Kantharyar Centre
×









Credit: 7 day daily

#Unicode Version

 အရက်သောက်ခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုး ရွားစေနိုင်ကြောင်း သြစတြေးလျသုတေသီများ၏ လေ့လာမှုအရ သိရသည်။

အချို့သော အရက်ပါသည့် သောက်စရာများတွင် Sulfites နှင့် Histamines ဟု ခေါ်သော ပါဝင်ပစ္စည်းနှစ်မျိုးကြောင့် ဓာတ်မ တည့်မှုဖြစ်စေနိုင်သည်။ Sulfites သည် ဝိုင်နှင့်ဘီယာထုတ်လုပ်ရာ တွင် အဓိကသုံးသော တာရှည်ခံပစ္စည်း ဖြစ်သော်လည်း အခြားသော အစားအစာပုံစံများတွင် ယင်းတာရှည်ခံစေသောပစ္စည်း ပါဝင်သည်။ ပန်းနာရင်ကျပ်ရောဂါရှိသူများသည် Sulfites ၏ အစွမ်း သတ္တိများကို မခံနိုင်ဖြစ်လေ့ရှိသည်။


Histamine မှာ ဓာတ်မတည့်မှုကို တုံ့ပြန်မှုဖြစ်စေသော ပစ္စည်း ဖြစ်ပြီး ဓာတ်မတည့်မှုဖြစ်ခြင်းအတွက်ရသော ဆေးအချို့ကို Anti- hismine ဟုခေါ်သည်။

အရက်သောက်ခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါလက္ခဏာ များကို ပိုဆိုးလာနိုင်ပြီး တိုက်ရိုက်မဟုတ်ဘဲလည်း ထိခိုက်စေနိုင် သည်။ စိတ်ဖိစီးမှုကြောင့် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ဖြစ် ပေါ်လာနိုင်သည်။ အချို့သော လူများသည် ဝမ်းနည်းခြင်း (သို့မ ဟုတ်) စိတ်ဖိစီးခြင်းကြောင့် လွတ်မြောက်ကြောင်း မှားယွင်းသော ရွေးချယ်မှုအဖြစ် အရက်ဘက်သို့ လှည့်လာလေ့ရှိသည်။ သို့သော် အရက်အလွန်အကျွံသောက်ခြင်းကြောင့် စိတ်ဖိစီးမှုကို ပိုဆိုးစေပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်ကို ထိခိုက်စေနိုင်သည်။

ပန်းနာရင်ကျပ်ရောဂါကြောင့် လူတစ်ယောက်၏ ကျန်းမာရေး ကို ရှုပ်ထွေးမှုများစွာဖြစ်ပေါ်စေနိုင်သည်။ ယင်းရောဂါကြောင့် အိပ် စက်မှု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အလုပ် (သို့မဟုတ်) ကျောင်းတက် ခြင်းများကို ထိခိုက်စေနိုင်သည်။

အရက်သောက်ခြင်းကြောင့် ယင်းရောဂါ လက္ခဏာများကို ပိုဆိုးစေနိုင်ပြီး ပန်းနာရောဂါကြောင့် ရှုပ်ထွေးမှုများနှင့် ထိခိုက်မှု များ ပိုမိုဆိုးရွားသွားစေနိုင်သည်။

လူတစ်ယောက်၏ အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းလာ ပြီး အသက်ရှူမှုကို ထိခိုက်စေသော အခြေအနေကို ပန်းနာရင်ကျပ် ရောဂါဖြစ်ခြင်းဟုခေါ်သည်။ အချို့သော လူများအဖို့ ပန်းနာရင်ကျပ် ရောဂါဒဏ်ကို ခေတ္တခဏသာ ခံစားရသော်လည်း ရေရှည်ခံစားနေရ ပါက အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ကျပ်ခြင်းတို့ဖြစ်လာ နိုင်သည်။

ပန်းနာရင်ကျပ်ရောဂါကို ကလေးများ ခံစားရမှု များပြားသော် လည်း လူကြီးများလည်း ကြုံတွေ့ရနိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top