Kantharyar Centre
×

ျမန္မာဘက္က အခြန္ေငြ တိုးျမႇင့္ေတာင္းခံမႈေၾကာင့္ ႏွစ္ႏိုင္ငံနယ္စပ္အနီးရွိ တ႐ုတ္ေရနံခ်က္စက္႐ံု လုပ္ငန္းစတင္လည္ပတ္မည့္ အ စီအစဥ္ကို ဆိုင္းငံ့လိုက္ေၾကာင္းသိရသည္။


PetroChina ကုမၸဏီက ျမန္မာႏုိင္ငံအတြင္း ေရနံပိုက္ လိုင္း သြယ္တန္းအသံုးျပဳမႈအတြက္ အ ခြန္ေငြေကာက္ယူမႈ အစီအစဥ္ကို လက္မခံလုိေသာေၾကာင့္ ယူနန္ တြင္ တည္ေဆာက္ထားသည့္ အန္နင္းေရနံခ်က္စက္႐ံုကို လုပ္ငန္း စတင္ဦးမည္မဟုတ္ဟု တ႐ုတ္စက္မႈေရးရာ ထိပ္သီးအရာရွိႀကီး ႏွစ္ဦးက Reuters သို႔ ေျပာၾကား သည္။

PetroChina ၏ မိခင္လုပ္ငန္းစုႀကီးျဖစ္သည့္ တ႐ုတ္အစိုးရ ပိုင္ စီအင္န္ပီစီ (တ႐ုတ္အမ်ိဳးသား ေလာင္စာဆီေကာ္ပိုေရးရွင္း)သည္ ရခိုင္ျပည္နယ္ ေရနက္ဆိပ္ ကမ္းမွစတင္ကာ ယူနန္အထိ သြယ္တန္းထားသည့္ ကီလိုမီတာ ၂၄၀၀ ရွည္လ်ားေသာ ေလာင္စာပိုက္လုိင္းမွ တင္ပို႔မႈမ်ားကို ၿပီးခဲ့သည့္ႏွစ္တြင္ စတင္စမ္းသပ္ခဲ့ သည္။ အဆိုပါ ပိုက္လုိင္းသည္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕တင္ သြင္းမႈတြင္ မလကၠာေရလက္ ၾကားကို တ႐ုတ္က အလြန္အမင္း မွီခိုေနရမႈကို ေလွ်ာ့ခ်ရန္ ရည္ရြယ္တည္ေဆာက္ထားျခင္းျဖစ္သည္။ တ႐ုတ္၏ ေလာင္စာတင္သြင္းမႈ ၈၀ ရာခုိင္ႏႈန္းသည္ မလကၠာကို ျဖတ္ေက်ာ္ဝင္ေရာက္ေနသည္။

PetroChina သည္ အဆိုပါေရနံပိုက္လိုင္းႏွင့္ ဆက္စပ္လည္ပတ္ရန္အတြက္ တစ္ေန႔လွ်င္ ေရနံစည္ေပါင္း ႏွစ္ေသာင္းေျခာက္ ေထာင္ သန္႔စင္ႏုိင္မည့္ ေရနံခ်က္ စက္တစ္ခုကို ယူနန္တြင္ တည္ ေဆာက္ခဲ့သည္။ အဆိုပါ အန္နင္း ေရနံခ်က္စက္႐ံုကို ဇူလုိင္တြင္ အၿပီးသတ္ခဲ့ၿပီး ယခုလအတြင္း ကနဦးစမ္းသပ္အဆင့္ စတင္ လည္ပတ္ရန္ လ်ာထားသည္။

သို႔ေသာ္ ျမန္မာအစိုးရက ေရနံပိုက္လိုင္း သြယ္တန္းမႈအ တြက္ ၅ ရာခုိင္ႏႈန္း အခြန္တိုးျမႇင့္ ေကာက္ခံရန္ စီစဥ္ခဲ့ေသာေၾကာင့္ စက္႐ံုစတင္လည္ပတ္မည့္ကိစၥ မွာ ေႏွာင့္ေႏွးဖြယ္ရွိေနေၾကာင္း သိရသည္။

