Property Expo
×

 ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္မွာ အေလးခ်ိန္ တန္ ၂ဝဝ ေက်ာ္ရိွတဲ့ ေက်ာက္စိမ္းအရိုင္းတံုးႀကီးကို တူးေဖၚေတြ႔ ရိွပါတယ္။

အစိုးရသစ္လက္ထက္မွာ ဒီလိုေက်ာက္စိမ္းတံုးႀကီးထြက္ရွိတာဟာ ႏိုင္ငံအတြက္ ကံေကာင္းျခင္းျဖစ္တယ္ လို႔ ေက်ာက္စိမ္းတံုးကို ဒီကေန႔ သြားေရာက္ေလ႔လာခဲ႔တဲ႔ ဖားကန္႔ၿမိဳ႕နယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင့္စိုးက ေျပာပါတယ္။

"ေက်ာက္စိမ္းတုံးႀကီးက ဘယ္ေလာက္ႀကီးလဲဆိုရင္ ၉ ေပ ႏွစ္ခန္းပတ္လည္ အိမ္တစ္လံုးစာရွိတယ္၊ က်ေနာ္တို႔ အစိုးရသစ္တက္လာတဲ့အခါမွာ ကမၻာ့အႀကီးဆံုး ေက်ာက္စိမ္းတုံုးႀကီး ထြက္လာတယ္ ဆိုတဲ့ အခါက်ေတာ့ က်ေနာ္တို႔ ပါတီအတြက္ေရာ၊ က်ေနာ္တို႔ အစိုးရအတြက္ေရာ၊ က်ေနာ္ တို႔ ႏိုင္ငံသားေတြ အတြက္ေရာ ကံေကာင္းျခင္းလက္ေဆာင္ေတြ ေရာက္လာတယ္လို႔ပဲ က်ေနာ့္အေနနဲ႔ ယူဆပါတယ္၊ သမိုင္းမွာလည္း ဘယ္သူမွာမွ မရွိတဲ့ ေက်ာက္စိမ္းတံုးႀကီး ထြက္လာတယ္ ဆိုေတာ့ေလ"

ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်းရြာအုပ္စု မွက္လင္ေခ်ာင္ ေမွာ္ က ႏိုင္ငံေတာ္နဲ႔ အက်ိဳးတူ လုပ္ကိုင္ေနတဲ႔ ရတနာေတာင္တန္း ကုမၸဏီလုပ္ကြက္မွာ တူးေဖာ္ေတြ႔ရွိတာျဖစ္ပါတယ္။

အခုေတြ႔ရွိတဲ႔ေက်ာက္စိမ္းတံုးႀကီးဟာ ေဒသအေခၚ လံုးစြတ္ ေက်ာက္အမ်ိဳးအစားျဖစ္ေၾကာင္းနဲ႔ ကမၻာ႔အႀကီးဆံုး လံုးစြတ္ေက်ာက္လို႔ ယူဆထားၿပီး ေက်ာက္ေၾကာေျမလႊာနဲ႔ ကပ္ေနတဲ႔ ေက်ာက္ ဖာ ေနရာမွာေတြရွိခဲ့တာျဖစ္ တယ္လို႔ သိရပါတယ္။

အရည္အေသြးေကာင္းတဲ႔ အဖိုးတန္ေက်ာက္စိမ္းျဖစ္တယ္လို႔ ခန္႔မွန္းထားၿပီး ေလာေလာဆယ္မွာ ေက်ာက္စိမ္း ႀကီးရဲ႕ တန္ဖိုးကို အတိအက်ေျပာလို႔ မရေသးဘူးပါဘူး။

ေက်ာက္စိမ္းထြက္ရွိတာနဲ႔ ပတ္သက္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီရဲ႕ ဗဟိုေကာ္မတီေခါင္းေဆာင္ ဦးဝင္းထိန္ကေနတဆင့္ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ အေၾကာင္းၾကားထား တယ္လို႔ သိရပါတယ္။

ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသ နန္႔ေမွာ္ေက်းရြာ မွာ ၿပီးခဲ႔တဲ႔ ၂ဝဝဝ ခုႏွစ္က ကမၻာ႔အႀကီးဆံုးေက်ာက္လို႔ သတ္မွတ္ထားတဲ႔ တန္ခ်ိန္ ၃ဝဝဝ  ေလာက္ရွိတဲ႔ ငုတ္ေက်ာက္အမ်ိဳးအစား ေက်ာက္စိမ္း ထြက္ရွိခဲ့ဘူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:RFA Burmese

#Unicode Version
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အလေးချိန် တန် ၂ဝဝ ကျော်ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီးကို တူးဖေါ်တွေ့ ရှိပါတယ်။

အစိုးရသစ်လက်ထက်မှာ ဒီလိုကျောက်စိမ်းတုံးကြီးထွက်ရှိတာဟာ နိုင်ငံအတွက် ကံကောင်းခြင်းဖြစ်တယ် လို့ ကျောက်စိမ်းတုံးကို ဒီကနေ့ သွားရောက်လေ့လာခဲ့တဲ့ ဖားကန့်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

"ကျောက်စိမ်းတုံးကြီးက ဘယ်လောက်ကြီးလဲဆိုရင် ၉ ပေ နှစ်ခန်းပတ်လည် အိမ်တစ်လုံးစာရှိတယ်၊ ကျနော်တို့ အစိုးရသစ်တက်လာတဲ့အခါမှာ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီး ထွက်လာတယ် ဆိုတဲ့ အခါကျတော့ ကျနော်တို့ ပါတီအတွက်ရော၊ ကျနော်တို့ အစိုးရအတွက်ရော၊ ကျနော် တို့ နိုင်ငံသားတွေ အတွက်ရော ကံကောင်းခြင်းလက်ဆောင်တွေ ရောက်လာတယ်လို့ပဲ ကျနော့်အနေနဲ့ ယူဆပါတယ်၊ သမိုင်းမှာလည်း ဘယ်သူမှာမှ မရှိတဲ့ ကျောက်စိမ်းတုံးကြီး ထွက်လာတယ် ဆိုတော့လေ"

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှက်လင်ချောင် မှော် က နိုင်ငံတော်နဲ့ အကျိုးတူ လုပ်ကိုင်နေတဲ့ ရတနာတောင်တန်း ကုမ္ပဏီလုပ်ကွက်မှာ တူးဖော်တွေ့ရှိတာဖြစ်ပါတယ်။

အခုတွေ့ရှိတဲ့ကျောက်စိမ်းတုံးကြီးဟာ ဒေသအခေါ် လုံးစွတ် ကျောက်အမျိုးအစားဖြစ်ကြောင်းနဲ့ ကမ္ဘာ့အကြီးဆုံး လုံးစွတ်ကျောက်လို့ ယူဆထားပြီး ကျောက်ကြောမြေလွှာနဲ့ ကပ်နေတဲ့ ကျောက် ဖာ နေရာမှာတွေရှိခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

အရည်အသွေးကောင်းတဲ့ အဖိုးတန်ကျောက်စိမ်းဖြစ်တယ်လို့ ခန့်မှန်းထားပြီး လောလောဆယ်မှာ ကျောက်စိမ်း ကြီးရဲ့ တန်ဖိုးကို အတိအကျပြောလို့ မရသေးဘူးပါဘူး။

ကျောက်စိမ်းထွက်ရှိတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီခေါင်းဆောင် ဦးဝင်းထိန်ကနေတဆင့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားထား တယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသ နန့်မှော်ကျေးရွာ မှာ ပြီးခဲ့တဲ့ ၂ဝဝဝ ခုနှစ်က ကမ္ဘာ့အကြီးဆုံးကျောက်လို့ သတ်မှတ်ထားတဲ့ တန်ချိန် ၃ဝဝဝ  လောက်ရှိတဲ့ ငုတ်ကျောက်အမျိုးအစား ကျောက်စိမ်း ထွက်ရှိခဲ့ဘူးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:RFA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top