Property Expo
×

သီလဝါအထူးစီးပြားေရး ဇုန္အတြက္ ျပည္တြင္းေပါက္ေစ်း ထက္ ျမင့္မားေသာလုပ္ခႏႈန္းျဖင့္ ေဆာက္လုပ္ေရးကြၽမ္းက်င္အ လုပ္သမားရာႏွင့္ခ်ီ  ေခၚယူရန္ရွိ ေၾကာင္း သတင္းရရွိသည္။

သီလဝါအထူးစီးပြားေရးဇုန္ တည္ေဆာက္ေရးလုပ္ငန္းစီမံ ခ်က္ကို လုပ္ကိုင္ခြင့္ရရွိထားသည့္ ဂ်ပန္ကုမၸဏီက လုပ္သားမ်ားေခၚ ယူရန္ ကမ္းလွမ္းထားေၾကာင္း အိုးေဝျပည္တြင္းအလုပ္အကိုင္ ရွာေဖြေရးဝန္ေဆာင္မႈကုမၸဏီမွ မန္ေနဂ်င္းဒါ႐ိုက္တာ ေဒၚမ်ိဳးမ်ိဳး ေမာ္က ေျပာသည္။

ေဆာက္လုပ္ေရးလုပ္ငန္း ကြၽမ္းက်င္သူမ်ားကို အဓိကထား ၍ေခၚယူမည္ျဖစ္ၿပီး ေခါင္းေဆာင္ အဆင့္ တစ္ရက္လုပ္ခ ၁၇,၀၀၀  က်ပ္၊ ေအာက္ေျခအလုပ္သမား အဆင့္ တစ္ရက္လုပ္ခ ၁၃,၀၀၀ က်ပ္ျဖင့္ ေခၚယူမည္ျဖစ္ၿပီး ေနစရာပါ စီစဥ္ေပးမည္ဟု သိရသည္။

‘‘ဂ်ပန္ကုမၸဏီနဲ႔ ဆက္ညႇိစ ရာေလးေတြေတာ့ ရွိေသးတယ္။ သူတို႔ဘက္ကေတာ့ ေခၚမယ္ဆုိ ရင္ ဦးေရတစ္ရာေက်ာ္ေလာက္ ရွိမယ္လို႔ ေျပာတယ္။ အရင္က ေတာ့ ေဆာက္လုပ္ေရးအလုပ္သ မားေတြကို ေအဂ်င္စီနဲ႔ခ်ိတ္ဆက္ ၿပီး ေခၚတာမရွိသေလာက္ပဲ။ အခုသူတို႔ေပးမယ့္ လုပ္ခကလည္း လက္ရွိ ျပည္တြင္းေပါက္ေစ်းနဲ႔ ယွဥ္ရင္ သာလြန္ေနသလို ေန စရာပါ ေပးမယ္ဆိုတဲ့အတြက္ နယ္ကေန လာေရာက္လုပ္ကိုင္ မယ့္ အလုပ္သမားေတြအတြက္ အခြင့္အလမ္း ပိုေကာင္းေစပါ တယ္’’ ဟု ေဒၚမ်ိဳးမ်ိဳးေမာ္က ေျပာသည္။

အလုပ္သမားေခၚယူရန္ ညႇိႏိႈင္းမႈမ်ားျပဳလုပ္ၿပီးပါက ခန္႔မွန္းေျခ ဒီဇင္ဘာတြင္ စတင္ေခၚယူမည္ျဖစ္ၿပီး ျပည္တြင္းအလုပ္အ ကိုင္ျဖစ္ျခင္းေၾကာင့္ အလုပ္သမားဘက္က ဝန္ေဆာင္ခေပးစရာ မလိုေၾကာင္း သိရသည္။

ယခုစီမံကိန္းအတြက္ လုပ္ အားခသည္ အေရွ႕ေတာင္အာရွ ေဒသတြင္း ႏိုင္ငံမ်ားတြင္ အဆိုပါ လုပ္ငန္းအမ်ိဳးအစားအတြက္ ေပး ေသာ ႏႈန္းထားႏွင့္ တန္းတူနီးပါး ရွိေနသည္ဟု Silver Crane ျပည္ပအလုပ္အကိုင္ရွာေဖြေရး ဝန္ ေဆာင္မႈကုမၸဏီမွ မန္ေနဂ်င္းဒါ ႐ိုက္တာ ဦးစိုင္းစည္သူက ေျပာ သည္။

‘‘ဒီႏႈန္းထားက ထုိင္းတို႔၊ မေလးရွားတို႔မွာ ေပးတဲ့ ႏႈန္းနဲ႔ မကြာတဲ့အတြက္ ျပည္ပထြက္ၿပီး အလုပ္မလုပ္ခ်င္တဲ့သူေတြ၊ ျပည္ ပကေန ျပန္လာၿပီး ကိုယ့္ႏိုင္ငံမွာ ပဲ လုပ္ခ်င္တဲ့ သူေတြအတြက္ အ ဆင္ေျပႏိုင္တယ္’’ဟု ဦးစိုင္းစည္ သူက မွတ္ခ်က္ျပဳသည္။