‘‘ျမန္မာအစိုးရက ေရနံစိမ္း သယ္ယူမႈအတြက္ အခြန္ေငြ ၅ ရာခုိင္ႏႈန္း တိုးေကာက္ပါတယ္။ ဒါဟာ ေရနံစိမ္းသယ္ယူမႈနဲ႔ ပိုက္လုိင္းအတြက္ အခြန္စည္းၾကပ္မႈ ထက္ ပိုမ်ားေနပါတယ္’’ဟု ေဘ ဂ်င္းမွ စက္မႈလုပ္ငန္းဆိုင္ရာ ထိပ္ သီးအရာရွိတစ္ဦးက ဆိုသည္။

၎က ‘‘အဲဒီ အခြန္စည္းၾကပ္ မႈဟာ ႏုိင္ငံတကာ သတ္မွတ္ခ်က္ေတြနဲ႔လည္း ကင္းကြာေနပါ တယ္။ အဲဒီအတိုင္း အခြန္ေဆာင္ရရင္ ေရနံခ်က္စက္႐ံုက အ႐ံႈးေပၚ ဖို႔ ေသခ်ာေနပါတယ္’’ဟု ေျပာ ၾကားသည္။

ေနျပည္ေတာ္မွ ျမန္မာ့စြမ္းအင္ဝန္ႀကီးဌာန တာဝန္ရွိသူတစ္ ဦးကမူ ႏွစ္ႏုိင္ငံ အစိုးရမ်ားသည္ ဘ႑ာေရးဝန္ႀကီးဌာနႏွင့္ အျခားေသာ အစိုးရေအဂ်င္စီမ်ားက ေထာက္ခံမႈရွိခဲ့လွ်င္ ေရနံပိုက္ လုိင္းဆိုင္ရာစာခ်ဳပ္မွ အခ်က္အ လက္မ်ားကို ျပင္ဆင္ႏုိင္ရန္ ႀကိဳ တင္သေဘာတူထားေၾကာင္း ဆို သည္။

‘‘သက္ဆိုင္ရာ တ႐ုတ္ ကုမၸဏီက ဘ႑ာေရး ဝန္ႀကီးဌာန နဲ႔ ထပ္ၿပီးေတြ႕ဆံုေဆြးေႏြးဖို႔ လိုအပ္ေနဆဲပါ။ ႏွစ္ႀကိမ္ေတြ႕ၿပီးပါ ၿပီ။ ဒါေပမဲ့ အၿပီးသတ္သေဘာတူ ညီမႈေတာ့ မရေသးပါဘူး’’ဟု အဆိုပါအမည္မေဖာ္သည့္ အရာ ရွိက မွတ္ခ်က္ေပးခဲ့သည္။

PetroChina ကမူ လုပ္ငန္းပိုင္းဆိုင္ရာကိစၥမ်ားႏွင့္ ပတ္သက္၍ လူသိရွင္ၾကား မွတ္ခ်က္မေပးလိုဟု ျငင္းဆိုထားသည္။

ေက်ာက္ျဖဴမွစတင္ၿပီး ယူ နန္ရွိ တ႐ုတ္-ျမန္မာ နယ္စပ္ၿမိဳ႕ ႐ူလီအထိ သြယ္တန္းထားသည့္ ပိုက္လုိင္းသည္ တစ္ေန႔လွ်င္ ေရနံစိမ္းပမာဏ စည္ေပါင္းေလးသိန္း ေလးေသာင္းအထိ သယ္ယူပို႔ ေဆာင္ႏုိင္မည္ျဖစ္သည္။ အဆိုပါပိုက္လုိင္းစီမံကိန္းကို စီအင္န္ပီစီႏွင့္ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ ေငြ႕လုပ္ငန္းတို႔က ပူးေပါင္းရင္းႏွီး ျမႇဳပ္ႏွံထားသည္။

