Property Expo
×

ေသြးဟာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့အာဟာရနဲ႔ ေအာက္ဆီ ဂ်င္ကို သယ္ယူပို႔ေဆာင္ေပးတာ ေၾကာင့္ က်န္းမာေရးေကာင္းဖို႔အတြက္ ေသြးလည္ပတ္မႈေကာင္းမြန္ ဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္ေသြးလည္ပတ္မႈမွာ ျပႆနာတစ္စံုတစ္ရာရွိေနၿပီဆုိရင္ လကၡဏာျပတတ္တာေၾကာင့္ သိရွိေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ေျခဖ်ားလက္ဖ်ားမ်ား ေဖာေရာင္ ျခင္း

ဒီလိုလကၡဏာျမင္ၿပီဆုိရင္ ေတာ့ ေသြးလည္ပတ္မႈမေကာင္း ဘူးဆိုတာ သိသာေနပါၿပီ။

ေျခလက္မ်ားထံုေနျခင္း

ခႏၶာကိုယ္အစိတ္အပိုင္း တခ်ိဳ႕ထံုေနျခင္း၊ အထူးသျဖင့္ ေျခေထာက္နဲ႔ လက္ေတြထံုေန တာက ေသြးလည္ပတ္မႈမေကာင္း တဲ့အေျခအေနျဖစ္ၿပီး ဆီးခ်ိဳ ေရာဂါ စတဲ့ေရာဂါေတြေၾကာင့္ လည္း ျဖစ္တတ္ပါတယ္။

ေျခလက္မ်ားေအးစက္ေနျခင္း

ေသြးလည္ပတ္မႈေကာင္း ရင္ ခႏၶာကိုယ္တြင္း အပူခ်ိန္ကို ထိန္းေပးတာေၾကာင့္ ခပ္ေႏြးေႏြး အေျခအေနရွိေပမယ့္ ေသြးလည္ ပတ္မႈမေကာင္းရင္ေတာ့ ပံုမွန္ရွိရ မယ့္ အပူခ်ိန္ကို မထိန္းထားႏုိင္ တာေၾကာင့္ ေျခဖ်ားလက္ဖ်ား ေတြ ေအးတဲ့လကၡဏာျပေလ့ရွိပါ တယ္။

ပင္ပန္းႏြမ္းလ်ျခင္း

ဒီလိုခံစားမႈျဖစ္ရတာက လည္း ေသြးလည္ပတ္မႈမေကာင္း လို႔ ခႏၶာကိုယ္အစိတ္အပိုင္းတခ်ိဳ႕ ဆီကို လိုအပ္တဲ့ေအာက္ဆီဂ်င္နဲ႔  အာဟာရဓာတ္ေတြမေရာက္လို႔ ျဖစ္တတ္ပါတယ္။

ကိုယ္ခံအားနည္းၿပီး အနာက်က္ ေႏွးျခင္း

ေသြးလည္ပတ္မႈမေကာင္း ဘူးဆုိတာနဲ႔ တုိက္႐ိုက္ထိခိုက္တာ ကေတာ့ ကိုယ္ခံစြမ္းအားကိုပါပဲ။ ကိုယ္ခံအားနည္းၿပီဆုိတာနဲ႔ မၾကာခဏဖ်ားနာတာ၊ ထိခိုက္ ရွနာျဖစ္တာ၊ အနာက်က္မျမန္ တာေတြ ႀကံဳရတတ္ပါတယ္။

ေသြးေၾကာထံုးျခင္း

ေျခသလံုးေတြမွာ ေသြး ေၾကာထံုးတာျဖစ္ရင္ ေသြးေကာင္း ေကာင္းမစီးဆင္းတာေၾကာင့္ဆုိ တာ သိသာပါတယ္။

ဆံပင္ကြၽတ္ျခင္း

အေၾကာင္းရင္းမရွိ ဆံပင္ ေတြကြၽတ္ရင္ေတာ့ ေသခ်ာပါၿပီ။ ခႏၶာကိုယ္ထဲမွာ ေသြးေသခ်ာမစီး ဆင္းတဲ့အတြက္ေၾကာင့္ပါ။ ဆံပင္ကြၽတ္႐ံုတင္မက အသားအေရ ေျခာက္ၿပီး လက္သည္းေျခသည္း ႂကြပ္ဆတ္တာမ်ိဳးေတြပါ ျဖစ္ တတ္ပါတယ္။

အေရျပားအေရာင္ေျပာင္းျခင္း

အသားအေရတုိ႔၊ ႏႈတ္ခမ္း သားေတြ ျပာလာတာမ်ိဳးတို႔က ေသြးထဲမွာ လံုေလာက္တဲ့ ေအာက္ဆီဂ်င္ပမာဏမရတဲ့အတြက္ (ဒါမွမဟုတ္) ေသြးလည္ပတ္မေကာင္း တဲ့အတြက္လုိ႔ သိထားလိုက္ပါ။

ရင္ဘတ္ေအာင့္ျခင္း

ႏွလံုးေသြးေၾကာေတြမွာ ေသြးေကာင္းေကာင္းမစီးဆင္းတဲ့အခါ ရင္ဘတ္ထဲ တင္းက်ပ္ၿပီး ေအာင့္ တာမ်ိဳးေတြလည္း ျဖစ္တတ္သလို ႂကြက္သားႏွင့္ အစာမေၾကျခင္း၊အသက္႐ွဴအဂၤါ အဖြဲ႕အစည္းေကာင္း ေကာင္းအလုပ္မလုပ္တာ ေတြေၾကာင့္လည္း   ျဖစ္တတ္ပါ တယ္။

