Property Expo
×

လက္ရွိ႐ိုက္ကူးေနသည့္ အ႐ႈပ္ဇာတ္ကားသည္ လုပ္ကြက္ရသည့္ ႐ုပ္ရွင္ျဖစ္သလို ယခင္ျမင္ေတြ႕ေနက် လွလွပပပံုစံမ်ဳိး ေတြ႕ရမည္မဟုတ္ေၾကာင္း အိေခ်ာပိုက ေျပာသည္။

‘‘အဲဒီကားထဲမွာ ဗ်ဳိင္းေတာင္ဆိုတဲ့ မိန္းကေလးေနရာက သ႐ုပ္ေဆာင္ထားပါတယ္။ အဲဒီမွာ သိပ္စိတ္မမွန္ဘူး။ အရမ္းကံဆိုးတဲ့ မိန္းကေလး။ ဦးမီးပြားကလည္း သပ္ သပ္ရပ္ရပ္နဲ႔ အိေခ်ာပိုဆိုတဲ့ ႐ုပ္ မထြက္ခ်င္ဘူးတဲ့။ ဒီကားမွာ အိေခ်ာဘာမွ မလိမ္းတဲ့အျပင္ ႐ုပ္ကို အိုၿပီးက်ေအာင္ လုပ္ထား တယ္။ ေနာက္ၿပီး အသားေပၚမယ့္ေနရာေတြကို မိတ္ကပ္အမည္း ေတြလိမ္းၿပီး ႐ိုက္ထားတယ္။ အိေခ်ာပံုမွန္႐ိုက္ေနက် လွတပတပံုစံမဟုတ္ဘဲ ႐ုပ္ပ်က္ဆင္းပ်က္ သ႐ုပ္ေဆာင္ရတာ’’ဟု ၎က ေျပာသည္။

အ႐ႈပ္႐ုပ္ရွင္ကားကို ဒါ႐ိုက္တာမီးပြားက ပုပၸားေဒသတြင္ ႐ုိက္ကူးေနၿပီး သ႐ုပ္ေဆာင္ ေနမင္း၊ ဇင္၀ိုင္း၊ မိုး၀င္း၊ ေျပဇင္ႏွင့္ အျခားဇာတ္ပို႔မ်ားစြာျဖင့္ ပါ၀င္သည္။

ယင္းဇာတ္ကားမတိုင္မီက လႊမ္းပိုင္ႏွင့္ ႐ိုက္ကူးခဲ့သည့္ ေႂကြ႐ုပ္ရွင္၌ ပါ၀င္သည့္ ဇာတ္႐ုပ္သည္ ယခုဇာတ္ကားႏွင့္ ယွဥ္လွ်င္ ဆန္႔က်င္ဘက္ျဖစ္သည္ဟု အိေခ်ာပို က ဆိုသည္။

‘‘ေႂကြမွာတုန္းကေတာ့ အလွကားေလး၊ ဗ်ဳိင္းေတာင္နဲ႔ဆိုရင္ ေတာ့ တျခားစီေပါ့။ အဲဒီကားမွာ က အိေခ်ာရဲ႕ နာမည္က ခင္ရင္ တင္၊ အရမ္းလွတယ္။ ေက်ာင္းမွာQueen အဲဒီလို ဇာတ္႐ုပ္ေလးပါ’’ ဟု ေႂကြ႐ုပ္ရွင္အေၾကာင္းကို ေျပာသည္။

အဆိုပါ႐ုပ္ရွင္ဇာတ္ကား ၿပီးပါက ဇာတ္ကားမ်ားထပ္မံ ႐ိုက္ကူးရန္ လက္ခံထားၿပီး လူမင္းႏွင့္ တစ္ကား၊ ျမင့္ျမတ္ႏွင့္ တစ္ကားပါ၀င္သည္ဟု ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
လက်ရှိရိုက်ကူးနေသည့် အရှုပ်ဇာတ်ကားသည် လုပ်ကွက်ရသည့် ရုပ်ရှင်ဖြစ်သလို ယခင်မြင်တွေ့နေကျ လှလှပပပုံစံမျိုး တွေ့ရမည်မဟုတ်ကြောင်း အိချောပိုက ပြောသည်။


‘‘အဲဒီကားထဲမှာ ဗျိုင်းတောင်ဆိုတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားပါတယ်။ အဲဒီမှာ သိပ်စိတ်မမှန်ဘူး။ အရမ်းကံဆိုးတဲ့ မိန်းကလေး။ ဦးမီးပွားကလည်း သပ် သပ်ရပ်ရပ်နဲ့ အိချောပိုဆိုတဲ့ ရုပ် မထွက်ချင်ဘူးတဲ့။ ဒီကားမှာ အိချောဘာမှ မလိမ်းတဲ့အပြင် ရုပ်ကို အိုပြီးကျအောင် လုပ်ထား တယ်။ နောက်ပြီး အသားပေါ်မယ့်နေရာတွေကို မိတ်ကပ်အမည်း တွေလိမ်းပြီး ရိုက်ထားတယ်။ အိချောပုံမှန်ရိုက်နေကျ လှတပတပုံစံမဟုတ်ဘဲ ရုပ်ပျက်ဆင်းပျက် သရုပ်ဆောင်ရတာ’’ဟု ၎င်းက ပြောသည်။


အရှုပ်ရုပ်ရှင်ကားကို ဒါရိုက်တာမီးပွားက ပုပ္ပားဒေသတွင် ရိုက်ကူးနေပြီး သရုပ်ဆောင် နေမင်း၊ ဇင်ဝိုင်း၊ မိုးဝင်း၊ ပြေဇင်နှင့် အခြားဇာတ်ပို့များစွာဖြင့် ပါဝင်သည်။


ယင်းဇာတ်ကားမတိုင်မီက လွှမ်းပိုင်နှင့် ရိုက်ကူးခဲ့သည့် ကြွေရုပ်ရှင်၌ ပါဝင်သည့် ဇာတ်ရုပ်သည် ယခုဇာတ်ကားနှင့် ယှဉ်လျှင် ဆန့်ကျင်ဘက်ဖြစ်သည်ဟု အိချောပို က ဆိုသည်။


‘‘ကြွေမှာတုန်းကတော့ အလှကားလေး၊ ဗျိုင်းတောင်နဲ့ဆိုရင် တော့ တခြားစီပေါ့။ အဲဒီကားမှာ က အိချောရဲ့ နာမည်က ခင်ရင် တင်၊ အရမ်းလှတယ်။ ကျောင်းမှာQueen အဲဒီလို ဇာတ်ရုပ်လေးပါ’’ ဟု ကြွေရုပ်ရှင်အကြောင်းကို ပြောသည်။


အဆိုပါရုပ်ရှင်ဇာတ်ကား ပြီးပါက ဇာတ်ကားများထပ်မံ ရိုက်ကူးရန် လက်ခံထားပြီး လူမင်းနှင့် တစ်ကား၊ မြင့်မြတ်နှင့် တစ်ကားပါဝင်သည်ဟု ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)

Credit:7Day Daily





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top