Kantharyar Centre
×

“အပိ်ဳစင္”ဆိုတဲ့ စကားေလး(၃)ခြန္းဟာ စကားအရာ(၃)ခြန္းဆိုေပမယ့္ ထိန္းသိမ္းရတာေတာ့ ခက္ပါလားေနာ္ အေမကေမြးၿပီးအခ်ိန္မွစလို႔ အရြယ္ေရာက္တဲ့အခ်ိန္၊ ဆယ္ေက်ာ္သက္ ရူးမိုက္တတ္စအခ်ိန္ေတြမွာ ထိန္းသိမ္း ရ ခက္ခဲပါတယ္။ ကိုယ္တိုင္ေစာင့္ေရွာက္မႈနဲ႔အတူ အေမ့ရဲ႕သြန္သင္ဆုံးမမႈေတြေၾကာင့္သာ ဆယ္ေက်ာ္သက္ ဆိုတဲ့ ဘ၀ေလးကေန အသိဥာဏ္ေတြရင့္က်က္တဲ့ အသက္အရြယ္အထိ “အပ်ိဳစင္”ဆိုတဲ့ ဂုဏ္ပုဒ္တစ္ခုကို ထိန္းသိမ္းႏိုင္ခဲ့တာပါ။

ဆယ္ေက်ာ္သက္အရြယ္နဲ႔အတူ ဒြန္တြဲၿပီးျဖစ္ေပၚလာတတ္တဲ့ အခ်စ္ဆိုတဲ့အရာဟာ အရြယ္နဲ႔မမွ်ေအာင္ အင္အားႀကီးမားခဲ့တာမို႔ ရင္ခုန္သံေတြရဲ႕ေနာက္ကို ပါမသြားေလရေအာင္ ခက္ခက္ခဲခဲနဲ႔ ထိန္းသိမ္းခဲ့ရသူေတြ ကေတာ့ ကၽြန္မတို႔ မိန္းမသားေတြမဟုတ္လား…။

ရင္ခုန္သံေတြ စတင္ၿပီး ခုန္လာတတ္စမွာေတာ့ သိပ္ခ်စ္တာပဲဆိုတဲ့ စကားေလးတစ္ခြန္းဟာ မိန္းမတစ္ေယာက္ အတြက္ တန္ဘိုးမျဖတ္ႏိုင္ပါဘူး…မိန္းမတစ္ေယာက္ဟာ သူမရဲ႕ဘ၀ႀကီးတစ္ခုအတြက္ ရွိသမွ်အခ်စ္ေတြ အားလုံးကုိ ေပးခ်င္တတ္ၾကပါတယ္၊အဲ့ဒီအရြယ္ဟာ..ဆယ္ေက်ာ္သက္အရြယ္ေလးပါ…ဘာကိုမွ မစဥ္းစားခ်င္၊ ဘာကိုမွလည္း မဆုံးျဖတ္ဘဲ….တဒိန္းဒိန္းခုန္ေနတာကို အခ်စ္လို႔ မွတ္ယူတတ္ခဲ့လို႔ပါပဲ…။

ခုေတာ့လည္း ရင္ခုန္သံေတြက တဆင့္ေက်ာ္လာခဲ့ၿပီမို႔ အခ်စ္ဆိုတာကို နားလည္သေယာင္ေယာင္ေတာ့ ရွိလာသလိုလို…ဒါေပမယ့္လည္း မိန္းမတစ္ေယာက္ရဲ႕စိတ္ဟာ ခန္႔မွန္းရခက္သားလား။ ေယာက်္ားေတြ ေတြ႕တိုင္းေဆြ႕ေဆြ႕ခုန္၊ ရင္ခုန္ျခင္းမ်ိဳးလည္းမဟုတ္။ ရင္ခုန္သံေတြ တဒိန္းဒိန္းျမည္ေနခဲ့တိုင္းလည္း မိန္းမေတြ မခ်စ္တတ္ခဲ့…။ ဒါဆို…ကၽြန္မတို႔ မိန္းမေတြရဲ႕ အခ်စ္ဆိုတာကို ဘယ္လိုနားလည္ရမလဲ။

