Property Expo
×

အရက္ အလြန္အကြ်ံ ေသာက္ရတာကို ႏွစ္ျခိဳက္တတ္တဲ့ သူေတြအတြက္ေတာ့ အခုခ်က္ခ်င္း မဟုတ္ရင္ေတာင္ ေနာက္ပုိင္း ဗိုက္ရႊဲတဲ့ ျ ပသနာျဖစ္လာေစမွာ ေသခ်ာပါတယ္။ အထူးသျဖင့္ အားကစားလုပ္ဖို႔ လည္း အခ်ိန္မရိွ၊ ခႏၶာကိုယ္ ထိန္းသိမ္းမႈေလ့က်င့္ခန္းေတြ မလုပ္ျဖစ္တဲ့သူတစ္ေယာက္ ျဖစ္တယ္ဆိုရင္ေပါ့။ သာမန္အားျဖင့္ သင့္၀မ္းဗိုက္ထဲမွာ အဆီေတြတက္လာဖုိ႔ဆိုရင္ ကယ္လိုရီမ်ားမ်ားစားစားေတာင္ မလိုအပ္ပါဘူး။ ဗိုက္အဆီတက္မလာေစခ်င္ဘူးဆိုရင္ေတာ့ အားကစားကို အေသအခ်ာလုပ္ေပးဖို႔ လိုအပ္ပါလိမ့္မယ္။


အဲဒီ ဘီယာဗိုက္ကို အႏၱရာယ္မျဖစ္ရေအာင္ ေအာက္က အခ်က္(၅)ခ်က္ကို လိုက္လုပ္ၾကည့္ပါ။

လိုအပ္တာထက္ပိုမေသာက္သုံးသင့္ပါ။

၁၂ ေအာင္စ ဘီယာပုလင္းတစ္လုံးမွာရွိတဲ့ ကယ္လိုရီ ၁၅၀ ပမာဏကို ေလ်ာ့ခ်ဖို႔ အေကာင္းဆုံးေျဖရွင္းနည္းနဲ႔ သက္ေသအေထာက္အထားေကာင္းတစ္ခုက ဘီယာကို အလြန္အကြ်ံ မေသာက္ဖို႔ပါပဲ။ အေၾကာင္းရင္းကေတာ့ ေအးေအးေလးနဲ႔ အရသာရိွတဲ့ အဲ့ဒီဘီယာကိုေသာက္လိုက္တဲ့အခါမွာ သင့္အသည္းက မခံႏိုင္ျဖစ္ျပီး အားနည္းေစပါတယ္။ အဆီဓာတ္ကို အာနိသင္အျဖစ္ ေျပာင္းႏိုင္စြမ္း ပိုနည္းေစပါတယ္။ ဒါေၾကာင့္ သင့္ရဲ့ခ်က္နားတ၀ိုက္ကို ပိုထြက္ေနေအာင္ တြန္းထုတ္ေပးပါတယ္။

ကယ္လိုရီပမာဏကို စဥ္းစားခ်င့္ခ်ိန္ပါ။


သင္ေန႔တိုင္းစားသုံးတဲ့ ကယ္လိုရီပမာဏကို သိရိွဖို႔အေရးၾကီးပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ကြဲျပားေနတာေၾကာင့္ မတူကြဲျပားတဲ့ alcohol ပါတဲ့ အရည္ေတြကို အၾကမ္းဖ်င္းေလာက္ေတာ့ ခန္႔မွန္းတတ္ဖို႔လိုပါတယ္။ ဒါေၾကာင့္မို႔ ဒီဘီယာဗိုုက္ကို ေလ်ာ့ခ်ဖို႔ အေကာင္းဆုံးနည္းက ကန္႔သတ္ခ်က္ထားျပီး ဘီယာႏွစ္လုံးတည္းနဲ႔ ကယ္လိုရီပမာဏကို ေလ်ာ့ခ်ျပီးေသာက္ရပါမယ္။

ကယ္လိုရီ အနည္းငယ္သာပါတဲ့ ဘီယာကိုေျပာင္းေသာက္ပါ။

ပုလင္းအေရအတြက္ မဟုတ္ဘဲ ကယ္လုိရီပမာဏကိုသာ ေလ်ာ့ခ်ပါ။ အဲဒီဗိုက္ကို ၀ိတ္လ်ာ့ဖို႔ ဘီယာကို အဆက္ျဖတ္စရာမလိုပါဘူး။ ဒါေပမဲ့ ကယ္လိုရီ ၈၀ ကေန ၁၀၀ ၾကား ပါ၀င္တဲ့ ဘီယာအေပ်ာ့စားကို စတင္ေျပာင္းေသာက္ႏုိင္ပါတယ္။

ေရမ်ားမ်ားေသာက္ေပးပါ။


ေရဓာတ္မရႈံးဆုံးရေအာင္ ဘီယာတစ္ခြက္ေသာက္တုိင္း အနည္းဆုံးေရတစ္ခြက္ေလာက္ ေသာက္ေပးရတာလည္း နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ ဒီနည္းဟာ ဗိုက္၀ေစရံုသာမက  အသည္းကိုအစာေခ်ဖ်က္ရာမွာေရာ၊ အစာကို အာဟာရအျဖစ္ကို ေျပာင္းေစရာမွာပါ အလုပ္ျဖစ္တဲ့ နည္းပါ။ အက်ဳိးဆက္အေနနဲ႔ကေတာ့ ဘီယာေလ်ာ့ေသာက္ခ်င္စိတ္ျဖစ္လာမွာေပါ့။

