Property Expo
×

ျမန္မာႏုိင္ငံသို႔ ျပန္လည္ေရာက္ရွိေနသည့္ အဆုိေတာ္ေအာင္ရင္က ယခုႏွစ္အတြင္း ဒုတိယအႀကိမ္ ေဖ်ာ္ေျဖပြဲကို ေအာက္တုိဘာ ၂၂ ရက္တြင္ အမ်ိဳးသားကဇာတ္႐ံု၌ ျပဳလုပ္မည္ျဖစ္သည္။ ထို႔ေၾကာင့္ ေအာင္ရင္ကို  အဆုိပါေဖ်ာ္ေျဖပြဲအေၾကာင္းအပါအဝင္ သားျဖစ္သူ မုိးေအာင္ရင္ႏွင့္ပတ္သက္၍ ခံစားခ်က္မ်ားကို ေတြ႕ဆံုေမးျမန္းခဲ့ပါသည္။

တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲကို ‘ေအာင္ရင္ ၃၂’လုိ႔ ဘာေၾကာင့္ ေပးျဖစ္တာပါလဲ။

ေအာင္ရင္ ၃၂ ပြဲက ေနာက္ ႏွစ္ ဇန္နဝါရီမွာ အေစာဆံုးလုပ္ဖို႔ ပါ။ ကြၽန္ေတာ့္သားကိစၥနဲ႔ ေရာက္လာတဲ့အခ်ိန္မွာ ေနာက္ႏွစ္ထဲမွာလုပ္ဖို႔ေနရာကလည္း အဆင္မေျပဘူးဆိုၿပီး ေရႊ႕ရင္းေရႊ႕ရင္း  ေအာက္တိုဘာ ၂၂ ရက္မွာ လုပ္ ျဖစ္သြားတာပါ။ ေအာင္ရင္ ၃၂ လို႔ေပးျဖစ္တာကေတာ့ ၁၉၈၄ မွာ ကြၽန္ေတာ့္ရဲ႕ ပထမဆံုးတစ္ကိုယ္ ေတာ္အေခြထြက္တယ္။ အခု ၃၂ ႏွစ္ရွိသြားပါၿပီ။ ကြၽန္ေတာ့္သူငယ္ ခ်င္း ေဒါက္တာကိုကိုလြင္ (IC)နဲ႔တိုင္ပင္ေတာ့ ေအာင္ရင္ ၃၂ လို႔ပဲေပးလိုက္ဆိုၿပီး သူေပးထားတဲ့နာ မည္ေလးပါ။

သီခ်င္းလည္း ၃၂ ပုဒ္ေဖ်ာ္ေျဖမယ္ လို႔သိရပါတယ္။

သီခ်င္းေဖ်ာ္ေျဖမႈကလည္း ေအာင္ရင္ ၃၂ လို႔ေပးထားသလိုပဲ ေရဒီယုိသီခ်င္းေတြ၊ ကိုစိန္လြင္ သီခ်င္းေတြနဲ႔ ကိုယ္ပိုင္သံစဥ္ သီခ်င္းေတြလည္း ပါပါမယ္။ ၿပီးေတာ့ စံုတြဲသီခ်င္းေတြလည္း ပါပါမယ္။ တီးဝိုင္းကေတာ့ EveningStar တီးဝိုင္းနဲ႔အတူ တျခားညီအစ္ကိုေတြလည္း ကူညီတီးခတ္ေပး ၾကမွာ ျဖစ္ပါတယ္။ ဒီပြဲမွာ ဝိုင္း စုခိုင္သိန္းနဲ႔က စံုတြဲတစ္ပုဒ္ဆို မယ္။ အိုင္ရင္းဇင္မာျမင့္နဲ႔က စံု တဲြႏွစ္ပုဒ္ဆိုမယ္။ Rဇာနည္နဲ႔က အတြဲတစ္ပုဒ္၊ ေနာက္ၿပီး ကြၽန္ေတာ့္သီခ်င္းတစ္ပုဒ္ကို သူဆိုပါ မယ္။ ၿဖိဳးျပည့္စံုနဲ႔က စံုတဲြတစ္ပုဒ္၊ ကြၽန္ေတာ့္သီခ်င္းတစ္ပုဒ္ကို Solo ဆိုပါမယ္။

