Property Expo
×

ရန္ကုန္စေတာ့အိတ္ ခ်ိန္းတြင္ စတုတၳေျမာက္ အမ်ား ပိုင္ကုမၸဏီအျဖစ္ ပထမပုဂၢလိက ဘဏ္လီမိတက္က ရွယ္ယာမ်ား ထုတ္ေရာင္းမည္ျဖစ္ၿပီး လက္ရွိ တြင္ အမ်ားပိုင္ ကုမၸဏီမ်ားႏွင့္ ပတ္သက္ေသာ စစ္ေဆးမႈမ်ား ျပဳလုပ္ေန၍ မၾကာမီ ရွယ္ယာမ်ား

ေရာင္းခ်ႏိုင္ေတာ့မည္ဟု အဆုိပါ

ဘဏ္အႀကီးတန္း အေထြေထြမန္ေနဂ်ာဦးျမင့္ေဇာ္က ေျပာသည္။

‘‘စေတာ့အိတ္ခ်ိန္းမွာ ထုတ္ ေရာင္းဖို႔ ႏႈန္းေတြကို မၾကာခင္ ေၾကညာသြားေတာ့မွာ။ အခု ေလ့ လာဆန္းစစ္မႈေတြ လုပ္ေနၿပီဆို ေတာ့ မၾကာခင္ထုတ္ေရာင္းႏိုင္ ေတာ့မွာပါ’’ဟု ဦးျမင့္ေဇာ္က ေျပာၾကားသည္။

သို႔ေသာ္ ရွယ္ယာ ေရာင္း ခ်မည့္ရက္အတိအက်ကိုမူ ဦးျမင့္ ေဇာ္က အတည္ျပဳေျပာၾကားျခင္း မရွိေပ။

ရွယ္ယာအေရာင္းပိတ္ထား ခ်ိန္တြင္ အဆိုပါဘဏ္၏ရွယ္ယာ ေပါက္ေစ်းမွာ က်ပ္သံုးေသာင္းရွိ သည္။ ပထမပုဂၢလိကဘဏ္လီမိ တက္သည္ ရွယ္ယာစတင္ေရာင္း ခ်သည့္ ၁၉၉၂ တြင္ ရွယ္ယာတစ္ စံုလွ်င္ က်ပ္ႏွစ္ေသာင္းေပါက္ၿပီး ေငြေၾကးပမာဏက်ပ္ဘီလီယံ တစ္ ရာရင္းႏွီးျမႇဳပ္ႏွံထားသည့္ အမ်ား ပိုင္ကုမၸဏီျဖစ္သည္။

လက္ရွိတြင္ စေတာ့အိတ္ ခ်ိန္းသို႔ ဝင္ေရာက္ရန္ ရည္ရြယ္ တည္ေထာင္ထားသည့္ အမ်ားပိုင္ ကုမၸဏီအားလံုးကို စေတာ့အိတ္ခ်ိန္းသို႔ ဝင္ေရာက္ ခြင့္ျပဳမည္ မဟုတ္ဘဲ ေငြေခ်း သက္ေသခံ လက္မွတ္လုပ္ငန္းႀကီးၾကပ္ေရး ေကာ္မရွင္က သတ္မွွတ္ထားသည့္ စံႏႈန္းမ်ား ျပည့္မီမွသာ လုပ္ကိုင္ခြင့္ရရွိမည္ျဖစ္သည္။

ေငြေခ်းသက္ေသခံ လက္ မွတ္ လုပ္ငန္းႀကီးၾကပ္ေရးေကာ္ မရွင္က လက္ရွိတြင္ အစုရွယ္ယာ ေရာင္းခ်ခြင့္အျဖစ္ အမ်ားပုိင္ ကုမၸဏီေျခာက္ခုကို ခြင့္ျပဳထားသည္။ ကုမၸဏီမ်ားဘက္မွ အစုရွယ္ယာ လက္မွတ္မ်ားကို အီလက္ထရြန္နစ္စနစ္သို႔ ကူးေျပာင္းၿပီးပါက ေရာင္းခ်ႏိုင္မည္ျဖစ္သည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္း၌ အမ်ားပိုင္ကုမၸဏီမ်ား၏ရွယ္ယာ မ်ား အေရာင္းအဝယ္ျပဳလုပ္ရန္ ေငြေရးေၾကးေရး တစ္ဆင့္ခံ အ က်ိဳးေဆာင္ကုမၸဏီ (Securities) ၁၀ ခု ခြင့္ျပဳထားသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္းကို ၿပီးခဲ့သည့္ ၂၀၁၅ ဒီဇင္ဘာ ၉ ရက္က ဖြင့္လွစ္ခဲ့သည္။

