Property Expo
×

 ႂကြက္တက္ျခင္းသည္ ေျခေထာက္ႏွင့္ ေျခသလံုးႂကြက္သားမ်ားတြင္သာမက ခႏၶာကိုယ္ေနရာအႏွံ႔ရွိႂကြက္သားမ်ားတြင္ ေန႔ညမေရြးျဖစ္ႏုိင္ပါတယ္။

အလြန္ေနရခက္ေသာႂကြက္တက္ရျခင္းအေၾကာင္းအရင္းမ်ားမွာ -

1. ေရဓာတ္ခန္းေျခာက္ျခင္း

ေရဓာတ္နည္းျခင္းေၾကာင့္ ႂကြြက္တက္ႏုိင္ပါသျဖင့္ တစ္ေန႔လံုး ေရေသာက္မနည္းေအာင္ ဂ႐ုျပဳသင့္ပါတယ္။

2. အာဟာရခ်ိဳ႕တဲ့ျခင္း

ႂကြက္သားမ်ားက်ံဳ႕ႏုိင္ဆန္႔ႏုိင္ျပဳလုပ္ရန္အတြက္ ကယ္လ္ဆီယမ္၊ ဆုိဒီယမ္၊ ပိုတက္ဆီယမ္ႏွင့္ မဂၢနီဆီယမ္ ပမာဏမွာ မွ်ေျခတြင္ရွိရန္လိုအပ္ပါသည္။ ဒါ့ေၾကာင့္ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္မ်ားကို ေန႔စဥ္ပံုမွန္ဂရုစိုက္ၿပီး စားသံုးသင့္ပါတယ္။

3. ေဆးဝါးမ်ား၏ ဆုိးက်ိဳးမ်ား

အဆီက်ေဆး (statins) ႏွင့္ ဆီးေဆး (Lasix) ကဲ့သို႔ေဆးမ်ားဟာ ႂကြက္တက္ျခင္းကိုျဖစ္ေစႏုိင္တာေၾကာင့္ ေဆးေသာက္ၿပီးၿပီးခ်င္း ႂကြက္တက္ပါက ဆရာဝန္ထံခ်က္ခ်င္းသြားသင့္ပါတယ္။

4. ႂကြက္သားေပ်ာ့ေပ်ာင္းေစမည့္ေလ့က်င့္ခန္းမ်ားမျပဳလုပ္ျခင္း

ေန႔စဥ္ အေၾကာေလွ်ာ့ေလ့က်င့္ခန္းမ်ားျပဳလုပ္ျခင္းက ႂကြက္သားမ်ားကို ေပ်ာ့ေပ်ာင္းေစႏုိင္တာေၾကာင့္
 ႂကြက္တက္ျခင္းကို ကာကြယ္ႏိုင္ပါတယ္။

5. လိုသည္ထက္ပို၍ ေလ့က်င့္ခန္းမ်ား အျပင္းအထန္ျပဳလုပ္ျခင္း

ေလ့က်င့္ခန္းမ်ားကို မိမိခံႏုိ္င္ရည္ထက္ ပိုမိုျပင္းထန္စြာျပဳလုပ္ျခင္းေၾကာင့္ ႂကြက္သားမ်ားပင္ပန္းလာၿပီး ႂကြက္တက္ျခင္းျဖစ္ေစႏုိင္ပါတယ္။

6. ေသြးလည္ပတ္မႈစနစ္မေကာင္းျခင္း

လမ္းေလွ်ာက္ျခင္းေၾကာင့္ ႂကြက္တက္ျခင္း (သို႔) ႂကြက္သားနာျခင္းမ်ားခံစားရပါက ေသြးလည္ပတ္စနစ္ႏွင့္ ပတ္သက္မႈရွိေနႏုိင္ပါတယ္။ ဒါမ်ိဳးကို ရက္ဆက္ႀကံဳရၿပီဆိုရင္ေတာ့ ဆရာ၀န္ႏွင့္ သြားေရာက္ေဆြးေႏြးတိုင္ပင္သင့္ပါတယ္။

