Property Expo
×

မီးရထား၀န္ထမ္းအမ်ိဳးသားတဦးဟာ အရွိန္နဲ႔ေမာင္းႏွင္လာတဲ့ ရထားတစီးေရွ႕ သံလမ္းေပၚ ျဖတ္ကူးဖို႔ႀကိဳးစားခဲ့တဲ့ စက္ဘီးသမားတဦးကို အသက္စြန္႔ကယ္တင္ခဲ့ရပါတယ္။
ေမရာသတင္းမွာ ေဖာ္ျပတဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ သူတို႔ ၂ ဦးလံုးဟာ အရွိန္ နဲ႔လာေနတဲ့ ရထားဆီက အသည္းထိတ္ဖြယ္ သီသီကေလး လြတ္ေျမာက္ခဲ့တာကို ေတြ႔ရ ပါတယ္။

အခ်ိန္ ၅၂ စကၠန္႕သာၾကာတဲ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာ နားၾကပ္ ဒါမွမဟုတ္ ဦးထုပ္ ေဆာင္းထားပံုရတဲ့ စက္ဘီးသမားတဦးဟာ ရထားသံလမ္းေပၚ စက္ဘီးကို တြန္းၿပီး ျဖတ္ ကူးေနခဲ့တာကို ေတြ႔ရပါတယ္။

အဲဒီအခ်ိန္မွာပဲ သူဟာ သံလမ္းအလယ္မွာ ႐ုတ္တရက္ ခလုတ္တိုက္လဲက်သြား ခဲ့တာပါ။

အဲဒီေနာက္မွာ သူဟာ ျဖည္းေလးစြာ မတ္တပ္ရပ္လိုက္ၿပီး စက္ဘီးကိုမကာ ရထား သံလမ္းရဲ႕ တဖက္ကို ပစ္လိုက္တာကို ေတြ႔ရပါတယ္။

အဲဒီအခ်ိန္မွာ သူ႔ရဲ႕ ေနာက္မွာ ရထားဟာ အရွိန္နဲ႔ ေမာင္းႏွင္လာခဲ့ၿပီး သူဟာ သံ လမ္းအလယ္မွာ ရပ္ၿမဲရပ္ေနခဲ့ကာ ေအာက္ကို ျပဳတ္က်သြားတဲ့ ပစၥည္းေတြကို အိတ္ထဲ ေကာက္ထည့္ေနခဲ့တာပါ။

အနီးနားက မီးရထား၀န္ထမ္းေတြထဲက တဦးဟာ ဒီအျဖစ္အပ်က္ကို လွမ္းျမင္ လိုက္ရခ်ိန္မွာ အဲဒီအမ်ိဳးသားဆီေျပးလာၿပီး ဆြဲဖက္ကာ ရထားလမ္းရဲ႕ တဖက္ကို တြန္း လွဲခ်ခဲ့တာကို ေတြ႔ရပါတယ္။

အဲဒီအခ်ိန္မွာပဲ ရထားဟာ ျဖတ္သြားခဲ့ၿပီး သူတို႔ ၂ ဦးမွာ ထိခိုက္ဒဏ္ရာေတြ ရ မရကို ရထား၀န္ထမ္းေတြက အေျပးအလႊားလာေရာက္ၾကည့္ရႈခဲ့ၾကတာပါ။
ကံေကာင္းေထာက္မစြာပဲ ၂ ဦးလံုးမွာ ထိခိုက္ဒဏ္ရာေတြ မရခဲ့ၾကပါဘူး။

ဒီအျဖစ္အပ်က္ဟာ ၿဗိတိန္ႏိုင္ငံတေနရာရာမွာ ျဖစ္ခဲ့ပံုရၿပီး လက္ရွိမွာေတာ့ သူရဲ ေကာင္းဆန္ဆန္ ကယ္တင္ခဲ့တဲ့ မီးရထား၀န္ထမ္းရဲ႕ အေသးစိတ္အခ်က္အလက္ေတြကိုလည္း မသိႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
မီးရထားဝန်ထမ်းအမျိုးသားတဦးဟာ အရှိန်နဲ့မောင်းနှင်လာတဲ့ ရထားတစီးရှေ့ သံလမ်းပေါ် ဖြတ်ကူးဖို့ကြိုးစားခဲ့တဲ့ စက်ဘီးသမားတဦးကို အသက်စွန့်ကယ်တင်ခဲ့ရပါတယ်။
မေရာသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့ ၂ ဦးလုံးဟာ အရှိန် နဲ့လာနေတဲ့ ရထားဆီက အသည်းထိတ်ဖွယ် သီသီကလေး လွတ်မြောက်ခဲ့တာကို တွေ့ရ ပါတယ်။

အချိန် ၅၂ စက္ကန့်သာကြာတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ နားကြပ် ဒါမှမဟုတ် ဦးထုပ် ဆောင်းထားပုံရတဲ့ စက်ဘီးသမားတဦးဟာ ရထားသံလမ်းပေါ် စက်ဘီးကို တွန်းပြီး ဖြတ် ကူးနေခဲ့တာကို တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သူဟာ သံလမ်းအလယ်မှာ ရုတ်တရက် ခလုတ်တိုက်လဲကျသွား ခဲ့တာပါ။

အဲဒီနောက်မှာ သူဟာ ဖြည်းလေးစွာ မတ်တပ်ရပ်လိုက်ပြီး စက်ဘီးကိုမကာ ရထား သံလမ်းရဲ့ တဖက်ကို ပစ်လိုက်တာကို တွေ့ရပါတယ်။

အဲဒီအချိန်မှာ သူ့ရဲ့ နောက်မှာ ရထားဟာ အရှိန်နဲ့ မောင်းနှင်လာခဲ့ပြီး သူဟာ သံ လမ်းအလယ်မှာ ရပ်မြဲရပ်နေခဲ့ကာ အောက်ကို ပြုတ်ကျသွားတဲ့ ပစ္စည်းတွေကို အိတ်ထဲ ကောက်ထည့်နေခဲ့တာပါ။

အနီးနားက မီးရထားဝန်ထမ်းတွေထဲက တဦးဟာ ဒီအဖြစ်အပျက်ကို လှမ်းမြင် လိုက်ရချိန်မှာ အဲဒီအမျိုးသားဆီပြေးလာပြီး ဆွဲဖက်ကာ ရထားလမ်းရဲ့ တဖက်ကို တွန်း လှဲချခဲ့တာကို တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ ရထားဟာ ဖြတ်သွားခဲ့ပြီး သူတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရ မရကို ရထားဝန်ထမ်းတွေက အပြေးအလွှားလာရောက်ကြည့်ရှုခဲ့ကြတာပါ။
ကံကောင်းထောက်မစွာပဲ ၂ ဦးလုံးမှာ ထိခိုက်ဒဏ်ရာတွေ မရခဲ့ကြပါဘူး။

ဒီအဖြစ်အပျက်ဟာ ဗြိတိန်နိုင်ငံတနေရာရာမှာ ဖြစ်ခဲ့ပုံရပြီး လက်ရှိမှာတော့ သူရဲ ကောင်းဆန်ဆန် ကယ်တင်ခဲ့တဲ့ မီးရထားဝန်ထမ်းရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း မသိနိုင်သေးဘူးလို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top