Kantharyar Centre
×

 အျပည္ျပည္ဆိုင္ ရာ ေထရ၀ါဒဗုဒၶသာသနာျပဳ တကၠသိုလ္ အုပ္ခ်ဳပ္ေရးပိုင္းက အလြဲသံုးစား  ျပဳလုပ္သည့္ကိစၥ မ်ားရွိေနသည္ဟု တိုင္ၾကားလာ ၍ ယင္းေက်ာင္းမွ တာ၀န္ရွိ သူအခ်ိဳ႕ကို ေရွးဦးစံုစမ္းစစ္ေဆး ေရးအဖြဲ႕ဖြဲ႕ကာ စစ္ေဆးေနသည္ ဟု သာသနာေရးဦးစီးဌာနမွ သတင္းရရွိသည္။

‘‘ဟုတ္ပါတယ္။ ဒီတကၠ သိုလ္ေက်ာင္းနဲ႔နီးစပ္တဲ့ ပုဂၢိဳလ္ တစ္ေယာက္က တိုင္ၾကားလာလို႔ အခုခံု႐ံုးဖြဲ႕စစ္ေဆးေနပါတယ္’’ ဟု သာသနာေရးဦးစီးဌာန အရာ ရွိတစ္ဦးကေျပာၾကားသည္။

 အဆုိပါ တိုင္ၾကားမႈတြင္ ယင္းတကၠသိုလ္၏ အုပ္ခ်ဳပ္ေရး ပိုင္း  တာ၀န္ရွိသူအခ်ိဳ႕သည္ ဘ႑ာေငြအလြဲသံုးစားျပဳလုပ္ ျခင္း၊ ေထရ၀ါဒႏွင့္ မအပ္စပ္ ေသာ လုပ္ငန္းမ်ားေဆာင္ရြက္ ျခင္း စသည့္အခ်က္မ်ားပါ၀င္ ေၾကာင္းသိရသည္။

‘‘ဒီပုဂၢိဳလ္ေတြရဲ႕ လုပ္ရပ္ ေတြက လုပ္ထံုးလုပ္နည္းနဲ႔ မွား ယြင္းေနလားဆိုတာ စစ္ေဆးေရး အဖြဲ႕ဖြဲ႕ၿပီး စိစစ္ေနပါတယ္။ ဒီ စိစစ္မႈေတြနဲ႔ပတ္သက္ၿပီး ေပၚ ေပါက္ၿပီးျဖစ္ရပ္ေတြရွိလာခဲ့မယ္ ဆိုရင္ လိုအပ္တဲ့အတုိင္းအတာ တစ္ခုအထိ အေရးယူေဆာင္ရြက္ မွာျဖစ္ပါတယ္’’ဟု သာသနာေရး ဦးစီးဌာန ဒုတိယအၿမဲတမ္း အ တြင္း၀န္ ဦးဇာနည္၀င္းကေျပာ ၾကားသည္။

 ေရွးဦးစံုစမ္းစစ္ေဆးေရး အဖြဲ႕၏ သံုးသပ္ခ်က္မ်ားပါ၀င္ သည့္ အစီရင္ခံစာကို ေအာက္တို ဘာ ၁၇ ရက္ထက္ ေနာက္မက်ဘဲ တင္သြင္းရန္ သတ္မွတ္ထားေၾကာင္း သာသနာေရးဦးစီးဌာန အရာရွိတစ္ဦးကေျပာသည္။

ေရွးဦးစံုစမ္းစစ္ေဆးေရးအဖြဲ႔သံုးသပ္ခ်က္မ်ား၊ စစ္ေဆးရရွိမႈအေပၚ မူတည္၍ ျပည္ေထာင္စု၀န္ႀကီးအပါအ၀င္ သာသနာေရးဦးစီးဌာနမွ ပုဂၢိဳလ္မ်ားကဆံုးျဖတ္မည္ဟု အဆိုပါ အရာရွိကေျပာသည္။ အျပည္ျပည္ဆိုင္ရာေထရ၀ါဒ ဗုဒၶသာသနာျပဳတကၠသိုလ္သည္ ရန္ကုန္ၿမိဳ႕စြယ္ေတာ္ျမတ္ ေစတီအနီးတြင္ တည္ရွိသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အပြည်ပြည်ဆိုင် ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် အုပ်ချုပ်ရေးပိုင်းက အလွဲသုံးစား  ပြုလုပ်သည့်ကိစ္စ များရှိနေသည်ဟု တိုင်ကြားလာ ၍ ယင်းကျောင်းမှ တာဝန်ရှိ သူအချို့ကို ရှေးဦးစုံစမ်းစစ်ဆေး ရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးနေသည် ဟု သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ဟုတ်ပါတယ်။ ဒီတက္က သိုလ်ကျောင်းနဲ့နီးစပ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်က တိုင်ကြားလာလို့ အခုခုံရုံးဖွဲ့စစ်ဆေးနေပါတယ်’’ ဟု သာသနာရေးဦးစီးဌာန အရာ ရှိတစ်ဦးကပြောကြားသည်။

 အဆိုပါ တိုင်ကြားမှုတွင် ယင်းတက္ကသိုလ်၏ အုပ်ချုပ်ရေး ပိုင်း  တာဝန်ရှိသူအချို့သည် ဘဏ္ဍာငွေအလွဲသုံးစားပြုလုပ် ခြင်း၊ ထေရဝါဒနှင့် မအပ်စပ် သော လုပ်ငန်းများဆောင်ရွက် ခြင်း စသည့်အချက်များပါဝင် ကြောင်းသိရသည်။

‘‘ဒီပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ် တွေက လုပ်ထုံးလုပ်နည်းနဲ့ မှား ယွင်းနေလားဆိုတာ စစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စိစစ်နေပါတယ်။ ဒီ စိစစ်မှုတွေနဲ့ပတ်သက်ပြီး ပေါ် ပေါက်ပြီးဖြစ်ရပ်တွေရှိလာခဲ့မယ် ဆိုရင် လိုအပ်တဲ့အတိုင်းအတာ တစ်ခုအထိ အရေးယူဆောင်ရွက် မှာဖြစ်ပါတယ်’’ဟု သာသနာရေး ဦးစီးဌာန ဒုတိယအမြဲတမ်း အ တွင်းဝန် ဦးဇာနည်ဝင်းကပြော ကြားသည်။

 ရှေးဦးစုံစမ်းစစ်ဆေးရေး အဖွဲ့၏ သုံးသပ်ချက်များပါဝင် သည့် အစီရင်ခံစာကို အောက်တို ဘာ ၁၇ ရက်ထက် နောက်မကျဘဲ တင်သွင်းရန် သတ်မှတ်ထားကြောင်း သာသနာရေးဦးစီးဌာန အရာရှိတစ်ဦးကပြောသည်။

ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့သုံးသပ်ချက်များ၊ စစ်ဆေးရရှိမှုအပေါ် မူတည်၍ ပြည်ထောင်စုဝန်ကြီးအပါအဝင် သာသနာရေးဦးစီးဌာနမှ ပုဂ္ဂိုလ်များကဆုံးဖြတ်မည်ဟု အဆိုပါ အရာရှိကပြောသည်။ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်သည် ရန်ကုန်မြို့စွယ်တော်မြတ် စေတီအနီးတွင် တည်ရှိသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top