Property Expo
×






#Unicode Version

အမေရိကရဲ့အန္တရာယ်အများဆုံးနဲ့ ကြောက်စရာအကောင်းဆုံး ရာဇဝတ်မှုတွေအတွက် အကြမ်းတမ်းဆုံး၊ အဆိုးရွားဆုံး အပြစ် ပေးထိန်းသိမ်းတဲ့ Administrative Maximum Facility (ADX)

အကျဉ်းထောင်ကတော့ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးနဲ့ အရက်စက်ဆုံး အကျဉ်းစခန်းတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထား ရပါတယ်။

နိုင်ငံအတွင်းမှာ ပြစ်မှုကြီးကြီးမားမားတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်စီရင် ခြင်းခံထားရတဲ့ ရာဇဝတ်သားတွေကို အပြစ်ပေးထိန်းချုပ်ထားဖို့ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ် ကော်လိုရာဒိုမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ခုတည်းသော နာမည်ဆိုးနဲ့ ကျော်ကြားတာကတော့ အကျဉ်းစ ခန်းထဲမှာ လူသားဆန်တဲ့ပြုမူနေထိုင်ခြင်းတွေ လုံးဝရှိမနေတာပါပဲ။

အကျဉ်းကျ အပြစ်သားတွေနဲ့ အကျဉ်းထောင်ထိန်းသိမ်းတဲ့ အ စောင့်၊ ထောင်မှူးတွေကြား ဆက်ဆံရေးတွေက ကြမ်းတမ်းလွန်း တယ်လို့ သိရပါတယ်။ အကျဉ်းသားတစ်ဦးနဲ့ တစ်ဦး၊ ထောင်အ တွင်း အစောင့်အရှောက်တွေကို သီးသန့်ခွဲခြားထားပြီး လူတစ် ယောက်နဲ့ မြင်နိုင်ဖို့ရာ အတော်လေးရှားပါးပြီး အထီးကျန်စရာ ကောင်းတဲ့နေရာလည်း ဖြစ်ပါတယ်။

နောက်ထပ် ဆိုးရွားတာက မီးအလင်းရောင်လုံးဝမရှိတာပါပဲ။ တစ် ဦးတည်း အချိန်ကြာကြာ အထီးကျန်နေခြင်းကနေ အလင်းရောင် လုံးဝမရှိလို့ စိတ်ဓာတ်ကျ၊ စိတ်ခြောက်ခြား၊ ဦးနှောက်ပျက်ရူးသွပ် သွားခြင်း၊ အဆုံးစီရင်သွားခြင်းတွေ ဖြစ်သွားတတ်ကြတာပါပဲ။ ဒီလိုမျိုး ထိတ်လန့်ကြောက်မက်ဖွယ်ရာကောင်းလို့လည်း လူ့ငရဲ စခန်းလို့ ခေါ်တွင်ထားကြပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top