ဆယ္ေက်ာ္သက္ရဲ႕အထက္ ႏွစ္ဆယ္ေက်ာ္အရြယ္အစမွာေတာ့ အခ်စ္ကိုရွာေဖြခ်င္သူျဖစ္လာခဲ့ျပန္ပါၿပီ… ရွာေဖြခ်င္ေသာ္ျငားလည္း ရွာမရခဲ့။ တိတ္တိတ္ေလး ရင္ထဲမွာႀကိတ္ေနၿပီး ခ်စ္တဲ့သူကို လိုက္ရွာေန မိေတာ့သည္…ဆယ္ေက်ာ္သက္အရြယ္ကစိတ္မ်ိဳးမဟုတ္ခဲ့…မိန္းမတစ္ေယာက္ဟာ သူမျမတ္ႏိုးသူ၊ သိပ္ခ်စ္ တတ္တဲ့သူကိုသာ ရွာေဖြတတ္သည္…ေယာက်္ားတစ္ေယာက္က ခ်စ္သလား၊ ႀကိဳက္သလားဆိုတဲ့ အရာကို မစဥ္းစားမိ… စကားပုံတစ္ခုလိုပါပဲ… မခ်စ္ဘူးလို႔ အခ်စ္ရူး….အခ်စ္ဦးမို႔ အခ်စ္ထူးဆိုသလိုပါပဲ ပစ္ပစ္ခါခါ၊ ႏွစ္ႏွစ္ကာကာခ်စ္ဖို႔ ႀကိဳးစားျပန္သည္….အခ်စ္ေတြစုေဆာင္းၿပီး ေတာင္ပုံႀကီးတစ္ခုလို ျဖစ္လာတဲ့အခါ မိန္းမတစ္ေယာက္ရဲ႕အခ်စ္ဟာ…ေလာဘဆိုတဲ့အရာနဲ႔ ဒြန္တဲြလာျပန္ပါတယ္…။ သူမေပးထားေသာ အခ်စ္ေတြ အတြက္ ေယာက်္ားတစ္ေယာက္ဆီက အစြမ္းကုန္လိုခ်င္ေသာအခ်စ္တစ္ခုေပါ့…ဆန္႔က်င္ဘက္တစ္ခုကေတာ့ ေပးဆပ္ျခင္းဆိုတဲ့စိတ္တစ္ခုရယ္ပါ။ မိန္းမတစ္ေယာက္ဟာ ေယာက္်ားတစ္ေယာက္ အရမ္းခ်စ္တတ္တဲ့ စိတ္ေတြရွိလာတဲ့အခ်ိန္ ႏွလုံးသားတစ္ခုကိုပါ စေတးၿပီးခ်စ္တတ္ၾကပါတယ္။ ဒါေပမယ့္ မိန္းမတစ္ေယာက္ဟာ အဲ့ဒီအခ်ိန္မွာ အခ်စ္ဆိုတဲ့အရာကို ဆန္းစစ္ရွာေဖြေနခ်ိန္လုိ႔ ေျပာလို႔ရႏိုင္သလို ေသရာပါမယ့္အခ်စ္မ်ိဳးဆိုရင္ လည္း မွားမယ္မထင္ပါဘူး။

ေနာက္ဆုံးအပ်ိဳစင္ဘ၀…ေနာက္ဆုံးဆိုတဲ့ စကားေလးတစ္ခြန္းကို ၾကားမိတာနဲ႔ မိန္းမတစ္ေယာက္ရဲ႕ မၾကားခ်င္ဆုံးေသာ စကားတစ္ခြန္းပါ။ မိန္းမေတြဟာ ေလာဘႀကီးတယ္လို႔ ေယာက်္ားေတြရဲ႕ တဖက္သက္ အျမင္ေတြကို စြပ္စြဲခဲ့မယ္ဆိုရင္…သူမေျပာျပခ်င္ပါတယ္…

ေယာက်္ားတစ္ေယာက္ရဲ႕အခ်စ္ဆိုတာ ဘ၀ရဲ႕တစ္စိတ္တပိုင္းပါ…မိန္းမတစ္ေယာက္ကေတာ့ သူမရဲ႕အပ်ိဳစင္ ဆိုတဲ့ ဘ၀ေလးကုိ စြန္႔လႊတ္ရေတာ့မယ္ဆိုတဲ့အသိစိတ္တစ္ခုဟာ မီးေတာင္တစ္ခုေပါက္ကြဲမတတ္ ခံစားရ တတ္ၾကပါတယ္…ဘာေၾကာင့္လဲဆိုတဲ့အေျဖတစ္ခု မိန္းမေတြမွာ ရွိပါတယ္…အဲ့ဒီအခ်ိန္မွာ မိန္းမေတြဟာ အခ်စ္ဆိုတဲ့အရာကို ႏွလုံးသားနဲ႔ေရာ ဦးေႏွာက္နဲ႔ပါ အသိစိတ္ေတြက ရင့္က်က္သြားခဲ့လို႔ပါ။

