Property Expo
×

ကြ်န္ေတာ္တို႔ ပတ္ဝန္းက်င္မွာေပါ့ အိမ္ ေထာင္ကြဲေတြ ေတြ႔ရတယ္။ ခ်စ္သူကြဲေတြ ေတြ႔ရတယ္။ တစ္ခုလတ္ေတြေတြ႔ရတယ္။ အပ်ိဳၾကီး လူပ်ိဳၾကီးေတြ ေတြ႔ရတယ္။ အိမ္ေထာင္ေရး အခ်စ္ေရးနဲ႔ ပက္သက္ရင္ ကံေကာင္းျပီး ဘဝေအးခ်မ္္းသူ ေျမာက္မ်ားစြာ ရွိသလို အိမ္ေထာင္ေရး အခ်စ္ေရးနဲ႔ ပက္သက္ရင္ သူ႔ေလာက္ကံဆုိးတာ ႏွစ္ေယာက္မရွိေအာင္ ကံဆုိးသူမ်ားစြာလည္း ရွိပါတယ္။
အခ်ိဳ႕က်ေတာ့ ေလးငါးႏွစ္ ရည္းစားျဖစ္ျပီးမွ ျပတ္သြားတယ္။ ေနာက္တစ္ေယာက္နဲ႔ လပိုင္းပဲ ခ်စ္ၾကိဳက္ျပီး ယူသြားတာေတြလည္း ရွိပါတယ္။ အိမ္ေထာင္ေရးနဲ႔ ပက္သက္ျပီး ကြ်န္ေတာ့္အေဖရဲ႕ ဆုိဆံုးမမႈကို နားေထာင္ရတဲ့အခါ သံေဝဂ တရား မ်ားစြာ ပါရွိပါတယ္။ ဒါေလးကို ျပန္လည္ မွ်ေဝခ်င္လို႔ပါ။

သူတို႔ကို သစၥာစူးသူမ်ားလို႔ ကြ်န္ေတာ့္အေနနဲ႕ အမည္ေပးခ်င္မိပါတယ္။

ကြ်န္ေတာ့္ အေဖက ေျပာျပတာကေတာ့ ခ်စ္သူ ႏွစ္ေယာက္ ဘယ္ေလာက္ပဲ ခ်စ္ၾကတယ္ ၾကိဳက္ၾကတယ္ ေျပာေျပာ သူတို႔ ႏွစ္ေယာက္ ေပါင္းဖက္ရဖို႔ဆုိတာ ၅၀ ရာခိုင္ႏွုန္းပဲ ေသခ်ာပါတယ္တဲ့။ မယူရေသးသေရြ႕ ခ်စ္သူ ရည္းစားဘဝမွာ ရွိေနေသးရင္ ဘဝမွာ တကယ္ ေပါင္းဖက္္ရဖို႔ဆုိတာ ရာခိုင္ႏွုန္း ၅၀ ေတာင္ တကယ္တန္းက် မေသခ်ာ ပါဘူး။ ေသခ်ာေအာင္ ဘယ္ေလာက္ပဲ ၾကိဳးစားၾကပါေစ လြဲရတာလည္း ရွိတတ္ပါတယ္။ အခ်ို႕က်ေတာ့လည္း ကုိယ္လုိခ်င္တဲ့ သူဟာ ဘယ္လို ဘာညာဆုိျပီးေတာ့ ပညတ္ေတြထုတ္ၾကတယ္။ တကယ္လည္း အဲသလို ရတာရွိေပမယ့္ အမ်ားစုကေတာ့ ကိုယ္လိုခ်င္တဲ့ ပံုစံနဲ႔ မရၾက ပါဘူး။ ဘာေၾကာင့္လဲဆုိတာ သူတို႔ဟာ ေပါင္းဖက္ဖို႔ ကံကို ပါေနလို႔ ျဖစ္ပါတယ္။ ဒါဟာ ဘဝအဆက္ဆက္က သစၥာေတြ တည္ခဲ့ၾကျပီး ေရစက္ဆုံ ျပန္လည္ေတြ႔ႏိုင္ေအာင္ ဘဝ သံသရာလည္ေစတဲ့ ဘဝလည္ေၾကာင္း တရားမ်ားနဲ႔ ရစ္တြယ္ထားၾကလို႔ ျဖစ္ပါတယ္။
တစ္ေလာက လင္မယားႏွစ္ေယာက္ တစ္ေယာက္နဲ႔ တစ္ေယာက္ ဓားနဲ႔ ခုတ္သတ္ၾကတဲ့ သတင္းၾကားတယ္။ မယားက ေယာကၤ်ားကို သတ္တယ္။ ေယာကၤ်ားက မယားကို သတ္တယ္။ သူတို႔ေတြဟာ ဒီဘဝမွာ ဒီလိုဆံုဖို႔အတြက္ကို ကံကိုက ပါလာျပီးသားမို႔ ျဖစ္ပါတယ္။ သိၾကားမင္းကိုယ္တိုင္ လာျဖတ္ရင္ေတာင္ မရေလာက္ေအာင္ ၾကီးမားတဲ့ ေရစက္ေၾကာင့္ ဒီဘဝမွာ လင္မယား ျဖစ္ၾကတယ္။ အဆင္မေျပလည္း ေပါင္းၾကရတယ္။ အစရွိသျဖင့္ေပါ့။ အခ်ို႕က်ေတာ့လည္း ဘယ္သူနဲ႔မွမေပါင္းဖက္ရဘဲ အပ်ိဳၾကီး လူပ်ိဳၾကီး ျဖစ္တယ္။ ဒါဟာလည္း ေရစက္ဆုံရန္ အေၾကာင္းမပါေလာက္ၾကတဲ့ သူမ်ား ျဖစ္လို႔ပါ။ ကံရဲ႕ အက်ိဳးဆက္ေတြပဲ ရႈျမင္မိပါတယ္။

