Property Expo
×

မုန္တိုင္းငယ္ ပိုအားေကာင္းလာ (မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန)
 
         
ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္ဟာ တျဖည္းျဖည္းအားေကာင္းလာႏိုင္တဲ့အတြက္ မိုးေလ၀သနဲ႔ ဇလေဗဒညြန္ႀကားမူဦးစီးဌာကေန အနီေရာင္အဆင့္မုန္တုိင္းသတိေပးခ်က္ကို ေအာင္တိုဘာလ ၂၃ ရက္ေန႔ ေန႔လယ္ မွာထုတ္ျပန္ခဲ့ပါတယ္။ မုန္တိုင္းငယ္အားေကာင္းလာမယ္ဆိုရင္ ရခိုင္ျပည္နယ္ကမ္းရိုးတမ္းေဒသေတြနဲ႔ ဧရာ၀တီတိုင္းဘက္ေတြမွာေလတိုက္ႏွဳန္းေတြကတနာရီကို ၄၅မိုင္ကေန မိုင္ ၅၀ အထိ တိုက္ခတ္လာမယ့္ အေျခအေနရွိတယ္လုိ့လည္း ဆိုပါတယ္။မေအးေအးမာကသတင္းေပးပုိ့ထားပါတယ္ ။

ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္ဟာအေရွေျမာက္ဘက္ကိုေ၇ြ႕လ်ားေနတာေႀကာင့္ျမန္မာႏုိင္ငံတြင္းရခိုင္ကမ္းရိုးတန္းနဲ့
ဧရာ၀တီတုိင္းဘက္မွာမုန္တိုင္းအႏၱရယ္ႀကံဳရႏုိင္တဲ့အေျခအေနွရိွတယ္ဆိုျပီးမုိးေလ၀သနဲဇလေဗဒ
ညြန္ႀကားမူဦးစီးဌာနကေန အနီေရာင္သတိေပးခ်က္ကို ထုတ္ျပန္လုိက္တာလိုက္တာပါ။ မုိးေလ၀သနဲဇလေဗဒညြန္ႀကားမူဦးစီးဌာနဒုတိယညြန္ႀကားေရးမွဴး ဦးေက်ာ္လြင္ဦးက သတိေပးခ်က္ထုတ္ျပန္ရတဲ့အေျခအေနကုိအခုလိုရွင္းျပပါတယ္။

“ဆိုင္ကလံုးမုန္တိုင္းအျဖစ္ကိုေရာက္ဖို႔အတြက္ ၾကားထဲမွာ အားေကာင္းတဲ့ မုန္တိုင္းငယ္ျဖစ္ဖို႔ အဆင့္ ၁ ဆင့္ က်န္ေသးတယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း မုန္တိုင္းငယ္ေလးအျဖစ္နဲ႔ပဲ က်ေနာ္တို႔ ဧရာ၀တီတိုင္းကို တေျဖးေျဖးေရြ႕လာတယ္ က်ေနာ္တို႔တိုင္းနဲ႔ နီးလာတဲ့ အေျခအေနျဖစ္တယ္။ ဒီမုန္တိုင္းခန္႔မွန္းရဲ႕ အမ်ားစု model ေတြမွာလည္း ျမန္မာ့ ကမ္းရိုးတန္းကို မေကြ႔ခင္၊ မ၀င္ခင္မွာ ျပန္ေကြ႔သြားမယ့္ပံုစံေတြလည္းေတြ႔ရသလို၊ ျမန္မာ့ ကမ္းရိုးတန္း ေတာင္ပိုင္းေဒသေတြကို ေကြ႔ၿပီးေတာ့မွ အေနာက္ေျမာက္ဘက္ ျပန္ေရြ႕သြားမယ့္အေနအထားလည္းေတြ႔ရတယ္။ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေတြ႔ရတယ္ေပါ့ေနာ္။ အဲဒီလိုမ်ိဳးအေျခအေနေတြၾကားမွာ က်ေနာ္တို႔ ကမ္းရိုးနဲ႔ အရမ္းနီးေနတဲ႔အတြက္ေၾကာင့္မို႔လို႔ အနီေရာင္မုန္တိုင္းငယ္ သတိေပးခ်က္ကို ထုတ္ျပန္ထားၿပီးေတာ့ ဒီမုန္တိုင္းငယ္နဲ႔ ပတ္သက္တဲ့ အက်ိဳးသက္ေရာက္မႈေတြအျဖစ္နဲ႔ တစ္နာရီလၽွင္ (၄၅)မိုင္ - မိုင္ ၅၀၊ ရန္ကုန္တိုင္း အတြက္ဆိုရင္ ၃၀-၃၅ မိုင္အထိ အမ်ားဆံုးတိုက္ခိုက္ႏိုင္တဲ့အေျခအေနေတြရယ္။ ေနာက္ၿပီးေတာ့ ဧရာ၀တီတိုင္းေဒသႀကီး ၊ ရခိုင္ျပည္နယ္ ေတာင္ပိုင္းေတြအတြက္ မုန္တိုင္းသက္ေရာက္ႏိုင္တဲ့ ခန္႔မွန္းခ်က္ေတြရယ္ ဆက္စပ္ၿပီးေတာ့ အၾကံျပဳခ်က္ေတြရယ္ေလးေတြကို က်ေနာ္တို႔ ထုတ္ျပန္ထားတာ။”