မိန္းမတစ္ေယာက္ရဲ႕ အပ်ိဳစင္ဘ၀ကို သူမခ်စ္တဲ့သူနဲ႔ ျဖတ္သန္းလိုက္ရမလား..သို႔မဟုတ္ သူမ မခ်စ္မႏွစ္သက္ သူနဲ႔ ျဖတ္သန္းလိုက္ရမလားဆိုတဲ့ စိုးရိမ္ပူပန္မႈေတြက မိန္းမတစ္ေယာက္ကို အႀကီးအက်ယ္ရိုက္ခတ္ေစပါ တယ္..ကၽြန္မတို႔မိန္းမသားဘ၀ေတြမွာ…ေနာက္ဆုံးအပ်ိဳစင္ဘ၀ ကုန္ဆုံးသြားခဲ့ရင္ အရာအားလုံးဟာ ေပ်ာက္ဆုံးေနခဲ့ပါၿပီ။ ကၽြန္မတို႔ရဲ႕ ကိုယ္ပိုင္ရင္ထဲကခံစားခ်က္၊ လြတ္လပ္ခြင့္ေတြဟာ နည္းပါးသြားခဲ့ရပါၿပီ။ ေရွးရိုးအစဥ္လာတည္းက မိန္းမတစ္ေယာက္ျဖစ္ခဲ့ရင္ မီးဖိုေခ်ာင္မွာ ခ်က္ျပဳတ္လုပ္ရတဲ့အလုပ္ပဲ လုပ္ရမယ္လို႔ သတ္မွတ္ခ်က္တစ္ခုဟာ မိန္းမတစ္ေယာက္အတြက္ အခြင့္အေရးေတြကို လက္လြတ္ဆုံးရႈံးရသလိုျဖစ္ေစပါ တယ္။

အပ်ိဳစင္ဘ၀ေတြမွာ ေရြးခ်ယ္ပိုင္ခြင့္၊ လြတ္လပ္ပိုင္ခြင့္၊ အမ်ားႏွင့္တန္းတူ ပညာသင္ခြင့္ေတြဟာ ေနာက္ဆုံး အပ်ိဳစင္ဘ၀မွာ စြန္႔လႊတ္ခဲ့ရပါသည္။ အပ်ိဳစင္ဘ၀ေလးကို မစြန္႔လႊတ္ခင္အခ်ိန္ကေလးမွာ ကၽြန္မတို႔မိန္းမေတြ ဘယ္ေလာက္ထိ ခက္ခက္ခဲခဲနဲ႔ ထိန္းသိမ္းခဲ့ရတယ္ဆိုတာ သိႏိုင္မယ္ဆိုရင္……

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myawady News

#Unicode Version
“အပျိုစင်”ဆိုတဲ့ စကားလေး(၃)ခွန်းဟာ စကားအရာ(၃)ခွန်းဆိုပေမယ့် ထိန်းသိမ်းရတာတော့ ခက်ပါလားနော် အမေကမွေးပြီးအချိန်မှစလို့ အရွယ်ရောက်တဲ့အချိန်၊ ဆယ်ကျော်သက် ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်း ရ ခက်ခဲပါတယ်။ ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူ အမေ့ရဲ့သွန်သင်ဆုံးမမှုတွေကြောင့်သာ ဆယ်ကျော်သက် ဆိုတဲ့ ဘဝလေးကနေ အသိဉာဏ်တွေရင့်ကျက်တဲ့ အသက်အရွယ်အထိ “အပျိုစင်”ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ထ…ိန်းသိမ်းနိုင်ခဲ့တာပါ။

ဆယ်ကျော်သက်အရွယ်နဲ့အတူ ဒွန်တွဲပြီးဖြစ်ပေါ်လာတတ်တဲ့ အချစ်ဆိုတဲ့အရာဟာ အရွယ်နဲ့မမျှအောင် အင်အားကြီးမားခဲ့တာမို့ ရင်ခုန်သံတွေရဲ့နောက်ကို ပါမသွားလေရအောင် ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရသူတွေ ကတော့ ကျွန်မတို့ မိန်းမသားတွေမဟုတ်လား…။