ကြ်န္ေတာ့မွာ သားသမီးေတြ ရွိလာတဲ့အခါ သူတို႔ ခ်စ္သူရည္းစားေတြရွိလာရင္ ဘယ္သူဘယ္ဝါကေတာ့ အဆင္မေျပဘူး။ အဆင္ေျပတယ္ အစရွိသျဖင့္ အတတ္ႏုိင္ဆံုး အၾကံေပးတာပဲ လုပ္ႏုိင္ပါတယ္။ အသက္ ၁၈ ႏွစ္ျပည့္ျပီး လူတစ္ေယာက္ရဲ႕ ဆံုးျဖတ္ခ်က္ကို မတားဆီးႏိုင္ပါဘူး။ သူတို႔မွာ ကံၾကမၼာကိုက ကိုယ္တားလည္း သူ ရကို ရမယ့္ ကံပါေနလို႔ လို႔ပဲ ျမင္မိ ပါတယ္။ ဒီေတာ့ ခ်စ္သူ ရည္းစားျဖစ္ေနၾကတဲ့အခ်ိန္ ဒါ ကြ်န္ေတာ့ခ်စ္သူပါ၊ ဒါကြ်န္မ ခ်စ္သူပါ ဆုိျပီးေတာ အေသအခ်ာႀကီး ယုံၾကည္ထားၾကတဲ့ ကေလးေတြကို ျမင္ေတာ့ သံေဝဂ ရမိပါတယ္။ ကြ်န္ေတာ့ရဲ႕ သားသမီးေတြကိုဆုိရင္ ဒီေလာက္အထိ အေသအခ်ာ မေမွ်ာ္လင့္ဖို႔ ၊ မယုံၾကည္ထားဖို႔ တားမိမွာ အမွန္ပါပဲ။ ဘာေၾကာင့္လဲဆုိ ခ်စ္သူရည္းစားဆုိတာ အိမ္ေထာင္က်ရန္ ၅၀ ရာခိုင္ႏွုန္းေတာင္ မေသခ်ာသူမ်ား ျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။ ခ်စ္သူရည္းစားျဖစ္ဖို႔အထိကေတာ့ ကံပါျပီး အိမ္ေထာင္က်ဖို႔က်ေတာ့ ကံမပါတာမ်ိဳးမ်ားလည္း ရွိပါတယ္။ ဘဝမွာ မေမွ်ာ္လင့္တာေတြ ျဖစ္တတ္တဲ့အတြက္ ကိုယ္ မထင္ထားတဲ့ ကိစၥေတြလည္း ရွိလာတတ္တဲ့ အေၾကာင္း ၊ ကိုယ္ အေသအခ်ာ ယုံၾကည္ေနတာေတြလည္း တကယ္ျဖစ္မလာတာမ်ိဳးေတြ ရွိတတ္တဲ့အေၾကာင္း ၊ ယုံၾကည္ခ်က္ေတြ ၿပိဳလဲတဲ့ အခါ ခံႏိုင္ရည္ ရွိဖို႔အတြက္လည္း ႀကိဳတင္ႏွလုံးသြင္း ျပင္ဆင္ထားရမွာ ျဖစ္တဲ့ အေၾကာင္း ကြ်န္ေတာ့္ သားသမီးေတြကို ေျပာျပမွာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပေါ့ အိမ်ထောင်ကွဲတွေ တွေ့ရတယ်။ ချစ်သူကွဲတွေ တွေ့ရတယ်။ တစ်ခုလတ်တွေတွေ့ရတယ်။ အပျိုကြီး လူပျိုကြီးတွေ တွေ့ရတယ်။ အိမ်ထောင်ရေး အချစ်ရေးနဲ့ ပက်သက်ရင် ကံကောင်းပြီး ဘဝအေးချမ်းသူ မြောက်များစွာ ရှိသလို အိမ်ထောင်ရေး အချစ်ရေးနဲ့ ပက်သက်ရင် သူ့လောက်ကံဆိုးတာ နှစ်ယောက်မရှိအောင် ကံဆိုးသူများစွာလည်း ရှိပါတယ်။
အချို့ကျတော့ လေးငါးနှစ် ရည်းစားဖြစ်ပြီးမှ ပြတ်သွားတယ်။ နောက်တစ်ယောက်နဲ့ လပိုင်းပဲ ချစ်ကြိုက်ပြီး ယူသွားတာတွေလည်း ရှိပါတယ်။ အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး ကျွန်တော့်အဖေရဲ့ ဆိုဆုံးမမှုကို နားထောင်ရတဲ့အခါ သံဝေဂ တရား များစွာ ပါရှိပါတယ်။ ဒါလေးကို ပြန်လည် မျှဝေချင်လို့ပါ။

