iMyanmarHouse.com - Best Property Website for Myanmar
×

ပဲခူးတိုင္းေဒသႀကီး သာယာဝတီၿမိဳ႕မ ရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သတင္းအရ ေအာက္တိုဘာ ၃ ရက္ ညေန ၄ နာရီ မိနစ္ ၄ဝ က သင္ေတာေက်းရြာ ရန္ကုန္-ျပည္ကားလမ္းေပၚရွိ မက္စ္ျမန္မာ တိုးဂိတ္၌ သြားေရာက္ေစာင့္ဆိုင္းေနစဥ္ ျပည္ဘက္မွ ရန္ကုန္ဘက္သို႔ တြံေတး ၿမဳိ႕နယ္ အဝတ္တန္းစာျဖဴစုေက်းရြာေန ေလးေမာင္(၂၇ႏွစ္) ေမာင္းႏွင္ၿပီး လႈိင္ သာယာၿမိဳ႕နယ္ေန ျပည့္ၿဖိဳးလြင္(၂၁ႏွစ္)လိုက္ပါလာသည့္YGN 6B/ ---- ဆီေဘာက္ဆာယာဥ္ကို ရပ္တန္႔ခိုင္းစဥ္ ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ လိုက္လံ ဖမ္းဆီးခဲ့ရာ တိုးဂိတ္ႏွင့္ ေလးဖာလုံ ခန္႔အကြာ Petro-7 စက္သုံးဆီ အေရာင္းဆိုင္ေရွ႕၌ ယာဥ္ကို ရပ္တန္႔ၿပီး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔ ထြက္ေျပးသြားခဲ့ၾကသည္။ ၄င္းတို႔အား လိုက္လံဖမ္းဆီးရာ ေလးေမာင္က အ႐ိုးအသြား ရွစ္လက္မခန္႔ရွိ ဓားျဖင့္ ထိုးသျဖင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ဝဲလက္ဖ်ံ တြင္ ႏွစ္လက္မခန္႔ ျပတ္ရွဒဏ္ရာမ်ား ရရွိကာ ၄င္းတို႔ႏွစ္ဦးအား လက္ရဖမ္းဆီး ရမိခဲ့သည္။

ဆက္လက္၍ ယာဥ္ကိုရွာေဖြရာ ယာဥ္ေရွ႕ခန္းအတြင္းမွ အ႐ိုးအသြား ၁၈ လက္မခန္႔ရွိ ရဲဒင္းတစ္လက္ႏွင့္ ဓားေျမႇာင္ တစ္ေခ်ာင္း၊ ဆီေဘာက္ဆာအတြင္းမွ ကြၽန္းသစ္ခြဲသား သုံးတန္တို႔ကို သိမ္း ဆည္းရမိခဲ့သျဖင့္ ၄င္တုိ႔အား သက္ဆုိင္ ရာက အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ က သင်တောကျေးရွာ ရန်ကုန်-ပြည်ကားလမ်းပေါ်ရှိ မက်စ်မြန်မာ တိုးဂိတ်၌ သွားရောက်စောင့်ဆိုင်းနေစဉ် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ တွံတေး မြို့နယ် အဝတ်တန်းစာဖြူစုကျေးရွာနေ လေးမောင်(၂၇နှစ်) မောင်းနှင်ပြီး လှိုင် သာယာမြို့နယ်နေ ပြည့်ဖြိုးလွင်(၂၁နှစ်)လိုက်ပါလာသည့်YGN 6B/ ---- ဆီဘောက်ဆာယာဉ်ကို ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ တိုးဂိတ်နှင့် လေးဖာလုံ ခန့်အကွာ Petro-7 စက်သုံးဆီ အရောင်းဆိုင်ရှေ့၌ ယာဉ်ကို ရပ်တန့်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားခဲ့ကြသည်။ ၎င်းတို့အား လိုက်လံဖမ်းဆီးရာ လေးမောင်က အရိုးအသွား ရှစ်လက်မခန့်ရှိ ဓားဖြင့် ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဝဲလက်ဖျံ တွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာများ ရရှိကာ ၎င်းတို့နှစ်ဦးအား လက်ရဖမ်းဆီး ရမိခဲ့သည်။

ဆက်လက်၍ ယာဉ်ကိုရှာဖွေရာ ယာဉ်ရှေ့ခန်းအတွင်းမှ အရိုးအသွား ၁၈ လက်မခန့်ရှိ ရဲဒင်းတစ်လက်နှင့် ဓားမြှောင် တစ်ချောင်း၊ ဆီဘောက်ဆာအတွင်းမှ ကျွန်းသစ်ခွဲသား သုံးတန်တို့ကို သိမ်း ဆည်းရမိခဲ့သဖြင့် ၄င်တို့အား သက်ဆိုင် ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top