Kantharyar Centre
×

တူရကီေတာင္ပိုင္းကေန ႐ုရွားကို ပ်ံသန္းတဲ့ ေလယာဥ္တစ္စင္းေပၚမွာ အမ်ိဳးသမီးတစ္ဦး ႐ုတ္တရက္ ေသဆံုးသြားခဲ့ေပမယ့္ အေရးေပၚ ဆင္းသက္ျခင္းမျပဳပဲ ခရီးဆံုးထိ ဆက္လက္ပ်ံသန္းခဲ့ေၾကာင္း သိရပါတယ္။

ခရီးသည္ေတြလည္း ေလယာဥ္ ခရီးစဥ္ သံုးနာရီလံုးလံုး ေသဆံုးေနသူနဲ႔အတူတကြ ေလယာဥ္ကို လုိက္ပါစီးနင္းခဲ့ရပါတယ္။ အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီးဟာ ဆီးခ်ိဳေရာဂါခံစားေနရသူျဖစ္ၿပီး သူမရဲ႕ လက္ဆြဲေသတၱာထဲမွာ အေရးေပၚ အသံုးျပဳရတဲ့ ေဆးေတြ က်န္ခဲ့တာလို႔ သိရပါတယ္။ ေလယာဥ္ခရီးစဥ္ စတင္ပ်ံသန္းၿပီး ၄၅ မိနစ္ၾကာတဲ့အခါ သူမရဲ႕ ေရာဂါေဖာက္လာခဲ့ၿပီး ေလေယာဥ္ဝန္ထမ္းေတြကလည္း ထိေရာက္တဲ့ အကူအညီမ်ိဳး မေပးႏုိင္ခဲ့ဘူးလို႔ ဆိုပါတယ္။

အင္ဆူလင္ ထိုးဖို႔လိုအပ္ခဲ့ေပမယ့္ အင္ဆူလင္ပါမလာတဲ့အတြက္ သူမဟာ ေသဆံုးသြားခဲ့ရၿပီး အေလာင္းကို ေစာင္နဲ႔အုပ္ကာ ေလယာဥ္ကို ဆက္လက္ပ်ံသန္းဖို႔ ကပၸတိန္က ဆံုးျဖတ္ခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါအမ်ိဳးသမီးဟာ ႏွလံုးေရာဂါေၾကာင့္ ေသဆံုးသြားခဲ့တာလို႔ ယူဆရပါတယ္။

ေလေၾကာင္းလိုင္းေတြ ျပဳလုပ္ေလ့ရွိတဲ့အတိုင္း အေရးေပၚ အေျခအေန ျဖစ္လာရင္ ခရီးသည္ေတြကို ခံုေနရာေျပာင္းေပးတာမ်ိဳးေတြ မလုပ္ခဲ့ဘူးလို႔ သိရပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

တူရကီတောင်ပိုင်းကနေ ရုရှားကို ပျံသန်းတဲ့ လေယာဉ်တစ်စင်းပေါ်မှာ အမျိုးသမီးတစ်ဦး ရုတ်တရက် သေဆုံးသွားခဲ့ပေမယ့် အရေးပေါ် ဆင်းသက်ခြင်းမပြုပဲ ခရီးဆုံးထိ ဆက်လက်ပျံသန်းခဲ့ကြောင်း သိရပါတယ်။

ခရီးသည်တွေလည်း လေယာဉ် ခရီးစဉ် သုံးနာရီလုံးလုံး သေဆုံးနေသူနဲ့အတူတကွ လေယာဉ်ကို လိုက်ပါစီးနင်းခဲ့ရပါတယ်။ အသက် ၅၀ အရွယ် အမျိုးသမီးဟာ ဆီးချိုရောဂါခံစားနေရသူဖြစ်ပြီး သူမရဲ့ လက်ဆွဲသေတ္တာထဲမှာ အရေးပေါ် အသုံးပြုရတဲ့ ဆေးတွေ ကျန်ခဲ့တာလို့ သိရပါတယ်။ လေယာဉ်ခရီးစဉ် စတင်ပျံသန်းပြီး ၄၅ မိနစ်ကြာတဲ့အခါ သူမရဲ့ ရောဂါဖောက်လာခဲ့ပြီး လေယောဉ်ဝန်ထမ်းတွေကလည်း ထိရောက်တဲ့ အကူအညီမျိုး မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အင်ဆူလင် ထိုးဖို့လိုအပ်ခဲ့ပေမယ့် အင်ဆူလင်ပါမလာတဲ့အတွက် သူမဟာ သေဆုံးသွားခဲ့ရပြီး အလောင်းကို စောင်နဲ့အုပ်ကာ လေယာဉ်ကို ဆက်လက်ပျံသန်းဖို့ ကပ္ပတိန်က ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအမျိုးသမီးဟာ နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့တာလို့ ယူဆရပါတယ်။

လေကြောင်းလိုင်းတွေ ပြုလုပ်လေ့ရှိတဲ့အတိုင်း အရေးပေါ် အခြေအနေ ဖြစ်လာရင် ခရီးသည်တွေကို ခုံနေရာပြောင်းပေးတာမျိုးတွေ မလုပ်ခဲ့ဘူးလို့ သိရပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top