iMyanmarHouse.com - Best Property Website for Myanmar
×

ပစၥည္း ဘယ္ေလာက္ေဟာင္းေဟာင္း အဓိက မဟုတ္ပါ။ အထူးသျဖင့္ စမတ္ဖုန္းနဲ႔ တက္ဘ္လက္ ပတ္သက္ရင္ အင္တာနက္ေပၚမွာ လုိခ်င္တဲ့သူ တစ္ေယာက္ေယာက္ေတာ့ ရိွပါတယ္။ ဒါ့ေၾကာင့္ မိမိဘက္က အေကာင္းဆုံး လုပ္ႏုိင္တာက မိမိပစၥည္းေဟာင္းမ်ားကို eBay၊ OLX သုိ႔မဟုတ္ Facebook စတဲ့ အြန္လုိင္းေစ်းကြက္ေတြမွာ ေရာင္းခ်ရန္ ျဖစ္ပါတယ္။ မိမိစမတ္ဖုန္းအေဟာင္းမ်ားကို Flipkart, Amazon စတဲ့ အေရာင္းအဝယ္ လုပ္သူေတြထံလည္း ျပန္ေရာင္းႏုိင္ပါတယ္။

စမတ္ဖုန္း သုိ႔မဟုတ္ တက္ဘ္လက္ေရာင္းတဲ့အခါ သတိထားရမယ့္အခ်က္ (၅) ခ်က္ရိွပါတယ္။

၁။ တတ္ႏုိင္သေလာက္အေကာင္းဆုံးအေနအထားမွာ ထိန္းသိမ္းထားပါ

စခရင္ျခစ္ရာပါတဲ့ ပစၥည္းထက္စာရင္ ျခစ္ရာလုံးဝမရိွတဲ့ စမတ္ဖုန္းက ေစ်းပိုရပါတယ္။ ဒီေတာ့ ဖုန္းကာဗာ သုိ႔မဟုတ္ အိတ္ေလး သုံးေပးသင့္ပါတယ္။

၂။ မူရင္းဘူးခြံနဲ႔ တြဲဖက္ပစၥည္းေတြ သိမ္းထားပါ

တြဲဖက္ပါလာတဲ့ USB ပါဝါေခါင္းနဲ႔ အားသြင္းၾကိဳးေတြအစား တျခားအျပင္ကဟာေတြ သုံးပါ။ မူရင္းဘူးခြံနဲ႔ တြဲဖက္ပစၥည္းမ်ား အထူးသျဖင့္ မသုံးရေသးဘူးဆိုရင္ လူေတြ ေစ်းပိုေပးခ်င္ပါလိမ့္မယ္။

၃။ ဓာတ္ပုံေသခ်ာရုိက္ထားပါ

ပစၥည္းက အသစ္နီးပါး ျဖစ္ေနေသးပါက ေထာင့္စုံကေန ဓာတ္ပုံရုိက္ထားပါ။ အဲဒီလုိလုပ္ေပးပါက အေကာင္းတိုင္းရိွေသးတဲ့ ပစၥည္းဆုိရင္ အလားအလားရိွတဲ့ ဝယ္သူေတြ သေဘာက်ၾကပါတယ္။ ဓာတ္ပုံ အရည္အေသြးေကာင္းေကာင္းျဖင့္ လုပ္ေပးျခင္းက ဝယ္သူေတြ စိတ္ဝင္စားမႈပိုရေစျပီး ဝယ္ခ်င္စိတ္ျဖစ္ပါလိမ့္မယ္။

၄။ တျခား ဖုန္းအေရာင္းအဝယ္ေစ်းကြက္ေတြ လုိက္ေလ့လာပါ

အထူးသျဖင့္ ပစၥည္းက သိပ္အေျခအေနမေကာင္းေတာ့ပါက မေရာင္းခင္ လုိက္ေလ့လာၾကည့္ပါ။ eBay ထက္ တျခားအေရာင္းအဝယ္ဆိုဒ္တစ္ခုခုကေန ပိုက္ဆံပိုရမရဆိုတာ သင္မသိႏုိင္ပါ။

