Property Expo
×

အင္ဒိုနီးရွား၏ Sulawesi ကၽြန္းေတာင္ပုိင္း ေတာင္တန္းေဒသရွိ တိုင္းရင္းသားမ်ဳိးနြယ္စုတစ္စု ျဖစ္သည့္ Toraja တြင္ ထူးျခားဆန္းျပားသည့္ ထံုးတမ္းအစဥ္အလာမ်ား ရွိေနကာ လူေသကို ေနအိမ္တြင္ ႏွစ္ကာလမ်ားစြာၾကာ အတူထားရွိတတ္သည့္ ဓေလ့တစ္ခုရွိေနေၾကာင္း သတင္းတစ္ရပ္တြင္ ေဖာ္ျပထားသည္။ အကယ္၍ မ်ဳိးႏြယ္၀င္တစ္ဦး ေသဆံုးခဲ့ပါကမူ မိသားစု၀င္မ်ားက ရုိးရာအစဥ္အလာအတုိင္း အသုဘအခမ္းအနားကို အခ်ိန္ယူကာ ႀကီးႀကီးက်ယ္က်ယ္ က်င္းပေပးရမည္ျဖစ္ၿပီး ယင္းသို႔ မက်င္းပေပးႏိုင္ခင္အထိ လူေသမွာ ေနအိမ္တြင္ပင္ ဆက္ရွိေနရမည္ျဖစ္သည္။

Toraja မ်ဳိးႏြယ္၀င္တစ္ဦး ေသဆံုးသြားပါက ၎၏ က်န္ရစ္သူ မိသားစု၀င္မ်ားအေနျဖင့္ ထံုးတမ္းအစဥ္အလာမ်ားႏွင့္အညီ အသုဘအခမ္းအနားမ်ားကုိ ရက္ေပါင္းမ်ားစြာၾကာ က်င္းပေပးရမည္ျဖစ္သည္။ ေငြေၾကးအေျမာက္အျမားကုန္က်သည့္ ယင္းအသုဘအခမ္းအနားမ်ား က်င္းပရန္ က်န္ရစ္သူ မိသားစု၀င္မ်ားအေနျဖင့္ ပုိက္ဆံကို အခ်ိန္ယူကာ ရွာေဖြစုေဆာင္းခြင့္ရွိမည္ျဖစ္သည္။

ယင္းကာလအေတာအတြင္း လူေသကို ျမဳွပ္ႏွံျခင္းမျပဳေသးဘဲ မပုပ္မသုိးေအာင္ ေဆးစိမ္ကာ က်န္ရစ္သူမိသားစု၀င္မ်ားႏွင့္ ေနအိမ္တစ္မိုးေအာက္ထဲတြင္ပင္ အတူဆက္လက္ထားရွိေလ့ရွိသည္။ အသုဘအခမ္းအနားမ်ား မက်င္းပေပးႏိုင္ခင္အထိ လူေသကို မိသားစု၀င္မ်ားက ေသဆံုးသြားသူဟု မသတ္မွတ္ေသးဘဲ အသက္ရွိေနသူတစ္ဦး သို႔မဟုတ္ ဖ်ားနာေနသူတစ္ဦးအျဖစ္ သတ္မွတ္ကာ ပံုမွန္မိသားစု၀င္တစ္ဦးအတိုင္း ဆက္ဆံေနတတ္သည္ဟု သိရသည္။

အခမ္းအနားမ်ားက်င္းပရန္ က်န္ရစ္သူမိသားစု၏ ေငြေၾကးစုေဆာင္းရရွိမည့္အခ်ိန္ကာလအေပၚ မူတည္မည္ျဖစ္ရာ တစ္ခါတစ္ရံတြင္လည္း မ်ဳိးႏြယ္၀င္တစ္ဦး ေသဆံုးၿပီးေနာက္ပိုင္း သီတင္းပတ္၊ လၾကာၿပီးမွ က်င္းပႏိုင္ကာ တစ္ခါတစ္ရံတြင္မူ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးခ်ိန္မွာ ၎အတြက္ အသုဘအခမ္းအနားမ်ားကိုက်င္းပႏိုင္သည့္ ျဖစ္စဥ္မ်ား ရွိေနသည္။ လူေသအေလာင္းမွာ မိသားစု၀င္မ်ားအသုဘအခမ္းအနားမက်င္းပေပးႏိုင္ခင္အထိ ေနအိမ္မွာပင္ ဆက္ရွိေနမည္ျဖစ္သည့္အတြက္ေၾကာင့္ တစ္ခါတစ္ရံတြင္ ယင္းမ်ဳိးႏြယ္စုအတြင္း ေသဆံုးသြားသည့္ လူေသအေလာင္းမွာ ႏွစ္ေပါင္းမ်ားစြာၾကာသည္အထိ ေနအိမ္မွာပင္ ရွိေနရသည့္အျဖစ္မ်ဳိး ရွိခ့ဲေၾကာင္းလည္း သိရသည္။

