Property Expo
×

 ေနျပည္ေတာ္ရွိ ျပည္သူ႔လႊတ္ေတာ္အေဆာက္အ အံုအတြင္း လႊတ္ေတာ္႐ံုး အမ်ိဳး သမီးဝန္ထမ္းအခ်င္းခ်င္း ဓားထိုး မႈေအာက္တိုဘာ ၅ ရက္ နံနက္ ၈ နာရီခြဲခန္႔က ျဖစ္ပြားသည္။

လႊတ္ေတာ္႐ံုးမွ လက္ ေထာက္ၫႊန္ၾကားေရးမွဴးအဆင့္ ရွိသူ အမ်ိဳးသမီးကို ႐ံုးအကူ အမ်ိဳးသမီးက ဓားျဖင့္ထိုးျခင္းျဖစ္ကာ လက္ကိုင္ဖုန္းဖိုး အေႂကြးေတာင္း ရာမွ မေက်နပ္သျဖင့္ ဓားထိုးမႈျဖစ္ခဲ့ေၾကာင္း ကနဦးရဲမွတ္တမ္း မ်ားအရ သိရသည္။

ရဲမွတ္တမ္းမ်ားအရ လက္ ကိုင္ဖုန္းဖိုး အေႂကြးေတာင္းျခင္း ကို မေက်နပ္၍ ႐ံုးအကူ မသႏၲာက လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒၚသီသီဝင္းကို  အ႐ိုးအသြား ေျခာက္လက္မခန္႔ရွိ ဓားဦးခြၽန္ ၾကက္သြန္လွီးဓားျဖင့္ ေနာက္ေက်ာသို႔ ထိုးသြင္းခဲ့သျဖင့္ ထိုးသြင္းဒဏ္ရာတစ္ခ်က္ (မစိုးရိမ္ရ)ရရွိၿပီး လႊတ္ေတာ္ေဆးခန္းသို႔ သြားေရာက္ေဆးကုသရာ ႏွစ္ခ်က္ခ်ဳပ္ခဲ့ရသည္။

‘‘ျဖစ္စဥ္ကေတာ့ လူၾကားထဲ မွာ အေႂကြးကို ခဏခဏေတာင္း လုိ႔ ရွက္ၿပီးေတာ့ လက္ထဲမွာပါတဲ့ ဓားအေသးေပါ့။ အသုပ္ေရာင္းတဲ့ ဓားနဲ႔ ေနာက္ေက်ာကို ထိုးလိုက္ တာ။ လက္ရွိ  အေျခအေနက လည္း စိုးရိမ္စရာ  မရွိပါဘူး။ ေနာက္ေက်ာကို တစ္လမခန္႔ပါပဲ သိပ္မမ်ားပါဘူး။ အမွန္ကေတာ့ ရွက္ၿပီးေတာ့ အသင့္ပါတဲ့ ေဈး ေရာင္းတဲ့ ဓားနဲ႔ထိုးလိုက္တာပါ’’ ဟု ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္(၅)ရဲစခန္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

အိမ္သံုးဓားျဖင့္ ထိုးခံရ ေသာ လက္ေထာက္ၫႊန္ၾကားေရး မွဴး အမ်ိဳးသမီးသည္ မစိုးရိမ္ရ ေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ လႊတ္ေတာ္သို႔ လာေရာက္ စစ္ ေဆးခဲ့သူ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးဆန္းေအာင္က သတင္းမီဒီယာ မ်ားအား ေျပာၾကားသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သတင္းေရးသားေနသည့္ ေအာက္တိုဘာ ၅ ရက္ ညေနအထိ အမႈ မဖြင့္ရေသးေၾကာင္း ရဲတပ္ဖြဲ႕ထံ မွ သိရသည္။