ရင်ခုန်သံတွေ စတင်ပြီး ခုန်လာတတ်စမှာတော့ သိပ်ချစ်တာပဲဆိုတဲ့ စကားလေးတစ်ခွန်းဟာ မိန်းမတစ်ယောက် အတွက် တန်ဘိုးမဖြတ်နိုင်ပါဘူး…မိန်းမတစ်ယောက်ဟာ သူမရဲ့ဘဝကြီးတစ်ခုအတွက် ရှိသမျှအချစ်တွေ အားလုံးကို ပေးချင်တတ်ကြပါတယ်၊အဲ့ဒီအရွယ်ဟာ..ဆယ်ကျော်သက်အရွယ်လေးပါ…ဘာကိုမှ မစဉ်းစားချင်၊ ဘာကိုမှလည်း မဆုံးဖြတ်ဘဲ….တဒိန်းဒိန်းခုန်နေတာကို အချစ်လို့ မှတ်ယူတတ်ခဲ့လို့ပါပဲ…။

ခုတော့လည်း ရင်ခုန်သံတွေက တဆင့်ကျော်လာခဲ့ပြီမို့ အချစ်ဆိုတာကို နားလည်သယောင်ယောင်တော့ ရှိလာသလိုလို…ဒါပေမယ့်လည်း မိန်းမတစ်ယောက်ရဲ့စိတ်ဟာ ခန့်မှန်းရခက်သားလား။ ယောကျ်ားတွေ တွေ့တိုင်းဆွေ့ဆွေ့ခုန်၊ ရင်ခုန်ခြင်းမျိုးလည်းမဟုတ်။ ရင်ခုန်သံတွေ တဒိန်းဒိန်းမြည်နေခဲ့တိုင်းလည်း မိန်းမတွေ မချစ်တတ်ခဲ့…။ ဒါဆို…ကျွန်မတို့ မိန်းမတွေရဲ့ အချစ်ဆိုတာကို ဘယ်လိုနားလည်ရမလဲ။

ဆယ်ကျော်သက်ရဲ့အထက် နှစ်ဆယ်ကျော်အရွယ်အစမှာတော့ အချစ်ကိုရှာဖွေချင်သူဖြစ်လာခဲ့ပြန်ပါပြီ… ရှာဖွေချင်သော်ငြားလည်း ရှာမရခဲ့။ တိတ်တိတ်လေး ရင်ထဲမှာကြိတ်နေပြီး ချစ်တဲ့သူကို လိုက်ရှာနေ မိတော့သည်…ဆယ်ကျော်သက်အရွယ်ကစိတ်မျိုးမဟုတ်ခဲ့…မိန်းမတစ်ယောက်ဟာ သူမမြတ်နိုးသူ၊ သိပ်ချစ် တတ်တဲ့သူကိုသာ ရှာဖွေတတ်သည်…ယောကျ်ားတစ်ယောက်က ချစ်သလား၊ ကြိုက်သလားဆိုတဲ့ အရာကို မစဉ်းစားမိ… စကားပုံတစ်ခုလိုပါပဲ… မချစ်ဘူးလို့ အချစ်ရူး….အချစ်ဦးမို့ အချစ်ထူးဆိုသလိုပါပဲ ပစ်ပစ်ခါခါ၊ နှစ်နှစ်ကာကာချစ်ဖို့ ကြိုးစားပြန်သည်….အချစ်တွေစုဆောင်းပြီး တောင်ပုံကြီးတစ်ခုလို ဖြစ်လာတဲ့အခါ မိန်းမတစ်ယောက်ရဲ့အချစ်ဟာ…လောဘဆိုတဲ့အရာနဲ့ ဒွန်တွဲလာပြန်ပါတယ်…။ သူမပေးထားသော အချစ်တွေ အတွက် ယောကျ်ားတစ်ယောက်ဆီက အစွမ်းကုန်လိုချင်သောအချစ်တစ်ခုပေါ့…ဆန့်ကျင်ဘက်တစ်ခုကတော့ ပေးဆပ်ခြင်းဆိုတဲ့စိတ်တစ်ခုရယ်ပါ။ မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက် အရမ်းချစ်တတ်တဲ့ စိတ်တွေရှိလာတဲ့အချိန် နှလုံးသားတစ်ခုကိုပါ စတေးပြီးချစ်တတ်ကြပါတယ်။ ဒါပေမယ့် မိန်းမတစ်ယောက်ဟာ အဲ့ဒီအချိန်မှာ အချစ်ဆိုတဲ့အရာကို ဆန်းစစ်ရှာဖွေနေချိန်လို့ ပြောလို့ရနိုင်သလို သေရာပါမယ့်အချစ်မျိုးဆိုရင် လည်း မှားမယ်မထင်ပါဘူး။

