Property Expo
×

အစုိးရက အဆုိျပဳထားတဲ့ သက္ငယ္ မုဒိမ္းမႈအတြက္ ပုိမုိျပင္းထန္တဲ့ ျပစ္ဒဏ္မ်ားခ်မွတ္မယ့္ ဥပေဒကုိ အင္ဒုိနီး႐ွားလႊတ္ေတာ္က အတည္ျပဳလုိက္ေၾကာင္း သိရပါတယ္။ ကေလးသူငယ္မ်ားကုိ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈအတြက္ ပုိမုိျပင္းထန္စြာ ျပစ္ဒဏ္ခ်မွတ္ရန္ အစိုးရအဖြဲ႕က ဥပေဒၾကမ္းတင္သြင္းခဲ့ၿပီး အင္ဒုိနီး႐ွားလႊတ္ေတာ္က ေအာက္တုိဘာ ၁၂ ရက္မွာ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

ဥပေဒသစ္ရဲ႕ ျပစ္ဒဏ္မ်ားမွာ သက္ငယ္မုဒိမ္းမႈ က်ဴးလြန္သူေတြကုိ အျမင့္ဆုံးအျဖစ္ ေသဒဏ္အပါအဝင္ ေဆးထုိးသင္းကြပ္တဲ့ ျပစ္ဒဏ္လည္း ပါဝင္ေၾကာင္း သိရပါတယ္။ ေဆးထုိးသင္းကြပ္တဲ့ ျပစ္ဒဏ္ခ်မွတ္ခံရသူဟာ ေထာင္ဒဏ္ ၂ ႏွစ္ကုိလည္း အျမင့္ဆုံး က်ခံရႏုိင္ပါတယ္။

သက္ငယ္မုဒိမ္းမႈ က်ဴးလြန္သူဟာ ေလ်ာ့ေပါ့တဲ့ ျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ခ်မွတ္ခံရပါကလည္း ေထာင္မွလြတ္ခ်ိန္မွာ အီလက္ထေရာနစ္ ေျခရာခံကိရိယာကုိ တပ္ဆင္ထားရမွာျဖစ္ၿပီး ၎တုိ႕ကုိ ရဲတပ္ဖြဲ႕က ေစာင့္ၾကည့္သြားမွာ ျဖစ္ပါတယ္။

ေလ်ာ့ေပါ့တဲ့ ေထာင္ဒဏ္မ်ားအျဖစ္ ေထာင္ဒဏ္တစ္သက္နဲ႕ အနည္းဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ရန္လည္း သတ္မွတ္ထားေၾကာင္း သိရပါတယ္။ ယခု ဥပေဒသစ္မွာ ပါဝင္လာတဲ့ သက္ငယ္မုဒိမ္းမႈ က်ဴးလြန္သူကုိ ေဆးထုိးသင္းကြပ္တဲ့ ျပစ္ဒဏ္အေပၚမွာေတာ့ သေဘာထားကြဲလြဲမႈေတြ ႐ွိေနတယ္လို႕ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အစိုးရက အဆိုပြုထားတဲ့ သက်ငယ် မုဒိမ်းမှုအတွက် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်များချမှတ်မယ့် ဥပဒေကို အင်ဒိုနီးရှားလွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရပါတယ်။ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် ပိုမိုပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်ရန် အစိုးရအဖွဲ့က ဥပဒေကြမ်းတင်သွင်းခဲ့ပြီး အင်ဒိုနီးရှားလွှတ်တော်က အောက်တိုဘာ ၁၂ ရက်မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဥပဒေသစ်ရဲ့ ပြစ်ဒဏ်များမှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အမြင့်ဆုံးအဖြစ် သေဒဏ်အပါအဝင် ဆေးထိုးသင်းကွပ်တဲ့ ပြစ်ဒဏ်လည်း ပါဝင်ကြောင်း သိရပါတယ်။ ဆေးထိုးသင်းကွပ်တဲ့ ပြစ်ဒဏ်ချမှတ်ခံရသူဟာ ထောင်ဒဏ် ၂ နှစ်ကိုလည်း အမြင့်ဆုံး ကျခံရနိုင်ပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူဟာ လျော့ပေါ့တဲ့ ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ချမှတ်ခံရပါကလည်း ထောင်မှလွတ်ချိန်မှာ အီလက်ထရောနစ် ခြေရာခံကိရိယာကို တပ်ဆင်ထားရမှာဖြစ်ပြီး ၎င်းတို့ကို ရဲတပ်ဖွဲ့က စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

လျော့ပေါ့တဲ့ ထောင်ဒဏ်များအဖြစ် ထောင်ဒဏ်တစ်သက်နဲ့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ရန်လည်း သတ်မှတ်ထားကြောင်း သိရပါတယ်။ ယခု ဥပဒေသစ်မှာ ပါဝင်လာတဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ဆေးထိုးသင်းကွပ်တဲ့ ပြစ်ဒဏ်အပေါ်မှာတော့ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top