Kantharyar Centre
×

မႏၲေလးၿမိဳ႕ ခ်မ္းေအး သာစံၿမိဳ႕နယ္ ကန္ေကာက္ ရပ္ ကြက္ရွိ လူမေနသည့္ ေနအိမ္ ၿခံ ၀င္းအတြင္း ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသမီးအေလာင္း တစ္ေလာင္း ေတြ႕ရွိေၾကာင္း သတင္းရရွိသည္။

 ခ်မ္းေအးသာစံ ၿမိဳ႕နယ္ရွိ ကန္ေကာက္ရပ္ကြက္ ကန္ ေကာက္သစ္ရပ္ရွိ ေပ ၂၀၀ ပတ္ လည္ရွိ ၿခံ၀င္းအတြင္း ျပည့္တန္ဆာလုပ္ငန္း လုပ္ကုိင္သည္ဟု ယူဆရေသာ အသက္ (၂၅) ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦး ဓား ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ ကုိ ေအာက္တိုဘာ ၁၇ ရက္ နံနက္ ၈ နာရီခဲြခန္႔က ေတြ႕ရွိေၾကာင္း အမွတ္ (၃) နယ္ေျမ ရဲတပ္ဖဲြ႕စခန္းမွ စံုစမ္းသိရသည္။

 ‘‘ေသတာက ညက ေသ ထားတဲ့ပံုပဲ။ ေသတဲ့အခ်ိန္ကို ရင္ ခဲြစစ္ေဆးၿပီးမွ သိရမယ္။ လာ ေရာက္စြန္႔ပစ္ထားတာ မဟုတ္ ဘူး။ အခင္းျဖစ္ပတ္၀န္းက်င္အရ ေသြးစြန္းေသြးက်န္ေတြရွိတယ္။ ေကာင္မေလးက ကံသာယာရပ္ ကြက္မွာ ေနထိုင္ၿပီး ျပည့္တန္ဆာလုပ္ငန္းလုပ္ကိုင္တယ္ေျပာ တယ္’’ဟု အမွတ္ (၃) နယ္ေျမရဲ တပ္ဖဲြ႕စခန္းမွ အမႈစစ္စခန္းမွဴး က ေျပာသည္။

ေသဆံုးသည့္ အမ်ိဳးသမီး တြင္ ၀ဲဘက္နားရြက္ေအာက္ ထိုး သြင္းဒဏ္ရာ တစ္ခ်က္၊ ၀ဲဘက္ လက္ေမာင္းထုိးသြင္းဒဏ္ရာ ႏွစ္ ခ်က္၊ ၀ဲနံၾကား ထုိးသြင္းဒဏ္ရာ ႏွစ္ခ်က္၊ ယာဘက္ႏုိ႔အံုေအာက္ ထိုးသြင္းဒဏ္ရာ တစ္ခ်က္ အပါ အ၀င္ စုစုေပါင္း ထိုးသြင္းဒဏ္ရာ ကိုးခ်က္ ေတြ႕ရွိခဲ့ၿပီး ၎၏ လက္ ဖမိုးႏွင့္ လက္ဖ်ံတို႔တြင္လည္း မူး ယစ္ေဆး၀ါးသံုးစဲြထားသည္ဟု ယူဆရေသာ ေဆးထိုးအပ္ရာမ်ား ေတြ႕ရွိခဲ့ေၾကာင္း အမွတ္ (၃)နယ္ေျမ ရဲတပ္ဖဲြ႕စခန္း မွတ္တမ္းမ်ားအရ သိရသည္။

အဆုိပါ အမ်ိဳးသမီးေသဆံုး မႈႏွင့္ ပတ္သက္၍ အမွတ္ (၃) နယ္ေျမရဲတပ္ဖဲြ႕စခန္းမွဴးက အမႈ ဖြင့္ထားၿပီး ယင္းအမ်ိဳးသမီး မေသဆံုးမီ ေနာက္ဆံုးဆက္သြယ္ ခဲ့သူမ်ားကို စံုစမ္းလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် ကန်ကောက် ရပ် ကွက်ရှိ လူမနေသည့် နေအိမ် ခြံ ဝင်းအတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။

 ချမ်းအေးသာစံ မြို့နယ်ရှိ ကန်ကောက်ရပ်ကွက် ကန် ကောက်သစ်ရပ်ရှိ ပေ ၂၀၀ ပတ် လည်ရှိ ခြံဝင်းအတွင်း ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သည်ဟု ယူဆရသော အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓား ဒဏ်ရာများဖြင့် သေဆုံးနေသည် ကို အောက်တိုဘာ ၁၇ ရက် နံနက် ၈ နာရီခွဲခန့်က တွေ့ရှိကြောင်း အမှတ် (၃) နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရသည်။

 ‘‘သေတာက ညက သေ ထားတဲ့ပုံပဲ။ သေတဲ့အချိန်ကို ရင် ခွဲစစ်ဆေးပြီးမှ သိရမယ်။ လာ ရောက်စွန့်ပစ်ထားတာ မဟုတ် ဘူး။ အခင်းဖြစ်ပတ်ဝန်းကျင်အရ သွေးစွန်းသွေးကျန်တွေရှိတယ်။ ကောင်မလေးက ကံသာယာရပ် ကွက်မှာ နေထိုင်ပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်တယ်ပြော တယ်’’ဟု အမှတ် (၃) နယ်မြေရဲ တပ်ဖွဲ့စခန်းမှ အမှုစစ်စခန်းမှူး က ပြောသည်။

သေဆုံးသည့် အမျိုးသမီး တွင် ဝဲဘက်နားရွက်အောက် ထိုး သွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက် လက်မောင်းထိုးသွင်းဒဏ်ရာ နှစ် ချက်၊ ဝဲနံကြား ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ယာဘက်နို့အုံအောက် ထိုးသွင်းဒဏ်ရာ တစ်ချက် အပါ အဝင် စုစုပေါင်း ထိုးသွင်းဒဏ်ရာ ကိုးချက် တွေ့ရှိခဲ့ပြီး ၎င်း၏ လက် ဖမိုးနှင့် လက်ဖျံတို့တွင်လည်း မူး ယစ်ဆေးဝါးသုံးစွဲထားသည်ဟု ယူဆရသော ဆေးထိုးအပ်ရာများ တွေ့ရှိခဲ့ကြောင်း အမှတ် (၃)နယ်မြေ ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ အမျိုးသမီးသေဆုံး မှုနှင့် ပတ်သက်၍ အမှတ် (၃) နယ်မြေရဲတပ်ဖွဲ့စခန်းမှူးက အမှု ဖွင့်ထားပြီး ယင်းအမျိုးသမီး မသေဆုံးမီ နောက်ဆုံးဆက်သွယ် ခဲ့သူများကို စုံစမ်းလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top