နောက်ဆုံးအပျိုစင်ဘဝ…နောက်ဆုံးဆိုတဲ့ စကားလေးတစ်ခွန်းကို ကြားမိတာနဲ့ မိန်းမတစ်ယောက်ရဲ့ မကြားချင်ဆုံးသော စကားတစ်ခွန်းပါ။ မိန်းမတွေဟာ လောဘကြီးတယ်လို့ ယောကျ်ားတွေရဲ့ တဖက်သက် အမြင်တွေကို စွပ်စွဲခဲ့မယ်ဆိုရင်…သူမပြောပြချင်ပါတယ်…

ယောကျ်ားတစ်ယောက်ရဲ့အချစ်ဆိုတာ ဘဝရဲ့တစ်စိတ်တပိုင်းပါ…မိန်းမတစ်ယောက်ကတော့ သူမရဲ့အပျိုစင် ဆိုတဲ့ ဘဝလေးကို စွန့်လွှတ်ရတော့မယ်ဆိုတဲ့အသိစိတ်တစ်ခုဟာ မီးတောင်တစ်ခုပေါက်ကွဲမတတ် ခံစားရ တတ်ကြပါတယ်…ဘာကြောင့်လဲဆိုတဲ့အဖြေတစ်ခု မိန်းမတွေမှာ ရှိပါတယ်…အဲ့ဒီအချိန်မှာ မိန်းမတွေဟာ အချစ်ဆိုတဲ့အရာကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ အသိစိတ်တွေက ရင့်ကျက်သွားခဲ့လို့ပါ။

မိန်းမတစ်ယောက်ရဲ့ အပျိုစင်ဘဝကို သူမချစ်တဲ့သူနဲ့ ဖြတ်သန်းလိုက်ရမလား..သို့မဟုတ် သူမ မချစ်မနှစ်သက် သူနဲ့ ဖြတ်သန်းလိုက်ရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက မိန်းမတစ်ယောက်ကို အကြီးအကျယ်ရိုက်ခတ်စေပါ တယ်..ကျွန်မတို့မိန်းမသားဘဝတွေမှာ…နောက်ဆုံးအပျိုစင်ဘ၀ ကုန်ဆုံးသွားခဲ့ရင် အရာအားလုံးဟာ ပျောက်ဆုံးနေခဲ့ပါပြီ။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ရင်ထဲကခံစားချက်၊ လွတ်လပ်ခွင့်တွေဟာ နည်းပါးသွားခဲ့ရပါပြီ။ ရှေးရိုးအစဉ်လာတည်းက မိန်းမတစ်ယောက်ဖြစ်ခဲ့ရင် မီးဖိုချောင်မှာ ချက်ပြုတ်လုပ်ရတဲ့အလုပ်ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်တစ်ခုဟာ မိန်းမတစ်ယောက်အတွက် အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးရသလိုဖြစ်စေပါ တယ်။

အပျိုစင်ဘဝတွေမှာ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်ပိုင်ခွင့်၊ အများနှင့်တန်းတူ ပညာသင်ခွင့်တွေဟာ နောက်ဆုံး အပျိုစင်ဘဝမှာ စွန့်လွှတ်ခဲ့ရပါသည်။ အပျိုစင်ဘဝလေးကို မစွန့်လွှတ်ခင်အချိန်ကလေးမှာ ကျွန်မတို့မိန်းမတွေ ဘယ်လောက်ထိ ခက်ခက်ခဲခဲနဲ့ ထိန်းသိမ်းခဲ့ရတယ်ဆိုတာ သိနိုင်မယ်ဆိုရင်……


ဖိုးသူတော် (www.phothutaw.com)
Credit:Myawady News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top