တ႐ုတ္သည္ ျမန္မာႏုိင္ငံတြင္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ အစိုးရသစ္အာဏာရလာခ်ိန္ကတည္းက သဘာဝသယံဇာ တေပါႂကြယ္ဝသည့္ အိမ္နီးခ်င္း ႏုိင္ငံအေပၚ ဩဇာလႊမ္းမိုးမႈကို ဆက္လက္ထိန္းသိမ္းရန္ သံတမန္ေရး လုပ္ငန္းစဥ္မ်ား ပိုမိုျမႇင့္တင္လာခဲ့သည္။ တ႐ုတ္သည္ ေက်ာက္ျဖဴ-ယူနန္ ေရနံပိုက္လိုင္းႏွင့္အ ၿပိဳင္ သဘာဝဓာတ္ေငြ႕ပိုက္လုိင္း တစ္ခုကိုလည္း တည္ေဆာက္ ထားသလို လုပ္ငန္းပိုင္းဆိုင္းငံ့ ထားရသည့္ ဧရာဝတီျမစ္ဆံုစီမံ ကိန္းကို ျပန္လည္စတင္ႏုိင္ရန္ လည္း ႀကိဳးပမ္းေနဆဲျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မြန်မာဘက်က အခွန်ငွေ တိုးမြှင့်တောင်းခံမှုကြောင့် နှစ်နိုင်ငံနယ်စပ်အနီးရှိ တရုတ်ရေနံချက်စက်ရုံ လုပ်ငန်းစတင်လည်ပတ်မည့် အ စီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်းသိရသည်။


PetroChina ကုမ္ပဏီက မြန်မာနိုင်ငံအတွင်း ရေနံပိုက် လိုင်း သွယ်တန်းအသုံးပြုမှုအတွက် အ ခွန်ငွေကောက်ယူမှု အစီအစဉ်ကို လက်မခံလိုသောကြောင့် ယူနန် တွင် တည်ဆောက်ထားသည့် အန်နင်းရေနံချက်စက်ရုံကို လုပ်ငန်း စတင်ဦးမည်မဟုတ်ဟု တရုတ်စက်မှုရေးရာ ထိပ်သီးအရာရှိကြီး နှစ်ဦးက Reuters သို့ ပြောကြား သည်။

PetroChina ၏ မိခင်လုပ်ငန်းစုကြီးဖြစ်သည့် တရုတ်အစိုးရ ပိုင် စီအင်န်ပီစီ (တရုတ်အမျိုးသား လောင်စာဆီကော်ပိုရေးရှင်း)သည် ရခိုင်ပြည်နယ် ရေနက်ဆိပ် ကမ်းမှစတင်ကာ ယူနန်အထိ သွယ်တန်းထားသည့် ကီလိုမီတာ ၂၄၀၀ ရှည်လျားသော လောင်စာပိုက်လိုင်းမှ တင်ပို့မှုများကို ပြီးခဲ့သည့်နှစ်တွင် စတင်စမ်းသပ်ခဲ့ သည်။ အဆိုပါ ပိုက်လိုင်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တင် သွင်းမှုတွင် မလက္ကာရေလက် ကြားကို တရုတ်က အလွန်အမင်း မှီခိုနေရမှုကို လျှော့ချရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ တရုတ်၏ လောင်စာတင်သွင်းမှု ၈၀ ရာခိုင်နှုန်းသည် မလက္ကာကို ဖြတ်ကျော်ဝင်ရောက်နေသည်။

PetroChina သည် အဆိုပါရေနံပိုက်လိုင်းနှင့် ဆက်စပ်လည်ပတ်ရန်အတွက် တစ်နေ့လျှင် ရေနံစည်ပေါင်း နှစ်သောင်းခြောက် ထောင် သန့်စင်နိုင်မည့် ရေနံချက် စက်တစ်ခုကို ယူနန်တွင် တည် ဆောက်ခဲ့သည်။ အဆိုပါ အန်နင်း ရေနံချက်စက်ရုံကို ဇူလိုင်တွင် အပြီးသတ်ခဲ့ပြီး ယခုလအတွင်း ကနဦးစမ်းသပ်အဆင့် စတင် လည်ပတ်ရန် လျာထားသည်။