ဒီတိုင္းထြာခ်က္ေတြဟာ ေအာက္တုိဘာလ၂၃ရက္ေန႔ ညကေန ၂၄ရက္ေန႔ မနက္အတြင္းမွာ မုန္တိုင္းငယ္တခုလည္းျဖစ္ပြားႏိုင္တယ္လို့လည္း ဦးေက်ာ္လြင္ဦးကဆုိပါတယ္။

“က်ေနာ္တို႔ မုန္တိုင္းငယ္ေလးရဲ႕ ေရြ႕လွ်ားမႈ အလားအလာကလည္း ၂၃ရက္ေန႔ ညသန္းေခါင္ယံအခိ်န္ အေနာက္က်ဆံုး ေနာက္ ၂၄ရက္ေန႔ မနက္ပိုင္းဆိုရင္ အေနာက္ေျမာက္ဘက္ ျပန္ျဖစ္သြားႏိုင္ေျခမ်ားတယ္။ သို႔ေသာ္ ေရျပင္ကေနမဟုတ္ပဲနဲ႔ က်ေနာ္တို႔ ဧရာ၀တီ ျမစ္၀ကၽြန္းေပၚကို ၀င္ၿပီး ျပန္ေကြ႔သြားမယ္ဆိုရင္က်ေနာ္တို႔ ဧရာ၀တီတိုင္းေဒသနဲ႔ ရခိုင္ေတာင္ပိုင္းေဒသေတြအတြက္ အႏၱရာယ္ရွိႏိုင္တယ္ဆိုတာေၾကာင့္ မို႔လို႔ က်ေနာ္တို႔ သတိေပးခ်က္ေတြ ထုတ္ျပန္တာျဖစ္ပါတယ္။”

ဘဂၤလားပင္လယ္ေအာ္အေရွ႕အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္ဟာ အေရွ႕- အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ ျမန္မာႏိုင္ငံ ကိုကိုးကၽြန္းၿမိဳ႕ရဲ ့ေျမာက္အေနာက္ေျမာက္ဘက္ (၈၅)မိုင္ခန္႔၊ ဟိုင္းႀကီးကၽြန္းၿမိဳ႕ရဲ ့ အေနာက္ေတာင္ဘက္ (၈၅)မိုင္ခန္႔၊ ပုသိမ္ၿမိဳ႕ရဲ ့အေနာက္ေတာင္ဘက္ (၁၂၅)မိုင္ခန္႔၊ ဂြၿမိဳ႕ရဲ ့ ေတာင္-အေနာက္ေတာင္ဘက္ (၁၅၅)မိုင္ခန္႔၊ ရန္ကုန္ၿမိဳ႕ရဲ ့ အေနာက္ေတာင္ဘက္ (၂၀၅)မိုင္ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနတာေႀကာင့္

ရခိုင္ျပည္နယ္နဲ႔ ဧရာ၀တီတိုင္းတို့မွာ ေလတိုက္ႏွႈန္း တနာရီကို ၄၅မိုင္ကေန မိုင္၅၀ ထိ တိုက္ခတ္ႏိုင္ပါတယ္။ ရန္ကုန္တိုင္းအတြင္းမွာေတာ့ တနာ၇ီကိုမိုင္ ၃၀ကေန ၃၅မိုင္ေလာက္ထိေလတိုက္ႏွဳန္း ျပင္းထန္ႏိုင္တယ္လို့ မုိးဇလကေတာ့ထုတ္ျပန္ထားပါတယ္။