လက္ရွိတြင္ ျပည္တြင္းေဆာက္လုပ္ေရး လုပ္ငန္းမ်ား၌ အေျခခံအလုပ္ၾကမ္းသမားတစ္ ဦးလွ်င္ တစ္ရက္ ၆,၀၀၀ က်ပ္ဝန္းက်င္ႏွင့္ ကြၽမ္းက်င္အလုပ္သမား ေခါင္းေဆာင္တစ္ဦးလွ်င္ တစ္ရက္ ၁၂,၀၀၀ က်ပ္ခန္႔ ရရွိေန ေၾကာင္း ေဆာက္လုပ္ေရးလုပ္ ငန္းခြင္မ်ားရွိ အလုပ္သမားကန္ ထ႐ိုက္မ်ားမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

သီလဝါအထူးစီးပွားရေး ဇုန်အတွက် ပြည်တွင်းပေါက်ဈေး ထက် မြင့်မားသောလုပ်ခနှုန်းဖြင့် ဆောက်လုပ်ရေးကျွမ်းကျင်အ လုပ်သမားရာနှင့်ချီ  ခေါ်ယူရန်ရှိ ကြောင်း သတင်းရရှိသည်။

သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းစီမံ ချက်ကို လုပ်ကိုင်ခွင့်ရရှိထားသည့် ဂျပန်ကုမ္ပဏီက လုပ်သားများခေါ် ယူရန် ကမ်းလှမ်းထားကြောင်း အိုးဝေပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်မျိုးမျိုး မော်က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်သူများကို အဓိကထား ၍ခေါ်ယူမည်ဖြစ်ပြီး ခေါင်းဆောင် အဆင့် တစ်ရက်လုပ်ခ ၁၇,၀၀၀  ကျပ်၊ အောက်ခြေအလုပ်သမား အဆင့် တစ်ရက်လုပ်ခ ၁၃,၀၀၀ ကျပ်ဖြင့် ခေါ်ယူမည်ဖြစ်ပြီး နေစရာပါ စီစဉ်ပေးမည်ဟု သိရသည်။

‘‘ဂျပန်ကုမ္ပဏီနဲ့ ဆက်ညှိစ ရာလေးတွေတော့ ရှိသေးတယ်။ သူတို့ဘက်ကတော့ ခေါ်မယ်ဆို ရင် ဦးရေတစ်ရာကျော်လောက် ရှိမယ်လို့ ပြောတယ်။ အရင်က တော့ ဆောက်လုပ်ရေးအလုပ်သ မားတွေကို အေဂျင်စီနဲ့ချိတ်ဆက် ပြီး ခေါ်တာမရှိသလောက်ပဲ။ အခုသူတို့ပေးမယ့် လုပ်ခကလည်း လက်ရှိ ပြည်တွင်းပေါက်ဈေးနဲ့ ယှဉ်ရင် သာလွန်နေသလို နေ စရာပါ ပေးမယ်ဆိုတဲ့အတွက် နယ်ကနေ လာရောက်လုပ်ကိုင် မယ့် အလုပ်သမားတွေအတွက် အခွင့်အလမ်း ပိုကောင်းစေပါ တယ်’’ ဟု ဒေါ်မျိုးမျိုးမော်က ပြောသည်။

အလုပ်သမားခေါ်ယူရန် ညှိနှိုင်းမှုများပြုလုပ်ပြီးပါက ခန့်မှန်းခြေ ဒီဇင်ဘာတွင် စတင်ခေါ်ယူမည်ဖြစ်ပြီး ပြည်တွင်းအလုပ်အ ကိုင်ဖြစ်ခြင်းကြောင့် အလုပ်သမားဘက်က ဝန်ဆောင်ခပေးစရာ မလိုကြောင်း သိရသည်။

ယခုစီမံကိန်းအတွက် လုပ် အားခသည် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများတွင် အဆိုပါ လုပ်ငန်းအမျိုးအစားအတွက် ပေး သော နှုန်းထားနှင့် တန်းတူနီးပါး ရှိနေသည်ဟု Silver Crane ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဝန် ဆောင်မှုကုမ္ပဏီမှ မန်နေဂျင်းဒါ ရိုက်တာ ဦးစိုင်းစည်သူက ပြော သည်။

‘‘ဒီနှုန်းထားက ထိုင်းတို့၊ မလေးရှားတို့မှာ ပေးတဲ့ နှုန်းနဲ့ မကွာတဲ့အတွက် ပြည်ပထွက်ပြီး အလုပ်မလုပ်ချင်တဲ့သူတွေ၊ ပြည် ပကနေ ပြန်လာပြီး ကိုယ့်နိုင်ငံမှာ ပဲ လုပ်ချင်တဲ့ သူတွေအတွက် အ ဆင်ပြေနိုင်တယ်’’ဟု ဦးစိုင်းစည် သူက မှတ်ချက်ပြုသည်။

လက်ရှိတွင် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများ၌ အခြေခံအလုပ်ကြမ်းသမားတစ် ဦးလျှင် တစ်ရက် ၆,၀၀၀ ကျပ်ဝန်းကျင်နှင့် ကျွမ်းကျင်အလုပ်သမား ခေါင်းဆောင်တစ်ဦးလျှင် တစ်ရက် ၁၂,၀၀၀ ကျပ်ခန့် ရရှိနေ ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းခွင်များရှိ အလုပ်သမားကန် ထရိုက်များမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top