Kantharyar Centre
×

ကၽြမ္းက်င္ေသသပ္မႈမရွိဘဲ ျပဳလုပ္ထားတဲ့ သြားအတု၊ အံကပ္၊ သြားအစြပ္ေတြနဲ႔ ခံတြင္းရွိ လွ်ာတို႔ မၾကာခဏပြတ္တိုက္မိရာက အနာျဖစ္လာၿပီး အခ်ိန္ၾကာရင္  ကင္ဆာအဆင့္ကို ကူးေျပာင္းသြားႏုိင္တယ္လို႔ သိရပါတယ္။

 အစြန္းေလးေတြနဲ႔ လွ်ာကို နည္းနည္းျခစ္မိတာေၾကာင့္ အနာျဖစ္လိုက္၊ ျပန္က်က္လိုက္ ျဖစ္ရာက အခ်ိန္ၾကာလာတဲ့အခါ ဆရာဝန္ဆီေရာက္လာကာ သံသယရွိလုိ႔ စစ္လုိက္ေတာ့မွ ကင္ဆာ ျဖစ္ေနတယ္လို႔  သြားႏွင့္ခံတြင္းဆရာဝန္ ေဒါက္တာထြန္းေဇာ္က ေျပာၾကားထားေၾကာင္း 7Day Daily ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။

ခံတြင္းကင္ဆာျဖစ္ေစႏုိင္တဲ့  အေၾကာင္းအရင္းေတြဟာ ေဆးရြက္ႀကီး ငံုျခင္း၊ ကြမ္းစားသံုးျခင္းတုိ႔အျပင္ သြားအတုစိုက္ျခင္း၊ သြားအစြပ္စြပ္ရာက ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ပါးေစာင္မွာ အနာျဖစ္ျခင္းေတြပါ ပါဝင္တယ္လို႔ သိရပါတယ္။

ခံတြင္းကင္ဆာကို ေနာက္က်မွ သိတာမ်ားျပီး  သြားနဲ႔ခံတြင္း က်န္းမာေရးကို ေျခာက္လတစ္ႀကိမ္ စစ္ေဆးရင္ အေကာင္းဆံုးျဖစ္တယ္လို႔ သြားႏွင့္ခံတြင္းဆရာဝန္ ေဒါက္တာထြန္းေဇာ္က ေျပာၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ကျွမ်းကျင်သေသပ်မှုမရှိဘဲ ပြုလုပ်ထားတဲ့ သွားအတု၊ အံကပ်၊ သွားအစွပ်တွေနဲ့ ခံတွင်းရှိ လျှာတို့ မကြာခဏပွတ်တိုက်မိရာက အနာဖြစ်လာပြီး အချိန်ကြာရင်  ကင်ဆာအဆင့်ကို ကူးပြောင်းသွားနိုင်တယ်လို့ သိရပါတယ်။

 အစွန်းလေးတွေနဲ့ လျှာကို နည်းနည်းခြစ်မိတာကြောင့် အနာဖြစ်လိုက်၊ ပြန်ကျက်လိုက် ဖြစ်ရာက အချိန်ကြာလာတဲ့အခါ ဆရာဝန်ဆီရောက်လာကာ သံသယရှိလို့ စစ်လိုက်တော့မှ ကင်ဆာ ဖြစ်နေတယ်လို့  သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာထွန်းဇော်က ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့  အကြောင်းအရင်းတွေဟာ ဆေးရွက်ကြီး ငုံခြင်း၊ ကွမ်းစားသုံးခြင်းတို့အပြင် သွားအတုစိုက်ခြင်း၊ သွားအစွပ်စွပ်ရာက ချို့ယွင်းချက်ကြောင့် ပါးစောင်မှာ အနာဖြစ်ခြင်းတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

ခံတွင်းကင်ဆာကို နောက်ကျမှ သိတာများပြီး  သွားနဲ့ခံတွင်း ကျန်းမာရေးကို ခြောက်လတစ်ကြိမ် စစ်ဆေးရင် အကောင်းဆုံးဖြစ်တယ်လို့ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာထွန်းဇော်က ပြောကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top