မတ္လတုန္းကလုပ္တဲ့ Live 90ပြဲတုန္းကဆိုရင္ ပြဲေတြမဆိုတာ ၾကာေတာ့ စိုးရိမ္စိတ္ရွိတယ္လို႔ ေျပာခဲ့တယ္။ အခုပြဲမွာက အဲဒီပြဲထက္ ပိုၿပီးသီခ်င္းေတြအမ်ားႀကီး ဆိုရမွာဆိုေတာ့ စိုးရိမ္စိတ္ရွိ ပါသလား။

ပထမပြဲေလာက္ေတာ့ စိုးရိမ္စိတ္မရွိေတာ့ပါဘူး။ စိတ္ဖိစီးမႈေတာ့ ရွိတာေပါ့။ ဒါေပမဲ့လည္း ကြၽန္ေတာ့္အေျခအေနအရ လုပ္ရတာပါ။ အဲဒီအတြက္ အား လံုးက ေမတၱာေရွ႕ထားၿပီး အားလံုးက ခြင့္လႊတ္နားလည္လိမ့္မယ္၊ ၾကည့္ ႐ႈအားေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ ပါတယ္။

သားျဖစ္သူ မိုးေအာင္ရင္ရဲ႕ကိစၥနဲ႔ ပတ္သက္ၿပီး အေဖတစ္ေယာက္ ရဲ႕ ခံစားခ်က္ကိုလည္း ေျပာျပေပး ပါဦး။

ဒါကေတာ့ဗ်ာ။ မိဘတစ္ ေယာက္၊ အေဖတစ္ေယာက္ရဲ႕ ခံစားခ်က္ကေတာ့ ကြၽန္ေတာ့္လိုႀကံဳေတြ႕လာတဲ့အခါမွာ တျခား မိဘေတြ၊ အေဖေတြလည္း ကြၽန္ ေတာ့္လိုပဲခံစားရမွာပါ။ အထူးအေထြေတာ့ ဖြဲ႕ႏြဲ႕ၿပီး မေျပာခ်င္ ေတာ့ပါဘူး။

အခုေဖ်ာ္ေျဖပြဲမွာ မိုးေအာင္ရင္နဲ႔ပတ္သက္ၿပီး အစီအစဥ္ေလး လည္း ပါမယ္ဆိုေတာ့ အဲဒီအေၾကာင္းေလးလည္း ေျပာျပေပး ပါဦး။

တကယ္ေတာ့ ကြၽန္ေတာ့္ တစ္ကိုယ္ေတာ္ပြဲက လာမယ့္ႏွစ္  ဇန္နဝါရီမွာသာ လုပ္ျဖစ္ရင္ ကြၽန္ေတာ့္သားေလးကိုလည္း အမွတ္တရသီခ်င္းတစ္ပုဒ္ဆိုေစခ်င္တဲ့ အစီအစဥ္ေလးရွိၿပီးသားပါ။ ဒါေပ မဲ့ အခုေတာ့ သူမပါႏုိင္ဘူးဆို ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ့္အတြက္လည္း အမွတ္တရ ျဖစ္၊ ပရိသတ္ေတြလည္း အလြမ္းေျပေလးျဖစ္၊ လြမ္းစရာလည္း ေကာင္းတယ္ေျပာလို႔ ဒီအစီအစဥ္ ေလးကို ထည့္ထားပါတယ္။

လြန္ခဲ့တဲ့ ၁၆ ႏွစ္ကတည္းက လုပ္ ထားတဲ့ သီခ်င္းေတြလည္း အေခြထြက္ဖို႔ ရွိတယ္လို႔ သိရ ပါတယ္။

