညာထားသည္။

ေလးရက္ၾကာ ေရာင္းခ်မႈ မ်ား ရပ္ဆုိင္းၿပီး ေစ်းကြက္ျပန္ လည္ဖြင့္လွစ္ခ်ိန္တြင္ ရွယ္ယာ မ်ား ဆက္လက္ျမင့္တက္ႏုိင္ေသး ေၾကာင္း ဦးၾကည္ရိွန္က ေျပာ ၾကားသည္။

ေအာက္တိုဘာ ၂၇ ရက္ ရန္ကုန္ စေတာ့အိတ္ခ်ိန္းေစ်း ကြက္ပိတ္ခ်ိန္တြင္ FMI ကုမၸဏီ သည္ အစုရွယ္ယာတစ္စုလွ်င္ ၁၆,၅၀၀ က်ပ္၊ သီလ၀ါအမ်ား ပုိင္ကုမၸဏီက ၅၂,၀၀၀ က်ပ္ႏွင့္ ျမန္မာႏုိင္ငံသားမ်ားဘဏ္က ၉,၀၀၀ က်ပ္ေစ်းျဖင့္ အေရာင္းအ ၀ယ္ျဖစ္ခဲ့သည္။

သီလ၀ါအထူးစီးပြားေရးဇုန္ အမ်ားပုိင္ကုမၸဏီသည္ ရွယ္ယာ စတင္ေရာင္းခ်ခ်ိန္တြင္ ရွယ္ယာ ေပါင္း ေလးသန္းခန္႔ရိွၿပီး ရွယ္ ယာတန္ဖိုး တစ္ခုလွ်င္ က်ပ္ ၁၀,၀၀၀ သတ္မွတ္ခဲ့သည္။

ယခု ခဲြျခမ္းစိတ္ျဖာမႈအရ ရွယ္ယာအစုေပါင္း သန္း ၄၀ ခန္႔ ႏွင့္ ရွယ္ယာတစ္စုလွ်င္ က်ပ္ ၁,၀၀၀ တန္ဖိုးရိွလာမည္ဟု ထုတ္ျပန္ထားသည္။

ေစ်းႏႈန္း ထပ္မံျမင့္တက္ မည္ဟု ခန္႔မွန္းေနသည့္ သီလ၀ါ ကုမၸဏီသည္ အထူးစီးပြားေရးဇုန္ တြင္ ေျမငွားရမ္းမႈမ်ားျဖင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ားျပားေသာ စီးပြားေရး လုပ္ငန္းျဖစ္ေန၍ စိတ္၀င္စားမႈ မ်ားျပားျခင္းျဖစ္ေၾကာင္း ရွယ္ယာအေရာင္းအ၀ယ္ျပဳလုပ္သူမ်ားက ဆုိသည္။

စေတာ့အိတ္ခ်ိန္း၀င္ကုမၸ ဏီသံုးခုတြင္ FMI ကုမၸဏီက အစုရွယ္ယာအေရအတြက္ ၂၃ သန္းေက်ာ္ကုိ ၁၃၆ ရက္အတြင္း ေရာင္းခ်ထားၿပီး သီလ၀ါကုမၸဏီ က အစုရွယ္ယာသံုးသိန္းေျခာက္ ေသာင္းေက်ာ္ကုိ ၁၀၆ ရက္အ တြင္း ေရာင္းခ်ထားၿပီးျဖစ္သည္ ဟု ရန္ကုန္စေတာ့အိတ္ခ်ိန္းက ထုတ္ျပန္ထားသည္။

တတိယေျမာက္အျဖစ္ စက္ တင္ဘာက စတင္ေရာင္းခ်သည့္ ျမန္မာႏုိင္ငံသားမ်ားဘဏ္က ရက္ေပါင္း ၃၇ ရက္အတြင္း အစု ရွယ္ယာအေရအတြက္ တစ္သိန္း တစ္ေသာင္းေက်ာ္ ေရာင္းခ်ထား ၿပီးျဖစ္ေၾကာင္း သိရသည္။

၂၀၁၅ ဒီဇင္ဘာက စတင္ ဖြင့္လွစ္ၿပီး ၂၀၁၆ မွသာ လုပ္ငန္း မ်ား လည္ပတ္ခဲ့သည့္ ရန္ကုန္ စေတာ့အိတ္ခ်ိန္းသည္ အလ်င္ အျမန္ဖြင့္လွစ္ခဲ့ေသာေၾကာင့္ လူ စိတ္၀င္စားမႈနည္းၿပီး ေအာင္ျမင္ မႈရရန္ ႐ုန္းကန္ေနရသည္ဟု ေ၀ ဖန္မႈမ်ားရိွေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

သီလဝါအများပိုင်ကုမ္ပ ဏီ၏ ရှယ်ယာများခွဲခြမ်းမည်ဆို ခြင်းကြောင့် ရှယ်ယာဈေး ရက်ပိုင်းအတွင်းဆက်တိုက်မြင့်တက် လာကြောင်း ရန်ကုန်စတော့အိတ် ချိန်းမှ သတင်းရရှိသည်။