ျပည္သူ႔လႊတ္ေတာ္မွ ျပည္ ေထာင္စုလႊတ္ေတာ္သို႔ကူးသည့္ စႀကႍလမ္းေဘးရွိ ေလွကားအနီး တြင္ ဓားထိုးမႈျဖစ္ခဲ့ၿပီး လႊတ္ေတာ္ အေဆာက္အအံုအတြင္း ယင္းသို႔ ျဖစ္ရပ္မ်ိဳးသည္ ပထမဆံုးအႀကိမ္ ျဖစ္ပြားျခင္းျဖစ္ေၾကာင္း  လႊတ္ေတာ္ဝန္ထမ္း အခ်ိဳ႕က ဆုိၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အ အုံအတွင်း လွှတ်တော်ရုံး အမျိုး သမီးဝန်ထမ်းအချင်းချင်း ဓားထိုး မှုအောက်တိုဘာ ၅ ရက် နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွားသည်။

လွှတ်တော်ရုံးမှ လက် ထောက်ညွှန်ကြားရေးမှူးအဆင့် ရှိသူ အမျိုးသမီးကို ရုံးအကူ အမျိုးသမီးက ဓားဖြင့်ထိုးခြင်းဖြစ်ကာ လက်ကိုင်ဖုန်းဖိုး အကြွေးတောင်း ရာမှ မကျေနပ်သဖြင့် ဓားထိုးမှုဖြစ်ခဲ့ကြောင်း ကနဦးရဲမှတ်တမ်း များအရ သိရသည်။

ရဲမှတ်တမ်းများအရ လက် ကိုင်ဖုန်းဖိုး အကြွေးတောင်းခြင်း ကို မကျေနပ်၍ ရုံးအကူ မသန္တာက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီဝင်းကို  အရိုးအသွား ခြောက်လက်မခန့်ရှိ ဓားဦးချွန် ကြက်သွန်လှီးဓားဖြင့် နောက်ကျောသို့ ထိုးသွင်းခဲ့သဖြင့် ထိုးသွင်းဒဏ်ရာတစ်ချက် (မစိုးရိမ်ရ)ရရှိပြီး လွှတ်တော်ဆေးခန်းသို့ သွားရောက်ဆေးကုသရာ နှစ်ချက်ချုပ်ခဲ့ရသည်။

‘‘ဖြစ်စဉ်ကတော့ လူကြားထဲ မှာ အကြွေးကို ခဏခဏတောင်း လို့ ရှက်ပြီးတော့ လက်ထဲမှာပါတဲ့ ဓားအသေးပေါ့။ အသုပ်ရောင်းတဲ့ ဓားနဲ့ နောက်ကျောကို ထိုးလိုက် တာ။ လက်ရှိ  အခြေအနေက လည်း စိုးရိမ်စရာ  မရှိပါဘူး။ နောက်ကျောကို တစ်လမခန့်ပါပဲ သိပ်မများပါဘူး။ အမှန်ကတော့ ရှက်ပြီးတော့ အသင့်ပါတဲ့ ဈေး ရောင်းတဲ့ ဓားနဲ့ထိုးလိုက်တာပါ’’ ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အိမ်သုံးဓားဖြင့် ထိုးခံရ သော လက်ထောက်ညွှန်ကြားရေး မှူး အမျိုးသမီးသည် မစိုးရိမ်ရ ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ လွှတ်တော်သို့ လာရောက် စစ် ဆေးခဲ့သူ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင်က သတင်းမီဒီယာ များအား ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းရေးသားနေသည့် အောက်တိုဘာ ၅ ရက် ညနေအထိ အမှု မဖွင့်ရသေးကြောင်း ရဲတပ်ဖွဲ့ထံ မှ သိရသည်။

ပြည်သူ့လွှတ်တော်မှ ပြည် ထောင်စုလွှတ်တော်သို့ကူးသည့် စင်္ကြံလမ်းဘေးရှိ လှေကားအနီး တွင် ဓားထိုးမှုဖြစ်ခဲ့ပြီး လွှတ်တော် အဆောက်အအုံအတွင်း ယင်းသို့ ဖြစ်ရပ်မျိုးသည် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ကြောင်း  လွှတ်တော်ဝန်ထမ်း အချို့က ဆိုကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top