7. ဖိနပ္မ်ားေၾကာင့္ ႂကြက္တက္ျခင္း

လူသိနည္းေသာ ႂကြက္တက္ေစတဲ့အေၾကာင္းအရင္းတစ္ခုျဖစ္ၿပီး ဖိနပ္အပါးစီးေနရာမွ ေဒါက္ျမင့္ဖိနပ္ေျပာင္းစီးသူမ်ားတြင္ ပိုမိုအျဖစ္မ်ားတတ္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္သြားလာလႈပ္ရွားေနရတဲ့သူေတြအေနနဲ႔ သက္ေသာင့္သက္သာရွိမယ့္ ဖိနပ္မ်ိဳးကို ေရြးခ်ယ္၀တ္ဆင္သင့္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar.com

Unicode Version

 ကြွက်တက်ခြင်းသည် ခြေထောက်နှင့် ခြေသလုံးကြွက်သားများတွင်သာမက ခန္ဓာကိုယ်နေရာအနှံ့ရှိကြွက်သားများတွင် နေ့ညမရွေးဖြစ်နိုင်ပါတယ်။

အလွန်နေရခက်သောကြွက်တက်ရခြင်းအကြောင်းအရင်းများမှာ -

1. ရေဓာတ်ခန်းခြောက်ခြင်း

ရေဓာတ်နည်းခြင်းကြောင့် ကြွက်တက်နိုင်ပါသဖြင့် တစ်နေ့လုံး ရေသောက်မနည်းအောင် ဂရုပြုသင့်ပါတယ်။

2. အာဟာရချို့တဲ့ခြင်း

ကြွက်သားများကျုံ့နိုင်ဆန့်နိုင်ပြုလုပ်ရန်အတွက် ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ် ပမာဏမှာ မျှခြေတွင်ရှိရန်လိုအပ်ပါသည်။ ဒါ့ကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို နေ့စဉ်ပုံမှန်ဂရုစိုက်ပြီး စားသုံးသင့်ပါတယ်။

3. ဆေးဝါးများ၏ ဆိုးကျိုးများ

အဆီကျဆေး (statins) နှင့် ဆီးဆေး (Lasix) ကဲ့သို့ဆေးများဟာ ကြွက်တက်ခြင်းကိုဖြစ်စေနိုင်တာကြောင့် ဆေးသောက်ပြီးပြီးချင်း ကြွက်တက်ပါက ဆရာဝန်ထံချက်ချင်းသွားသင့်ပါတယ်။

4. ကြွက်သားပျော့ပျောင်းစေမည့်လေ့ကျင့်ခန်းများမပြုလုပ်ခြင်း

နေ့စဉ် အကြောလျှော့လေ့ကျင့်ခန်းများပြုလုပ်ခြင်းက ကြွက်သားများကို ပျော့ပျောင်းစေနိုင်တာကြောင့် ကြွက်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

5. လိုသည်ထက်ပို၍ လေ့ကျင့်ခန်းများ အပြင်းအထန်ပြုလုပ်ခြင်း

လေ့ကျင့်ခန်းများကို မိမိခံနိုင်ရည်ထက် ပိုမိုပြင်းထန်စွာပြုလုပ်ခြင်းကြောင့် ကြွက်သားများပင်ပန်းလာပြီး ကြွက်တက်ခြင်းဖြစ်စေနိုင်ပါတယ်။

6. သွေးလည်ပတ်မှုစနစ်မကောင်းခြင်း

လမ်းလျှောက်ခြင်းကြောင့် ကြွက်တက်ခြင်း (သို့) ကြွက်သားနာခြင်းများခံစားရပါက သွေးလည်ပတ်စနစ်နှင့် ပတ်သက်မှုရှိနေနိုင်ပါတယ်။ ဒါမျိုးကို ရက်ဆက်ကြုံရပြီဆိုရင်တော့ ဆရာဝန်နှင့် သွားရောက်ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

7. ဖိနပ်များကြောင့် ကြွက်တက်ခြင်း

လူသိနည်းသော ကြွက်တက်စေတဲ့အကြောင်းအရင်းတစ်ခုဖြစ်ပြီး ဖိနပ်အပါးစီးနေရာမှ ဒေါက်မြင့်ဖိနပ်ပြောင်းစီးသူများတွင် ပိုမိုအဖြစ်များတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့သူတွေအနေနဲ့ သက်သောင့်သက်သာရှိမယ့် ဖိနပ်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar.com
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top