မီနီအယ္လ္ဘမ္အေနနဲ႔ ျဖန္႔ ျဖစ္မလား၊ တစ္ပုဒ္ခ်င္းအြန္လိုင္းကေန ထုတ္ျဖစ္မလားဆို တာကေတာ့ မေသခ်ာ ေသးပါ ဘူး။ ခ်စ္စမ္းေမာင္ Mixing လုပ္ေပးမွ ကြၽန္ေတာ့္အလုပ္ေတြကၿပီး မွာ ဆိုေတာ့ေလ။ ကြၽန္ေတာ့္ဘက္ကေတာ့ ၁၈ ရက္ေန႔ကေန စဆိုပါၿပီ။ သူတို႔ကလည္း ေတာက္ေလွ်ာက္ကြၽန္ေတာ္သိသေလာက္ ကေတာ့ တစ္လႏွစ္လအတြင္းမွာ အိုင္စီကလည္း Tour ေတြ ထြက္ေနပါတယ္။ သူတို႔အားတဲ့အခ်ိန္ ေတာ့ ကြၽန္ေတာ့္ကို ဦးစားေပးၿပီး လုပ္ေပးမယ္လို႔ ညီေလး (ခ်စ္စမ္း ေမာင္)က ေျပာပါတယ္။

ေတးေရးေတြအေနနဲ႔ ဘယ္သူ ေတြပါဦးမလဲ။ သီခ်င္းဘယ္ႏွပုဒ္ ေလာက္ စီစဥ္ထားတာလဲ။ လြန္ခဲ့တဲ့ ၁၆ ႏွစ္ကတည္းက စီစဥ္ထားၿပီး ဘာေၾကာင့္မထြက္ျဖစ္ခဲ့တာ ပါလဲ။

ပါမယ့္သီခ်င္းေလးေတြက ေတာ့ ကြၽန္ေတာ္တစ္ေယာက္ တည္း ဆိုထားတာပါတယ္။ ေမာင္ ေမာင္ေဇာ္လတ္၊  ေရႊေဂ်ာ္ေဂ်ာ္၊Lလြန္းဝါသီခ်င္းေတြပါမယ္။ ထူးအိမ္သင္တစ္ေယာက္ တည္းဆို ထားတာရွိသလို ကြၽန္ေတာ္နဲ႔ စံုတြဲဆိုထားတာလည္း ပါတယ္။ အခ်ိန္ၾကာတာက ကိုယ့္ဟာကိုယ္လုပ္ ထားၿပီး စိတ္တိုင္းမက်ျဖစ္ေနၿပီး ေတာ့။ လုပ္ထားတာလည္း တစ္ခုတည္း မဟုတ္ပါဘူး။ အိုင္စီနဲ႔ PTLမွာလုပ္တဲ့  အယ္လ္ဘမ္ႏွစ္ခုရွိ တယ္။ လင္းစတူဒီယိုမွာ တစ္ခုရွိတယ္။ ေျပာရရင္ေလးေခြ၊ ငါးေခြေလာက္ရွိတယ္။ အိုေအစစ္ စတူဒီယိုမွာ တစ္ခုရွိတယ္။ လက္စမသတ္ဘဲ လုပ္ရင္းလုပ္ရင္းနဲ႔ ေနာက္က်ေတာ့ ကြၽန္ေတာ္မသြား ခင္ကာလမွာလည္း အေျခအေန သိပ္မေကာင္းဘူးေပါ့ဗ်ာ။ ေနာက္ၿပီးေတာ့ လုပ္မယ္၊ လုပ္မယ္နဲ႔ အခ်ိန္ဆြဲေနတာေရာ၊ ေခတ္ေရာ သိပ္မေကာင္းတာေၾကာင့္ မလုပ္ ျဖစ္တာပါ။

ထူးအိမ္သင္ေရးေပးတဲ့ သီခ်င္း လည္းပါမယ္ဆိုေတာ့ အဲဒီသီခ်င္း ေလးအေၾကာင္းလည္း ေျပာျပပါဦး။

