Property Expo
×

အမျိုးသားဟာ သိပ်ကိုကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့ အတွက် တစ်နေ့ တစ်နေ့ သူ့အမျိုးသမီးကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်နှက်တတ်ပါတယ်။
.
သူအလုပ်က ပြန်လာပြီဆိုတာနဲ့ မျက်နှာက တည်တင်းလို့ အမျိုးသမီးကို ဘယ်လို အပြစ်ရှာရမလဲဆိုတာပဲ တွေးနေတတ်ပါတယ်… အပြစ်ကလေး တစ်စုံတစ်ရာတွေ့တာနဲ့ နီးရာ တုတ်စွဲပြီး ရိုက်နှက်တော့တာပါပဲ…။
.
အမျိုးသမီးကလည်း သူ့ကို သိပ်ကြောက်ရပါတယ်… သူအိမ်ပြန်လာတာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင် ကြိုးစားပြီး အဆင်သင့်ဖြစ်အောင် တစ်အိမ်လုံး ရေအိုးတွေကို ပြည့်အောင် ခပ်၊ တစ်ခြံလုံး အမှိုက်တွေရှင်း၊ ထမင်း ဟင်းတွေကိုလည်း အဆင်သင့် ခူးခပ်ပေးထားပါတယ်… သို့ပေမယ့် အပြစ်ကတော့ မလွတ်ပါဘူး…။
.
ထမင်းက သူပြန်မလာခင် စောစောလေး ကြိုခူးထားမိရင်လည်း “ဒီလောက် အကြာကြီးက ထမင်းခူးထားတော့ ထမင်းတွေက အေးကုန်တာပေါ့၊ တစ်နေကုန် ပင်ပန်းနေတာ ဒီထမင်းအေးကြီး ငါက စားရမလား၊ ဒီလောက်တောင် နားမလည်တဲ့ မိန်းမ” ဆိုပြီး ထမင်း ပန်းကန်ကို မှောက်ပြစ်ပြီး တွေ့ကရာနဲ့ အမျိုးသမီးကို ရိုက်နှက်တော့တာပါပဲ…။
.
သူပြန်လာခါနီ်းမှ အပြေးအလွှား ထမင်းခူးထားပြန်တော့လည်း “ယောက်ကျားက မောမောပန်းပန်းနဲ့ ပြန်လာတာ ဒီထမင်းပူကြီးစားပြီး ငါ့ကို သေစေချင်လို့လား” ဆိုပြီး ရိုက်ပြန်တာပါပဲ။
.
အမျိုးသမီးခမျာလည်း ထိုအမျိုးသားက ဘယ်လောက်ပဲ ရိုက်ရိုက် သံယောဇဉ်ကလည်း မကုန်နိုင်၊ စိတ်ကလည်း မပြတ်နိုင်၊ နေ့စဉ် ရိုက်နှက်နှိပ်စက်နေတဲ့ ဒါဏ်ကိုလည်း ခံရတာ သိပ်ကြောက်လှတာမို့ ဆုတ်လည်း ဆူး၊ စားလည်း ရူးဘဝနဲ့ နေ့စဉ် အမျိုးသား ပြန်လာခါနီးပြီဆိုရင် တုန်နေအောင် ကြောက်နေရ ရှာတော့တာပါပဲ…။
.
ပတ်ဝန်းကျင်ကတောင် မခံမရပ်နိုင်အောင် ဖြစ်ကြရပါတယ်
.
“ဒီလောက် နှိပ်စက်နေတဲ့ ယောက်ျား နင်ထားခဲ့ပါတော့လား” ဆိုလည်း မထားခဲ့နိုင်ပါဘူး..သူမ မပြတ်နိုင်ပါဘူး… ဒါနဲ့ နောက်ဆုံး ကြံရာမရတော့တဲ့အခါ… ရွာဦးဘုန်းတော်ကြီးကျောင်းက ဆရာတော်ကြီးကို အကျိုး အကြောင်းသွားပြီး လျှောက်ရရှာပါတယ်…။
.
* နောက်ဆုံးတော့လည်း အားကိုးရာက သံဃာရတနာပါပဲ…*
.
အကြောင်းစုံကို သိရတဲ့ အခါ ဆရာတော်ကြီးက မေးပါတယ်…
.
.
“ရိုက်တာတော့ အချိန်တိုင်းလိုလိုပါပဲ ဘုရား၊ သို့ပေမယ့် သူထမင်းစားခါနီးရင် ပိုပြီး ရိုက်တတ်ပါတယ် ဘုရား”
.