ႏွလုံးကို အလုပ္လုပ္ပါေစ။

ခပ္သြက္သြပ္က္ေလး လမ္းေလွ်ာက္ရာကေနတျဖည္းျဖည္း အရိွန္ျမင့္တင္ေပးပါ။ ဒါမွမဟုတ္ ေျခလမ္းက်ဲက်ဲ လွမ္းေပးျခင္းအားျဖင့္လည္း ႏွလုံးကိုက်န္းမာေစတယ္ဆိုတာ သိထားပါ။ ဒီလိုေလ့က်င့္ခန္း လုပ္ေဆာင္ေပးျခင္းဟာ ၀မ္းဗိုက္အတြင္းမွာရိွတဲ့ အဆီေတြကို ေလ်ာ့ခ်ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
အရက် အလွန်အကျွံ သောက်ရတာကို နှစ်ခြိုက်တတ်တဲ့ သူတွေအတွက်တော့ အခုချက်ချင်း မဟုတ်ရင်တောင် နောက်ပိုင်း ဗိုက်ရွှဲတဲ့ ြ ပသနာဖြစ်လာစေမှာ သေချာပါတယ်။ အထူးသဖြင့် အားကစားလုပ်ဖို့ လည်း အချိန်မရှိ၊ ခန္ဓာကိုယ် ထိန်းသိမ်းမှုလေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုရင်ပေါ့။ သာမန်အားဖြင့် သင့်ဝမ်းဗိုက်ထဲမှာ အဆီတွေတက်လာဖို့ဆိုရင် ကယ်လိုရီများများစားစားတောင် မလိုအပ်ပါဘူး။ ဗိုက်အဆီတက်မလာစေချင်ဘူးဆိုရင်တော့ အားကစားကို အသေအချာလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။


အဲဒီ ဘီယာဗိုက်ကို အန္တရာယ်မဖြစ်ရအောင် အောက်က အချက်(၅)ချက်ကို လိုက်လုပ်ကြည့်ပါ။

လိုအပ်တာထက်ပိုမသောက်သုံးသင့်ပါ။

၁၂ အောင်စ ဘီယာပုလင်းတစ်လုံးမှာရှိတဲ့ ကယ်လိုရီ ၁၅၀ ပမာဏကို လျော့ချဖို့ အကောင်းဆုံးဖြေရှင်းနည်းနဲ့ သက်သေအထောက်အထားကောင်းတစ်ခုက ဘီယာကို အလွန်အကျွံ မသောက်ဖို့ပါပဲ။ အကြောင်းရင်းကတော့ အေးအေးလေးနဲ့ အရသာရှိတဲ့ အဲ့ဒီဘီယာကိုသောက်လိုက်တဲ့အခါမှာ သင့်အသည်းက မခံနိုင်ဖြစ်ပြီး အားနည်းစေပါတယ်။ အဆီဓာတ်ကို အာနိသင်အဖြစ် ပြောင်းနိုင်စွမ်း ပိုနည်းစေပါတယ်။ ဒါကြောင့် သင့်ရဲ့ချက်နားတဝိုက်ကို ပိုထွက်နေအောင် တွန်းထုတ်ပေးပါတယ်။

ကယ်လိုရီပမာဏကို စဉ်းစားချင့်ချိန်ပါ။

သင်နေ့တိုင်းစားသုံးတဲ့ ကယ်လိုရီပမာဏကို သိရှိဖို့အရေးကြီးပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနေတာကြောင့် မတူကွဲပြားတဲ့ alcohol ပါတဲ့ အရည်တွေကို အကြမ်းဖျင်းလောက်တော့ ခန့်မှန်းတတ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ဒီဘီယာဗိုုက်ကို လျော့ချဖို့ အကောင်းဆုံးနည်းက ကန့်သတ်ချက်ထားပြီး ဘီယာနှစ်လုံးတည်းနဲ့ ကယ်လိုရီပမာဏကို လျော့ချပြီးသောက်ရပါမယ်။

ကယ်လိုရီ အနည်းငယ်သာပါတဲ့ ဘီယာကိုပြောင်းသောက်ပါ။

ပုလင်းအရေအတွက် မဟုတ်ဘဲ ကယ်လိုရီပမာဏကိုသာ လျော့ချပါ။ အဲဒီဗိုက်ကို ဝိတ်လျာ့ဖို့ ဘီယာကို အဆက်ဖြတ်စရာမလိုပါဘူး။ ဒါပေမဲ့ ကယ်လိုရီ ၈၀ ကနေ ၁၀၀ ကြား ပါဝင်တဲ့ ဘီယာအပျော့စားကို စတင်ပြောင်းသောက်နိုင်ပါတယ်။

ရေများများသောက်ပေးပါ။

ရေဓာတ်မရှုံးဆုံးရအောင် ဘီယာတစ်ခွက်သောက်တိုင်း အနည်းဆုံးရေတစ်ခွက်လောက် သောက်ပေးရတာလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းဟာ ဗိုက်ဝစေရုံသာမက  အသည်းကိုအစာချေဖျက်ရာမှာရော၊ အစာကို အာဟာရအဖြစ်ကို ပြောင်းစေရာမှာပါ အလုပ်ဖြစ်တဲ့ နည်းပါ။ အကျိုးဆက်အနေနဲ့ကတော့ ဘီယာလျော့သောက်ချင်စိတ်ဖြစ်လာမှာပေါ့။

နှလုံးကို အလုပ်လုပ်ပါစေ။

ခပ်သွက်သွပ်က်လေး လမ်းလျှောက်ရာကနေတဖြည်းဖြည်း အရှိန်မြင့်တင်ပေးပါ။ ဒါမှမဟုတ် ခြေလမ်းကျဲကျဲ လှမ်းပေးခြင်းအားဖြင့်လည်း နှလုံးကိုကျန်းမာစေတယ်ဆိုတာ သိထားပါ။ ဒီလိုလေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်းဟာ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ အဆီတွေကို လျော့ချပေးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top