ဟိုးတုန္းက အရိပ္ဆိုတဲ့ ႐ုပ္ရွင္ရွိတယ္။ အဲဒီအထဲမွာ အရိပ္လွ်ိဳ႕ဝွက္ခ်က္ဆိုတဲ့ သီခ်င္းေလးက သူေရးေပးထားတယ္။ ေနာက္ ၿပီး ‘မုိင္တုိင္ ၄၀’ဆိုတဲ့သီခ်င္းက  ကိုငွက္ႀကီး (ထူးအိမ္သင္)ကို ေမာင္ေမာင္ေဇာ္လတ္က  အသက္ (၄၀)ျပည့္ေမြးေန႔မွာ မိုင္တုိင္ ၄၀ဆိုတဲ့နာမည္နဲ႔ ထူးအိမ္သင္အေၾကာင္း ေရးဖြဲ႕တာေလးကို ေပးဆုိတယ္။ အဲဒီအခ်ိန္မွာ ထူးအိမ္သင္ က ဒီသီခ်င္းကငါနဲ႔ မလုိက္ဘူး။ ေအာင္ရင္နဲ႔ လုိက္တယ္။ ေအာင္ ရင္ဆိုလိုက္ဆိုၿပီး ေမာင္ေမာင္ ေဇာ္လတ္ေပးတဲ့ဟာကို ကြၽန္ ေတာ့္ကို ျပန္ေပးတာ။

ျမန္မာႏိုင္ငံမွာ ဘယ္ေလာက္ေနဦးမွာလဲ။ ရန္ကုန္အျပင္ တျခားၿမိဳ႕ေတြမွာေကာ ေဖ်ာ္ေျဖပြဲလုပ္ဖို႔ အစီအစဥ္ရွိဦးမလား။

ဒီဇင္ဘာ ေနာက္ဆံုးပတ္ ေလာက္ ျပန္ျဖစ္မွာပါ။ မႏၲေလးမွာေတာ့ လုပ္ဖုိ႔စကားေျပာဆို ထားတယ္။ ဒါေပမဲ့ သီခ်င္းပ႐ို ဂရမ္ေတြ ျပန္ညႇိရဦးမယ္။ မေသ ခ်ာေသးဘူး။

ေအာင္ရင္ ၃၂ ပြဲနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို ေျပာခ်င္တဲ့ စကားေလးေတြရွိရင္ 7Day Dailyရဲ႕ စာမ်က္ႏွာကတစ္ဆင့္ စကား လက္ေဆာင္ပါးပါဦး။

ကြၽန္ေတာ္ သြားေနေနတာ လည္း ေဝးပါတယ္။ တစ္ခါတစ္ခါ ျပန္လာဖို႔လည္း မလြယ္ပါဘူး။ အခုဟာက မျဖစ္မေနမိုလို႔သာ ျပန္လာရတာ။ ဟိုဘက္မွာလည္း အလုပ္ေတြ ဘာေတြထြက္ရတဲ့အေျခအေနမ်ိဳး ရွိပါတယ္။ ေနာက္တစ္ခါ ျပန္ၿပီးလာခ်င္လည္း လာႏိုင္မယ္၊ မလာခ်င္လည္း မလာႏိုင္ဘူး။ ကြၽန္ေတာ္လည္း ဘာမွႀကိဳမေျပာႏိုင္ဘူး။ အခု ကြၽန္ေတာ္ေရာက္ေနတုန္း ကြၽန္ေတာ္လုပ္ ႏိုင္တဲ့အခ်ိန္မွာ အေကာင္းဆံုး ႀကိဳးစားၿပီးလုပ္ပါမယ္။ အဲဒီပြဲမွာလည္း အားလံုးနားလည္ၿပီး ေမတၱာနဲ႔ လာေရာက္ၾကည့္႐ႈဖို႔ ဖိတ္ေခၚခ်င္ပါတယ္။ အားလံုးကို ေက်းဇူးတင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် အဆိုတော်အောင်ရင်က ယခုနှစ်အတွင်း ဒုတိယအကြိမ် ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၂ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်သည်။ ထို့ကြောင့် အောင်ရင်ကို  အဆိုပါဖျော်ဖြေပွဲအကြောင်းအပါအဝင် သားဖြစ်သူ မိုးအောင်ရင်နှင့်ပတ်သက်၍ ခံစားချက်များကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ‘အောင်ရင် ၃၂’လို့ ဘာကြောင့် ပေးဖြစ်တာပါလဲ။

