Kantharyar Centre
×

တ႐ုတ္စစ္သေဘၤာႏွစ္စီး သည္ ရန္ကုန္ရွိ သီလ၀ါဆိပ္ကမ္း သို႔ စက္တင္ဘာ ၃၀ ရက္တြင္ အ လည္အပတ္ေရာက္ရွိလာၿပီး ေအာက္တိုဘာ ၄ ရက္အထိ ငါး ရက္ၾကာ ဆိုက္ကပ္ထားမည္ျဖစ္ ေၾကာင္း တ႐ုတ္ျပည္သူ႔လြတ္ ေျမာက္ေရးတပ္မေတာ္ (PLA) က သတင္းထုတ္ျပန္သည္။

ျမန္မာ-တ႐ုတ္ ႏွစ္ႏုိင္ငံ တပ္မေတာ္ေခါင္းေဆာင္မ်ားက သေဘာတူထားသည့္ အေရးပါ ေသာ တစ္စိတ္တစ္၀မ္းတည္း ဘံု သေဘာတူညီခ်က္ကို အေကာင္ အထည္ေဖာ္ရန္ တ႐ုတ္ေရတပ္ ၏ FFG Xiangtan ႏွင့္ FFG Zhoushan ဖရီးဂိတ္ေရ ယာဥ္ႏွစ္ စီး အလည္အပတ္ လာေရာက္ျခင္းျဖစ္ေၾကာင္း ေၾကညာခ်က္၌ ေဖာ္ျပထားသည္။

ယခု တ႐ုတ္စစ္သေဘၤာမ်ား  လာေရာက္လည္ပတ္ျခင္းေၾကာင့္ ႏွစ္ႏုိင္ငံစစ္ဘက္ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္မႈ ပိုမုိနက္႐ိႈင္းစြာ ဖံြ႕ၿဖိဳးတိုးတက္ေရးအတြက္ လြန္စြာအေရးပါေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးဟုန္လ်န္က ေျပာၾကားသည္။

တ႐ုတ္စစ္သေဘၤာ၏ ကြန္ မန္ဒါသည္ ျမန္မာ့တပ္မေတာ္ ေခါင္းေဆာင္မ်ားႏွင့့္ ေတြ႕ဆံုရန္ စီစဥ္ထားသည္။ စစ္သေဘၤာႏွစ္ စီး သီလ၀ါဆိပ္ကမ္း၌ ဆိုက္ကပ္ ခ်ိန္တြင္ တပ္မေတာ္ (ေရ)မွ ေရတပ္သေဘၤာက်င္းဌာနခ်ဳပ္မွဴး ဗုိလ္ခ်ဳပ္ျမင့္ဦး၊ ေရတပ္ေလ့က်င့္ေရး ဌာနခ်ဳပ္မွဴး ဗုိလ္မွဴးခ်ဳပ္ ေအာင္ေဇာ္လိႈင္တို႔က ဦးေဆာင္ ႀကိဳဆုိခဲ့ေၾကာင္း ေတြ႕ရသည္။

ထိုတ႐ုတ္စစ္သေဘၤာႏွစ္စီး သည္ ေအဒင္ပင္လယ္ေကြ႕ ဆိုမာ လီယာတြင္ ေရယာဥ္ကာကြယ္ ေရးတာ၀န္ထမ္းေဆာင္ၿပီးေနာက္ အျပန္လမ္းတြင္ ျမန္မာႏုိင္ငံသို႕ ၀င္ေရာက္လည္ပတ္ျခင္းျဖစ္ သည္။ ယခုခရီးစဥ္သည္ မဟာဗ်ဴ ဟာက် ဆက္သြယ္ေရးအား ေကာင္းေစရန္၊ လက္ေတြ႕ပူး ေပါင္းေဆာင္ရြက္မႈ ျမႇင့္တင္ရန္ ႏွင့္ ျမန္မာ-တ႐ုတ္ ပူးေပါင္း ေဆာင္ရြက္ေရးဆုိင္ရာ က်ယ္ျပန္႔ မဟာဗ်ဴဟာက်မိတ္ဖက္မႈ တိုး တက္ခုိင္မာေစရန္ ရည္ရြယ္သည္ ဟု ဆုိသည္။

၂၀၁၄ ေမလကလည္း တ႐ုတ္ေရတပ္မွ ေလ့က်င့္ေရး စစ္ေရယာဥ္ႏွစ္စီး သီလ၀ါဆိပ္ ကမ္းသို႔ လာေရာက္ခဲ့ဖူးၿပီး ျမန္မာ ေရတပ္ႏွင့္ ပူးတဲြေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့သည္။