အသုဘအခမ္းအနားမ်ား က်င္းပခ်ိန္တြင္လည္း ေငြေၾကးတတ္ႏိုင္သူ သို႔မဟုတ္ ၾသဇာဂုဏ္တိကၠမ ႀကီးသူ ျဖစ္ပါက အခမ္းအနားမ်ားသည္ ပိုမိုေငြကုန္ေၾကးက်မ်ားမည္ျဖစ္သည္။ အခမ္းအနားမ်ား က်င္းပရန္ က်ယ္၀န္းသည့္ ျမက္ခင္းျပင္ေနရာတစ္ခုတြင္ ျပင္ဆင္ထားၿပီး ယင္းတြင္ တက္ေရာက္လာသူ ပရိသတ္မ်ားအတြက္ အမိုးအာမ်ားကို က်န္ရစ္သူမိသားစုက ျပင္ဆင္ေပးရသည္။

အခမ္းအနားစတင္ခ်ိန္တြင္ တက္ေရာက္လာသူမ်ားက ကၽြဲမ်ားကို သတ္ျဖတ္မည့္ ေျမကြက္လပ္တြင္ စုေ၀းတက္ေရာက္လာၾကသည္။ ယင္းအခ်ိန္တြင္ က်န္ရစ္သူမိသားစု၀င္မ်ားက ကၽြဲႏွင့္ ၀က္မ်ားကို ကိုယ္တုိင္သတ္ျဖတ္ေပးရန္လုိအပ္မည္ျဖစ္ၿပီး ယင္းသုိ႔လုပ္ေဆာင္မွသာ ေသဆံုးသူ၏ ၀ိညာဥ္မွာ ၿငိမ္းခ်မ္းစြာ သြားလာႏိုင္မည္ဟု ယံုၾကည္ၾကသည္။

ယင္းအခ်ိန္တြင္မူ ေသဆုံးသူ ရုပ္အေလာင္းကို အသုဘအခမ္းအနားမ်ား၏ ၁၁ ရက္ေျမာက္သည္အထိ ျမဳွပ္ႏွံျခင္းျပဳဦးမွာမဟုတ္ေပ။ ယင္းေနာက္ပိုင္း ေနာက္ဆံုးလူေသအေလာင္းကို ေက်ာက္ေတာင္နံရံေပၚရွိ တြင္းတစ္ခုထဲတြင္ ထားရွိလိုက္မည္ ျဖစ္ၿပီး ယင္းေနာက္ပိုင္းမွသာ အခမ္းအနားမ်ား ၿပီးဆံုးမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mizzima

#Unicode Version
အင်ဒိုနီးရှား၏ Sulawesi ကျွန်းတောင်ပိုင်း တောင်တန်းဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုတစ်စု ဖြစ်သည့် Toraja တွင် ထူးခြားဆန်းပြားသည့် ထုံးတမ်းအစဉ်အလာများ ရှိနေကာ လူသေကို နေအိမ်တွင် နှစ်ကာလများစွာကြာ အတူထားရှိတတ်သည့် ဓလေ့တစ်ခုရှိနေကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အကယ်၍ မျိုးနွယ်ဝင်တစ်ဦး သေဆုံးခဲ့ပါကမူ မိသားစုဝင်များက ရိုးရာအစဉ်အလာအတိုင်း အသုဘအခမ်းအနားကို အချိန်ယူကာ ကြီးကြီးကျယ်ကျယ် ကျင်းပပေးရမည်ဖြစ်ပြီး ယင်းသို့ မကျင်းပပေးနိုင်ခင်အထိ လူသေမှာ နေအိမ်တွင်ပင် ဆက်ရှိနေရမည်ဖြစ်သည်။

Toraja မျိုးနွယ်ဝင်တစ်ဦး သေဆုံးသွားပါက ၎င်း၏ ကျန်ရစ်သူ မိသားစုဝင်များအနေဖြင့် ထုံးတမ်းအစဉ်အလာများနှင့်အညီ အသုဘအခမ်းအနားများကို ရက်ပေါင်းများစွာကြာ ကျင်းပပေးရမည်ဖြစ်သည်။ ငွေကြေးအမြောက်အမြားကုန်ကျသည့် ယင်းအသုဘအခမ်းအနားများ ကျင်းပရန် ကျန်ရစ်သူ မိသားစုဝင်များအနေဖြင့် ပိုက်ဆံကို အချိန်ယူကာ ရှာဖွေစုဆောင်းခွင့်ရှိမည်ဖြစ်သည်။

