Property Expo
×

ပစၥည္းဥစၥာ မၾကြယ္၀ရင္ေတာင္ သားမယားအတြက္ ရွာေဖြေပးႏိုင္တဲ့ အရည္အခ်င္းရွိသူမ်ိဳးကို ေရြးခ်ယ္မိတဲ့အခါ မိန္းမေတြ ေငြမက္လို႔တဲ့လား။

ဆင္းရဲလမ္းစျဖစ္တဲ့ အရက္ေသာက္၊ ဖဲရိုက္ အေပ်ာ္အပါးလိုက္စားတဲ့အခါ မိခင္လို၊ ခ်စ္သူလို၊ မိန္းမလို တားျမစ္ဆံုးမမိတာ မိန္းမေတြ ေငြမက္လို႔ ဟုတ္ရဲ႕လား။

ႏွစ္ေယာက္အတူ တည္ေဆာက္မယ့္ အိမ္ေလးမွာ လင့္ဝတၱရားနဲ႔ ညီဖို႔ အသက္ေမြးဝမ္းေက်ာင္း ပညာရပ္တစ္ခုခု သင္ယူပါလို႔ တိုက္တြန္းတာ မိန္းမေတြ သိပ္ ေငြမက္တာလား။

ကိုယ္တိုင္က မဝတ္မစား ေနႏိုင္ေပမယ့္ မိမိသားသမီး လူၾကားထဲ အေရာင္မိွန္ေနမွာ မၾကည့္ရက္ေတာ့ လုပ္ပါ တ ကဲ ကဲ ေဆာ္ၾသမိတာ မိန္းမေတြ ေငြမက္လို႔တဲ့လား။

လမ္းေပၚလုပ္စားေနရတဲ့ တခ်ိဳ႕ မိန္းမေတြကေရာ သူေနာက္ကြယ္က အခက္အခဲတစ္ခုေၾကာင့္ သံုးျဖဳန္းေနတဲ့ ေယာက်ၤားေတြမွာ ဘဝကို ေရာင္းစားလိုက္ရတာ ေငြမက္လို႔တဲ့လား။

ဒီေခတ္ၾကီးမွာ ေမာင့္မ်က္ႏွာ တစ္ရြာထင္ၿပီး လိုက္ရဲ႕တဲ့ မိန္းမေတြ ငိုေနၾကတယ္။ အခ်စ္တစ္ခုု ကိုးကြယ္ျပီး ၾကမ္းပ်ဥ္ခုႏွစ္ခ်ပ္မွာ ထမင္းရည္ေသာက္ပါရေစဆိုတဲ့ မိန္းမေတြလည္း တစ္ခုလပ္၊ မုဆိုးမျဖစ္ၾကရတယ္။ ဒါေပမယ့္ မိန္းမေတြက အဲဒီလို ျဖစ္ရင္ေတာင္ အဲဒီလို ထားရဲတဲ့ ေယာက်ၤားအေပၚ “ေမာင္တစ္ထမ္းမယ္တစ္ရြက္” မဆိုနဲ႔ “မယ္တစ္ထမ္းေမာင္တစ္ရြက္” ဘဝေရာက္ရင္ေတာင္ အရိုးေဆြးတဲ့အထိ အတူေနရဲတာ မိန္းမေတြ ေငြမက္ၾကလို႔လား။

မိန္းမေတြဟာ ေပးဆပ္ႏွလံုးသားနဲ႔ လူျဖစ္ရသူေတြပါ။ သင္တို႔အတြက္ ေပးဆပ္ခ်စ္နဲ႔ ခ်စ္တဲ့ မိန္းမသားတို႔ရဲ႕ ေငြမက္ရျခင္း အေၾကာင္းအရင္းကို တန္ဖိုးရွိျခင္းလို႔ ျမင္ျပီး သားမယားကို ခ်စ္ခင္ၾကပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yangon Life

#Unicode Version
ပစ္စည်းဥစ္စာ မကြွယ်ဝရင်တောင် သားမယားအတွက် ရှာဖွေပေးနိုင်တဲ့ အရည်အချင်းရှိသူမျိုးကို ရွေးချယ်မိတဲ့အခါ မိန်းမတွေ ငွေမက်လို့တဲ့လား။

ဆင်းရဲလမ်းစဖြစ်တဲ့ အရက်သောက်၊ ဖဲရိုက် အပျော်အပါးလိုက်စားတဲ့အခါ မိခင်လို၊ ချစ်သူလို၊ မိန်းမလို တားမြစ်ဆုံးမမိတာ မိန်းမတွေ ငွေမက်လို့ ဟုတ်ရဲ့လား။

နှစ်ယောက်အတူ တည်ဆောက်မယ့် အိမ်လေးမှာ လင့်ဝတ္တရားနဲ့ ညီဖို့ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု သင်ယူပါလို့ တိုက်တွန်းတာ မိန်းမတွေ သိပ် ငွေမက်တာလား။

ကိုယ်တိုင်က မဝတ်မစား နေနိုင်ပေမယ့် မိမိသားသမီး လူကြားထဲ အရောင်မှိန်နေမှာ မကြည့်ရက်တော့ လုပ်ပါ တ ကဲ ကဲ ဆော်သြမိတာ မိန်းမတွေ ငွေမက်လို့တဲ့လား။

လမ်းပေါ်လုပ်စားနေရတဲ့ တချို့ မိန်းမတွေကရော သူနောက်ကွယ်က အခက်အခဲတစ်ခုကြောင့် သုံးဖြုန်းနေတဲ့ ယောကျၤားတွေမှာ ဘဝကို ရောင်းစားလိုက်ရတာ ငွေမက်လို့တဲ့လား။

ဒီခေတ်ကြီးမှာ မောင့်မျက်နှာ တစ်ရွာထင်ပြီး လိုက်ရဲ့တဲ့ မိန်းမတွေ ငိုနေကြတယ်။ အချစ်တစ်ခုု ကိုးကွယ်ပြီး ကြမ်းပျဉ်ခုနှစ်ချပ်မှာ ထမင်းရည်သောက်ပါရစေဆိုတဲ့ မိန်းမတွေလည်း တစ်ခုလပ်၊ မုဆိုးမဖြစ်ကြရတယ်။ ဒါပေမယ့် မိန်းမတွေက အဲဒီလို ဖြစ်ရင်တောင် အဲဒီလို ထားရဲတဲ့ ယောကျၤားအပေါ် “မောင်တစ်ထမ်းမယ်တစ်ရွက်” မဆိုနဲ့ “မယ်တစ်ထမ်းမောင်တစ်ရွက်” ဘဝရောက်ရင်တောင် အရိုးဆွေးတဲ့အထိ အတူနေရဲတာ မိန်းမတွေ ငွေမက်ကြလို့လား။

မိန်းမတွေဟာ ပေးဆပ်နှလုံးသားနဲ့ လူဖြစ်ရသူတွေပါ။ သင်တို့အတွက် ပေးဆပ်ချစ်နဲ့ ချစ်တဲ့ မိန်းမသားတို့ရဲ့ ငွေမက်ရခြင်း အကြောင်းအရင်းကို တန်ဖိုးရှိခြင်းလို့ မြင်ပြီး သားမယားကို ချစ်ခင်ကြပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Yangon Life
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top