အောင်ရင် ၃၂ ပွဲက နောက် နှစ် ဇန်နဝါရီမှာ အစောဆုံးလုပ်ဖို့ ပါ။ ကျွန်တော့်သားကိစ္စနဲ့ ရောက်လာတဲ့အချိန်မှာ နောက်နှစ်ထဲမှာလုပ်ဖို့နေရာကလည်း အဆင်မပြေဘူးဆိုပြီး ရွှေ့ရင်းရွှေ့ရင်း  အောက်တိုဘာ ၂၂ ရက်မှာ လုပ် ဖြစ်သွားတာပါ။ အောင်ရင် ၃၂ လို့ပေးဖြစ်တာကတော့ ၁၉၈၄ မှာ ကျွန်တော့်ရဲ့ ပထမဆုံးတစ်ကိုယ် တော်အခွေထွက်တယ်။ အခု ၃၂ နှစ်ရှိသွားပါပြီ။ ကျွန်တော့်သူငယ် ချင်း ဒေါက်တာကိုကိုလွင် (IC)နဲ့တိုင်ပင်တော့ အောင်ရင် ၃၂ လို့ပဲပေးလိုက်ဆိုပြီး သူပေးထားတဲ့နာ မည်လေးပါ။

သီချင်းလည်း ၃၂ ပုဒ်ဖျော်ဖြေမယ် လို့သိရပါတယ်။

သီချင်းဖျော်ဖြေမှုကလည်း အောင်ရင် ၃၂ လို့ပေးထားသလိုပဲ ရေဒီယိုသီချင်းတွေ၊ ကိုစိန်လွင် သီချင်းတွေနဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေလည်း ပါပါမယ်။ ပြီးတော့ စုံတွဲသီချင်းတွေလည်း ပါပါမယ်။ တီးဝိုင်းကတော့ EveningStar တီးဝိုင်းနဲ့အတူ တခြားညီအစ်ကိုတွေလည်း ကူညီတီးခတ်ပေး ကြမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဝိုင်း စုခိုင်သိန်းနဲ့က စုံတွဲတစ်ပုဒ်ဆို မယ်။ အိုင်ရင်းဇင်မာမြင့်နဲ့က စုံ တွဲနှစ်ပုဒ်ဆိုမယ်။ Rဇာနည်နဲ့က အတွဲတစ်ပုဒ်၊ နောက်ပြီး ကျွန်တော့်သီချင်းတစ်ပုဒ်ကို သူဆိုပါ မယ်။ ဖြိုးပြည့်စုံနဲ့က စုံတွဲတစ်ပုဒ်၊ ကျွန်တော့်သီချင်းတစ်ပုဒ်ကို Solo ဆိုပါမယ်။

မတ်လတုန်းကလုပ်တဲ့ Live 90ပွဲတုန်းကဆိုရင် ပွဲတွေမဆိုတာ ကြာတော့ စိုးရိမ်စိတ်ရှိတယ်လို့ ပြောခဲ့တယ်။ အခုပွဲမှာက အဲဒီပွဲထက် ပိုပြီးသီချင်းတွေအများကြီး ဆိုရမှာဆိုတော့ စိုးရိမ်စိတ်ရှိ ပါသလား။

ပထမပွဲလောက်တော့ စိုးရိမ်စိတ်မရှိတော့ပါဘူး။ စိတ်ဖိစီးမှုတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း ကျွန်တော့်အခြေအနေအရ လုပ်ရတာပါ။ အဲဒီအတွက် အား လုံးက မေတ္တာရှေ့ထားပြီး အားလုံးက ခွင့်လွှတ်နားလည်လိမ့်မယ်၊ ကြည့် ရှုအားပေးလိမ့်မယ်လို့ မျှော်လင့် ပါတယ်။

သားဖြစ်သူ မိုးအောင်ရင်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဖေတစ်ယောက် ရဲ့ ခံစားချက်ကိုလည်း ပြောပြပေး ပါဦး။

ဒါကတော့ဗျာ။ မိဘတစ် ယောက်၊ အဖေတစ်ယောက်ရဲ့ ခံစားချက်ကတော့ ကျွန်တော့်လိုကြုံတွေ့လာတဲ့အခါမှာ တခြား မိဘတွေ၊ အဖေတွေလည်း ကျွန် တော့်လိုပဲခံစားရမှာပါ။ အထူးအထွေတော့ ဖွဲ့နွဲ့ပြီး မပြောချင် တော့ပါဘူး။