ယင်းကာလအတောအတွင်း လူသေကို မြုှပ်နှံခြင်းမပြုသေးဘဲ မပုပ်မသိုးအောင် ဆေးစိမ်ကာ ကျန်ရစ်သူမိသားစုဝင်များနှင့် နေအိမ်တစ်မိုးအောက်ထဲတွင်ပင် အတူဆက်လက်ထားရှိလေ့ရှိသည်။ အသုဘအခမ်းအနားများ မကျင်းပပေးနိုင်ခင်အထိ လူသေကို မိသားစုဝင်များက သေဆုံးသွားသူဟု မသတ်မှတ်သေးဘဲ အသက်ရှိနေသူတစ်ဦး သို့မဟုတ် ဖျားနာနေသူတစ်ဦးအဖြစ် သတ်မှတ်ကာ ပုံမှန်မိသားစုဝင်တစ်ဦးအတိုင်း ဆက်ဆံနေတတ်သည်ဟု သိရသည်။

အခမ်းအနားများကျင်းပရန် ကျန်ရစ်သူမိသားစု၏ ငွေကြေးစုဆောင်းရရှိမည့်အချိန်ကာလအပေါ် မူတည်မည်ဖြစ်ရာ တစ်ခါတစ်ရံတွင်လည်း မျိုးနွယ်ဝင်တစ်ဦး သေဆုံးပြီးနောက်ပိုင်း သီတင်းပတ်၊ လကြာပြီးမှ ကျင်းပနိုင်ကာ တစ်ခါတစ်ရံတွင်မူ နှစ်ပေါင်းများစွာကြာပြီးချိန်မှာ ၎င်းအတွက် အသုဘအခမ်းအနားများကိုကျင်းပနိုင်သည့် ဖြစ်စဉ်များ ရှိနေသည်။ လူသေအလောင်းမှာ မိသားစုဝင်များအသုဘအခမ်းအနားမကျင်းပပေးနိုင်ခင်အထိ နေအိမ်မှာပင် ဆက်ရှိနေမည်ဖြစ်သည့်အတွက်ကြောင့် တစ်ခါတစ်ရံတွင် ယင်းမျိုးနွယ်စုအတွင်း သေဆုံးသွားသည့် လူသေအလောင်းမှာ နှစ်ပေါင်းများစွာကြာသည်အထိ နေအိမ်မှာပင် ရှိနေရသည့်အဖြစ်မျိုး ရှိခဲ့ကြောင်းလည်း သိရသည်။

အသုဘအခမ်းအနားများ ကျင်းပချိန်တွင်လည်း ငွေကြေးတတ်နိုင်သူ သို့မဟုတ် သြဇာဂုဏ်တိက္ကမ ကြီးသူ ဖြစ်ပါက အခမ်းအနားများသည် ပိုမိုငွေကုန်ကြေးကျများမည်ဖြစ်သည်။ အခမ်းအနားများ ကျင်းပရန် ကျယ်ဝန်းသည့် မြက်ခင်းပြင်နေရာတစ်ခုတွင် ပြင်ဆင်ထားပြီး ယင်းတွင် တက်ရောက်လာသူ ပရိသတ်များအတွက် အမိုးအာများကို ကျန်ရစ်သူမိသားစုက ပြင်ဆင်ပေးရသည်။

အခမ်းအနားစတင်ချိန်တွင် တက်ရောက်လာသူများက ကျွဲများကို သတ်ဖြတ်မည့် မြေကွက်လပ်တွင် စုဝေးတက်ရောက်လာကြသည်။ ယင်းအချိန်တွင် ကျန်ရစ်သူမိသားစုဝင်များက ကျွဲနှင့် ဝက်များကို ကိုယ်တိုင်သတ်ဖြတ်ပေးရန်လိုအပ်မည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်မှသာ သေဆုံးသူ၏ ဝိညာဉ်မှာ ငြိမ်းချမ်းစွာ သွားလာနိုင်မည်ဟု ယုံကြည်ကြသည်။

ယင်းအချိန်တွင်မူ သေဆုံးသူ ရုပ်အလောင်းကို အသုဘအခမ်းအနားများ၏ ၁၁ ရက်မြောက်သည်အထိ မြုှပ်နှံခြင်းပြုဦးမှာမဟုတ်ပေ။ ယင်းနောက်ပိုင်း နောက်ဆုံးလူသေအလောင်းကို ကျောက်တောင်နံရံပေါ်ရှိ တွင်းတစ်ခုထဲတွင် ထားရှိလိုက်မည် ဖြစ်ပြီး ယင်းနောက်ပိုင်းမှသာ အခမ်းအနားများ ပြီးဆုံးမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top