ဒီလိုလကၡဏာေတြႀကံဳၿပီဆုိ ရင္ ဘာေၾကာင့္ဆုိတဲ့အေၾကာင္း ရင္းကို သိရၿပီမို႔ ႀကိဳတင္ကာကြယ္ ရင္း က်န္းမာေသာဘဝကို ဖန္တီး ၾကရေအာင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

သွေးဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရနဲ့ အောက်ဆီ ဂျင်ကို သယ်ယူပို့ဆောင်ပေးတာ ကြောင့် ကျန်းမာရေးကောင်းဖို့အတွက် သွေးလည်ပတ်မှုကောင်းမွန် ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်သွေးလည်ပတ်မှုမှာ ပြဿနာတစ်စုံတစ်ရာရှိနေပြီဆိုရင် လက္ခဏာပြတတ်တာကြောင့် သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ခြေဖျားလက်ဖျားများ ဖောရောင် ခြင်း

ဒီလိုလက္ခဏာမြင်ပြီဆိုရင် တော့ သွေးလည်ပတ်မှုမကောင်း ဘူးဆိုတာ သိသာနေပါပြီ။

ခြေလက်များထုံနေခြင်း

ခန္ဓာကိုယ်အစိတ်အပိုင်း တချို့ထုံနေခြင်း၊ အထူးသဖြင့် ခြေထောက်နဲ့ လက်တွေထုံနေ တာက သွေးလည်ပတ်မှုမကောင်း တဲ့အခြေအနေဖြစ်ပြီး ဆီးချို ရောဂါ စတဲ့ရောဂါတွေကြောင့် လည်း ဖြစ်တတ်ပါတယ်။

ခြေလက်များအေးစက်နေခြင်း

သွေးလည်ပတ်မှုကောင်း ရင် ခန္ဓာကိုယ်တွင်း အပူချိန်ကို ထိန်းပေးတာကြောင့် ခပ်နွေးနွေး အခြေအနေရှိပေမယ့် သွေးလည် ပတ်မှုမကောင်းရင်တော့ ပုံမှန်ရှိရ မယ့် အပူချိန်ကို မထိန်းထားနိုင် တာကြောင့် ခြေဖျားလက်ဖျား တွေ အေးတဲ့လက္ခဏာပြလေ့ရှိပါ တယ်။

ပင်ပန်းနွမ်းလျခြင်း

ဒီလိုခံစားမှုဖြစ်ရတာက လည်း သွေးလည်ပတ်မှုမကောင်း လို့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ဆီကို လိုအပ်တဲ့အောက်ဆီဂျင်နဲ့  အာဟာရဓာတ်တွေမရောက်လို့ ဖြစ်တတ်ပါတယ်။

ကိုယ်ခံအားနည်းပြီး အနာကျက် နှေးခြင်း

သွေးလည်ပတ်မှုမကောင်း ဘူးဆိုတာနဲ့ တိုက်ရိုက်ထိခိုက်တာ ကတော့ ကိုယ်ခံစွမ်းအားကိုပါပဲ။ ကိုယ်ခံအားနည်းပြီဆိုတာနဲ့ မကြာခဏဖျားနာတာ၊ ထိခိုက် ရှနာဖြစ်တာ၊ အနာကျက်မမြန် တာတွေ ကြုံရတတ်ပါတယ်။

သွေးကြောထုံးခြင်း

ခြေသလုံးတွေမှာ သွေး ကြောထုံးတာဖြစ်ရင် သွေးကောင်း ကောင်းမစီးဆင်းတာကြောင့်ဆို တာ သိသာပါတယ်။

ဆံပင်ကျွတ်ခြင်း

အကြောင်းရင်းမရှိ ဆံပင် တွေကျွတ်ရင်တော့ သေချာပါပြီ။ ခန္ဓာကိုယ်ထဲမှာ သွေးသေချာမစီး ဆင်းတဲ့အတွက်ကြောင့်ပါ။ ဆံပင်ကျွတ်ရုံတင်မက အသားအရေ ခြောက်ပြီး လက်သည်းခြေသည်း ကြွပ်ဆတ်တာမျိုးတွေပါ ဖြစ် တတ်ပါတယ်။

အရေပြားအရောင်ပြောင်းခြင်း

အသားအရေတို့၊ နှုတ်ခမ်း သားတွေ ပြာလာတာမျိုးတို့က သွေးထဲမှာ လုံလောက်တဲ့ အောက်ဆီဂျင်ပမာဏမရတဲ့အတွက် (ဒါမှမဟုတ်) သွေးလည်ပတ်မကောင်း တဲ့အတွက်လို့ သိထားလိုက်ပါ။

ရင်ဘတ်အောင့်ခြင်း

နှလုံးသွေးကြောတွေမှာ သွေးကောင်းကောင်းမစီးဆင်းတဲ့အခါ ရင်ဘတ်ထဲ တင်းကျပ်ပြီး အောင့် တာမျိုးတွေလည်း ဖြစ်တတ်သလို ကြွက်သားနှင့် အစာမကြေခြင်း၊အသက်ရှူအင်္ဂါ အဖွဲ့အစည်းကောင်း ကောင်းအလုပ်မလုပ်တာ တွေကြောင့်လည်း   ဖြစ်တတ်ပါ တယ်။

ဒီလိုလက္ခဏာတွေကြုံပြီဆို ရင် ဘာကြောင့်ဆိုတဲ့အကြောင်း ရင်းကို သိရပြီမို့ ကြိုတင်ကာကွယ် ရင်း ကျန်းမာသောဘဝကို ဖန်တီး ကြရအောင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top