Kantharyar Centre
×




Credit:Zin Yaw

#Unicode Version
Old Hag' Syndrome လို့ခေါ်ပါတယ်။ 'sleep paralysis' လို့လည်း အမည် ရတဲ့ ခံစားချက် တစ်ခုပါ။

ညသန်းခေါင် သို့မဟုတ် အချိန်တစ်ခုခုမှ ရုတ်တရက်လန့်နိုးပေမယ့် အသံထွက် အော်ဖို့ သို့မဟုတ် လှုပ်ရှားပြုမူဖို့ ဘာမှ မလုပ်နိုင်ပါဘူး။ မြင်ရ၊ ကြားရ၊ ထိတွေ့ရ၊ ရှူရှိုက်ရပေမယ့် ကိုယ်က ဘာမှ ပြန်မလုပ်နိုင်ပဲ တစ်ခုခုက ရှုပ်တီးထားသလို ခံစားရမှာ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ အငွေ့ ကို ရမယ်။ ကြောက်စရာ အသံတွေ ကြားရမယ်၊ လူသို့မဟုတ် ကြောက်စရာ အကောင်၊ သတ္တဝါတစ်ခုခု က ကိုယ့်အပေါ် ဖိထားသလို ခံစားနေရပြီး အသက် ရှုကြပ်တယ်လို့လည်း ခံစားရမှာ ဖြစ်ပါတယ်။

ယင်းအချိန်ကာလက ၁ မိနစ်နဲ့ ၂ မိနစ်ကြား ကြာမြင့်ပါတယ်။ အိပ်ရေး ပျက်ပါ များရင်လည်း ဖြစ်တတ်တဲ့ အခြေအနေ တစ်ခုပါ။ 'sleep paralysis' လိုမျိုး အိပ်နေစဉ် ငရဲကျတဲ့ ခံစားချက်မျိုးကို လူအများစု ခံစားရဖူးကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Zin Yaw
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top