Kantharyar Centre
×

လီဗာပူးႏွင့္ ဂုိးမရိွသေရ က်သည့္ ပြဲတြင္ ေပါ့ဂ္ဘာ၏ ထိ ေရာက္မႈမရိွခဲ့ေသာ ကစားပံုႏွင့္ ပတ္သက္၍ မန္ယူနည္းျပ ေမာ္ ရင္ဟုိက ေ၀ဖန္လိုက္ၿပီး ၎ထံ မွ ယခုထက္ပို၍ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားလိုက္သည္။

တနလၤာေန႔က မန္ယူသည္ လီဗာပူးအသင္း၏ အခြင့္အလမ္း တုိင္းကို တားဆီးပိတ္ဆို႔ကာ ခံ စစ္ပုိင္းေအာင္ျမင္စြာ စြမ္းေဆာင္ ႏုိင္ခဲ့ေသာ္လည္း တုိက္စစ္ပုိင္း ၌လိုအပ္ခ်က္  အမ်ားအျပားရိွခဲ့ သည္။

ဒုတိယပုိင္းတြင္ တုိက္စစ္ မွဴး အီဗရာဟီမုိဗစ္၏ ဂုိးသြင္းခြင့္အျပင္ ေပါ့ဂ္ဘာ၏ စြမ္းေဆာင္ရည္ႏွင့္ပတ္ သက္၍ ေမာ္ရင္ဟုိက ေ၀ဖန္ေျပာၾကားသည္။

လီဗာပူးႏွင့္ ပြဲတြင္ ၁-၀ ဂုိး ျဖင့္ မန္ယူအႏုိင္ရခဲ့ရမည္ျဖစ္ၿပီး ေပါ့ဂ္ဘာပါ၀င္ကစားေသာပြဲ၌ လီဗာပူးဘက္သို႔ ပုိမုိထိုးေဖာက္ႏုိင္မည္ဟု မိမိေမွ်ာ္လင့္ခဲ့ေၾကာင္း ေမာ္ရင္ဟုိ က ေျပာၾကားသည္။

ယင္းပြဲတြင္ ေပါ့ဂ္ဘာ၏ စြမ္းေဆာင္ရည္ႏွင့္ပတ္သက္၍ ေဒါသထြက္ေနေသာ ပရိသတ္ အခ်ိဳ႕က ၎ကို လူလိမ္ဟု ေခၚ ေ၀ၚခဲ့ၾကၿပီး အျခားပရိသတ္မ်ားကလည္း ေလွာင္ေျပာင္ခဲ့ၾက သည္။

ဂ်ဴဗင္တပ္မွ ကမၻာ့အျမင့္ မားဆံုးေစ်းျဖင့္ ေခၚယူထား ေသာ ေပါ့ဂ္ဘာ၏ စြမ္းေဆာင္ ရည္ကုိ ေဘာလံုးပြဲေလ့လာသူ မ်ားကလည္း ေ၀ဖန္ခဲ့ၾကသည္။

‘‘ခံစစ္ပုိင္းမွာ ကြၽန္ေတာ္တုိ႔ တကယ့္ကုိေကာင္းေကာင္းက စားႏုိင္ခဲ့တယ္။ ကြၽန္ေတာ္တုိ႔ နည္းနည္းေလာက္ေတာ့ ကစားပံု ပုိေကာင္းခဲ့သင့္တယ္။  အီဗ ရာဟီမိုဗစ္ဂုိးသြင္းေတာ့မယ္လုိ႔ ကြၽန္ေတာ္ထင္ခဲ့တဲ့ ႀကီးမားတဲ့ အခြင့္အေရးတစ္ခုရိွခဲ့ပါတယ္’’ ဟု ေမာ္ရင္ဟုိက ေျပာသည္။

မန္ယူသည္ ၾကာသပေတး ေန႔တြင္ ဖီနာဘာခ်ီႏွင့္ ယူ႐ုိပါလိဂ္ ပြဲကစားရမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

လီဗာပူးနှင့် ဂိုးမရှိသရေ ကျသည့် ပွဲတွင် ပေါ့ဂ်ဘာ၏ ထိ ရောက်မှုမရှိခဲ့သော ကစားပုံနှင့် ပတ်သက်၍ မန်ယူနည်းပြ မော် ရင်ဟိုက ဝေဖန်လိုက်ပြီး ၎င်းထံ မှ ယခုထက်ပို၍ မျှော်လင့်ကြောင်း ပြောကြားလိုက်သည်။

တနင်္လာနေ့က မန်ယူသည် လီဗာပူးအသင်း၏ အခွင့်အလမ်း တိုင်းကို တားဆီးပိတ်ဆို့ကာ ခံ စစ်ပိုင်းအောင်မြင်စွာ စွမ်းဆောင် နိုင်ခဲ့သော်လည်း တိုက်စစ်ပိုင်း ၌လိုအပ်ချက်  အများအပြားရှိခဲ့ သည်။

ဒုတိယပိုင်းတွင် တိုက်စစ် မှူး အီဗရာဟီမိုဗစ်၏ ဂိုးသွင်းခွင့်အပြင် ပေါ့ဂ်ဘာ၏ စွမ်းဆောင်ရည်နှင့်ပတ် သက်၍ မော်ရင်ဟိုက ဝေဖန်ပြောကြားသည်။

လီဗာပူးနှင့် ပွဲတွင် ၁-၀ ဂိုး ဖြင့် မန်ယူအနိုင်ရခဲ့ရမည်ဖြစ်ပြီး ပေါ့ဂ်ဘာပါဝင်ကစားသောပွဲ၌ လီဗာပူးဘက်သို့ ပိုမိုထိုးဖောက်နိုင်မည်ဟု မိမိမျှော်လင့်ခဲ့ကြောင်း မော်ရင်ဟို က ပြောကြားသည်။

ယင်းပွဲတွင် ပေါ့ဂ်ဘာ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ဒေါသထွက်နေသော ပရိသတ် အချို့က ၎င်းကို လူလိမ်ဟု ခေါ် ဝေါ်ခဲ့ကြပြီး အခြားပရိသတ်များကလည်း လှောင်ပြောင်ခဲ့ကြ သည်။

ဂျူဗင်တပ်မှ ကမ္ဘာ့အမြင့် မားဆုံးဈေးဖြင့် ခေါ်ယူထား သော ပေါ့ဂ်ဘာ၏ စွမ်းဆောင် ရည်ကို ဘောလုံးပွဲလေ့လာသူ များကလည်း ဝေဖန်ခဲ့ကြသည်။

‘‘ခံစစ်ပိုင်းမှာ ကျွန်တော်တို့ တကယ့်ကိုကောင်းကောင်းက စားနိုင်ခဲ့တယ်။ ကျွန်တော်တို့ နည်းနည်းလောက်တော့ ကစားပုံ ပိုကောင်းခဲ့သင့်တယ်။  အီဗ ရာဟီမိုဗစ်ဂိုးသွင်းတော့မယ်လို့ ကျွန်တော်ထင်ခဲ့တဲ့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုရှိခဲ့ပါတယ်’’ ဟု မော်ရင်ဟိုက ပြောသည်။

မန်ယူသည် ကြာသပတေး နေ့တွင် ဖီနာဘာချီနှင့် ယူရိုပါလိဂ် ပွဲကစားရမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top