Kantharyar Centre
×







Credit  : 7Day Daily

#Unicode Version

  နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲနေ့မတိုင်မီ မဲပေးကြ ရေး ဒီမိုကရက်တစ်များက မဲဆန္ဒ ရှင်များအား တွန်းအားပေးခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက မွေးရပ်မြေ ချီကာဂိုတွင် ကြို တင်မဲထည့်ခဲ့သည်။

 ဒီမိုကရက်တစ်သမ္မတ လောင်း ဟီလာရီကလင်တန်က လည်း တိုက်ပွဲဝင်ရမည့် ပြည်နယ် များတွင် သွားရောက်မဲဆွယ်နေ ပြီး ၎င်း၏ ထောက်ခံသူများ မဲ စာရင်းပေးကြရန်နှင့် ဖြစ်နိုင်ပါက ကြိုတင်မဲပေးရန် တိုက်တွန်းနေ သည်။


သမ္မတ အိုဘားမားသည် လည်း ကြိုတင်အသိပေးခြင်း မရှိ ဘဲ ချီကာဂိုရွေးကောက်ပွဲဘုတ်အဖွဲ့ရုံးသို့ ရောက်ရှိလာခဲ့ကာ မဲပေးစက်တွင် ၎င်းထောက်ခံမည့်သူကို အပေါက်ဖောက်၍ မဲပေးခဲ့သည်။

အိမ်ဖြူတော် ယှဉ်ပြိုင်မှု ရလဒ်ကို ရွေးကောက်ပွဲနေ့မတိုင် မီမှာပင် ဆုံးဖြတ်သွားနိုင်သည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြ သည်။

သို့သော် ကြိုတင်မဲများကို ရွေးကောက်ပွဲညပိုင်းတွင်သာ ရေတွက်ရမည်ဖြစ်သည်။

‘‘ကျွန်တော်တို့အာရုံစိုက်နေ တဲ့ တိုက်ပွဲဝင်ပြည်နယ်တွေမှာ အနည်းဆုံး ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း ကို ရွေးကောက်ပွဲနေ့မတိုင်ခင် ပေးကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်’’ ဟု မစ္စစ်က လင်တန်၏ မဲဆွယ်အဖွဲ့မန်နေ ဂျာ ရော့ဘီမွတ်စ်က ပြောကြား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit  : 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top