စစ္တမ္းမ်ားအရ ျမန္မာေရ တပ္အေနျဖင့္ တ႐ုတ္ထံမွ အကူ အညီမ်ား ရယူေနရဆဲျဖစ္ၿပီး လက္ရွိတပ္မေတာ္ (ေရ)က ျပည္ တြင္းတြင္ တည္ေဆာက္ ထုတ္လုပ္ထားေသာ က်န္စစ္သားဖရီးဂိတ္စစ္ေရယာဥ္ႏွစ္စီးကိုလည္း တ႐ုတ္၏ နည္းပညာအေထာက္ အကူႏွင့္ ပစၥည္းကိရိယာမ်ားျဖင့္ တည္ေဆာက္ထားျခင္းျဖစ္ ေၾကာင္း ေတြ႕ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

တရုတ်စစ်သင်္ဘောနှစ်စီး သည် ရန်ကုန်ရှိ သီလဝါဆိပ်ကမ်း သို့ စက်တင်ဘာ ၃၀ ရက်တွင် အ လည်အပတ်ရောက်ရှိလာပြီး အောက်တိုဘာ ၄ ရက်အထိ ငါး ရက်ကြာ ဆိုက်ကပ်ထားမည်ဖြစ် ကြောင်း တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ တပ်မတော်ခေါင်းဆောင်များက သဘောတူထားသည့် အရေးပါ သော တစ်စိတ်တစ်ဝမ်းတည်း ဘုံ သဘောတူညီချက်ကို အကောင် အထည်ဖော်ရန် တရုတ်ရေတပ် ၏ FFG Xiangtan နှင့် FFG Zhoushan ဖရီးဂိတ်ရေ ယာဉ်နှစ် စီး အလည်အပတ် လာရောက်ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ယခု တရုတ်စစ်သင်္ဘောများ  လာရောက်လည်ပတ်ခြင်းကြောင့် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟုန်လျန်က ပြောကြားသည်။

တရုတ်စစ်သင်္ဘော၏ ကွန် မန်ဒါသည် မြန်မာ့တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ စစ်သင်္ဘောနှစ် စီး သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ် ချိန်တွင် တပ်မတော် (ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှူး ဗိုလ်ချုပ်မြင့်ဦး၊ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လှိုင်တို့က ဦးဆောင် ကြိုဆိုခဲ့ကြောင်း တွေ့ရသည်။

ထိုတရုတ်စစ်သင်္ဘောနှစ်စီး သည် အေဒင်ပင်လယ်ကွေ့ ဆိုမာ လီယာတွင် ရေယာဉ်ကာကွယ် ရေးတာဝန်ထမ်းဆောင်ပြီးနောက် အပြန်လမ်းတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်ခြင်းဖြစ် သည်။ ယခုခရီးစဉ်သည် မဟာဗျူ ဟာကျ ဆက်သွယ်ရေးအား ကောင်းစေရန်၊ လက်တွေ့ပူး ပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှင့် မြန်မာ-တရုတ် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကျယ်ပြန့် မဟာဗျူဟာကျမိတ်ဖက်မှု တိုး တက်ခိုင်မာစေရန် ရည်ရွယ်သည် ဟု ဆိုသည်။

၂၀၁၄ မေလကလည်း တရုတ်ရေတပ်မှ လေ့ကျင့်ရေး စစ်ရေယာဉ်နှစ်စီး သီလဝါဆိပ် ကမ်းသို့ လာရောက်ခဲ့ဖူးပြီး မြန်မာ ရေတပ်နှင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

စစ်တမ်းများအရ မြန်မာရေ တပ်အနေဖြင့် တရုတ်ထံမှ အကူ အညီများ ရယူနေရဆဲဖြစ်ပြီး လက်ရှိတပ်မတော် (ရေ)က ပြည် တွင်းတွင် တည်ဆောက် ထုတ်လုပ်ထားသော ကျန်စစ်သားဖရီးဂိတ်စစ်ရေယာဉ်နှစ်စီးကိုလည်း တရုတ်၏ နည်းပညာအထောက် အကူနှင့် ပစ္စည်းကိရိယာများဖြင့် တည်ဆောက်ထားခြင်းဖြစ် ကြောင်း တွေ့ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top