Property Expo
×


မြန္ျပည္နယ္ က်ဳိက္ထို ၿမိဳ႕နယ္ က်ဳိက္ထီး႐ိုးေစတီတြင္ ေကဘယ္ကား (ေကာင္းကင္ႀကိဳးရထား)ေျပးဆြဲျခင္းကို ၂၀၁၇ ဧၿပီ၁ ရက္၌ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း စီမံကိန္းျပဳလုပ္သည့္ Sky Asia Co.,Ltd. မွ သတင္းရရွိသည္။

 ျမန္မာႏိုင္ငံတြင္ ပထမဆံုး ေကဘယ္ကား  ေျပးဆြဲျခင္းကို က်ဳိက္ထီး႐ိုးေစတီ၌  Sky Asia Co.,Ltd. ကစတင္အေကာင္အ ထည္ေဖာ္လ်က္ရွိၿပီး က်ဳိက္ထီး႐ိုး ေဘးမဲ့ေတာ နယ္ေျမရွိ ေျမ ၁၃ဒသမ ၅ ဧကကို ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ သစ္ေတာေရးရာ၀န္ႀကီးဌာနတြင္ ႏွစ္ ၇၀ စာခ်ဳပ္ျဖင့္ ငွားရမ္းထားျခင္း ျဖစ္သည္။

‘‘အခုလက္ရွိမွာ ဒီစီမံကိန္း အားလံုး ၂၀ ရာခိုင္ႏႈန္းၿပီးစီးေနၿပီ။ေကဘယ္ကား ေျပးဆြဲတဲ့အခ်ိန္ က်ရင္ လူတစ္ဦးကို ေငြဘယ္ ေလာက္ယူမယ္ဆိုတာ မဆံုးျဖတ္ ရေသးဘူး။ ေကဘယ္ကားတစ္စီး ကို လူရွစ္ေယာက္တင္လို႔ရတယ္။ရေသ့ေတာင္ကေန ဘုရားအထိ ေျပးဆြဲမယ္။ ဘုရားေပၚကို ၁၀ မိနစ္ေလာက္နဲ႔ ေရာက္မယ္။ အႏၲရာယ္မရွိေစဖို႔ ႏွစ္ပတ္တစ္ႀကိမ္ စစ္ေဆးမႈေတြလုပ္မယ္။ ကိုယ္ပိုင္လွ်ပ္စစ္ ၃၃ ေကဗီဓာတ္အားလိုင္းနဲ႔ ေျပးဆြဲသြားမယ္’’ဟု Sky Asia Co.,Ltd. အထူးအႀကံေပးအရာရွိ ဦးေအာင္သန္းက ေျပာသည္။

 ဘုရားဖူးမ်ား သဘာ၀ပတ္ ၀န္းက်င္အလွအပမ်ားကို ၾကည့္ ႐ႈခံစားႏိုင္ရန္၊ တည္းခိုေနထိုင္ ေရးကိစၥမ်ား အဆင္ေျပေခ်ာေမြ႕ ေစရန္ အဆိုပါ စီမံကိန္းကို အ ေကာင္အထည္ေဖာ္ေဆာင္ရြက္ ျခင္း ျဖစ္ေၾကာင္း ဦးေအာင္သန္း က ဆိုသည္။

ယခုအစီအစဥ္အတြက္ ေက ဘယ္ကားအစီးေရ ၄၃ စီးႏွင့္ အရန္ တစ္စီးတို႔ျဖင့္ ေျပးဆြဲမည္ျဖစ္သည္။
ယင္းစီမံကိန္းကို အေမရိကန္ေဒၚလာ သန္း ၂၀ ကုန္က်ခံျပဳလုပ္မည္ျဖစ္ၿပီး ေကဘယ္ကားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ျပင္သစ္ႏိုင္ငံမွ မွာယူတင္သြင္းထားေၾကာင္း သိရသည္။

‘‘ငလ်င္  လႈပ္ရင္လည္း ငလ်င္ဒဏ္ ၇ ရစ္ခ်္တာစေကးအထိ ခံႏိုင္ရည္ရွိတယ္။ တစ္စကၠန္႔ကို ၁၆ မီတာေလတိုက္ႏႈန္းကို ခံႏိုင္ တယ္။ ဒီလုပ္ငန္းက အေတြ႕အ ႀကံဳရွိတဲ့အတြက္ ခ်ဳိ႕ယြင္းခ်က္ တစ္ခုမွ မရွိဘူး’’ဟု ပေရာဂ်က္ဒါ ႐ိုက္တာ ကိုရီးယားႏိုင္ငံသား Mr. Han Jung Seuk က ေျပာၾကားသည္။