ဒါနဲ့ပဲ ဆရာတော်ကြီးက အနီးအနားမှာ ရှိနေတဲ့ အုန်းလက်အရိုးတွေကို စုစည်းပြီး လုပ်ထားတဲ့ အုန်းတံမြက်စည်းကို ပေးပြီး…
.
“ရော့… နင့်ယောက်ကျား ထမင်းစားဖို့ စားပွဲနားမှာ ထိုင်တာနဲ့ အဲဒီတံမြက်စည်းကို အနားမှာသာ ချထားပေးလိုက်” ဒီလိုပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲကို ကြွဝင်သွားပါတော့တယ်။
.
အမျိုးသမီးခမျာလည်း ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကို မသိနားမလည်သော်လည်း “အကြောင်းတော့ ရှိမှာပဲ” ဆိုပြီး တံမြက်စည်းလေး ပိုက်လို့ အိမ်ကို ပြန်လာခဲ့ပါတယ်။
.
ဆရာတော်ကြီး မိန့်ခဲ့တဲ့ အတိုင်း သူ့ယောက်ကျား ထမင်း စားခါနီးလို့ အပြစ်တစ်ခုခုရှာတော့မယ် ဆိုတာနဲ့ အမျိုးသမီးက တံမြက်စည်းလေးကို မသိမသာ အနားကို တိုးပေးထားလိုက်တယ်၊ အမျိုးသားကလည်း အနားမှာ အစဉ်သင့်ရှိနေတဲ့ တံမြက်စည်းနဲ့ ကောက်ရိုက်တော့တာပါပဲ။
.
ဒီလိုနဲ့ တစ်လလောက် ကြာလာတဲ့ အခါမှာ… အမျိုးသားရဲ့ ရိုက်ပုတ်နှိပ်စက်မှုတွေက တဖြည်းဖြည်း နည်းနည်းသွားပြီး နောက်ဆုံး လုံးဝ မရိုက်တော့ပါဘူး။
.
အမျိုးသမီးက စမ်းသပ်ကြည့်ပါတယ် … ထမင်းကို စားလို့ လုံးဝ မကောင်းအောင် ပျော့အောင် ချက်ကြည့်တယ်၊ မနက်ကတည်းက ချက်ထားတဲ့ ထမင်းအေးကြီး ချကျွေးကြည့်တယ်၊ ဘယ်လိုပဲ စမ်းစမ်း မရိုက်တော့ပါဘူး…။
.
ဒါနဲ့ပဲ နောက်ဆုံး အမျိုးသမီးက သူ့အမျိုးသားကိုပါ ခေါ်ပြီး ကျေးဇူးရှင် ရွာဦးကျောင်း ဆရာတော်ကြီးထံ အကြောင်းစုံ သွားပြီးလျှောက်ထားတဲ့ အခါမှာတော့…
.
.
“အဲဒါ ဝဋ်ကြွေးကျေအောင် လုပ်ပေးလိုက်တာ”…တဲ့။
.
.
“တို့ဘုရားရှင် လက်ထက်တော်တုန်းကလည်း ဒီလိုပဲ ဒကာတို့ ၊ ဒကာမတို့ … အတိတ်ဘဝက နွားဖြစ်ခဲ့ဖူးတဲ့ လင်ယောက်ကျားနဲ့ နွားရှင်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတို့ အကြင်လင်မယားဖြစ် ပြန်လည် ဆုံကြတဲ့ အခါမှာ … အတိတ်က နွားရှင်ဖြစ်ခဲ့စဉ်က နေ့စဉ်ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးကို နွားဖြစ်ခဲ့ဖူးတဲ့ အမျိုးသားက နေ့တိုင်း ရိုက်နှက်နေတာမို့ ဘုရားရှင်က ခု ဘုန်းကြီးပေးတဲ့ နည်းလေး ညွှန်ကြားပေးတော်မူခဲ့တယ်… တုတ်တစ်ချောင်းနဲ့ တစ်ချက်ခြင်း ရိုက်နေတော့ ဝဋ်ကြွေးက တော်တော်နဲ့ မကျေဘူးပေါ့၊
.
အုန်းလက်ရိုး တံမြက်စည်းက တစ်ချောင်းကို အုန်းလက်ပေါင်း ရာချီပြီး စုစည်းထားတာမို့ တစ်ချက်ရိုက်တာနဲ့ အနည်းဆုံး အချက် ငါးဆယ်လောက် ကြေပါတယ်… ဒါကြောင့် ဘုန်းကြီးလည်း ဒကာမက လာပြီးလျှောက်ထားတော့ ဘုရားပေးတဲ့ နည်းလေး အတိုင်းပဲ ပေးလိုက်တာပါ…
.