‘‘စက်တင်ဘာလကုန်ကနေ တက်လာတာ အောက်တိုဘာ အထိပဲ။ သီလဝါက ၄၂,၀၀၀ ကနေ အခု ၄၉,၀၀၀။ ဒီနေ့ဆို ၅၂,၀၀၀ အထိဖြစ်လာပြီ။ အ များကြီးတက်တက်လာတာ’’ဟု ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ပြုလုပ် သူ ဦးကြည်ရှိန်က အောက်တိုဘာ ၂၇ ရက်၌ ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် လက်ရှိရောင်းချနေသော FMI၊ မြန်မာနိုင်ငံသားများဘဏ် နှင့် သီလဝါကုမ္ပဏီတို့၌ သီလ ဝါက ရက်ပိုင်းအတွင်း ရှယ်ယာ ဈေးမှာ တရိပ်ရိပ် မြင့်တက်လာ ခြင်းဖြစ်ကြောင်း ရှယ်ယာအ ရောင်းအဝယ်ပြုလုပ်သူများက ဆိုသည်။

သီလဝါ ကုမ္ပဏီသည် အောက်တိုဘာ ၃၁ ရက်မှ နိုဝင် ဘာ ၃ ရက်အထိ လေးရက်ကြာ ရှယ်ယာခွဲခြမ်းမှုများ ပြုလုပ်မည် ဖြစ်၍ ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာမှတ်ပုံတင်ခြင်းနှင့် ရန်ကုန် စတော့အိတ်ချိန်းပြင်ပ ရောင်းချမှုကိုပါ ရပ်ဆိုင်းမည်ဟု ကြေညာထားသည်။

လေးရက်ကြာ ရောင်းချမှု များ ရပ်ဆိုင်းပြီး ဈေးကွက်ပြန် လည်ဖွင့်လှစ်ချိန်တွင် ရှယ်ယာ များ ဆက်လက်မြင့်တက်နိုင်သေး ကြောင်း ဦးကြည်ရှိန်က ပြော ကြားသည်။

အောက်တိုဘာ ၂၇ ရက် ရန်ကုန် စတော့အိတ်ချိန်းဈေး ကွက်ပိတ်ချိန်တွင် FMI ကုမ္ပဏီ သည် အစုရှယ်ယာတစ်စုလျှင် ၁၆,၅၀၀ ကျပ်၊ သီလဝါအများ ပိုင်ကုမ္ပဏီက ၅၂,၀၀၀ ကျပ်နှင့် မြန်မာနိုင်ငံသားများဘဏ်က ၉,၀၀၀ ကျပ်ဈေးဖြင့် အရောင်းအ ဝယ်ဖြစ်ခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် ရှယ်ယာ စတင်ရောင်းချချိန်တွင် ရှယ်ယာ ပေါင်း လေးသန်းခန့်ရှိပြီး ရှယ် ယာတန်ဖိုး တစ်ခုလျှင် ကျပ် ၁၀,၀၀၀ သတ်မှတ်ခဲ့သည်။

ယခု ခွဲခြမ်းစိတ်ဖြာမှုအရ ရှယ်ယာအစုပေါင်း သန်း ၄၀ ခန့် နှင့် ရှယ်ယာတစ်စုလျှင် ကျပ် ၁,၀၀၀ တန်ဖိုးရှိလာမည်ဟု ထုတ်ပြန်ထားသည်။

ဈေးနှုန်း ထပ်မံမြင့်တက် မည်ဟု ခန့်မှန်းနေသည့် သီလဝါ ကုမ္ပဏီသည် အထူးစီးပွားရေးဇုန် တွင် မြေငှားရမ်းမှုများဖြင့် ရင်းနှီး မြှုပ်နှံမှုများပြားသော စီးပွားရေး လုပ်ငန်းဖြစ်နေ၍ စိတ်ဝင်စားမှု များပြားခြင်းဖြစ်ကြောင်း ရှယ်ယာအရောင်းအဝယ်ပြုလုပ်သူများက ဆိုသည်။

စတော့အိတ်ချိန်းဝင်ကုမ္ပ ဏီသုံးခုတွင် FMI ကုမ္ပဏီက အစုရှယ်ယာအရေအတွက် ၂၃ သန်းကျော်ကို ၁၃၆ ရက်အတွင်း ရောင်းချထားပြီး သီလဝါကုမ္ပဏီ က အစုရှယ်ယာသုံးသိန်းခြောက် သောင်းကျော်ကို ၁၀၆ ရက်အ တွင်း ရောင်းချထားပြီးဖြစ်သည် ဟု ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။

တတိယမြောက်အဖြစ် စက် တင်ဘာက စတင်ရောင်းချသည့် မြန်မာနိုင်ငံသားများဘဏ်က ရက်ပေါင်း ၃၇ ရက်အတွင်း အစု ရှယ်ယာအရေအတွက် တစ်သိန်း တစ်သောင်းကျော် ရောင်းချထား ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၅ ဒီဇင်ဘာက စတင် ဖွင့်လှစ်ပြီး ၂၀၁၆ မှသာ လုပ်ငန်း များ လည်ပတ်ခဲ့သည့် ရန်ကုန် စတော့အိတ်ချိန်းသည် အလျင် အမြန်ဖွင့်လှစ်ခဲ့သောကြောင့် လူ စိတ်ဝင်စားမှုနည်းပြီး အောင်မြင် မှုရရန် ရုန်းကန်နေရသည်ဟု ေ၀ ဖန်မှုများရှိနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top