၅။ ေနာက္ဆုံး ေမာ္ဒယ္မထုတ္ခင္ မိမိပစၥည္းကို အျမန္ေရာင္းထုတ္ပါ

ေမာ္ဒယ္လ္သစ္ထြက္လာလုိ႔ အရမ္း ဒိတ္ေအာက္မသြားခင္ ေရာင္းခ်ပါက ပိုက္ဆံပိုရပါတယ္။ ေနာက္ထပ္ ေမာ္ဒယ္လ္သစ္ထြက္ရိွဖုိ႔ ရက္စြဲကို နားစြင့္ၾကည့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ပစ္စည်း ဘယ်လောက်ဟောင်းဟောင်း အဓိက မဟုတ်ပါ။ အထူးသဖြင့် စမတ်ဖုန်းနဲ့ တက်ဘ်လက် ပတ်သက်ရင် အင်တာနက်ပေါ်မှာ လိုချင်တဲ့သူ တစ်ယောက်ယောက်တော့ ရှိပါတယ်။ ဒါ့ကြောင့် မိမိဘက်က အကောင်းဆုံး လုပ်နိုင်တာက မိမိပစ္စည်းဟောင်းများကို eBay၊ OLX သို့မဟုတ် Facebook စတဲ့ အွန်လိုင်းဈေးကွက်တွေမှာ ရောင်းချရန် ဖြစ်ပါတယ်။ မိမိစမတ်ဖုန်းအဟောင်းများကို Flipkart, Amazon စတဲ့ အရောင်းအဝယ် လုပ်သူတွေထံလည်း ပြန်ရောင်းနိုင်ပါတယ်။

စမတ်ဖုန်း သို့မဟုတ် တက်ဘ်လက်ရောင်းတဲ့အခါ သတိထားရမယ့်အချက် (၅) ချက်ရှိပါတယ်။

၁။ တတ်နိုင်သလောက်အကောင်းဆုံးအနေအထားမှာ ထိန်းသိမ်းထားပါ

စခရင်ခြစ်ရာပါတဲ့ ပစ္စည်းထက်စာရင် ခြစ်ရာလုံးဝမရှိတဲ့ စမတ်ဖုန်းက ဈေးပိုရပါတယ်။ ဒီတော့ ဖုန်းကာဗာ သို့မဟုတ် အိတ်လေး သုံးပေးသင့်ပါတယ်။

၂။ မူရင်းဘူးခွံနဲ့ တွဲဖက်ပစ္စည်းတွေ သိမ်းထားပါ

တွဲဖက်ပါလာတဲ့ USB ပါဝါခေါင်းနဲ့ အားသွင်းကြိုးတွေအစား တခြားအပြင်ကဟာတွေ သုံးပါ။ မူရင်းဘူးခွံနဲ့ တွဲဖက်ပစ္စည်းများ အထူးသဖြင့် မသုံးရသေးဘူးဆိုရင် လူတွေ ဈေးပိုပေးချင်ပါလိမ့်မယ်။

၃။ ဓာတ်ပုံသေချာရိုက်ထားပါ

ပစ္စည်းက အသစ်နီးပါး ဖြစ်နေသေးပါက ထောင့်စုံကနေ ဓာတ်ပုံရိုက်ထားပါ။ အဲဒီလိုလုပ်ပေးပါက အကောင်းတိုင်းရှိသေးတဲ့ ပစ္စည်းဆိုရင် အလားအလားရှိတဲ့ ဝယ်သူတွေ သဘောကျကြပါတယ်။ ဓာတ်ပုံ အရည်အသွေးကောင်းကောင်းဖြင့် လုပ်ပေးခြင်းက ဝယ်သူတွေ စိတ်ဝင်စားမှုပိုရစေပြီး ဝယ်ချင်စိတ်ဖြစ်ပါလိမ့်မယ်။

၄။ တခြား ဖုန်းအရောင်းအဝယ်ဈေးကွက်တွေ လိုက်လေ့လာပါ

အထူးသဖြင့် ပစ္စည်းက သိပ်အခြေအနေမကောင်းတော့ပါက မရောင်းခင် လိုက်လေ့လာကြည့်ပါ။ eBay ထက် တခြားအရောင်းအဝယ်ဆိုဒ်တစ်ခုခုကနေ ပိုက်ဆံပိုရမရဆိုတာ သင်မသိနိုင်ပါ။

၅။ နောက်ဆုံး မော်ဒယ်မထုတ်ခင် မိမိပစ္စည်းကို အမြန်ရောင်းထုတ်ပါ

မော်ဒယ်လ်သစ်ထွက်လာလို့ အရမ်း ဒိတ်အောက်မသွားခင် ရောင်းချပါက ပိုက်ဆံပိုရပါတယ်။ နောက်ထပ် မော်ဒယ်လ်သစ်ထွက်ရှိဖို့ ရက်စွဲကို နားစွင့်ကြည့်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top