“ကဲ…ခုတော့ ဝဋ်ကြွေးတွေလည်း ကျေသွားကြပြီမို့ ပျော်ပျော်ရွှင်ရွှင် နေကြပေရော့”
.
.
ကဲ… စာဖတ်ပရိသတ်လည်းပဲ… ဒီနည်းလေးကို နည်းယူပြီး သုံးကြမယ်ဆိုရင်တော့…
.
.
* ကိုယ်တန်ဘိုးအထားဆုံး ကိုယ့်သိက္ခာတရားကို ရစရာ မရှိအောင် နှိမ်ချတဲ့ စကားတွေ အပြောခံရတဲ့ အခါလည်း ကြုံရပါလိမ့်မယ်… ပြန်မပြောပါနဲ့… ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်… များများလေးသာ ပြောပါစေ… ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်…။
.
* ကိုယ်က ကျေးဇူးပြုဖူးသူက ကိုယ့်ကျေးဇူးကို အခါခါ စော်ကားတာမျိုးလည်း ကြုံရပါလိမ့်မယ်… ကျေးဇူးရှိလို့ ကျေးစွတ်တယ်လို့ မပြောလိုက်ပါနဲ့… ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်… များများလေးသာ စော်ကားပါစေ… ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်….။
.
မေတ္တာဖြင့် …
.


#Unicode Version
တစ်ခါတုန်းက ရွာတစ်ရွာမှာ… လင်မယားနှစ်ယောက်ရှိပါတယ်...
အမျိုးသားဟာ သိပ်ကိုကြမ်းတမ်းတဲ့ စရိုုက်ရှိတဲ့ အတွက် တစ်နေ့ တစ်နေ့ သူ့အမျိုးသမီးကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုုက်နှက်တတ်ပါတယ်။
.
သူအလုုပ်က ပြန်လာပြီဆိုုတာနဲ့ မျက်နှာက တည်တင်းလို့ အမျိုးသမီးကို ဘယ်လိုု အပြစ်ရှာရမလဲဆိုုတာပဲ တွေးနေတတ်ပါတယ်… အပြစ်ကလေး တစ်စုံတစ်ရာတွေ့တာနဲ့ နီးရာ တုတ်စွဲပြီး ရိုက်နှက်တော့တာပါပဲ…။
.
အမျိုးသမီးကလည်း သူ့ကိုု သိပ်ကြောက်ရပါတယ်… သူအိမ်ပြန်လာတာနဲ့ အပြစ်ရယ်လိုု့ ရှာမတွေ့နိုုင်အောင် ကြိုးစားပြီး အဆင်သင့်ဖြစ်အောင် တစ်အိမ်လုံး ရေအိုးတွေကိုု ပြည့်အောင် ခပ်၊ တစ်ခြံလုံး အမှိုက်တွေရှင်း၊ ထမင်း ဟင်းတွေကိုလည်း အဆင်သင့် ခူးခပ်ပေးထားပါတယ်… သိုု့ပေမယ့် အပြစ်ကတော့ မလွတ်ပါဘူး…။
.
ထမင်းက သူပြန်မလာခင် စောစောလေး ကြိုခူးထားမိရင်လည်း “ဒီလောက် အကြာကြီးက ထမင်းခူးထားတော့ ထမင်းတွေက အေးကုန်တာပေါ့၊ တစ်နေကုုန် ပင်ပန်းနေတာ ဒီထမင်းအေးကြီး ငါက စားရမလား၊ ဒီလောက်တောင် နားမလည်တဲ့ မိန်းမ” ဆိုုပြီး ထမင်း ပန်းကန်ကိုု မှောက်ပြစ်ပြီး တွေ့ကရာနဲ့ အမျိုးသမီးကိုု ရိုုက်နှက်တော့တာပါပဲ…။
.
သူပြန်လာခါနီ်းမှ အပြေးအလွှား ထမင်းခူးထားပြန်တော့လည်း “ယောက်ကျားက မောမောပန်းပန်းနဲ့ ပြန်လာတာ ဒီထမင်းပူကြီးစားပြီး ငါ့ကိုု သေစေချင်လိုု့လား” ဆိုုပြီး ရိုုက်ပြန်တာပါပဲ။
.