မုန္းတိုင္းအားေကာင္းလာမူေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာခ႐ိုင္ႏွင့္ ရခိုင္ျပည္နယ္ေတာင္ပိုင္း၊ သံတြဲခ႐ိုင္တို႔ မွာမုန္တိုင္းဒီေရ (၇)ေပကေန (၁၀)ေပခန္႔အထိ ျမင့္တက္ ႏိုင္ေႀကာင့္ ခန့္မွန္းထားပါတယ္။ ဒီအတြက္ ကမ္းရိုးတမ္းတ၀ိုက္ ေနထုိင္သူေတြဟာေလျပင္းတိုက္ခတ္တဲ့ဒဏ္ မုိးႀကီးတဲ့ဒဏ္ ရုတ္တရက္ေရႀကီးတဲ့ဒဏ္ေျမျပိဳမူစတဲ့အႏၱရာယ္ေတြ ၿကံုရႏိုင္တာမို့ ေဘးလြတ္ရာကို တိမ္းေရွာင္းႏိုင္ဖို့အတြက္ သတိေပးခ်က္ေတြကို ထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗီြအုိေအ (ျမန္မာပုိင္း)

#Unicode Version
မုန်တိုင်းငယ် ပိုအားကောင်းလာ (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ တဖြည်းဖြည်းအားကောင်းလာနိုင်တဲ့အတွက် မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမူဦးစီးဌာကနေ အနီရောင်အဆင့်မုန်တိုင်းသတိပေးချက်ကို အောင်တိုဘာလ ၂၃ ရက်နေ့ နေ့လယ် မှာထုတ်ပြန်ခဲ့ပါတယ်။ မုန်တိုင်းငယ်အားကောင်းလာမယ်ဆိုရင် ရခိုင်ပြည်နယ်ကမ်းရိုးတမ်းဒေသတွေနဲ့ ဧရာဝတီတိုင်းဘက်တွေမှာလေတိုက်နှုန်းတွေကတနာရီကို ၄၅မိုင်ကနေ မိုင် ၅၀ အထိ တိုက်ခတ်လာမယ့် အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာအရှေမြောက်ဘက်ကိုရွေ့လျားနေတာကြောင့်မြန်မာနိုင်ငံတွင်းရခိုင်ကမ်းရိုးတန်းနဲ့ဧရာဝတီတိုင်းဘက်မှာ မုန်တိုင်းအန္တရယ်ကြုံရနိုင်တဲ့အခြေအနှေရှိတယ်ဆိုပြီးမိုးလေဝသနဲဇလဗေဒညွန်ကြားမူဦးစီးဌာနကနေ အနီရောင်သတိပေးချက်ကို ထုတ်ပြန်လိုက်တာလိုက်တာပါ။ မိုးလေဝသနဲဇလဗေဒညွန်ကြားမူဦးစီးဌာနဒုတိယညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက သတိပေးချက်ထုတ်ပြန်ရတဲ့အခြေအနေကိုအခုလိုရှင်းပြပါတယ်။

“ဆိုင်ကလုံးမုန်တိုင်းအဖြစ်ကိုရောက်ဖို့အတွက် ကြားထဲမှာ အားကောင်းတဲ့ မုန်တိုင်းငယ်ဖြစ်ဖို့ အဆင့် ၁ ဆင့် ကျန်သေးတယ်ပေါ့နော်။ ဒါပေမယ့်လည်း မုန်တိုင်းငယ်လေးအဖြစ်နဲ့ပဲ ကျနော်တို့ ဧရာဝတီတိုင်းကို တဖြေးဖြေးရွေ့လာတယ် ကျနော်တို့တိုင်းနဲ့ နီးလာတဲ့ အခြေအနေဖြစ်တယ်။ ဒီမုန်တိုင်းခန့်မှန်းရဲ့ အများစု model တွေမှာလည်း မြန်မာ့ ကမ်းရိုးတန်းကို မကွေ့ခင်၊ မဝင်ခင်မှာ ပြန်ကွေ့သွားမယ့်ပုံစံတွေလည်းတွေ့ရသလို၊ မြန်မာ့ ကမ်းရိုးတန်း တောင်ပိုင်းဒေသတွေကို ကွေ့ပြီးတော့မှ အနောက်မြောက်ဘက် ပြန်ရွေ့သွားမယ့်အနေအထားလည်းတွေ့ရတယ်။ ပုံစံအမျိုးမျိုးနဲ့ တွေ့ရတယ်ပေါ့နော်။ အဲဒီလိုမျိုးအခြေအနေတွေကြားမှာ ကျနော်တို့ ကမ်းရိုးနဲ့ အရမ်းနီးနေတဲ့အတွက်ကြောင့်မို့လို့ အနီရောင်မုန်တိုင်းငယ် သတိပေးချက်ကို ထုတ်ပြန်ထားပြီးတော့ ဒီမုန်တိုင်းငယ်နဲ့ ပတ်သက်တဲ့ အကျိုးသက်ရောက်မှုတွေအဖြစ်နဲ့ တစ်နာရီလျှင် (၄၅)မိုင် - မိုင် ၅၀၊ ရန်ကုန်တိုင်း အတွက်ဆိုရင် ၃၀-၃၅ မိုင်အထိ အများဆုံးတိုက်ခိုက်နိုင်တဲ့အခြေအနေတွေရယ်။ နောက်ပြီးတော့ ဧရာဝတီတိုင်းဒေသကြီး ၊ ရခိုင်ပြည်နယ် တောင်ပိုင်းတွေအတွက် မုန်တိုင်းသက်ရောက်နိုင်တဲ့ ခန့်မှန်းချက်တွေရယ် ဆက်စပ်ပြီးတော့ အကြံပြုချက်တွေရယ်လေးတွေကို ကျနော်တို့ ထုတ်ပြန်ထားတာ။”