အခုဖျော်ဖြေပွဲမှာ မိုးအောင်ရင်နဲ့ပတ်သက်ပြီး အစီအစဉ်လေး လည်း ပါမယ်ဆိုတော့ အဲဒီအကြောင်းလေးလည်း ပြောပြပေး ပါဦး။

တကယ်တော့ ကျွန်တော့် တစ်ကိုယ်တော်ပွဲက လာမယ့်နှစ်  ဇန်နဝါရီမှာသာ လုပ်ဖြစ်ရင် ကျွန်တော့်သားလေးကိုလည်း အမှတ်တရသီချင်းတစ်ပုဒ်ဆိုစေချင်တဲ့ အစီအစဉ်လေးရှိပြီးသားပါ။ ဒါပေ မဲ့ အခုတော့ သူမပါနိုင်ဘူးဆို တော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက်လည်း အမှတ်တရ ဖြစ်၊ ပရိသတ်တွေလည်း အလွမ်းပြေလေးဖြစ်၊ လွမ်းစရာလည်း ကောင်းတယ်ပြောလို့ ဒီအစီအစဉ် လေးကို ထည့်ထားပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက လုပ် ထားတဲ့ သီချင်းတွေလည်း အခွေထွက်ဖို့ ရှိတယ်လို့ သိရ ပါတယ်။

မီနီအယ်လ်ဘမ်အနေနဲ့ ဖြန့် ဖြစ်မလား၊ တစ်ပုဒ်ချင်းအွန်လိုင်းကနေ ထုတ်ဖြစ်မလားဆို တာကတော့ မသေချာ သေးပါ ဘူး။ ချစ်စမ်းမောင် Mixing လုပ်ပေးမှ ကျွန်တော့်အလုပ်တွေကပြီး မှာ ဆိုတော့လေ။ ကျွန်တော့်ဘက်ကတော့ ၁၈ ရက်နေ့ကနေ စဆိုပါပြီ။ သူတို့ကလည်း တောက်လျှောက်ကျွန်တော်သိသလောက် ကတော့ တစ်လနှစ်လအတွင်းမှာ အိုင်စီကလည်း Tour တွေ ထွက်နေပါတယ်။ သူတို့အားတဲ့အချိန် တော့ ကျွန်တော့်ကို ဦးစားပေးပြီး လုပ်ပေးမယ်လို့ ညီလေး (ချစ်စမ်း မောင်)က ပြောပါတယ်။

တေးရေးတွေအနေနဲ့ ဘယ်သူ တွေပါဦးမလဲ။ သီချင်းဘယ်နှပုဒ် လောက် စီစဉ်ထားတာလဲ။ လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက စီစဉ်ထားပြီး ဘာကြောင့်မထွက်ဖြစ်ခဲ့တာ ပါလဲ။

ပါမယ့်သီချင်းလေးတွေက တော့ ကျွန်တော်တစ်ယောက် တည်း ဆိုထားတာပါတယ်။ မောင် မောင်ဇော်လတ်၊  ရွှေဂျော်ဂျော်၊Lလွန်းဝါသီချင်းတွေပါမယ်။ ထူးအိမ်သင်တစ်ယောက် တည်းဆို ထားတာရှိသလို ကျွန်တော်နဲ့ စုံတွဲဆိုထားတာလည်း ပါတယ်။ အချိန်ကြာတာက ကိုယ့်ဟာကိုယ်လုပ် ထားပြီး စိတ်တိုင်းမကျဖြစ်နေပြီး တော့။ လုပ်ထားတာလည်း တစ်ခုတည်း မဟုတ်ပါဘူး။ အိုင်စီနဲ့ PTLမှာလုပ်တဲ့  အယ်လ်ဘမ်နှစ်ခုရှိ တယ်။ လင်းစတူဒီယိုမှာ တစ်ခုရှိတယ်။ ပြောရရင်လေးခွေ၊ ငါးခွေလောက်ရှိတယ်။ အိုအေစစ် စတူဒီယိုမှာ တစ်ခုရှိတယ်။ လက်စမသတ်ဘဲ လုပ်ရင်းလုပ်ရင်းနဲ့ နောက်ကျတော့ ကျွန်တော်မသွား ခင်ကာလမှာလည်း အခြေအနေ သိပ်မကောင်းဘူးပေါ့ဗျာ။ နောက်ပြီးတော့ လုပ်မယ်၊ လုပ်မယ်နဲ့ အချိန်ဆွဲနေတာရော၊ ခေတ်ရော သိပ်မကောင်းတာကြောင့် မလုပ် ဖြစ်တာပါ။

