Property Expo
×
Credit : Duwun
#Unicode Version
 အိန္ဒိယ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရှန်နီဒေဝီဟာ ခြေထောက်တွေ တိုဝင်နေပြီး လုံးဝမလှုပ်ရှားနိုင်တော့ဘဲ နှစ် ၂၀ လုံးလုံး အမြဲနာကျင်နေခဲ့ပါတယ်။
အသက် ၆၀ အရွယ် အမျိုးသမီးကြီးဟာ အစက အရပ် ၅ ပေရှိခဲ့ပေမဲ့ ကလေးသုံးယောက် မွေးဖွားပြီးတဲ့နောက် တစ်နေ့တခြား အားနည်းလာကာ သူမရဲ့ အရိုးတွေက မာတောင့်လာခဲ့ပါတယ်။
"ဒီလိုနေတာ ၂၅ နှစ်လောက်ရှိပြီ။ နာကျင်တယ်။ ပျင်းလည်း ပျင်းလာတယ်။ ကျွန်မဘာသာ ဘာမှမလုပ်နိုင်တော့ဘူး။ ထိုင်ရတာ၊ လမ်းလျှောက်ရတာ၊ မိတ်ဆွေတွေနဲ့ တွေ့ရတာ၊ အပင်တွေရေလောင်းရတာတွေကို သတိရမိတယ်" လို့ သူမက ဆိုပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ကန်ပါမြို့မှာ နေထိုင်တဲ့ ရှန်တီဟာ သူမ အရပ်ပုလာတယ်လို့ မိသားစုကို ပြောပြတော့ အစပိုင်းမှာ သူတို့က မယုံကြည်ခဲ့ကြပါဘူး။
"လအနည်းငယ်ကြာတော့ သူ့ကြည့်ရတာ ပုပုလာတယ်လို့ သတိထားမိလာတယ်။ အစက သူပြောတာ မယုံခဲ့ပေမဲ့ လေးလအတွင်းမှာ ခြေထောက်က ထက်ဝက်တိုသွားတော့မှ သိလိုက်ရတယ်" လို့ သူမရဲ့ခင်ပွန်းက ပြောပြပါတယ်။
သူမရဲ့မိသားစုဟာ ဆရာဝန်တွေနဲ့ ပြခဲ့ပေမဲ့ ဒီရောဂါကို ပျောက်အောင် ကုသနိုင်သူ မရှိခဲ့ပါဘူး။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top