သူတို့ကို သစ္စာစူးသူများလို့ ကျွန်တော့်အနေနဲ့ အမည်ပေးချင်မိပါတယ်။

ကျွန်တော့် အဖေက ပြောပြတာကတော့ ချစ်သူ နှစ်ယောက် ဘယ်လောက်ပဲ ချစ်ကြတယ် ကြိုက်ကြတယ် ပြောပြော သူတို့ နှစ်ယောက် ပေါင်းဖက်ရဖို့ဆိုတာ ၅၀ ရာခိုင်နှုန်းပဲ သေချာပါတယ်တဲ့။ မယူရသေးသရွေ့ ချစ်သူ ရည်းစားဘဝမှာ ရှိနေသေးရင် ဘဝမှာ တကယ် ပေါင်းဖက်ရဖို့ဆိုတာ ရာခိုင်နှုန်း ၅၀ တောင် တကယ်တန်းကျ မသေချာ ပါဘူး။ သေချာအောင် ဘယ်လောက်ပဲ ကြိုးစားကြပါစေ လွဲရတာလည်း ရှိတတ်ပါတယ်။ အချို့ကျတော့လည်း ကိုယ်လိုချင်တဲ့ သူဟာ ဘယ်လို ဘာညာဆိုပြီးတော့ ပညတ်တွေထုတ်ကြတယ်။ တကယ်လည်း အဲသလို ရတာရှိပေမယ့် အများစုကတော့ ကိုယ်လိုချင်တဲ့ ပုံစံနဲ့ မရကြ ပါဘူး။ ဘာကြောင့်လဲဆိုတာ သူတို့ဟာ ပေါင်းဖက်ဖို့ ကံကို ပါနေလို့ ဖြစ်ပါတယ်။ ဒါဟာ ဘဝအဆက်ဆက်က သစ္စာတွေ တည်ခဲ့ကြပြီး ရေစက်ဆုံ ပြန်လည်တွေ့နိုင်အောင် ဘဝ သံသရာလည်စေတဲ့ ဘဝလည်ကြောင်း တရားများနဲ့ ရစ်တွယ်ထားကြလို့ ဖြစ်ပါတယ်။
တစ်လောက လင်မယားနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ဓားနဲ့ ခုတ်သတ်ကြတဲ့ သတင်းကြားတယ်။ မယားက ယောင်္ကျားကို သတ်တယ်။ ယောင်္ကျားက မယားကို သတ်တယ်။ သူတို့တွေဟာ ဒီဘဝမှာ ဒီလိုဆုံဖို့အတွက်ကို ကံကိုက ပါလာပြီးသားမို့ ဖြစ်ပါတယ်။ သိကြားမင်းကိုယ်တိုင် လာဖြတ်ရင်တောင် မရလောက်အောင် ကြီးမားတဲ့ ရေစက်ကြောင့် ဒီဘဝမှာ လင်မယား ဖြစ်ကြတယ်။ အဆင်မပြေလည်း ပေါင်းကြရတယ်။ အစရှိသဖြင့်ပေါ့။ အချို့ကျတော့လည်း ဘယ်သူနဲ့မှမပေါင်းဖက်ရဘဲ အပျိုကြီး လူပျိုကြီး ဖြစ်တယ်။ ဒါဟာလည်း ရေစက်ဆုံရန် အကြောင်းမပါလောက်ကြတဲ့ သူများ ဖြစ်လို့ပါ။ ကံရဲ့ အကျိုးဆက်တွေပဲ ရှုမြင်မိပါတယ်။