လက္ရွိတြင္ ကင္မြန္းစခန္းမွ ရေသ့ေတာင္အထိ ကားျဖင့္ တက္ ေရာက္ပါက က်ပ္ ၁,၅၀၀၊ ရေသ့ေတာင္မွ ဘုရားရင္ေပၚအထိ က်ပ္ ၁,၅၀၀ သံုးစြဲေနရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုးစေတီတွင် ကေဘယ်ကား (ကောင်းကင်ကြိုးရထား)ပြေးဆွဲခြင်းကို ၂၀၁၇ ဧပြီ၁ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း စီမံကိန်းပြုလုပ်သည့် Sky Asia Co.,Ltd. မှ သတင်းရရှိသည်။

 မြန်မာနိုင်ငံတွင် ပထမဆုံး ကေဘယ်ကား  ပြေးဆွဲခြင်းကို ကျိုက်ထီးရိုးစေတီ၌  Sky Asia Co.,Ltd. ကစတင်အကောင်အ ထည်ဖော်လျက်ရှိပြီး ကျိုက်ထီးရိုး ဘေးမဲ့တော နယ်မြေရှိ မြေ ၁၃ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် နှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။

‘‘အခုလက်ရှိမှာ ဒီစီမံကိန်း အားလုံး ၂၀ ရာခိုင်နှုန်းပြီးစီးနေပြီ။ကေဘယ်ကား ပြေးဆွဲတဲ့အချိန် ကျရင် လူတစ်ဦးကို ငွေဘယ် လောက်ယူမယ်ဆိုတာ မဆုံးဖြတ် ရသေးဘူး။ ကေဘယ်ကားတစ်စီး ကို လူရှစ်ယောက်တင်လို့ရတယ်။ရသေ့တောင်ကနေ ဘုရားအထိ ပြေးဆွဲမယ်။ ဘုရားပေါ်ကို ၁၀ မိနစ်လောက်နဲ့ ရောက်မယ်။ အန္တရာယ်မရှိစေဖို့ နှစ်ပတ်တစ်ကြိမ် စစ်ဆေးမှုတွေလုပ်မယ်။ ကိုယ်ပိုင်လျှပ်စစ် ၃၃ ကေဗီဓာတ်အားလိုင်းနဲ့ ပြေးဆွဲသွားမယ်’’ဟု Sky Asia Co.,Ltd. အထူးအကြံပေးအရာရှိ ဦးအောင်သန်းက ပြောသည်။

 ဘုရားဖူးများ သဘာဝပတ် ဝန်းကျင်အလှအပများကို ကြည့် ရှုခံစားနိုင်ရန်၊ တည်းခိုနေထိုင် ရေးကိစ္စများ အဆင်ပြေချောမွေ့ စေရန် အဆိုပါ စီမံကိန်းကို အ ကောင်အထည်ဖော်ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ဦးအောင်သန်း က ဆိုသည်။

ယခုအစီအစဉ်အတွက် ကေ ဘယ်ကားအစီးရေ ၄၃ စီးနှင့် အရန် တစ်စီးတို့ဖြင့် ပြေးဆွဲမည်ဖြစ်သည်။
ယင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျခံပြုလုပ်မည်ဖြစ်ပြီး ကေဘယ်ကားနှင့် ဆက်စပ်ပစ္စည်းများကို ပြင်သစ်နိုင်ငံမှ မှာယူတင်သွင်းထားကြောင်း သိရသည်။

‘‘ငလျင်  လှုပ်ရင်လည်း ငလျင်ဒဏ် ၇ ရစ်ချ်တာစကေးအထိ ခံနိုင်ရည်ရှိတယ်။ တစ်စက္ကန့်ကို ၁၆ မီတာလေတိုက်နှုန်းကို ခံနိုင် တယ်။ ဒီလုပ်ငန်းက အတွေ့အ ကြုံရှိတဲ့အတွက် ချို့ယွင်းချက် တစ်ခုမှ မရှိဘူး’’ဟု ပရောဂျက်ဒါ ရိုက်တာ ကိုရီးယားနိုင်ငံသား Mr. Han Jung Seuk က ပြောကြားသည်။

လက်ရှိတွင် ကင်မွန်းစခန်းမှ ရသေ့တောင်အထိ ကားဖြင့် တက် ရောက်ပါက ကျပ် ၁,၅၀၀၊ ရသေ့တောင်မှ ဘုရားရင်ပေါ်အထိ ကျပ် ၁,၅၀၀ သုံးစွဲနေရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top