သို့သော် မြန်မာအစိုးရက ရေနံပိုက်လိုင်း သွယ်တန်းမှုအ တွက် ၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် ကောက်ခံရန် စီစဉ်ခဲ့သောကြောင့် စက်ရုံစတင်လည်ပတ်မည့်ကိစ္စ မှာ နှောင့်နှေးဖွယ်ရှိနေကြောင်း သိရသည်။

‘‘မြန်မာအစိုးရက ရေနံစိမ်း သယ်ယူမှုအတွက် အခွန်ငွေ ၅ ရာခိုင်နှုန်း တိုးကောက်ပါတယ်။ ဒါဟာ ရေနံစိမ်းသယ်ယူမှုနဲ့ ပိုက်လိုင်းအတွက် အခွန်စည်းကြပ်မှု ထက် ပိုများနေပါတယ်’’ဟု ဘေ ဂျင်းမှ စက်မှုလုပ်ငန်းဆိုင်ရာ ထိပ် သီးအရာရှိတစ်ဦးက ဆိုသည်။

၎င်းက ‘‘အဲဒီ အခွန်စည်းကြပ် မှုဟာ နိုင်ငံတကာ သတ်မှတ်ချက်တွေနဲ့လည်း ကင်းကွာနေပါ တယ်။ အဲဒီအတိုင်း အခွန်ဆောင်ရရင် ရေနံချက်စက်ရုံက အရှုံးပေါ် ဖို့ သေချာနေပါတယ်’’ဟု ပြော ကြားသည်။

နေပြည်တော်မှ မြန်မာ့စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ် ဦးကမူ နှစ်နိုင်ငံ အစိုးရများသည် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခြားသော အစိုးရအေဂျင်စီများက ထောက်ခံမှုရှိခဲ့လျှင် ရေနံပိုက် လိုင်းဆိုင်ရာစာချုပ်မှ အချက်အ လက်များကို ပြင်ဆင်နိုင်ရန် ကြို တင်သဘောတူထားကြောင်း ဆို သည်။

‘‘သက်ဆိုင်ရာ တရုတ် ကုမ္ပဏီက ဘဏ္ဍာရေး ဝန်ကြီးဌာန နဲ့ ထပ်ပြီးတွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေဆဲပါ။ နှစ်ကြိမ်တွေ့ပြီးပါ ပြီ။ ဒါပေမဲ့ အပြီးသတ်သဘောတူ ညီမှုတော့ မရသေးပါဘူး’’ဟု အဆိုပါအမည်မဖော်သည့် အရာ ရှိက မှတ်ချက်ပေးခဲ့သည်။

PetroChina ကမူ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ လူသိရှင်ကြား မှတ်ချက်မပေးလိုဟု ငြင်းဆိုထားသည်။

ကျောက်ဖြူမှစတင်ပြီး ယူ နန်ရှိ တရုတ်-မြန်မာ နယ်စပ်မြို့ ရူလီအထိ သွယ်တန်းထားသည့် ပိုက်လိုင်းသည် တစ်နေ့လျှင် ရေနံစိမ်းပမာဏ စည်ပေါင်းလေးသိန်း လေးသောင်းအထိ သယ်ယူပို့ ဆောင်နိုင်မည်ဖြစ်သည်။ အဆိုပါပိုက်လိုင်းစီမံကိန်းကို စီအင်န်ပီစီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းတို့က ပူးပေါင်းရင်းနှီး မြှုပ်နှံထားသည်။

တရုတ်သည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်အာဏာရလာချိန်ကတည်းက သဘာဝသယံဇာ တပေါကြွယ်ဝသည့် အိမ်နီးချင်း နိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းရန် သံတမန်ရေး လုပ်ငန်းစဉ်များ ပိုမိုမြှင့်တင်လာခဲ့သည်။ တရုတ်သည် ကျောက်ဖြူ-ယူနန် ရေနံပိုက်လိုင်းနှင့်အ ပြိုင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်ခုကိုလည်း တည်ဆောက် ထားသလို လုပ်ငန်းပိုင်းဆိုင်းငံ့ ထားရသည့် ဧရာဝတီမြစ်ဆုံစီမံ ကိန်းကို ပြန်လည်စတင်နိုင်ရန် လည်း ကြိုးပမ်းနေဆဲဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top