အမျိုးသမီးခမျာလည်း ထိုုအမျိုးသားက ဘယ်လောက်ပဲ ရိုုက်ရိုုက် သံယောဇဉ်ကလည်း မကုန်နိုုင်၊ စိတ်ကလည်း မပြတ်နိုင်၊ နေ့စဉ် ရိုုက်နှက်နှိပ်စက်နေတဲ့ ဒါဏ်ကိုုလည်း ခံရတာ သိပ်ကြောက်လှတာမိုု့ ဆုတ်လည်း ဆူး၊ စားလည်း ရူးဘဝနဲ့ နေ့စဉ် အမျိုးသား ပြန်လာခါနီးပြီဆိုုရင် တုန်နေအောင် ကြောက်နေရ ရှာတော့တာပါပဲ…။
.
ပတ်ဝန်းကျင်ကတောင် မခံမရပ်နိုုင်အောင် ဖြစ်ကြရပါတယ်
.
“ဒီလောက် နှိပ်စက်နေတဲ့ ယောက်ျား နင်ထားခဲ့ပါတော့လား” ဆိုုလည်း မထားခဲ့နိုုင်ပါဘူး..သူမ မပြတ်နိုင်ပါဘူး… ဒါနဲ့ နောက်ဆုုံး ကြံရာမရတော့တဲ့အခါ… ရွာဦးဘုုန်းတော်ကြီးကျောင်းက ဆရာတော်ကြီးကိုု အကျိုး အကြောင်းသွားပြီး လေ ျှာက်ရရှာပါတယ်…။
.
* နောက်ဆုုံးတော့လည်း အားကိုးရာက သံဃာရတနာပါပဲ…*
.
အကြောင်းစုံကိုု သိရတဲ့ အခါ ဆရာတော်ကြီးက မေးပါတယ်…
.
“ဒကာမရဲ့ ယောက်ကျားက ဘယ်အချိန်တွေမှာ အရိုက်များတတ်သလဲ”
.
“ရိုုက်တာတော့ အချိန်တိုုင်းလိုလိုပါပဲ ဘုုရား၊ သိုု့ပေမယ့် သူထမင်းစားခါနီးရင် ပိုုပြီး ရိုုက်တတ်ပါတယ် ဘုုရား”
.
ဒါနဲ့ပဲ ဆရာတော်ကြီးက အနီးအနားမှာ ရှိနေတဲ့ အုန်းလက်အရိုုးတွေကို စုုစည်းပြီး လုုပ်ထားတဲ့ အုုန်းတံမြက်စည်းကို ပေးပြီး…
.
“ရော့… နင့်ယောက်ကျား ထမင်းစားဖိုု့ စားပွဲနားမှာ ထိုုင်တာနဲ့ အဲဒီတံမြက်စည်းကို အနားမှာသာ ချထားပေးလိုက်” ဒီလိုုပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲကိုု ကြွဝင်သွားပါတော့တယ်။
.
အမျိုးသမီးခမျာလည်း ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကို မသိနားမလည်သော်လည်း “အကြောင်းတော့ ရှိမှာပဲ” ဆိုုပြီး တံမြက်စည်းလေး ပိုက်လို့ အိမ်ကိုု ပြန်လာခဲ့ပါတယ်။
.
ဆရာတော်ကြီး မိန့်ခဲ့တဲ့ အတိုုင်း သူ့ယောက်ကျား ထမင်း စားခါနီးလိုု့ အပြစ်တစ်ခုုခုုရှာတော့မယ် ဆိုုတာနဲ့ အမျိုးသမီးက တံမြက်စည်းလေးကိုု မသိမသာ အနားကိုု တိုုးပေးထားလိုုက်တယ်၊ အမျိုးသားကလည်း အနားမှာ အစဉ်သင့်ရှိနေတဲ့ တံမြက်စည်းနဲ့ ကောက်ရိုက်တော့တာပါပဲ။
.
ဒီလိုုနဲ့ တစ်လလောက် ကြာလာတဲ့ အခါမှာ… အမျိုးသားရဲ့ ရိုက်ပုတ်နှိပ်စက်မှုတွေက တဖြည်းဖြည်း နည်းနည်းသွားပြီး နောက်ဆုံး လုုံးဝ မရိုုက်တော့ပါဘူး။
.
အမျိုးသမီးက စမ်းသပ်ကြည့်ပါတယ် … ထမင်းကို စားလိုု့ လုုံးဝ မကောင်းအောင် ပျော့အောင် ချက်ကြည့်တယ်၊ မနက်ကတည်းက ချက်ထားတဲ့ ထမင်းအေးကြီး ချကျွေးကြည့်တယ်၊ ဘယ်လိုုပဲ စမ်းစမ်း မရိုက်တော့ပါဘူး…။
.