ဒီတိုင်းထွာချက်တွေဟာ အောက်တိုဘာလ၂၃ရက်နေ့ ညကနေ ၂၄ရက်နေ့ မနက်အတွင်းမှာ မုန်တိုင်းငယ်တခုလည်းဖြစ်ပွားနိုင်တယ်လို့လည်း ဦးကျော်လွင်ဦးကဆိုပါတယ်။

“ကျနော်တို့ မုန်တိုင်းငယ်လေးရဲ့ ရွေ့လျှားမှု အလားအလာကလည်း ၂၃ရက်နေ့ ညသန်းခေါင်ယံအချိန် အနောက်ကျဆုံး နောက် ၂၄ရက်နေ့ မနက်ပိုင်းဆိုရင် အနောက်မြောက်ဘက် ပြန်ဖြစ်သွားနိုင်ခြေများတယ်။ သို့သော် ရေပြင်ကနေမဟုတ်ပဲနဲ့ ကျနော်တို့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို ဝင်ပြီး ပြန်ကွေ့သွားမယ်ဆိုရင်ကျနော်တို့ ဧရာဝတီတိုင်းဒေသနဲ့ ရခိုင်တောင်ပိုင်းဒေသတွေအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာကြောင့် မို့လို့ ကျနော်တို့ သတိပေးချက်တွေ ထုတ်ပြန်တာဖြစ်ပါတယ်။”

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အရှေ့- အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့မြောက်အနောက်မြောက်ဘက် (၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် (၈၅)မိုင်ခန့်၊ ပုသိမ်မြို့ရဲ့အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊ ဂွမြို့ရဲ့ တောင်-အနောက်တောင်ဘက် (၁၅၅)မိုင်ခန့်၊ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် (၂၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာကြောင့်

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့မှာ လေတိုက်နှှုန်း တနာရီကို ၄၅မိုင်ကနေ မိုင်၅၀ ထိ တိုက်ခတ်နိုင်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာတော့ တနာရီကိုမိုင် ၃၀ကနေ ၃၅မိုင်လောက်ထိလေတိုက်နှုန်း ပြင်းထန်နိုင်တယ်လို့ မိုးဇလကတော့ထုတ်ပြန်ထားပါတယ်။

မုန်းတိုင်းအားကောင်းလာမူကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့ မှာမုန်တိုင်းဒီရေ (၇)ပေကနေ (၁၀)ပေခန့်အထိ မြင့်တက် နိုင်ကြောင့် ခန့်မှန်းထားပါတယ်။ ဒီအတွက် ကမ်းရိုးတမ်းတဝိုက် နေထိုင်သူတွေဟာလေပြင်းတိုက်ခတ်တဲ့ဒဏ် မိုးကြီးတဲ့ဒဏ် ရုတ်တရက်ရေကြီးတဲ့ဒဏ်မြေပြိုမူစတဲ့အန္တရာယ်တွေ ကြုံရနိုင်တာမို့ ဘေးလွတ်ရာကို တိမ်းရှောင်းနိုင်ဖို့အတွက် သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top