Property Expo
×

ဧရာဝတီတိုင္း၊ ဟိုင္းႀကီးကြ်န္းၿမိဳ႕ရွိ ေဖာင္ဒိုးရြာအနီးကို မသကၤာဖြယ္ စက္ေလွ ၂ စီး ကပ္လာတဲ့အတြက္ ေဒသခံေတြ ႐ုတ္႐ုတ္သဲသဲ ျဖစ္ခဲ့တယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသက္လြင္ဦးက ေျပာပါတယ္။
မေန႔ညပိုင္းက ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဘယ္သူဘယ္ဝါေတြပါတဲ့ စက္ေလွ ျဖစ္ေၾကာင္းေတာ့ မသိရဘူးလို႔လည္း သူက ေျပာပါတယ္။

“ေဖာင္ဒိုးရြာဘက္မွာ မသကၤာစရာ စက္ေလွ ဆိုၿပီးေတာ့ ရြာသားေတြက ေတြ႔ၾကတယ္။ အဲ့ဒီစက္ေလွ ၂ စီးက ကမ္းကို ကပ္လာသလို ျဖစ္တယ္။ သို႔ေသာ္လည္း ကမ္းမွာရွိတဲ့လူေတြကို ျမင္ၿပီးေတာ့ ျပန္ခြာသြားတယ္။ အဲ့ဒီကစၿပီးေတာ့ မနက္ ၃ နာရီေလာက္အထိေပါ့၊ ကမ္းေျခတေလွ်ာက္မွာ ရွိေနၾကတာေပါ့။”

ဟိုင္းႀကီးကြ်န္း ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြနဲ႔ ရဲတပ္ဖြဲ႔ဝင္တို႔လည္း တညလံုးနီးပါး ေစာင့္ၾကည့္ခဲ့ၾကေပမယ့္ စက္ေလွေတြက ပင္လယ္ေရနက္ထဲမွာရွိေနလို႔ မီးေရာင္တဖ်တ္ဖ်တ္ပဲ ျမင္ရတယ္လို႔လည္း ေျပာပါတယ္။

ဟိုင္းႀကီးကြ်န္းမွာ မုန္တိုင္းၿပီးခါစ ငါးဖမ္းထြက္တဲ့ စက္ေလွေတြလည္း ျဖစ္ႏိုင္တယ္၊ သူတို႔ကို ေအာက္တိုဘာ ၂၅ ရက္အထိ ငါးထြက္ မဖမ္းဖို႔ တားထားတယ္လို႔လည္း ဆိုပါတယ္။

ဟိုင္းႀကီးကြ်န္းအနီး မသကၤာဖြယ္ စက္ေလွေတြ႔တာ ဒါ ပထမဆံုးျဖစ္ၿပီး ရခိုင္၊ ေမာင္ေတာ္မွာ လတ္တေလာျဖစ္ပြားေနတဲ့ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္ရပ္ေၾကာင့္ ဟိုင္းႀကီးကြ်န္း ေဒသခံေတြဟာ သို႔ေလာ သို႔ေလာနဲ႔ ေစာင့္ၾကည့္ေနတဲ့ အေျခအေနလည္း ျဖစ္ပါတယ္။

ဟိုင္းႀကီးကြ်န္းၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး ဦးသက္လြင္ဦးကေတာ့ ကြ်န္းမွာ ေရတပ္ဌာနခ်ဳပ္ရွိျပီး ညပိုင္း ကင္းလွည့္ေစာင့္ၾကပ္တာေတြလည္း မျပတ္ လုပ္ေနတယ္လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဖောင်ဒိုးရွာအနီးကို မသင်္ကာဖွယ် စက်လှေ ၂ စီး ကပ်လာတဲ့အတွက် ဒေသခံတွေ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးက ပြောပါတယ်။
မနေ့ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်သူဘယ်ဝါတွေပါတဲ့ စက်လှေ ဖြစ်ကြောင်းတော့ မသိရဘူးလို့လည်း သူက ပြောပါတယ်။

“ဖောင်ဒိုးရွာဘက်မှာ မသင်္ကာစရာ စက်လှေ ဆိုပြီးတော့ ရွာသားတွေက တွေ့ကြတယ်။ အဲ့ဒီစက်လှေ ၂ စီးက ကမ်းကို ကပ်လာသလို ဖြစ်တယ်။ သို့သော်လည်း ကမ်းမှာရှိတဲ့လူတွေကို မြင်ပြီးတော့ ပြန်ခွာသွားတယ်။ အဲ့ဒီကစပြီးတော့ မနက် ၃ နာရီလောက်အထိပေါ့၊ ကမ်းခြေတလျှောက်မှာ ရှိနေကြတာပေါ့။”

ဟိုင်းကြီးကျွန်း မြို့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့လည်း တညလုံးနီးပါး စောင့်ကြည့်ခဲ့ကြပေမယ့် စက်လှေတွေက ပင်လယ်ရေနက်ထဲမှာရှိနေလို့ မီးရောင်တဖျတ်ဖျတ်ပဲ မြင်ရတယ်လို့လည်း ပြောပါတယ်။

ဟိုင်းကြီးကျွန်းမှာ မုန်တိုင်းပြီးခါစ ငါးဖမ်းထွက်တဲ့ စက်လှေတွေလည်း ဖြစ်နိုင်တယ်၊ သူတို့ကို အောက်တိုဘာ ၂၅ ရက်အထိ ငါးထွက် မဖမ်းဖို့ တားထားတယ်လို့လည်း ဆိုပါတယ်။

ဟိုင်းကြီးကျွန်းအနီး မသင်္ကာဖွယ် စက်လှေတွေ့တာ ဒါ ပထမဆုံးဖြစ်ပြီး ရခိုင်၊ မောင်တော်မှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်ကြောင့် ဟိုင်းကြီးကျွန်း ဒေသခံတွေဟာ သို့လော သို့လောနဲ့ စောင့်ကြည့်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးကတော့ ကျွန်းမှာ ရေတပ်ဌာနချုပ်ရှိပြီး ညပိုင်း ကင်းလှည့်စောင့်ကြပ်တာတွေလည်း မပြတ် လုပ်နေတယ်လို့ ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top