ဒါနဲ့ပဲ နောက်ဆုုံး အမျိုးသမီးက သူ့အမျိုးသားကိုပါ ခေါ်ပြီး ကျေးဇူးရှင် ရွာဦးကျောင်း ဆရာတော်ကြီးထံ အကြောင်းစုံ သွားပြီးလေ ျှာက်ထားတဲ့ အခါမှာတော့…
.
ဆရာတော်ကြီးက မိန့်ပါတယ်…
.
“အဲဒါ ဝဋ်ကြွေးကျေအောင် လုုပ်ပေးလိုုက်တာ”…တဲ့။
.
ဆ.ရာတော်ကြီး ဆက်ပြီး မိန့်တာက …
.
“တိုု့ဘုုရားရှင် လက်ထက်တော်တုန်းကလည်း ဒီလိုုပဲ ဒကာတိုု့ ၊ ဒကာမတိုု့ … အတိတ်ဘဝက နွားဖြစ်ခဲ့ဖူးတဲ့ လင်ယောက်ကျားနဲ့ နွားရှင်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတိုု့ အကြင်လင်မယားဖြစ် ပြန်လည် ဆုံကြတဲ့ အခါမှာ … အတိတ်က နွားရှင်ဖြစ်ခဲ့စဉ်က နေ့စဉ်ရိုုက်နှက်ခဲ့တဲ့ အမျိုးသမီးကို နွားဖြစ်ခဲ့ဖူးတဲ့ အမျိုးသားက နေ့တိုုင်း ရိုုက်နှက်နေတာမိုု့ ဘုုရားရှင်က ခုု ဘုုန်းကြီးပေးတဲ့ နည်းလေး ညွှန်ကြားပေးတော်မူခဲ့တယ်… တုတ်တစ်ချောင်းနဲ့ တစ်ချက်ခြင်း ရိုုက်နေတော့ ဝဋ်ကြွေးက တော်တော်နဲ့ မကျေဘူးပေါ့၊
.
အုန်းလက်ရိုုး တံမြက်စည်းက တစ်ချောင်းကို အုုန်းလက်ပေါင်း ရာချီပြီး စုုစည်းထားတာမိုု့ တစ်ချက်ရိုုက်တာနဲ့ အနည်းဆုုံး အချက် ငါးဆယ်လောက် ကြေပါတယ်… ဒါကြောင့် ဘုုန်းကြီးလည်း ဒကာမက လာပြီးလေ ျှာက်ထားတော့ ဘုုရားပေးတဲ့ နည်းလေး အတိုုင်းပဲ ပေးလိုုက်တာပါ…
.
“ကဲ…ခုုတော့ ဝဋ်ကြွေးတွေလည်း ကျေသွားကြပြီမို့ ပျော်ပျော်ရွှင်ရွှင် နေကြပေရော့”
.
ဒီလောက်ပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲ ကြွဝင်သွားပါတော့တယ်…။
.
ကဲ… စာဖတ်ပရိသတ်လည်းပဲ… ဒီနည်းလေးကို နည်းယူပြီး သုုံးကြမယ်ဆိုုရင်တော့…
.
* တစ်ခါတစ်ရံ ကိုယ့်မှာ အပြစ်မရှိပဲ အပြစ်တင်ခံရတဲ့ အခါ… အပြစ်ပြန်ပြီး မတင်ပါနဲ့ … ဝဋ်ကြွေး မကျေဖြစ်ပါလိမ့်မယ်… များများလေးသာ တင်ပါစေ… ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေလိမ့်မယ်။
.
* ကိုယ်တန်ဘိုးအထားဆုံး ကိုယ့်သိက္ခာတရားကိုု ရစရာ မရှိအောင် နှိမ်ချတဲ့ စကားတွေ အပြောခံရတဲ့ အခါလည်း ကြုံရပါလိမ့်မယ်… ပြန်မပြောပါနဲ့… ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်… များများလေးသာ ပြောပါစေ… ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်…။
.
* ကိုယ်က ကျေးဇူးပြုဖူးသူက ကိုယ့်ကျေးဇူးကို အခါခါ စော်ကားတာမျိုးလည်း ကြုံရပါလိမ့်မယ်… ကျေးဇူးရှိလိုု့ ကျေးစွတ်တယ်လိုု့ မပြောလိုုက်ပါနဲ့… ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်… များများလေးသာ စော်ကားပါစေ… ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်….။
.
မေတ္တာဖြင့် …
.


ဖိုးသူတော် (www.phothutaw.com)
Credit:စေတနာပန်းခင်း ဆရာတော်
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top