ကျွန်တော့မှာ သားသမီးတွေ ရှိလာတဲ့အခါ သူတို့ ချစ်သူရည်းစားတွေရှိလာရင် ဘယ်သူဘယ်ဝါကတော့ အဆင်မပြေဘူး။ အဆင်ပြေတယ် အစရှိသဖြင့် အတတ်နိုင်ဆုံး အကြံပေးတာပဲ လုပ်နိုင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီး လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို မတားဆီးနိုင်ပါဘူး။ သူတို့မှာ ကံကြမ္မာကိုက ကိုယ်တားလည်း သူ ရကို ရမယ့် ကံပါနေလို့ လို့ပဲ မြင်မိ ပါတယ်။ ဒီတော့ ချစ်သူ ရည်းစားဖြစ်နေကြတဲ့အချိန် ဒါ ကျွန်တော့ချစ်သူပါ၊ ဒါကျွန်မ ချစ်သူပါ ဆိုပြီးတော အသေအချာကြီး ယုံကြည်ထားကြတဲ့ ကလေးတွေကို မြင်တော့ သံဝေဂ ရမိပါတယ်။ ကျွန်တော့ရဲ့ သားသမီးတွေကိုဆိုရင် ဒီလောက်အထိ အသေအချာ မမျှော်လင့်ဖို့ ၊ မယုံကြည်ထားဖို့ တားမိမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆို ချစ်သူရည်းစားဆိုတာ အိမ်ထောင်ကျရန် ၅၀ ရာခိုင်နှုန်းတောင် မသေချာသူများ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ချစ်သူရည်းစားဖြစ်ဖို့အထိကတော့ ကံပါပြီး အိမ်ထောင်ကျဖို့ကျတော့ ကံမပါတာမျိုးများလည်း ရှိပါတယ်။ ဘဝမှာ မမျှော်လင့်တာတွေ ဖြစ်တတ်တဲ့အတွက် ကိုယ် မထင်ထားတဲ့ ကိစ္စတွေလည်း ရှိလာတတ်တဲ့ အကြောင်း ၊ ကိုယ် အသေအချာ ယုံကြည်နေတာတွေလည်း တကယ်ဖြစ်မလာတာမျိုးတွေ ရှိတတ်တဲ့အကြောင်း ၊ ယုံကြည်ချက်တွေ ပြိုလဲတဲ့ အခါ ခံနိုင်ရည် ရှိဖို့အတွက်လည်း ကြိုတင်နှလုံးသွင်း ပြင်ဆင်ထားရမှာ ဖြစ်တဲ့ အကြောင်း ကျွန်တော့် သားသမီးတွေကို ပြောပြမှာပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top