လက္ရွိတြင္ FMI ကုမၸဏီ၊ သီလဝါ အထူးစီးပြားဇုန္ အမ်ားပိုင္ကုမၸဏီႏွင့္ ျမန္မာႏိုင္ငံသားဘဏ္တို႔က ရွယ္ယာမ်ားေရာင္းခ်ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ရန်ကုန်စတော့အိတ် ချိန်းတွင် စတုတ္ထမြောက် အများ ပိုင်ကုမ္ပဏီအဖြစ် ပထမပုဂ္ဂလိက ဘဏ်လီမိတက်က ရှယ်ယာများ ထုတ်ရောင်းမည်ဖြစ်ပြီး လက်ရှိ တွင် အများပိုင် ကုမ္ပဏီများနှင့် ပတ်သက်သော စစ်ဆေးမှုများ ပြုလုပ်နေ၍ မကြာမီ ရှယ်ယာများ

ရောင်းချနိုင်တော့မည်ဟု အဆိုပါ

ဘဏ်အကြီးတန်း အထွေထွေမန်နေဂျာဦးမြင့်ဇော်က ပြောသည်။

‘‘စတော့အိတ်ချိန်းမှာ ထုတ် ရောင်းဖို့ နှုန်းတွေကို မကြာခင် ကြေညာသွားတော့မှာ။ အခု လေ့ လာဆန်းစစ်မှုတွေ လုပ်နေပြီဆို တော့ မကြာခင်ထုတ်ရောင်းနိုင် တော့မှာပါ’’ဟု ဦးမြင့်ဇော်က ပြောကြားသည်။

သို့သော် ရှယ်ယာ ရောင်း ချမည့်ရက်အတိအကျကိုမူ ဦးမြင့် ဇော်က အတည်ပြုပြောကြားခြင်း မရှိပေ။

ရှယ်ယာအရောင်းပိတ်ထား ချိန်တွင် အဆိုပါဘဏ်၏ရှယ်ယာ ပေါက်ဈေးမှာ ကျပ်သုံးသောင်းရှိ သည်။ ပထမပုဂ္ဂလိကဘဏ်လီမိ တက်သည် ရှယ်ယာစတင်ရောင်း ချသည့် ၁၉၉၂ တွင် ရှယ်ယာတစ် စုံလျှင် ကျပ်နှစ်သောင်းပေါက်ပြီး ငွေကြေးပမာဏကျပ်ဘီလီယံ တစ် ရာရင်းနှီးမြှုပ်နှံထားသည့် အများ ပိုင်ကုမ္ပဏီဖြစ်သည်။

လက်ရှိတွင် စတော့အိတ် ချိန်းသို့ ဝင်ရောက်ရန် ရည်ရွယ် တည်ထောင်ထားသည့် အများပိုင် ကုမ္ပဏီအားလုံးကို စတော့အိတ်ချိန်းသို့ ဝင်ရောက် ခွင့်ပြုမည် မဟုတ်ဘဲ ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က သတ်မှှတ်ထားသည့် စံနှုန်းများ ပြည့်မီမှသာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

ငွေချေးသက်သေခံ လက် မှတ် လုပ်ငန်းကြီးကြပ်ရေးကော် မရှင်က လက်ရှိတွင် အစုရှယ်ယာ ရောင်းချခွင့်အဖြစ် အများပိုင် ကုမ္ပဏီခြောက်ခုကို ခွင့်ပြုထားသည်။ ကုမ္ပဏီများဘက်မှ အစုရှယ်ယာ လက်မှတ်များကို အီလက်ထရွန်နစ်စနစ်သို့ ကူးပြောင်းပြီးပါက ရောင်းချနိုင်မည်ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၌ အများပိုင်ကုမ္ပဏီများ၏ရှယ်ယာ များ အရောင်းအဝယ်ပြုလုပ်ရန် ငွေရေးကြေးရေး တစ်ဆင့်ခံ အ ကျိုးဆောင်ကုမ္ပဏီ (Securities) ၁၀ ခု ခွင့်ပြုထားသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ပြီးခဲ့သည့် ၂၀၁၅ ဒီဇင်ဘာ ၉ ရက်က ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် FMI ကုမ္ပဏီ၊ သီလဝါ အထူးစီးပွားဇုန် အများပိုင်ကုမ္ပဏီနှင့် မြန်မာနိုင်ငံသားဘဏ်တို့က ရှယ်ယာများရောင်းချနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top