Property Expo
×

ဖီနာဘာခ်ီနဲ႔ ပြဲစဥ္မွာ မိိမိကို ပင္နယ္တီေပးကန္ခဲ့တဲ့ အသင္းေခါင္းေဆာင္ ႐ြန္ေနးကို အလြန္ေလးစားမိေၾကာင္း ပြဲအၿပီးမွာ မန္ယူကစားသမား ေပါ့ဂ္ဘာက ေျပာၾကားလုိက္ပါတယ္။ အဲဒီပြဲစဥ္မွာ မန္ယူအသင္းက ပင္နယ္တီ ႏွစ္လံုးရခဲ့ၿပီး ပထမအႀကိမ္မွာ ေပါ့ဂ္ဘာက ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္သံုးမိနစ္အၾကာမွာ ထပ္ရတဲ့ ပင္နယ္တီကို တိုက္စစ္မွဴး မာရွယ္က ကန္သြင္းယူခဲ့တာပါ။ ပြဲအၿပီးမွာ ေမာ္ရင္ဟိုက ပင္နယ္တီႏွစ္လံုးကို ကစားသမားႏွစ္ဦးကန္တာ သူ႔အတြက္ ျပႆနာမရွိေၾကာင္းနဲ႔ ကစားသမားေတြကို ဒီလိုဆံုးျဖတ္ပိုင္ခြင့္ ေပးထားေၾကာင္း ေျဖရွင္းခဲ့ပါတယ္။ ေမာ္ရင္ဟုိရဲ႕ ညႊန္ၾကားခ်က္အရ ပင္နယ္တီရလာတဲ့အခါ ဦးစားေပးအေနနဲ႔ ႐ြန္ေနး သို႔မဟုတ္ ေပ့ါဂ္ဘာကို ကန္ေစဖို႔ ျဖစ္ပါတယ္။

"ရလာတဲ့ ပင္နယ္တီကို ကၽြန္ေတာ္သို႔မဟုတ္ သူကန္ဖို႔ သတ္မွတ္ထားပါတယ္။ ဒါေပမဲ့ ႐ြန္ေနးက ကၽြန္ေတာ့္ကို ကန္ခြင့္ျပဳခဲ့တာပါ။ ပင္နယ္တီအတြက္ အရမ္းေပ်ာ္ရပါတယ္။ ဒီလိုစိတ္မ်ိဳးရွိတဲ့ ကၽြန္ေတာ့္အသင္းေခါင္းေဆာင္ကို ကၽြန္ေတာ္အရမ္း ေလးစားရပါတယ္" လို႔ ေပ့ါဂ္ဘာက ပြဲအၿပီး ေျပာခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ဖီနာဘာချီနဲ့ ပွဲစဉ်မှာ မိမိကို ပင်နယ်တီပေးကန်ခဲ့တဲ့ အသင်းခေါင်းဆောင် ရွန်နေးကို အလွန်လေးစားမိကြောင်း ပွဲအပြီးမှာ မန်ယူကစားသမား ပေါ့ဂ်ဘာက ပြောကြားလိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ မန်ယူအသင်းက ပင်နယ်တီ နှစ်လုံးရခဲ့ပြီး ပထမအကြိမ်မှာ ပေါ့ဂ်ဘာက ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

နောက်ထပ်သုံးမိနစ်အကြာမှာ ထပ်ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး မာရှယ်က ကန်သွင်းယူခဲ့တာပါ။ ပွဲအပြီးမှာ မော်ရင်ဟိုက ပင်နယ်တီနှစ်လုံးကို ကစားသမားနှစ်ဦးကန်တာ သူ့အတွက် ပြဿနာမရှိကြောင်းနဲ့ ကစားသမားတွေကို ဒီလိုဆုံးဖြတ်ပိုင်ခွင့် ပေးထားကြောင်း ဖြေရှင်းခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ညွှန်ကြားချက်အရ ပင်နယ်တီရလာတဲ့အခါ ဦးစားပေးအနေနဲ့ ရွန်နေး သို့မဟုတ် ပေ့ါဂ်ဘာကို ကန်စေဖို့ ဖြစ်ပါတယ်။

"ရလာတဲ့ ပင်နယ်တီကို ကျွန်တော်သို့မဟုတ် သူကန်ဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ရွန်နေးက ကျွန်တော့်ကို ကန်ခွင့်ပြုခဲ့တာပါ။ ပင်နယ်တီအတွက် အရမ်းပျော်ရပါတယ်။ ဒီလိုစိတ်မျိုးရှိတဲ့ ကျွန်တော့်အသင်းခေါင်းဆောင်ကို ကျွန်တော်အရမ်း လေးစားရပါတယ်" လို့ ပေ့ါဂ်ဘာက ပွဲအပြီး ပြောခဲ့တာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top