Kantharyar Centre
×

  ေရႊျပည္သာၿမိဳ႕နယ္ သာဓုကန္ေက်းရြာ ဦးၫြန္႔ေမာင္လမ္း တြင္ ျပန္လည္ေပါင္းသင္းရန္ ျငင္းဆန္သည့္ ဇနီးျဖစ္သူကို စေက ဘာျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုး သတ္ခဲ့ၿပီး က်ဴးလြန္သူကိုယ္တုိင္ ေသေၾကာင္းႀကံမႈ ျဖစ္ပြားခဲ့ ေၾကာင္း သတင္းရရွိသည္။

ေအာက္တိုဘာ ၂၁ ရက္ နံနက္က အသက္ (၂၅)ႏွစ္အ ရြယ္ ဧရာဆိုသူသည္ ဇနီးသည္ကို ေယာကၡမျဖစ္သူ၏ ေနအိမ္၌ သြားေရာက္ေခၚယူရာ ျငင္းဆန္သျဖင့္ စေကဘာျဖင့္ ေျခာက္ခ်က္ ထိုးသတ္ခဲ့ေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး ရဲတပ္ဖြဲ႕မွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

‘‘သတ္တဲ့ ေယာက်္ားက လိႈင္သာယာ(၇)ရပ္ကြက္မွာ ေန တယ္။ မိန္းမနဲ႔ စကားမ်ားရန္ျဖစ္ ေတာ့ ေကာင္မေလးက အေမေနတဲ့ ေရႊျပည္သာကို ျပန္လာတယ္။ဒါကို သူက လာေခၚေတာ့ ေယာကၡမကလည္း ျပန္မထည့္ဘူး။ အဲဒီမွာ စကားမ်ားၿပီး စေကဘာနဲ႔ ထိုးသတ္တာပါ’’ဟု ၎ကေျပာသည္။

လူသတ္မႈက်ဴးလြန္ခဲ့သူ အ မ်ိဳးသားက ဇနီးကို လာေရာက္ေခၚရာတြင္ ေယာကၡမက ‘‘ရွာမေကြၽး ႏုိင္တဲ့ နင့္လိုလူမ်ိဳးေနာက္ကို ငါ့သမီးမထည့္ႏုိင္ဘူး’’ဟု ေျပာဆုိခဲ့၍ အသင့္ပါလာသည့္ စေကဘာျဖင့္ သားအမိႏွစ္ဦးကို လိုက္လံထိုးသတ္ခဲ့ျခင္းျဖစ္သည္။

‘‘သားအမိႏွစ္ေယာက္ကို စေကဘာနဲ႔ လိုက္ထိုးေတာ့ ထြက္ ေျပးၾကတယ္။ ေကာင္မေလးက ေခ်ာ္လဲၿပီး က်န္ခဲ့တယ္။ သူက ဇနီးျဖစ္သူကို အေပၚက တက္ခြၿပီး ရင္ၫြန္႔၊ လက္နဲ႔ ေျခေထာက္ကို ႏွစ္ခ်က္စီထိုးသတ္ခဲ့တာပါ’’ဟု ေလွာ္ကားနယ္ေျမရဲစခန္းမွ ရဲအ ရာရွိတစ္ဦးက ေျပာသည္။

စေကဘာျဖင့္ အထိုးခံရ သည့္ ဇနီး အသက္ (၁၇)ႏွစ္အရြယ္ မႏွင္းရည္မြန္မွာ ေနရာတြင္ ေသဆံုးခဲ့ၿပီး ေယာက်္ားျဖစ္သူ ဧရာမွာ မိမိကိုယ္ကိုယ္ စေကဘာ ျဖင့္ ထိုးသတ္ကာ ေသေၾကာင္းႀကံ ခဲ့ေသာ္လည္း ေသဆံုးမႈမရွိဘဲ အင္းစိန္ေဆး႐ံု၌ တက္ေရာက္ ကုသေနေၾကာင္း ၎က ေျပာသည္။

ျပစ္မႈက်ဴးလြန္ခဲ့သူ အမ်ိဳး သားကို ေလွာ္ကားနယ္ေျမရဲစခန္း က ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရွှေပြည်သာမြို့နယ် သာဓုကန်ကျေးရွာ ဦးညွန့်မောင်လမ်း တွင် ပြန်လည်ပေါင်းသင်းရန် ငြင်းဆန်သည့် ဇနီးဖြစ်သူကို စကေ ဘာဖြင့် အချက်ပေါင်းများစွာ ထိုး သတ်ခဲ့ပြီး ကျူးလွန်သူကိုယ်တိုင် သေကြောင်းကြံမှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။


အောက်တိုဘာ ၂၁ ရက် နံနက်က အသက် (၂၅)နှစ်အ ရွယ် ဧရာဆိုသူသည် ဇနီးသည်ကို ယောက္ခမဖြစ်သူ၏ နေအိမ်၌ သွားရောက်ခေါ်ယူရာ ငြင်းဆန်သဖြင့် စကေဘာဖြင့် ခြောက်ချက် ထိုးသတ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘သတ်တဲ့ ယောကျ်ားက လှိုင်သာယာ(၇)ရပ်ကွက်မှာ နေ တယ်။ မိန်းမနဲ့ စကားများရန်ဖြစ် တော့ ကောင်မလေးက အမေနေတဲ့ ရွှေပြည်သာကို ပြန်လာတယ်။ဒါကို သူက လာခေါ်တော့ ယောက္ခမကလည်း ပြန်မထည့်ဘူး။ အဲဒီမှာ စကားများပြီး စကေဘာနဲ့ ထိုးသတ်တာပါ’’ဟု ၎င်းကပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သူ အ မျိုးသားက ဇနီးကို လာရောက်ခေါ်ရာတွင် ယောက္ခမက ‘‘ရှာမကျွေး နိုင်တဲ့ နင့်လိုလူမျိုးနောက်ကို ငါ့သမီးမထည့်နိုင်ဘူး’’ဟု ပြောဆိုခဲ့၍ အသင့်ပါလာသည့် စကေဘာဖြင့် သားအမိနှစ်ဦးကို လိုက်လံထိုးသတ်ခဲ့ခြင်းဖြစ်သည်။

‘‘သားအမိနှစ်ယောက်ကို စကေဘာနဲ့ လိုက်ထိုးတော့ ထွက် ပြေးကြတယ်။ ကောင်မလေးက ချော်လဲပြီး ကျန်ခဲ့တယ်။ သူက ဇနီးဖြစ်သူကို အပေါ်က တက်ခွပြီး ရင်ညွန့်၊ လက်နဲ့ ခြေထောက်ကို နှစ်ချက်စီထိုးသတ်ခဲ့တာပါ’’ဟု လှော်ကားနယ်မြေရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

စကေဘာဖြင့် အထိုးခံရ သည့် ဇနီး အသက် (၁၇)နှစ်အရွယ် မနှင်းရည်မွန်မှာ နေရာတွင် သေဆုံးခဲ့ပြီး ယောကျ်ားဖြစ်သူ ဧရာမှာ မိမိကိုယ်ကိုယ် စကေဘာ ဖြင့် ထိုးသတ်ကာ သေကြောင်းကြံ ခဲ့သော်လည်း သေဆုံးမှုမရှိဘဲ အင်းစိန်ဆေးရုံ၌ တက်ရောက် ကုသနေကြောင်း ၎င်းက ပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သူ အမျိုး သားကို လှော်ကားနယ်မြေရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top