ထူးအိမ်သင်ရေးပေးတဲ့ သီချင်း လည်းပါမယ်ဆိုတော့ အဲဒီသီချင်း လေးအကြောင်းလည်း ပြောပြပါဦး။

ဟိုးတုန်းက အရိပ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ အဲဒီအထဲမှာ အရိပ်လျှို့ဝှက်ချက်ဆိုတဲ့ သီချင်းလေးက သူရေးပေးထားတယ်။ နောက် ပြီး ‘မိုင်တိုင် ၄၀’ဆိုတဲ့သီချင်းက  ကိုငှက်ကြီး (ထူးအိမ်သင်)ကို မောင်မောင်ဇော်လတ်က  အသက် (၄၀)ပြည့်မွေးနေ့မှာ မိုင်တိုင် ၄၀ဆိုတဲ့နာမည်နဲ့ ထူးအိမ်သင်အကြောင်း ရေးဖွဲ့တာလေးကို ပေးဆိုတယ်။ အဲဒီအချိန်မှာ ထူးအိမ်သင် က ဒီသီချင်းကငါနဲ့ မလိုက်ဘူး။ အောင်ရင်နဲ့ လိုက်တယ်။ အောင် ရင်ဆိုလိုက်ဆိုပြီး မောင်မောင် ဇော်လတ်ပေးတဲ့ဟာကို ကျွန် တော့်ကို ပြန်ပေးတာ။

မြန်မာနိုင်ငံမှာ ဘယ်လောက်နေဦးမှာလဲ။ ရန်ကုန်အပြင် တခြားမြို့တွေမှာကော ဖျော်ဖြေပွဲလုပ်ဖို့ အစီအစဉ်ရှိဦးမလား။

ဒီဇင်ဘာ နောက်ဆုံးပတ် လောက် ပြန်ဖြစ်မှာပါ။ မန္တလေးမှာတော့ လုပ်ဖို့စကားပြောဆို ထားတယ်။ ဒါပေမဲ့ သီချင်းပရို ဂရမ်တွေ ပြန်ညှိရဦးမယ်။ မသေ ချာသေးဘူး။

အောင်ရင် ၃၂ ပွဲနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့ စကားလေးတွေရှိရင် 7Day Dailyရဲ့ စာမျက်နှာကတစ်ဆင့် စကား လက်ဆောင်ပါးပါဦး။

ကျွန်တော် သွားနေနေတာ လည်း ဝေးပါတယ်။ တစ်ခါတစ်ခါ ပြန်လာဖို့လည်း မလွယ်ပါဘူး။ အခုဟာက မဖြစ်မနေမိုလို့သာ ပြန်လာရတာ။ ဟိုဘက်မှာလည်း အလုပ်တွေ ဘာတွေထွက်ရတဲ့အခြေအနေမျိုး ရှိပါတယ်။ နောက်တစ်ခါ ပြန်ပြီးလာချင်လည်း လာနိုင်မယ်၊ မလာချင်လည်း မလာနိုင်ဘူး။ ကျွန်တော်လည်း ဘာမှကြိုမပြောနိုင်ဘူး။ အခု ကျွန်တော်ရောက်နေတုန်း ကျွန်တော်လုပ် နိုင်တဲ့အချိန်မှာ အကောင်းဆုံး ကြိုးစားပြီးလုပ်ပါမယ်။ အဲဒီပွဲမှာလည်း အားလုံးနားလည်ပြီး မေတ္တာနဲ့ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top