Property Expo
×







Credit: 7 day daily

#Unicode Version

လီဗာပူးအသင်း၏ အန် ဖီးလ်ကွင်းတွင် မန်ယူအသင်းသွားရောက်ယှဉ်ပြိုင်ချိန်၌ နှစ်ဖက် ပရိသတ်များအချင်းချင်းလေးစား  သမှုရှိကြရန် မန်ယူနည်းပြ မော် ရင်ဟိုက တိုက်တွန်းလိုက်သည်။

လီဗာပူးနှင့် မန်ယူကြား ပြိုင် ဆိုင်မှုသည် ဘောလုံးလောက တွင် အပြင်းထန်ဆုံးယှဉ်ပြိုင်မှု တစ်ခုဖြစ်ပြီး ယခင်က ယှဉ်ပြိုင်ခဲ့ သောပွဲများ၌ စော်ကားသော အပြုအမူများကြောင့် အခြေအ နေဆိုးရွားမှုများရှိခဲ့သည်။

ပြီးခဲ့သည့် ရာသီက နှစ်သင်း စလုံးကို ပရိသတ်များနှောင့်ယှက် မှုအတွက် ယူအီးအက်ဖ်အေက ဒဏ်ရိုက်ခဲ့သည်။

နှစ်သင်းစလုံးက ၎င်းတို့၏ တနင်္လာနေ့ဆုံတွေ့မှုမတိုင်မီ ပူး တွဲကြေညာချက်တစ်ရပ်ထုတ်ပြန် ပြီး ပရိသတ်များ ပြဿနာမဖန်တီး ရန် တိုက်တွန်းထားသည်။

မော်ရင်ဟိုက ယင်းကြေညာချက်ကို ထပ်မံအားဖြည့်သည့် အနေဖြင့် အထက်ပါကဲ့သို့ တိုက် တွန်းခြင်းဖြစ်သည်။

‘‘ဘောလုံးလောကမှာ ဝမ်း နည်းစရာဖြစ်ရပ် တချို့ရှိပါ တယ်။ ဒါပေမဲ့လူသားတွေရဲ့ ဝမ်းနည်းစရာဖြစ်ရပ်ဟာ အများ ကြီး ပိုပြင်းထန်တဲ့ ကိစ္စတစ်ခုပါ။ အဲဒါဟာ တစ်စုံတစ်ယောက်က ဘောလုံးကွင်းထဲမှာ အသုံးချသင့် တဲ့နောက်ဆုံးအရာလို့ ကျွန်တော် ထင်ပါတယ်’’ဟု မော်ရင်ဟိုက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top